Chapters

ဒြပ်စင်သုံးခု မီးဝိညာဉ်လား

Vol. 59 Ch. 1176

ဒြပ်စင်သုံးခု မီးဝိညာဉ်လား

Vol. 59 Ch. 1176

“လှလိုက်တဲ့ပန်းပဲ” ပွဲကြည့်စင်မှလူတစ်ယောက်သည် မနေနိုင်တော့ဘဲ အသံထွက်လာလေသည်။

သို့သော် မိုလိ၏လက်ထဲမှ ပန်းမှာ ခုန်ပေါက်ကခုန်ပြီး ဝေ့ယမ်းနေသည် ကိုကြည့်လေလေ ဘေးအနားမှလေသည် အငွေ့ပျံသွားမည့်အတိုင်းထင်ရ၏။ ထိုပန်းသည် ပန်းအစစ်မဟုတ်ဘဲ မီးဒြပ်စင်ဝိညာဉ်ကြောင့် အစိုင်အခဲဖြစ်လာ သည့် စစ်မှန်သောအဆင့်ဖြစ်သည်။

ထိုမီးပွား၏အသွင်အပြင်ကြောင့် ဆုန်းမိသားစုမှလူငယ်၏ လက်ချောင်း ကြားထဲမှ မီးတောက်များသည် ရုတ်တရက် မှေးမှိန်သွားပြီး တခြားကောင်းကင် မီးအဂ္ဂိရတ်ပညာရှင်၏ လက်ထဲမှ မီးတောက်သည်လည်း အလင်းပျောက်သွား ပြန်သည်။

“ဒြပ်စင်သုံးခုမီးဝိညာဉ်လား၊ ဒါ ဒြပ်စင်သုံးခုမီးဝိညာဉ်ပဲ၊ ဒြပ်စင်သုံးခု မီး ဝိညာဉ်ကို လုံးဝစုပ်ယူလိုက်ပြီလား” ကျလင်းသည် ဒြပ်စင် ၅ ခုမြေကြီး မီးတောက်ကိုကြည့်ပြီး အံ့ဩသွားခဲ့သည်ဆိုလျှင် သည်တစ်ကြိမ်တွင် ရှုပ်ထွေး သည့် အဆင့်သို့ရောက်သွားပြီဖြစ်၏။ ကြောက်လန့်သည့်အခြေအနေနှင့် သူ၏ မျက်လုံးထဲတွင် လောဘအရောင်လက်သွားလေသည်။

ဒြပ်စင်သုံးခုမီးဝိညာဉ်သည် ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံးရတနာဖြစ်၏။ ဤကဲ့သို့ ဝိညာဉ်ပစ္စည်းမျိုးကို ပိုင်ရှင်မှစုပ်ယူလိုက်ပါက အကျိုးအမြတ်သည် မီးအမျိုးအစားသားရဲနှင့် စာချုပ်တည်ထောင်သည်ထက်ပင် ပိုများသည်။ မီး ဝိညာဉ်သည် လူသားခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်နေချိန်တွင် ဝမ်းတွင်း သားရဲ၏ ဝမ်းတွင်းပါမီးတောက်ထက်ပင် ထိန်းချုပ်ရန်ပိုအဆင်ပြေစေသည်။ ထို့အပြင် မီးထဲမှဝိညာဉ်သည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ပုံဆောင် ထားသော အခဲဖြစ်ကာ ကောင်းကင်နှင့်မြေကြီးစွမ်းအား၏ ထူးခြားသောအထုံ ရှိကာ သခင်အတွက် ကောင်းကင်နှင့်မြေကြီးစွမ်းအားကို အခါအားလျော်စွာ စုပ်ယူပေးနိုင်သည်။ ထိုကျင့်ကြံခြင်းသည် အခြေခံကျကျ စည်းဖောက်ခြင်းဖြစ် သည်ဟု ဆိုကြသည်။

ခန္ဓာကိုယ်ထဲသို့ ဒြပ်စင်သုံးမီးဝိညာဉ်ဝင်သွားသည့်မည်သူမဆို မီးဝိညာဉ် ကြောင့် ခန္ဓာကိုယ်၏အရိုးအကြောများကို ပြန်တည်ဆောက်နိုင်လေသည်။ ခြင်ဆီကိုဆေးကြောပြီး ဆံပင်များကိုဖြတ်တောက်ကာ သွေးကြော၏ အနံနှင့် အကြမ်းခံမှုမှာလည်း တခြားသူများထက် သာလွန်လေသည်။

