ဒီဆေးအဆင့်က နိမ့်မှာမဟုတ်ဘူး
Vol. 59 Ch. 1177
သူ၏စိတ်ထဲတွင်တွေးနေသည့်အရာကို ပေထင်းဟွမ် သေချာပေါက်သိ သည်။ သူ့မျက်လုံးထဲမှ စိတ်ရင်းမှန်သောခံစားချက်များသည် ယနေ့ ဤစင်မြင့် ပေါ်တွင် ရပ်နိုင်သည်မှာ ပေထင်းဟွမ်ကြောင့်ဖြစ်သည်ကို ပြောပြနေသည်။ ပေထင်းဟွမ်သည် ပြုံးပြီး ခေါင်းကိုဖြည်းဖြည်းခါကာ သူ့ကို လက်မထောင်ပြ ပြီး အကြီးမားဆုံးအားပေးမှုကို ပြသလေသည်။
ပါးလွှာသောနှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးသွားပြီး ဤအချိန်တွင် မိုလိလည်း အလွန်ပင်ဂနာမငြိမ်သောခံစားချက်ကို ခံစားနေရ၏။ သူသည် ရင် ထဲမှ ခံစားချက်များကို အကောင်းဆုံးဖိနှိပ်ရန်ကြိုးစားနေသည်။ သို့သော် သူ၏ မျက်လုံးထဲမှ ဇွဲနပဲသည် ပိုပို၍ထင်ရှားလာသည်။ သူသည် ခပ်လေးလေးခေါင်း ညိတ်ကာ ပေထင်းဟွမ်အား ကတိပေးပြီးနောက် ဆေးသန့်စင်ရန်ထည့်လိုက် လေသည်။
ရှေ့မှဆေးဖိုကို မီးညှိရန် လက်ဖဝါးကို ညင်သာစွာ ဖိနှိပ်လိုက်သည်နှင့် ဆေးဖိုတွင် မီးစွဲသွားလေသည်။ ဒယ်စောက်ပူလာသည်ကို စောင့်ပြီးနောက် သူသည် ထိပ်တန်းအရည်အသွေးရှိသော နဂါးကြေးခွံဆေးပင်ကို အလွန်ပင် ကျွမ်းကျင်သော နည်းပညာနှင့်ထည့်လိုက်လေသည်။ ဘုရင်တစ်ပါးပိုင်ဆိုင် သည့်အရာဆိုသည့်အတိုင်းပင် သန့်စင်ရန် အနည်းငယ်ကြန့်ကြာသည်။
ဝိညာဉ်အရည်ခမ်းလုနီးပါးတွင် မိုလိသည် တခြားသောဆေးပင်များကို တစ်ခုပြီးတစ်ခု ထည့်လေသည်။ ထို့နောက်တွင် ဝိညာဉ်အရည်သည် ဒယ်စောက်ထဲတွင် ရှေ့နောက်လှိမ့်ကာ တဖြည်းဖြည်းချင်း ပေါင်းစပ်သွားပြီး မိုလိသည် မသန့်ရှင်းသောအနယ်များအားလုံးကို ဖယ်ရှားလိုက်ရာ ဆေးလုံး တစ်ခုလုံးသည် နှင်းစက်ကဲ့သို့ ဖြစ်လာလေသည်။ နဂိုကတည်းက ကြည်လင် လှကာ ကောင်းကင်မီးတောက်အောက်တွင် ၎င်းသည် စတင်လုံးခဲလာတော့ သည်။
ဆေးသန့်စင်သည့် လုပ်ငန်းစဉ်တစ်ခုလုံးသည် အလွန်ခက်ခဲကာ ဝိညာဉ် စွမ်းအင်များစွာလိုအပ်သည်။ တစ်ချိန်တည်းမှာပင် မူလအင်အား၏ ပမာဏ သည် ကြီးမားလျသည်။ မိုလိသည် ရောဂါကြီးမှ နလန်ထူစဖြစ်ကာ ဆေးဖိုကို မထိသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ သို့သော် ဤအချိန်တွင် သူ သည် ယုံကြည်ချက်အပြည့်ရှိပုံရသည်။ နီရဲသောမီးတောက်အလင်းစီးဆင်းမှု သည် ချောမောသောမျက်နှာကို ပို၍ဟန်ချက်ညီစေသည်။
