← Chapters

ကျူလင်းဦးညွှတ်ခြင်း

Vol. 59 Ch. 1171

ကျူလင်းဦးညွှတ်ခြင်း

Vol. 59 Ch. 1171

ပေထင်းဟွမ်၏အသံသည် ရင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေ၏။ ထိုအသံထဲတွင် မည်သည့်စွမ်းအင်မှမရှိသော်လည်း အားလုံးခံစားမိလေသည်။ အသံသည် အဘက်ဘက်မှပေါ်လာပုံရပြီး နားထဲသို့ဝင်သွား၏။ ရုတ်တရက် ရင် တစ်ခုလုံးတုန်ယင်သွားကာ ဤလူငယ်သည် နတ်ဘုရားအဆင့်မဟုတ်သော် လည်း သူ၏အသံထဲတွင် နတ်ဘုရားအသံရှိနေသည်သလိုပင်။

ပေထင်းဟွမ်သည် နတ်ဘုရားအဆင့်မဟုတ်သော်လည်း နတ်ဘုရား အဆင့် ခွန်အားကို ဖိနှိပ်နိုင်သည်ကို ကျူလင်းသိထားပြီးသားဖြစ်သည်။ ကံကောင်းစွာပင် သူသည် အရင်ကသာ ဆန့်ကျင်ခဲ့သည်။ မဟုတ်လျှင် သူ ဤကောင်လေးကို မြင်ချိန်တွင် သူ၏ပုံမှန်မဟုတ်သော ခွန်အားကို ခံစားမိလျှင် ကြောက်၍မည်သို့ ယှဉ်ပြိုင်နိုင်တော့မည်နည်း။

ပေထင်းဟွမ်သည် ကျူလင်းအား စူးရှပြီးအေးစက်သောမျက်လုံးများနှင့် စိုက်ကြည့်ရာ ဆိုလိုရင်းကို ကျူလင်း နားလည်သည်ကို အခိုင်အမာယုံကြည်မိ သည်။ အဂ္ဂိရတ်ပညာနှင့် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နိုင်ပါက အနိုင် အရှုံးထွက်ရန် တိုက်ခိုက်စရာမလိုတော့ပေ။

သို့သော် ကျူလင်းသာ လက်မခံနိုင်လျှင် ပေထင်းဟွမ်သည် ပြိုင်ပွဲတွင် သူ့ကို နှိမ်ချမည်ဖြစ်သည်။

သူသည် အဆင့် ၁ ဓားနတ်ဘုရားဖြစ်လျှင်တောင် ညှာတာမည်မဟုတ် ပေ။

ကျူလင်းသည် ပေထင်းဟွမ်၏စကားများကို နားလည်သည်။ ဆေးတောင်ကြားမှလူများလည်း နားလည်ကြသည်။ သူတို့၏မျက်လုံးများ သည် ကျူလင်းဆီသို့ရောက်လာကြကာ အားလုံးသည် စိတ်ထဲမှ ဆုတောင်းမိ ကြလေသည်။ သဘောမတူလိုက်နဲ့။ ဒီလူငယ်ကို သဘောမတူမိလိုက်နဲ့။ သူက အကြီးအကဲကြီးကို ခေါင်းဖြတ်ပြီး အကြီးဆုံးသခင်မလေးကို သတ်ခဲ့တာ။ ပြီးတော့ အခု အဂ္ဂိရတ်အစည်းအဝေးမှာ ယှဉ်ပြိုင်ချင်နေတာလေ။ ဒီကမ္ဘာမှာ ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ကိစ္စရှိမှာလဲ။

တခြားသူများနားမလည်သော်လည်း ထိုအချိန်တွင် သခင်ပေထင်းဟွမ်၏ မျက်နှာထားသည် ဖော်ရွေမှုမရှိဘဲ တစ်ဖက်လူမှ ငြင်းဆန်လိုက်ပါက တခြားသူ များကိုပါ အကြမ်းပတမ်း နာကျင်သွားစေမည်ဖြစ်သည်။

ကျူလင်းသည် ပေထင်းဟွမ်ကြောင့် ကန်ထုတ်ခံခဲ့ရသည်။ ဤကဲ့သို့ အနိုင်ကျင့်မှုမျိုး ရှိသေးသည်လား။ ပေထင်းဟွမ်သည် သူ့ကို ထပ်ခါထပ်ခါ အနိုင်ကျင့်ခဲ့သည်။ ယခုအခါ လူအများရှေ့တွင် ဤလူသည် ရန်လိုနေ၏။