ဒြပ်စင်နှစ်ခုမီးဝိညာဉ်မှာ ထူးခြားနေပြီဖြစ်ရာ ဒြပ်စင်သုံးခုမီးဝိညာဉ်ရရန် မှာ နှစ်တစ်သောင်းတွင် တစ်ခါသာရသော အံ့ဖွယ်ပင်ဖြစ်သည်။ ဤကဲ့သို့ ကောင်းကင်နှင့်မြေကြီးရတနာမှာ ပတ္တမြားတိုက်ကြီးတစ်ခုလုံးတွင် မည်မျှရှိ သည်ကိုမသိသော်လည်း ဤလူငယ်ရထားကာ သူနှင့်သန့်စင်ထားသည်ကို ကြည့်ရသည်မှာ မယုံနိုင်လောက်အောင်ပင်ဖြစ်သည်။

ပေထင်းဟွမ်သည်လည်း ရုန်းချည်းဆန်လွန်းသည်ဟုထင်သည်။ သူသည် တာ့ဝမြို့ရှိ ကြေးစားအစည်းအရုံး၏ဥက္ကဌဆီမှ ဒြပ်စင်နှစ်ခုရေဝိညာဉ်ကို လုယူ ခြ့သည်။ ဤရှားပါးသော၇တနာကို ပိုင်ဆိုင်သူမှာ မိုလိဖြစ်သည်ကို သတိပြန်ရ သွား၏။ ဤလူသည် မလှုပ်ရှားလျှင်မလှုပ်ရှားပေ၊ လှုပ်ရှားလျှင်လည်း သေ လောက်အောင် ကြောက်ဖို့ကောင်း၏။

အဂ္ဂိရတ်အစည်းအရုံး၏အဖွဲ့ဝင်သည် ဤမျှအရည်အချင်းရှိလိမ့်မည်ဟု ဆုန်းမိသားစုမှ လူငယ်များ မမျှော်လင့်ထားပေ။ မူလက သူမ၏မီးတောက် ကမ္ဘာလှုပ်ခတ်မီးတောက်သည် ကောင်းကင်အဆင့်မီးတွင် အမြင့်တွင်ရှိသည်။ ကောင်းကင်မီးတွင်ရှိသော ၂၃ ခုမြောက်မီးတောက်နှင့် သူမ၏မီးတောက်ထက် မြင့်သော မီးကို ပင်မတိုက်ကြီးတွင် မမြင်ဖူးပေ။ သူမ လှုပ်ရှားလိုက်သည်နှင့် သူမ၏မီးတောက်ကို ဖိနှိပ်မည့်သူပေါ်လာကာ ထိုလူမှာ အဂ္ဂိရတ်အစည်းအရုံး မှ အဖွဲ့ဝင်ဖြစ်လိမ့်မည်ဟု ထင်မထားပေ။

၎င်းသည် သူမကို လမ်းဖွင့်မပေးခြင်းပင်။ အထက်တွင် နတ်မီးအဂ္ဂိရတ် ပညာရှင်နှစ်ယောက်ရှိကာ သူမ၏မီးတောက်ကို ဖိနှိပ်နိုင်သည့် မိုလိ၏ မီးတောက်ရှိနေပြန်သည်။ ဤပြိုင်ပွဲတွင် သူမ ရှုံးနေပြီဖြစ်၏။

မိုလိသည် ခေါင်းမော့ပြီး ပေထင်းဟွမ်အား ကြည့်လေသည်။ သူသသည် လက်ထဲမှ မီးတောက်ပန်းကို မြင့်မြင့်မြှောက်ပြီး တစ်စုံတစ်ယောက်ကို ဂုဏ်ပြု နေသည့်အလား ပေထင်းဟွမ်ဆီသို့ မြှောက်ပြလေသည်။ သူ၏မျက်လုံးထဲမှ ပျော်ရွှင်မှုနှင့် ဂုဏ်ယူမှုမှာ ဖုံးဖိ၍မရပေ။

သူ၏ခြေထောက်ကို ကုသပေးသူမှာ ပေထင်းဟွမ်ဖြစ်သည်။ မဟုတ်လျှင် သူ၏ တစ်ဘဝလုံးတွင် ဒြပ်စင်သုံးခုမီးတောက်နှင့် သန့်စင်နိုင်လျှင်တောင် စင် ပေါ်တွင်ရပ်ရန် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။

ဆေးသန့်စင်ရာတွင် မီးတောက်ကို ထိန်းချုပ်ရသည်မှာ မည်မျှတိကျ လိုက်သနည်း။ ခန္ဓာကိုယ်၏သွေးကြော လေးပုံတစ်ပုံ မသန်စွမ်ဖြစ်သွားရသည့် လူတစ်ယောက်အတွက် ဆေးသန့်စင်ရန် မီးတော်ကကို ထိန်းချုပ်ရန်မှာ ဆန္ဒ တစ်ခုပင်ဖြစ်သည်။