သူ၏အသွင်အပြင်သည် လူအများကို အလွန်ဇွဲကောင်းသော အခြေအနေ ဟုမြင်စေသည်။ နီရဲသောမီးတောက်သည် မျက်နှာကို ရောင်ပန်ဟပ်နေပြီး နဖူး မှ ချွေးသီးလုံးများထွက်လာ၏။ ဖြူဖျော့မှုနှင့် ခွန်အားပင်ပန်းမှုတို့သည် သူ့ကို အနည်းငယ် ပင်ပန်းစေသည်။ ရလဒ်အနေနှင့် အားလုံးသည် သူ့ကို စိတ်ပူလာ ကြ၏။ မိုလိ ပြန်သက်သာလာပြီးနောက် ပထမဆုံးဆေးသန့်စင်ခြင်းဖြစ်ရာ ကပ်ဘေးကို ကြုံတွေ့ခဲ့ရသည့် ဤလူငယ်ကို မည်သည့်အမှားလုပ်မိခြင်းမျိုး မဖြစ်စေလိုပေ။
အားလုံးသည် သူ့ထက်ပင် ပို၍စိတ်လှုပ်ရှားနေပုံပေါက်ကာ ဤဆေးကို သူ သန့်စင်နိုင်ရန်မျှော်လင့်နေကြသည်။
အတန်ကြာအောင် ခက်ခက်ခဲခဲနှင့် စောင့်ဆိုင်းပြီးနောက် မိုးပေါ်တွင် သိမ်မွေ့သောစွမ်းအင်အတက်အကျဖြစ်ပေါ်လာလေသည်။ ဤကဲ့သို့ အတက်အကျသည် ရင်ပြင် အတွင်းအပြင်မှလူများ အမိအရဖမ်းမိရန် ခက်ခဲ လေသည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် ဒယ်စောက်တွင်စုစည်း သော်လည်း ဤအတက်အကျသည် သိမ့်မွေ့လွန်းသည်ကို ပေထင်းဟွမ်နှင့် နတ်ဘုရားအဆင့် ကျူလင်းမှလွဲပြီး တခြားသူများမခံစားနိုင်ကြပေ။
“စွမ်းအင်အတက်အကျကိုဖြစ်စေတဲ့ဆေးက အဆင့်တော့မနိမ့်ဘူး” ထို အကြောင်းအရင်းကြောင့် ပေထင်းဟွမ်သည် မိုလိအတွက် ပျော်ပေးလေသည်။
ထိုအခိုက်အတန့်တွင် မိုလိ၏အမူအရာသည် အလွန်ပင် အေးဆေးလျက် ရှိသည်။ သူသည် အင်္ကျီလက်ကိုမြှောက်ပြီး ချွေးများကို အလိုလိုသုတ်မိလေ သည်။ သို့သော် ထိုမြင်ကွင်းကိုကြည့်ပြီး အားလုံးသည် အကြောင်းအရင်းမရှိဘဲ နှင့် သူ့အတွက်ပျော်ပေးကြလေသည်။
မီးတောက်သည် ဒြပ်စင်သုံးခုမီး၏ ချုပ်လှောင်ခြင်း၊ ဆူခြင်းများမရှိဘဲနှင့် ပင် ဒယ်စောက်ထဲတွင် ခုန်ပေါက်နေကာ အသံပေါင်းစုံထွက်လာရာ ထိုဆေး သည် အဆင့်မြင့်ဆေးဖြစ်သည်ကို အားလုံးသိလိုက်ကြ၏။
အက်ကွဲသည့်အသံကိုကြားပြီးနောက် သူ့ဘေးတွင် ဆေးသန့်စင်ရာတွင် အာရုံစိုက်နေသည့် ဆုန်းမိသားစုမှလူငယ်ပင်လျှင် အသံကြားရာဘက်သို့ လှည့် ကြည့်လေ၏။ ဒယ်စောက်ဆီမှ လှုပ်ခတ်မှုကြီးမားလေ ဆေးအရည်အသွေး ပို မြင့်မားသည်ကို အားလုံးသိကြလေသည်။