← Chapters

အရမ်းမမောက်မာနဲ့

Vol. 59 Ch. 1174

အရမ်းမမောက်မာနဲ့

Vol. 59 Ch. 1174

ပေထင်းဟွမ်၏အကြည့် မိုလိပေါ်ကျရောက်လာပြီး သူတို့နှစ်ယောက်မှာ ရင်ပြင်ထဲသို့အတူတကွဝင်လာခဲ့သည်ကိုလည်း မြင်ခဲ့ရသဖြင့် ကျူလင်းသည် မသက်မသာခံစားရလေသည်။ သူ၏မျက်လုံး သို့မဟုတ် နှလုံးသားကို အမိဖမ်း နိုင်သည့်အရာမှာ အလွန်ရှားပါးသည်။ သို့သော် ဤအခိုက်အတန့်တွင် ပေထင်းဟွမ်၏အကြည့်မှာ သူ့အပေါ်သို့ ကျရောက်လာရန် ကျူလင်း မျှော်လင့် မိသည်။

“သခင်ပေထင်းဟွမ် မင်းနဲ့ကျုပ်ကြားမှာ အနိုင်နဲ့အရှုံးပဲရှိမယ်၊ ကျုပ်နိုင် ရင် ဘာလုပ်ရမလဲ၊ မင်းနိုင်ရင်...” ကျူလင်းသည် အနည်းငယ်ပြုံးလိုက်သည်။ သူ၏အမူအရာတွင် အေးစက်မှုမလျော့ပါးသော်လည်း ပေထင်းဟွမ်အပေါ် သဘောထားမှာ သဘောမကျသည့်အနေအထားရှိသည် “ကျုပ်ဘာလုပ်သင့် တယ်လို့ထင်လဲ”

ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက်သည်။ သူမ၏မျက်လုံးများသည် မိုလိ ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိဆဲဖြစ်ကာ လက်ပိုက်ရပ်နေပြီး စုချည်ထားသော ဆံပင် များသည် လေထဲတွင်လွင့်နေပြီး မျက်နှာမှ မျက်နှာဖုံးသည် တောက်ပလွန်းရာ သူ၏မျက်လုံးထဲမှအမူအရာကိုပင် ရှင်းလင်းစွာမမြင်နိုင်ပေ “ကျွန်တော်လိုချင် တာက ဝိညာဉ်ပြန်ခေါ်ဆေးပင် အဲဒါပဲ”

ကျူလင်းသည် စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားလေသည်။ သူ၏ မာနသည် မျက်နှာကိုမဲစေ၏။ သူသည် မောက်မာစွာပြောလေသည် “ကံမကောင်းစွာနဲ့ပဲ ကျုပ်လည်း အဲဒီဝိညာဉ်ပြန်ခေါ်ဆေးပင်ကိုရမှဖြစ်မယ်”

“ဒါက ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး” ပေထင်းဟွမ် ရယ်မောလေ သည် “ကျွန်တော်က သူငယ်ချင်းတစ်ယောက်ကို ကယ်ဖို့အတွက် ဝိညာဉ်ပြန် ခေါ်ဆေးပင်ကိုလိုချင်တာ ခင်ဗျားကရော၊ ခင်ဗျား ဘယ်သူ့ကိုကယ်မယ်ဆိုတာ မပြောတော့ဘူးလား”

ကျူလင်းသည် ခေါင်းကိုအသာညိတ်ကာ ပေထင်းဟွမ်အား အလေးအနက်ကြည့်လေသည်။ အတန်ကြာပြီးနောက် သူ၏လှပပြီးပါးလွှား သော နှုတ်ခမ်းများသည် အနည်းငယ်ပွင့်ဟသွားကာ မထင်မှတ်သောစကား လုံးများထွက်ချလာသည် “အမေ”

ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် ခေတ္တမျှတောင့်တင်းသွားလေသည်။ ထို့နောက် မျက်နှာထားကို ပြန်ထိန်းထားလေ၏။ သူ၏မျက်လုံးများသည် မည်းနက်စွာနှင့် လှုပ်ခတ်သွားလေသည် “ဒီတစ်ခေါက် မင်း ဝိညာဉ်ပြန်ခေါ် ဆေးပင်ရရင် အသုံးမဝင်ဘူး၊ လူတိုင်းက အဆင့် ၉ ဝိညာဉ်ပြန်ခေါ်ဆေးကို သန့်စင်နိုင်တာမဟုတ်ဘူး၊ မ်းရရင်တောင် အလကားပဲ၊ ဒါပေမဲ့ မင်းလည်း ဒီအခွင့်အရေးမရမှာကြောက်တယ်”

ကျူလင်းသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။ သူသည် မုန်းတီးစွာနှင့် အံတင်းတင်းကြိတ်မိလေသည်။ သူသည် မိခင်ကို ကယ် ရန်အတွက် ဝိညာဉ်ပြန်ခေါ်ဆေးကို အရယူမည်ဟု သူ မည်သူ့ကိုမှမပြောခဲ့ဖူး ပေ။ သူကိုယ်တိုင်ပြောသည်မှာ ပေထင်းဟွမ်အတွက် ဂုဏ်ယူစရာပင်။ သို့သော် လှောင်စရာအဖြစ်သာ ပြန်ရလေသည်။

