← Chapters

သူ့ကိုကြီးထွားခွင့်မပေးနိုင်ဘူး

Vol. 59 Ch. 1172

သူ့ကိုကြီးထွားခွင့်မပေးနိုင်ဘူး

Vol. 59 Ch. 1172

“ဟင်း” လုကျီသည် ဤကလေးကြောင့် သူမ၏ဘဝပျက်စီးလုနီးပါးဖြစ်ခဲ့ သည်ကိုတွေးပြီး ခါးသီးစွာပြောလေသည် “ဟွမ်ချန်းက ဝိညာဉ်နတ်ဘုရား မျိုးနွယ်နဲ့ အမုန်းတရားတွေရှိနေပြီးပြီ၊ သူ့လူမျိုး ရန်ငြိုးကိုကိုင်ဆောင်ထားတဲ့ လူက ပိုဆိုးတယ်၊ သူ တကယ်မကြီးထွားသေးတုန်း ဖြစ်နိုင်သလောက် မြန်မြန် သတ်မှရမယ် မဟုတ်ရင်...”

သူတို့နှစ်ယောက်လုံးသည် အလေးအနက်ဆင်ခြင်မိလေသည်။ သည် တစ်ခေါက်တွင် ဆင်းသက်သူ အားလုံးပေါင်း ၁၀ ယောက်ရှိသည်။ ယန်ယဲ့ ခေါင်းဖြတ်ခဲ့သော ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ တမန်တော်၊ ပေထင်းဟွမ် စာချုပ်တည်ထောင်လိုက်သော မြောက်ပိုင်းရေခဲလိပ်တို့ကိုပေါင်းလိုက်လျှင် ဆင်းသက်သူ ၈ ယောက်ကျန်လေသည်။ သူတို့သည် ပင်မတိုက်ကြီးသို့လာကြ သည်မှာ ရွှံ့နွံတောမှ လှုပ်ခတ်မှုကြောင့်တင်မဟုတ်ဘဲ ပိုအရေးကြီးသော တာဝန်ဖြစ်သည့် မှော်အရင်းအမြစ်ကျောက်တုံးကြောင့်သာဖြစ်လေသည်။

မှော်အရင်းအမြစ်ကျောက်တုံးကို အမှောင်နတ်မိစ္ဆာဘုံတွင်သာ တွေ့နိုင် လေသည်။ ပင်မတိုက်ကြီးမှလူများသည် ၃၃ ကောင်းကင်ဘုံသို့သွားချင်လျှင် နည်းလမ်းတစ်ခုသာရှိသည်။ အမှောင်နတ်မိစ္ဆာဘုံကိုဖြတ်ပြီး မန္တလာမြေသို့ သွားကာ မန္တလာမြေမှတစ်ဆင့် ၃၃ ကောင်းကင်ဘုံသို့ ဝင်ရမည်ဖြစ်သည်။

သို့သော် ထိုဆင်းသက်သူများသည် မတူပေ။ သူတို့တွင် အချိန် ၁ နှစ်ရ သည်။ ၁ နှစ်ကြာပြီးနောက်တွင် စွမ်းအင်ခန္ဓာကိုယ်သည် အလိုလိုပင် ထိုလေဟာနယ်ကိုဖြတ်ပြီး မူလခန္ဓာကိုယ်ဆီသို့ ပြန်သွားမည်ဖြစ်သည်။

ပေထင်းဟွမ်သည် ကွမ်ယန်းနှင့် လုကျီတို့၏ ပူးပေါင်းကြံစည်မှုကိုမသိ ပေ။ သိလျှင်တောင် သူမ၏စရိုက်နှင့် စိတ်ထဲထားမည်မဟုတ်ပေ။ ရှီရှောင်မို သားရဲထိန်းနေချိန်တွင် ကွမ်ယန်းသည် ရုတ်တက်တိုက်ခိုက်ခဲ့ရာ ရှီရှောင်မို သေလုနီးပါးဖြစ်ခဲ့သည်။ ထိုတစ်ခုတည်းကို အခြေခံလျှင် ပေထင်းဟွမ်သည် ကွမ်ယန်းကို သက်ညှာမပေးနိုင်ပေ။ လုကျီသည် ပြောဖို့ရန်မလိုအောင်ပင် ပြီးခဲ့သည့်တစ်ခေါက်က သူမကို သတ်ရန်ကျရှုံးခဲ့သည်။ သူမသည်လည်း ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်ရာ ပေထင်းဟွမ်သည် ထိုနှစ်ယောက်ကို ပင်မတိုက်ကြီးတွင် အရှင်မထားနိုင်ပေ။

အနှေးနှင့်အမြန်ပင် သူတို့ ထိပ်တိုက်တွေ့ရမည်ဖြစ်ရာ ပေထင်းဟွမ် ဘာကြောင့် ကြောက်နေရမည်နည်း။

