သခင်မိုလိက ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်
Vol. 59 Ch. 1173
ဝိညာဉ်အဂ္ဂိရတ်ပညာရှင်တချို့ရှိသော်လည်း မည်သူကမှ အဂ္ဂိရတ်အစည်းအရုံးမှပြင်ဆင်ပေးထားသည့် ဆေးပစ္စည်းများကို မသုံးကြပေ။ ထိုအချက်သည် ပေထင်းဟွမ်ကို အံ့အားသင့်စေသည်။ ထိုလူများသည် ကိုယ်ပိုင်မီးကိုသုံးကြသော်လည်း အဆင့်မြင့်ဆေးကို သန့်စင်နိုင်ရန် မမျှော် လင့်ကြပေ။ သူတို့သည် သူတို့၏အရည်အချင်းနှင့် ကျွမ်းကျင်မှုအတွက်ကိုသာ တိုက်ခိုက်ကြသည်။ ဘာလို့ သူတို့ရဲ့ ကိုယ်ပိုင်ဆေးပစ္စည်းတွေကို သုံးကြတာ လဲ။
အဲလူတွေကိုကြည့်လိုက်ပါဦး။ သူတို့ထုတ်လာတဲ့ ဆေးပစ္စည်းတွေက သိပ်လည်းမကောင်းဘူး။
ပေထင်းဟွမ်၏မျက်လုံးထဲမှ သံသယကိုမြင်နိုင်သည်နှင့်တူသည်။ အံ့ဩ လောက်စရာပင် ကျူလင်းသည် သူ့ကိုယ်သူ ပြောပြနေသည်လား ပေထင်းဟွမ် ကို ရှင်းပြနေသည်လားပင်မသိတော့ပေ “အဂ္ဂိရတ်ပညာရှင်ရဲ့ခွန်အားက ဆေးသန့်စင်တဲ့နည်းလမ်းကိုပဲ ပေါ်လွင်စေတာမဟုတ်ဘူး၊ ကျွမ်းကျင်မှုကို လည်းပြနိုင်တယ်၊ အပူချိန်၊ တိကျမှုနဲ့ ဆေးစပ်မှုအမြန်နှုန်း၊ ဆေးပစ္စည်း စုဆောင်းမှုအပါအဝင် အားကောင်းတဲ့အဂ္ဂိရတ်ပညာရှင်တိုင်းက ဆေးပစ္စည်း တွေကို ကောင်းကောင်းကြီး စုဆောင်းဖို့လည်းလိုသေးတယ်”
ပေထင်းဟွမ်သည် ထက်မြက်သည်။ ထိုလူများသည် ပြင်ဆင်လာသည့် ဆေးပစ္စည်းများကို အတင်းထုတ်ယူရသည့်အကြောင်းအရင်းကိုလည်း ကျူလင်း နားလည်ထားသည်။ ပထမဆုံးအနေနှင့် သူတို့ပြင်ဆင်ထားသည့် ဆေးပစ္စည်းများသည် စိတ်အေးစေသည်။ ဒုတိယအချက်အနေနှင့် သူတို့၏ ခွန်အားကို ပြသရန်နည်းလမ်းတစ်ခုလည်းဖြစ်သည်။
ဆေးပစ္စည်းစုဆောင်းမှုသည်လည်း လူတစ်ဦး၏ခွန်အားကို စမ်းသပ်ခြင်း ဖြစ်သလို အဆက်အသွယ်တစ်ခုလည်းဖြစ်သည်။
ပေထင်းဟွမ်လိုပင်ဖြစ်၏။ ခွန်အားရရှိပြီးနောက် မရေမတွက်နိုင်သော လူများသည် ဆေးပစ္စည်းများ လာရောက်ပို့ဆောင်ပေးကြသည်။ လူအများစု သည် ဆေးပစ္စည်းကောင်းများ မထုတ်လုပ်နိုင်မည်ကို စိုးရိမ်ခြင်းမရှိဘဲ အမြင့် သို့မတက်နိုင်မည်ကို စိုးရိမ်တတ်ကြသည်။
နောက်ဆုံးတွင် ဝိညာဉ်အဆင့်အဂ္ဂိရတ်ပညာရှင် ဒါဇင်မျှသည် ဆေးရည်များ ပြင်ဆင်လာခဲ့ကြသည်။ မူလက ပေထင်းဟွမ်သည် သူတို့ထဲမှ တစ်ယောက် သို့မဟုတ် နှစ်ယောက်ကို ရွေးချယ်ကာ လေ့ကျင့်ပေး၍ အနာဂတ် ဟွမ်ချန်းအတွင် အသုံးဝင်နိုင်မလားဟု ကြည့်ရန်ဖြစ်သည်။ သို့သော် ကံမကောင်းစွာပင် သူမ မကျေနပ်ခဲ့ပေ။
ဒုတိယအထပ်တွင် ဝိညာဉ်မီးအဂ္ဂိရတ်ပညာရှင်များဖြစ်၏။ သူတို့ ထုတ်ယူလိုက်သော ဆေးပစ္စည်းအများစုမှာ ပထမအဆင့် သို့မဟုတ် ဒုတိယ အဆင့်များဖြစ်ကြသည်။ သူတို့ထဲမှတစ်ယောက်သာ ဒုတိယအဆင့်ချီလေ့ကျင့် ရေးဆေးကို သန့်စင်ပြီး တခြားသူများသည် ပထမအဆင့်များဖြစ်ကြသည်။