“အဲလောက်မောက်မာမနေနဲ့”

ကံကောင်းစွာပင် သည်တစ်ခေါက်တွင် စတုတ္ထအထပ်တွင် စတင်နေပြီ ဖြစ်သည်။ ပေထင်းဟွမ်သည် ကျူလင်းကို ဂရုစိုက်ချိန်မရတော့ဘဲ သူ၏ ခြိမ်းခြောက်မှုကို မကြားသလိုပင် ဟန်ဆောင်လိုက်လေသည်။ စတုတ္ထထပ် တွင် အားလုံးပေါင်း လူသုံးယောက်ရှိသည်။ ထိုလူများသည် သူတို့၏အိတ်ထဲမှ ဆေးပင်များမထုတ်တော့ဘဲ လက်ကို စားပွဲပေါ်ဝေ့ယမ်းလိုက်သည်နှင့် မှော်ဝင် လက်စွပ်ထဲတွင် သိုလှောင်ထားသော ဆေးပင်များသည် တညီတညွှတ်တည်း ပင် ပေါ်လာသည်။ ထူးဆန်းသောပန်းနှင့် ဆေးပင်များသည် လူအများကို အံ့အားသင့်စေသည်။

“မြူခိုးအေးဆေးပင်တောင်ရှိတယ်၊ မြူခိုးအေးဆေးပင်က အဆင့် ၆ ဆေးကို သန့်စင်နိုင်တယ်၊ မှိုဖြူ... မဆိုးဘူး မဆိုးဘူး ကောင်းကင်မီးအဂ္ဂိရတ် ပညာရှင်ပီသတယ်” ပေထင်းဟွမ်သည် တစ်ဦးချင်းစီကြည့်ပြီး မိုလိရှေ့မှ စားပွဲ ကိုကြည့်လေသည်။ ထပ်ပေါင်းပြောရလျှင် ရှားပါးဆေးပင်များစွာလည်းရှိနေ သည်။ အဂ္ဂိရတ်အစည်းအရုံးဥက္ကဌ၏ ဂုဏ်ယူရဆုံးတပည့်အနေနှင့် မိုလိတွင် ဆေးပင်ကောင်းများရှိသည်။

“ဒီလူမှာ ဆေးပင်တွေများလိုက်တာ ငါတောင် လုချင်လာပြီ” ပေထင်းဟွမ်သည် တိတ်တိတ်လေး လေးစားမိလေသည်။

စတုတ္ထအထပ်စင်မြင့်ပေါ်တွင် သူတို့သုံးယောက်အတွက် အဂ္ဂိရတ်ဆေးဖို ချရန်ပင် နေရာမရှိတော့ပေ။ ကောင်းကင်မီးကို ခံနိုင်ရည်ရှိသည့်အရာများသည် ရှားပါးပြီးအဖိုးတန်သည်။ အဂ္ဂိရတ်အစည်းအရုံး မည်မျှပင် အားကောင်းစေကာ မူ ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်ကို အပြည့်အစုံထောက်ပံ့ရမည်ဟူ၍ မရှိ ပေ။ ထို့ကြောင့် ကောင်းကင်မီးအဂ္ဂိရတ်ပညာရှင်များသည် ကိုယ်ပိုင် အဂ္ဂိရတ် ဆေးဖိုများလိုသည်။

အုန်း အုန်း အုန်း

အသံသုံးသံသည် စင်ပေါ်မှ တညီတည်းထွက်ပေါ်လာသည်။ ကေင်းကင်မီးအဂ္ဂိရတ်ပညာရှင်များသည် သူတို့၏ဆေးဖိုများကို အသီးသီး ထုတ်လိုက်ကြသည်။ ဆေးဖိုသုံးလုံးထဲမှ တစ်လုံးကို အရည်အသွေးမြင့် ပစ္စည်းများနှင့်ပြုလုပ်ထားပြီး ဒီဇိုင်းမှာ ကတ်သီးကတ်သတ်နိုင်စွာဖြင့် သန့်စင်ထားသည်။ ရင်ပြင်ထဲတွင် အံ့အားသင့်မှုများ ထွက်ပေါ်လာသည်။

“ဒီဆေးဖိုကို ငါ တကယ်လိုချင်လိုက်တာ”

“ဒီဆေးဖိုထုတ်လိုက်တာနဲ့ ရင်ပြင်မှာ ကြက်သွေးရောင်တိမ်တိုက်တွေ လာစုနေတာပဲ” ဆေးဖိုသုံးခုပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးအကြား မှ ဝိညာဉ်စွမ်းအင်သည် ဆေးဖိုတွင်စုလာည်ကို ပေထင်းဟွမ်ခံစားမိသည်။ သူမ ၏ ရွှေရောင်သားရဲလေးကောင်ဆေးဖိုလောက်မကောင်းသော်လည်း ထိုလူသုံး ယောက်၏ အဆင့်အတန်းနှင့်နောက်ခံသည် အလွန်ပင်ထူးခြားသည်ကိုတော့ ဝန်ခံရပေတော့မည်။

All Chapters