ထိုအချိန်တွင် ပြိုင်ပွဲဝင်အားလုံးသည် နေရာအသီးသီးတွင် ရောက်နေပြီ ဖြစ်၏။ မြို့စားအိမ်တော်၏ဘက်သည် စင်မြင့်ဖြစ်သည်။ အဂ္ဂိတ်အစည်းအရုံး ဥက္ကဌသည် အလယ်တွင်ထိုင်နေသည်။ ဘေးနှစ်ဖက်တွင် ဆေးအာနိသင်ကို သရုပ်ခွဲရန် တာဝန်ယူထားသည့် ဒိုင်လူကြီးများရှိသည်။ သဘာဝကျကျပင် သူတို့သည် အဂ္ဂိရတ်အစည်းအရုံး၏ အကြီးအကဲများဖြစ်ကြသည်။ ပင်မတိုက် ကြီးတွင် သူတို့သည် ကျော်ကြားသည်မှာကြာပြီဖြစ်ကာ အဂ္ဂိရတ်ပညာရှင် လူနည်းစုထဲမှဖြစ်သည်။

တန့်ကာမြို့စားသည် တန့်ကာမြို့ကို ကိုယ်စားပြုကာ ရပ်ပြီး အဂ္ဂိရတ် အစည်းအဝေးသို့ ပါဝင်ရန်လာရောက်ကြသော အဂ္ဂိရတ်ပညာရှင်များအားလုံး ကို အမှာစကားပြောကြားပေးလေသည်။ ကြည့်ရှုနေကြသော ဧည့်သည်များ အားလုံးသည် အားပေးကြလေသည်။ “အခုပဲစပါပြီ” အဂ္ဂိရတ်ပြိုင်ပွဲတစ်ခုလုံး တွင် အားပေးသံများဖြင့်ညံသွားလေ၏။

သည်တစ်ခေါက် ပြိုင်ပွဲမှာ အလွန်လွတ်လပ်သည်။ ကိုယ်သန့်စင်လိုသည့် ဆေးအတွက် ပါဝင်ဆေးပစ္စည်းများကို ရွေးချယ်နိုင်သလို ပါဝင်သော အဂ္ဂိရတ် ပညာရှင်များ၏အဆင့်အလိုက် အဂ္ဂိရတ်အစည်းအရုံးမှ ပြင်ဆင်ပေးသော အဆင့်တူညီသည့်ဆေးပစ္စည်းများကို အသုံးပြုနိုင်သည်။ ထို့နောက် ဆေး အရည်အသွေးအလိုက် အနိုင်ရသူကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

ပေထင်းဟွမ်သည် ပြိုင်ပွဲစင်မြင့် ပဉ္စမအထပ်တွင် ရပ်နေသည်။ သူမနှင့် ကျူလင်းတို့အကြားမှ ပြိုင်ပွဲသည် အဆုံးသတ်ရောက်တော့မည်။ အဆင့်မြင့် ဆေးသည် မိနစ်ပိုင်းအတွင်း သန့်စင်ရန်မဖြစ်နိုင်ပေ။ တခြားအဂ္ဂိရတ်ပညာရှင် များ ပြင်ဆင်သည်ကို ဘာကြောင့်များ မကြည့်နိုင်ရမည်နည်း။

ပထမအထပ်တွင် ဒါဇင်မျှသော ဝိညာဉ်အဂ္ဂိရတ်ပညာရှင်များဖြစ်ကြ သည်။ ဝိညာဉ်အဂ္ဂိရတ်ပညာရှင်များသည် ဆေးမသန့်စင်နိုင်ဘဲ ဆေးအဖုံများ ကိုသာ ရောနှောနိုင်ကြသည်။ စွမ်းအားကြီးများမှ မျက်စိကျသွားလျှင် မီးအမျိုး အစားသားရဲကို ဆုချလိုက်ပါက အနာဂတ်သည် အကန့်အသတ်မရှိနိုင်တော့ ပေ။

ဆေးသန့်စင်ရာတွင် ပစ္စည်းကိရိယာသည် အရေးအကြီးဆုံးဖြစ်သည်ကို သိထားရမည်။ အဂ္ဂိရတ်ပညာရှင်တိုင်းသည် အဆုံးမရှိသော ဆေးပစ္စည်းရှိသည့် ပေထင်းဟွမ်ကဲ့သို့ မဟုတ်ကြပေ။

တချို့သောဝိညာဉ်အဂ္ဂိရတ်ပညာရှင်တို့ အဂ္ဂိရတ်အစည်းအဝေးသို့ ပါဝင် ရန် ခွင့်ပြုရသည်မှာ အလွန်ပင်တာဝန်ကြီးလှသည်ဟုဆိုရမည်။ အဂ္ဂိရတ် အစည်းအဝေးမှ ထိုသို့ခွင့်ပြုထားခြင်းပင်။

ဤအဂ္ဂိရတ်အစည်းအဝေးတွင် ပါဝင်လာကြသူများသည် ပထမကို လိုချင်၍မဟုတ်ကြပေ။ အများစုမှာ ဤအစည်းအဝေးမှတစ်ဆင့် သူတို့၏ အရည်အချင်းကို တိုက်ကြီးတစ်ခုလုံးကို ပြချင်၍ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင် များအတွက် အကောင်းဆုံးနည်းလမ်းပင်ဖြစ်၏။

All Chapters