← Chapters

ကမ္ဘာကိုလှုပ်ခတ်သွားစေတဲ့ဒြပ်စင် ၅ ခု

Vol. 59 Ch. 1175

ကမ္ဘာကိုလှုပ်ခတ်သွားစေတဲ့ဒြပ်စင် ၅ ခု

Vol. 59 Ch. 1175

မိုလိမှလွဲ၍ တခြားနှစ်ယောက်သည် နှစ်ပေါင်းထောင်ချီ ဆင်းသက်လာ သော အဂ္ဂိရတ်မိသားစုမှ ကလေးများဖြစ်ကြသည်။ ဤကဲ့သို့ ပွဲကြီးတွင် ပါဝင် လာကြသည်မှာ သေချာပေါက်ပင် အတော်ဆုံးလူငယ်မျိုးဆက်ဖြစ်ရာ သူတို့၏ အပြုအမူမှာလည်း အလွန်ပင် ထူးခြားလေသည်။

“ဝုန်း ဝုန်း”

ကောင်းကင်ကို စူးရှစေသည့်အသံနှစ်သံနှင့် ကောင်းကင်မီးအဂ္ဂိရတ် ပညာရှင်နှစ်ဦးသည် သူတို့၏ကိုယ်ပိုင်မီးတောက်ကို ဦးဆောင်ပြသကြလေ၏။ နှစ်ခုလုံးတွင် အားကောင်းသောစွမ်းအားပါဝင်ပြီး မီးတောက်များထဲမှ တစ်ခု သည် ပို၍ခက်ထန်ပြီး လိမ္မော်နီရောင်မီးတောက်သည် ပို၍မြင့်မြင့်ခုန်တက်လေ သည်။ တခြားတစ်ခုသည် ဖိနှိပ်ခံထားရသည့်အလား မည်းနက်ပြီး အတန်ကြာ အောင်ရုန်းကန်ရလေသည်။

“ကမ္ဘာလှုပ်ခတ်ဒြပ်စင် ၅ ခုမီးတောက်လား၊ အဲဒါက ဒြပ်စင် ၅ ခုသားရဲရဲ့ မီးတောက်လေ” ထိုအချိန်တွင် ကျူလင်းသည် ပေထင်းဟွမ် သူ့အပေါ်လုပ်ခဲ့ သည့်လုပ်ရပ်ကိုပင် မေ့လျော့သွားကာ လိမ္မော်ရောင်မီးတောက်ကို ပြူးကျယ် သောမျက်လုံးများဖြင့် စိုက်ကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်နေသည်။

“ဒါ... ဒါက ကမ္ဘာလှုပ်ခတ်ဒြပ်စင် ၅ ခုမီးတောက်လား” ရင်ပြင်ထဲတွင် ဒိုင်လူကြီးနေရာတွင်ထိုင်နေကြသည့် အကောင်ကြီးတစ်ယောက်သည် ထိုအချိန်တွင် သူ၏ အသွင်အပြင်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိုင်ရာမှ ရုတ်တရက်ထလေသည်။ သူသည် အမြင်မှားမည်ကို စိုးရိမ်ကာ မျက်လုံးအိုကြီးကို ပွတ်ကြည့်လေသည်။

“ဘာ ဒြပ်စင် ၅ ခုမီးတောက်လား” ပွဲကြည့်စင်ရှိ ပြိုင်ပွဲကိုလာကြည့် ကြသော ပင်မတိုက်ကြီးမှ အဂ္ဂိရတ်ပညာရှင်များသည် အထိတ်တလန့်နှင့် မတ် တတ်ထရာ ခုံပေါ်မှပင် ကျလုမတတ်ပင်ဖြစ်သွားလေ၏။

ဆေးသန့်စင်ခြင်းကိုမသိသော တခြားသောပွဲကြည့်ပရိသတ်များသည် ကမ္ဘာလှုပ်ခတ်ဒြပ်စ် ၅ ခု၏အဓိပ္ပာယ်ကို မသိသည့်တိုင်အောင် ထိုမီးတောက် များမှ ကြီးမားသောစွမ်းအင်ကို ခံစားမိကြသဖြင့် မျက်လုံးထဲတွင် ကြောက်ရွံ့မှု များဖြစ်ပေါ်လာလေသည်။

လက်ထဲတွင် မီးတောက်ကို ကိုင်ထားသည်မှာ ရှက်ရွံ့တတ်သည့် လူငယ် တစ်ယေဦက်သာဖြစ်သည်။ ထိုလူငယ်၏အသွင်အပြင်သည် မိုလိလောက် ကြည့်ကောင်းလှသည်မဟုတ်သော်လည်း ကြွယ်ဝသည့်ပုံစံရှိပြီး နှင်းဖြူရောင် အဂ္ဂိရတ်ဝတ်ရုံသည် သူနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်လျက်ရှိသည်။ ဆန့်ကျင် ဘက်အနေနှင့် ဤကဲ့သို့ လွှမ်းမိုးနိုင်သောမီးတောက်ကိုအသုံးပြုသည့် နုနယ် သောလူငယ် ကျိုးရူယွိသည် မလိုက်မဖက်ဖြစ်နေသည်။