သို့သော် ပေထင်းဟွမ်၏ ဒေါသကိုကြုံတွေ့ဖူးသော ကျူလင်းသည် သူသာ ငြင်းဆန်လိုက်ပါက သေချာပေါက်မှတ်ထားလိမ့်မည်ကို ကောင်းစွာသိ သည်။ ပေထင်းဟွမ်သည် နဂါးစီးကြောင်းဖြစ်ကာ ဤတိုက်ကြီးသည် ရေကန် သဖွယ်ကာဖြစ်သည်။ သူ့ကို မည်မျှပင် ပိတ်လှောင်ထားစေကာမူ တစ်နေ့တွင် ကောင်းကင်တွင် မာန်ဟိန်းပြီး ၃၃ ကောင်းကင်ဘုံသို့ရောက်နိုင်သည်။ တချို့ သော အကြောင်းအရင်းများကြောင့် ကျူလင်းသည် ထိုနေ့ရောက်လာမည့် အချိန်ကို ရုတ်တရက် စောင့်မျှော်မိသည်။

“ကျူလင်းက ဒီပင်မတိုက်ကြီးရဲ့ ပြိုင်ဘက်ကင်းပါရမီရှင် သခင်ပေထင်းဟွမ်နဲ့ အဂ္ဂိရတ်အစည်းအဝေးမှာ တိုက်ခိုက်ရတာ ဒါကျုပ်ရဲ့ ဂုဏ်ပါ” ကျူလင်းသည် အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ တိမ်တိုက်နှင့် နေရောင်ကဲ့သို့ ဂုဏ်မောက်နေလေ၏။ ထိုအချိန်တွင် သူသည် ပေထင်းဟွမ်၏ အဟုန်တက်လာခြင်းနှင့် မျက်လုံးထဲတွင် အားကောင်းသော တိုက်ခိုက်မှု ဝိညာဉ်ရှိနေသည်ကို ဂရုမစိုက်တော့ပေ။

ထင်ရှားစွာပင် သူသည် နှိမ့်ချသောစကားလုံးများပြောလေ့မရှိ သော်လည်း ပေထင်းဟွမ်အား ပြိုင်ဘက်အနေနှင့် တန်ဖိုးထားသည်။ မဟုတ် လျှင် ပေထင်းဟွမ်ကဲ့သို့ ပြိုင်ဘက်မျိုးနှင့်တွေ့ရန် ရှားပါးလှသဖြင့် တိုက်ပွဲ ကောင်းကောင်း တိုက်ခိုက်ချင်မိသည်။ သို့မဟုတ် သူသည် အဂ္ဂိရတ်အစည်း အဝေးတွင် နေရာတစ်ခုရရန် စိတ်ပိုင်းဖြတ်ထားပြီး ပေထင်းဟွမ်နှင့် ယှဉ်ပြိုင် ရန် အသန်မာဆုံးခွန်အားကို အစစ်အမှန်ပြသလိမ့်မည်။

အမြဲတမ်းအေးစက်ပြီး မောက်မာသော၊ ကောင်းကင်ကိုသာ မျှော်ကြည့် လေ့ရှိသော ကျူလင်းသည် လူအများရှေ့တွင် ပင်မတိုက်ကြီးရှိ အဆင့်နိမ့် အားနည်းသောလူအား ဦးညွှတ်ချင်နေသည်။ ၎င်းသည် အလွန်ပင် ထိတ်လန့် စရာဖြစ်နေသည်။ အကဲဖြတ်နေရာတွင်ထိုင်နေသော ကွမ်ယန်းနျင့် အစိမ်း ရောင်ဝတ်စုံခပ်ကြပ်ကြပ်ကိုဝတ်ဆင်ထားသည့် လုကျီတို့သည် မျက်စိရှေ့မှ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် မယုံနိုင်လောက်အောင်ဖြစ်နေမိ၏။

“ဒီပေထင်းဟွမ်မှာ ဘယ်လိုအစွမ်းအစရှိနေတာလဲ၊ သူက ကျူလင်းကို ဦးညွှတ်အောင်လုပ်လိုက်တာလား” ကွမ်ယမ်းသ်ည မကျေနပ်စွာဖြင့် ပြောလေ သည်။

“သူနဲ့အရင်က တိုက်ဖူးတယ်ဆိုရင် တချို့လူတွေရဲ့ခွန်အားသည် အပေါ်ယံမဟုတ်ဘူးဆိုတာ သိလာလိမ့်မယ်” လုကျီသည် သက်ပြင်းချပြီး ပြော လေသည် “ကျုပ်က ကျူလင်းက ဦးညွှတ်လိမ့်မယ်လို့ ထင်မထားရုံပဲ”

“ဒီလူ နေလို့မရဘူးလေ” ကွမ်ယန်းသည် အေးစက်စွာနှာမှုတ်ပြီးနောက် လုကျီ၏ဝိညာဉ်နှင့် ဆက်သွယ်လေသည် “သူ့လိုလူမျိုးက အမှောင်နတ်မိစ္ဆာဘုံ ကို သွားဖို့အခွင့်အရေးယူလိမ့်မယ်၊ အခု သူ့ကို သွားထိလို့မရဘူး၊ သူ့ဘဝရဲ့ ရလဒ်အနေနဲ့ ၃၃ ကောင်းကင်ဘုံကို သွားခွင့်ပြုလို့မဖြစ်ဘူး”

All Chapters