Chapters

အဆင့် ၅ ယန်းယွမ်ဆေး

Vol. 59 Ch. 1178

အဆင့် ၅ ယန်းယွမ်ဆေး

Vol. 59 Ch. 1178

အားလုံးသည် မိုလိ၏ရှေ့မှ ဒယ်စောက်ကို စိတ်လှုပ်ရှားစွာနှင့် စိုက်ကြည့် နေကာ ဆေးမြောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။ မိုလိပင်လျှင် အလွန် စိတ်လှုပ်ရှားနေပြီး အသက်ရှူသံကပင် တိုတောင်းနေကာ လေးလံစွာနှင့် သက်ပြင်းချလိုက်၏။ မူလခွန်အားသည် ဒယ်စောက်ကိုရစ်ပတ်လိုက်ကာ ဒယ်စောက်မြင့်တက်လာပြီး ပုလဲဖြူရောင်ဆေးတစ်လုံးသည် ဒယ်စောက် အထက်တွင်ရပ်တန့်နေပြီး အဖြူရောင်ဖျော့ဖျော့အလင်းနှင့်အတူ ရနံ့စီးဆင်း လာပြီး အားလုံးရလိုက်သည့်ရနံ့မှာလည်း ထိတ်လန့်ဖွယ်ရာပင်။

“အဆင့် ၅ ငါ အဆင့် ၅ ဆေးကို သန့်စင်နိုင်လိုက်ပြီ” မိုလိသည် ပျံတက် ကာ လက်ကိုမြှောက်ကာ ခုန်ဖမ်းလိုက်ပြီး လက်ဖဝါးကို ဖြန့်လိုက်သည်နှင့် ပုလဲကဲ့သို့တောက်ပသော ဆေးလုံးကိုမြင်ရလေသည်။ ဆေးနံ့သင်းသင်းရ သဖြင့် သူသည် ရုတ်တရက်ခေါင်းမော့ကာ ပေထင်းဟွမ်အားကြည့်လေသည်။

“အဆင့် ၅ ဆေးလား”

ထိုအချိန်တွင် ပွဲကြည့်ပရိသတ်ထဲမှလူအားလုံးသည် မတ်တတ်ထရပ်ကြ လေသည်။ အဆင့် ၅ ဆေးသန့်စင်သည့် လုပ်ငန်းစဉ်ကို မြင်တွေ့ရအောင် ကံကောင်းကြလိမ့်မည်ဟု မည်သူမှ မယုံကြည်ကြပေ။ မနေ့က သခင်ပေထင်း ဟွမ်၏ အဆင့် ၅ ဆေးသည် တန့်ကာမြို့ကို လှုပ်လှုပ်ရှားရှားဖြစ်စေရန် လုံလောက်ခဲ့သည်။ သို့သော် ယနေ့တွင် သူတို့သည် အဆင့် ၅ ဆေးဖြစ်ပေါ်လာ သည်ကို ကိုယ်တိုင်မျက်လုံးနှင့် မြင်တွေ့လိုက်ရပြီဖြစ်သည်။

“သခင်မိုလိက အဂ္ဂိရတ်ပညာရှင်ဖြစ်ဖို့ မွေးဖွားလာတာပဲ”

“ဟုတ်တယ် ငါဆိုရင် ဆေးမသန့်စင်နိုင်တာ နှစ်တွေအများကြီးရှိပြီ၊ ဒါက အဆင့် ၅ ဆေးနော်”

“သူ့ခြေထောက် ကောင်းတုန်းက အဆင့် ၄ ဆေးကို သန့်စင်နိုင်တယ်လို့ ကြားတယ်၊ ဒါပေမဲ့ သူ့လုံခြုံရေးအတွက် အဂ္ဂိရတ်အစည်းအရုံးက တရားဝင် မကြေညာခဲ့ဘူးတဲ့”

မိုလိ၏ ကျောက်စိမ်းနှင့်တူသော လက်ဖဝါးကိုကြည့်လျှင် လုံးဝန်းပြီး ကျောက်စိမ်းနှင့်တူသော ဆေးလုံးမှာ ရွှေရောင်ခပ်ဖျော့ဖျော့ လင်းလက်နေ သည်ကိုမြင်နိုင်လေသည်။ အဆင့် ၅ ဆေးသည် နတ်အဆင့်ဆေးသို့ရောက်ရန် ခြေတစ်လှမ်းအလိုတွင်ဖြစ်ရာ ရင်ပြင်အထဲအပြင်မှာ မငြိမ်သက်နိုင်ကြတော့ ပေ။ သူတို့ထဲတွင် ချောင်ရှန့်သည် စိတ်အလှုပ်ရှားဆုံးဖြစ်ကာ အော်ဟစ်ပြီး သူ့ဘေးမှ မြို့စား၏ပခုံးကို ရိုက်လေသည် “ကျုပ်ကျောင်းသားက တကယ်ပဲ အဆင့် ၅ ဆေးကို သန့်စင်နိုင်သွားပြီ အဆင့် ၅ နော် ဟား ဟား ဟား”