“အဲဒါ စီးမာမိသားစုကပဲ၊ ဒီတစ်ခေါက် သူတို့လည်းလာကြလိမ့်မယ်လို့ ထင်မထားဘူး၊ သူတို့တွေက ဝိညာဉ်ပြန်ခေါ်ဆေးပင်ကြောင့်လား အဂ္ဂိရတ် အစည်းအရုံးကြောင့် လာကြတာလားမသိဘူး” လူငယ်၏ အဂ္ဂိရတ်ဝတ်ရုံ၏ ရင်ဘတ်မှတံဆိပ်ကိုကြည့်ပြီး မြို့စားသည် ချောင်ရှန့်အား စိုးရိမ်တကြီးပြော လေသည်။

ချောင်ရှန့်သည် အမြင့်ဆုံးစင်ပေါ်တွင်ရှိနေသည့် ပေထင်းဟွမ်အား တစ် ချက်ကြည့်ပြီးနောက် အကြည့်သည် သူ၏ကျောင်းသားများဆီသို့ရောက်သွား လေသည်။ သူသည် ယုံကြည်ချက်အပြည့်ရှိနေကာ မျက်နှာသည် ဂန္ဓမာပန်း ကဲ့သို့ ပြုံးသွားလေသည် “ဟီး ဟီး သူ့မီးတောက်က လွှမ်းမိုးနိုင်ရင်တောင်... ရှားပါးတဲ့ ဒြပ်စင် ၅ ခုမီးတောက်ဆိုရင်တောင် ဘာဖြစ်လဲ၊ ဒီတစ်ခေါက် သူတို့ ဝိညာဉ်ပြန်ခေါ်ဆေးပင်ကို ရနိုင်မှာမဟုတ်ဘူး၊ သူတို့တွေက အဂ္ဂိရတ်အစည်း အရုံးကို အနိုင်ရနိုင်မယ့်အရည်အချင်းမရှိဘူး”

အချိန်ကြာသည်အထိ အဂ္ဂိရတ်အစည်းအရုံးဖြစ်စေ လက်နက်သန့်စင် ရေး အစည်းအရုံးဖြစ်စေ ပြည်မကြီးမှလူများနောက်သို့ လမ်းစရှာသော်လည်း လေးလ့သည့်ဖိအားနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ ကောင်းမွန်စွာဖွဲ့စည်းပြီး စည်းကမ်းကြပ်မတ်သော ကုန်သွယ်ရေးအစည်းအရုံးသည် ပင်မတိုက်ကြီးတွင် ပိုပိုပြီး ကျော်ကြားလာရာ ရသေ့မိသားစုကို ကမ္ဘာကြီးမှမေ့မေ့ပျောက်ပျောက် ဖြစ်သွားစေသည်။

၎င်းသည် ရသေ့မိသားစုအတွက် လက်မခံနိုင်စရာဖြစ်လာသည်။ မည်မျှ ပင် မျိုးရိုးမြင့်စေကာမူ အကျိုးအမြတ်သည် စွမ်းအားနောက်လိုက်ခြင်းပင် ဖြစ် သည်။ မည်သူမှ ဆေး သို့မဟုတ် ဝိညာဉ်လက်နက်များကို တံခါးရှေ့သို့ လာမချ ပေးလေသည်။ လျှို့ဝှက်မိသားစုများ မည်သို့လုပ်ကိုင်စားသောက်ရမည်နည်း။

ထို့ကြောင့် ပြည်မကြီးရှိ တွေ့ဆုံပွဲတိုင်းသို့ ရသေ့မိသားစုသည် သူတို့၏ အတော်ဆုံးကလေးများကို စေလွှတ်ကာ ကုန်သွယ်ရေးအစည်းအရုံးများကို အပြင်းအထန် ဖိနှိပ်လေ့ရှိသည်။

ထိုမီးတောက်ကိုကြည့်ပြီး မိုလိ၏မျက်လုံးထဲတွင် အလင်းတစ်ခုလက် လာကာ မျက်ခုံးကြားမှ ကျောက်သည် ရုတ်တရက်တောက်ပလာပြီး အလင်းကို ထုတ်လွှတ်လေသည်။ သူ့မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နေပြီး ပိန်ပါးသော လက်ဖြူလွှလွှသည် ဝတ်ရုံအောက်မှ ထွက်လာသည်။ လက်ဆန့် ထုတ်လိုက်သည်မှာ မိန်းကလေး၏လက်မှ ပန်းနီနီကို ဆုပ်ကိုင်လိုက်သလိုပင် ဖြစ်စေ၏။

All Chapters