တတိယအထပ်တွင် မြေကြီးမီးအဂ္ဂိရတ်ပညာရှင် ၄ ဦးရှိသည်။ သူတို့ အလှည့်ရောက်ချိန်တွင် ရင်ပြင်တစ်ခုလုံးရှိ လူအားလုံး၏ မျက်လုံးများ အရောင်လက်လာသည်ကို ပေထင်းဟွမ်ခံစားမိလေသည်။ ထင်ရှားစွာပင် မြေကြီးမီးတစ်ခုသာ အားလုံး၏အာရုံကို ဆွဲဆောင်နိုင်လေသည်။ ဤအခြေ အနေတွင် သာမန်မီးနှင့် ဝိညာဉ်မီးတို့သည် သာမန်သတ္တုမျှသာဖြစ်လေသည်။
“တိကျို့ဟွမ် လိုင်လင်ချောင် ဟောက်လင်ကော်.. ကျွတ် ကျွတ် ကျွတ် အကုန်လုံး ကောင်းတဲ့ပစ္စည်းတွေချည်းပဲ” ပေထင်းဟွမ်သည် အော်မိလေ၏။ အစပိုင်းတွင် သူမသည် မီးဝိညာဉ်အသီးအတွက် သူမ၏အသက်ကိုစွန့်စားခဲ့ သည်။ ထိုမြေကြီးမီးအဂ္ဂိရတ်ပညာရှင်များသည် ပစ္စည်းကောင်းများကို အသုံး ပြုကြသည်။
သို့သော် ဆေးပစ္စည်းများကောင်းသော်လည်း မြေကြီးမီးအဂ္ဂိရတ်ပညာ ရှင်၏ ခွန်အားသည် ထင်ရှားစွာပင် မလုံလောက်ပေ။ သန့်စင်နိုင်သည့် အမြင့်ဆုံးဆေးမှာ တတိယအဆင့်သာဖြစ်သည်။ သူမ မျက်နှာပူလာသည်။
မိုလိသည် စတုတ္ထအထပ် စင်မြင့်တွင်ရပ်နေသည်။ သူသည် ကောင်းကင် မီးအဂ္ဂိရတ်ပညာရှင်ဖြစ်လိမ့်မည်ဟု ပေထင်းဟွမ်ထင်မထားပေ။ ဤတိုက်ကြီး တွင် ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်မှာ ရှားပါးလှသည်။ မိုလိအပြင် တခြား သော ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်နှစ်ယောက်သည် စတုတ္ထအထပ်တွင် ရပ်နေကြသည်။ ထိုလူနှစ်ယောက်သည် ရသေ့မိသားစုတချို့မှဖြစ်သဖြင့် ဤ တိုက်ကြီးရှိ ထိုမိသားစုများ၏ခွန်အားသည် ဆေးတောင်ကြားထက်မလျော့ပေ။
အားလုံး၏မျက်လုံးများ စတုတ္ထအထပ်သို့ရောက်ချိန်တွင် သူတို့ထဲမှ တစ် ယောက်ကိုမြင်သောအခါ နှင်းဖြူရောင်အဂ္ဂိရတ်ဝတ်ရုံကိုဝတ်ဆင်ထားပြီး လှပ သောမျက်လုံးများနှင့် မျက်ခုံးအကြားတွင် ကျောက်အနီရောင်တစ်စက်ရှိနေ သည့်ထိုလူကြောင့် ရင်ပြင်တစ်ခုလုံးသည် မှင်တက်ကုန်ကြကာ စကားပင် ကျယ်ကျယ်မပြောရဲကြပေ။
“သခင်မိုလိလည်း အဂ္ဂိရတ်အစည်းအဝေးမှာ ပါဝင်ဖို့လာတာပဲ၊ သူက ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်ပဲ မိုက်လိုက်တာ”
“သခင်မိုလိက ကြည့်ကောင်းလိုက်တာ သူ့ကိုချစ်လွန်းလို့သေတော့မယ်”
“ဝိုး သခင်မိုလိ ရောက်နေပြီ ခုနက သူ့ကိုဘာလို့မမြင်မိတာပါလိမ့်၊ အိုး ငါ တကယ် သူ့ကိုလက်ထပ်ချင်လိုက်တာ သူက ချောပြီးအားကောင်းလိုက်တာ”
အော်သံများထွက်ပေါ်လာ၏။ မိုလိ၏မျက်ခုံးကြားမှ ကျောက်အနီရောင် သည် သွေးနီရောင်လက်လာသည်ကို ပေထင်းဟွမ်မြင်လိုက်ရသည်။ သို့သော် ဤလူသည် တန့်ကာမြို့တွင် ကျော်ကြားလိမ့်မည်ဟု သူထင်မထားပေ။ သို့သော် သူမ သူ့ကိုပထမဆုံးအကြိမ်မြင်ခဲ့စဉ်ကလည်း ယခုလိုပင် မှင်တက်မိ သည်မဟုတ်ပါလား။ အံ့ဩစရာတော့မရှိလှပေ။