ချောင်ရှန့်၏လက်ဖဝါးသည် အလွန်ပင်ပေါက်သည်ဟုဆိုရမည်။ ကြယ် ဝိညာဉ်သခင်ဖြစ်သည့် မြို့စားပင်လျှင် ထိုလက်ချက်ကိုမိပြီးနောက် မချမ်းမမြေ့ ဖြစ်သွား၏။ သို့သော် ဤအချိန်တွင် မည်သူကများ ချောင်ရှန့်ကို ဂရုစိုက်နေ မည်နည်း။ အဆင့် ၅ ဆေးကိုသန့်စင်နိုင်သည့်သူ၏ ဆရာဖြစ်လျှင် အနာဂတ် တွင် ဤတိုက်ကြီး၌ သူ့ကို ခယမည့်သူများ မည်မျှများလိုက်မည်နည်း။

အဆင့် ၅ ဆေးကို ဆုပ်ကိုင်ပြီး မိုလိသည် ခုန်ပြီးနောက် ပေထင်းဟွမ်ဆီ သို့လျှောက်သွားကာ ပေထင်းဟွမ်ရှေ့သို့ လက်ဆန့်ပေးလိုက်သည်။ သူ၏ မျက်နှာမှာ မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လျက်ရှိသည် “ရှောင်ကျို့ ဒါက လူတစ်ယောက်ရဲ့ အသက်ကြောကို ၁၀ မိနစ်အတွင်း ၂၀ ရာခိုင်နှုန်း တိုးတက်စေနိုင်တဲ့ အဆင့် ၅ ယန်းယွမ်ဆေးပါ၊ ဒီဆေးက မင်းအတွက် အသုံးမဝင်နိုင်ဘူးဆိုပေမဲ့ ငါ မင်းကိုပေးချင်တဘ်”

“အဲဒါက အသုံးမဝင်ဘူးလို့ ဘယ်သူပြောလဲ” ပေထင်းဟွမ်သည် မိုလိ၏ လက်ထဲမှဆေးကို ကလေးတစ်ယောက်လိုလုပြီး လက်စွပ်ထဲသို့ထည့်လိုက်၏။ “ခွန်အား ၂၀ ရာခိုင်နှုန်းတိုးစေတာ၊ ရာခိုင်နှုန်းနည်းတယ်ဆိုပေမဲ့ ခွန်အား ကိုက်ညီသွားရင် ပြိုင်ဘက်ရဲ့ခွန်အားထက် တစ်ခုအားသာတာက အသက်တစ် သက်နဲ့ညီမျှတယ်”

ထိုအရာကိုကြည့်ပြီး မိုလိ၏အနည်းငယ် ဖြူဖျော့သောမျက်နှာသည် စစ်မှန်သောအပြုံးဖြစ်ပေါ်လာလေသည်။ သူ အဆင့် ၅ ဆေးကို သန့်စင်သည် မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူသည်လည်း ပေထင်းဟွမ်၏ဘေးတွင်ရပ်တည် နိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။ သူ လုပ်နိုင်သောတစ်ခုတည်းသောအရာမှာ ပေထင်းဟွမ်ပြောသလိုပင် တိုက်ပွဲတွင် အသက်တစ်ခုပိုရရန်မျှော်လင့်ပြီး အမြီး ကိုးချောင်းကြောင်ထက် အသက်ပိုရန်ကိုသာဖြစ်သည်။

အဆင့် ၅ ယန်းယွမ်ဆေး။ မည်မျှများပြားသောလူများသည် အားကျပြီး လောဘများကို ပြသလိုက်သနည်း။ သူတို့သည် စိတ်လှုပ်ရှားကာ အတန်ကြာ သည်အထိ မတည်ငြိမ်နိုင်တော့ပေ။ သို့သော် ဤအချိန်တွင် စင်ပေါ်မှ အရေးပါ သော အင်အားစုများသည် မိုလိကြောင့်မဟုတ်ဘဲ ဤအဆင့် ၅ ဆေးအတွက် ယှဉ်ပြိုင်လိုသည်ကို သိကြသည်။

မိုလိကိုပိုင်ဆိုင်ရသည်ထက် အဆင့် ၅ ဆေးကို မသန့်စင်နိုင်မည်ကို ကြောက်ကြသည်မဟုတ်ပါလား။