← Chapters

ငါက မဟာမိတ်အင်ပါယာရဲ့ အဂ္ဂိရတ်ပညာရှင်ဖြစ် လာဖို့ အရည်အချင်းပြည့်မှီရဲ့လား

Vol. 59 Ch. 1179

ငါက မဟာမိတ်အင်ပါယာရဲ့ အဂ္ဂိရတ်ပညာရှင်ဖြစ် လာဖို့ အရည်အချင်းပြည့်မှီရဲ့လား

Vol. 59 Ch. 1179

သို့သော် ထိုအချိန်တွင် ပြိုင်ပွဲမပြီးဆုံးသေးရာ လူအများသည် ချောင်ရှန့် အား စိုက်ကြည့်ကာ ဥက္ကဌ၏အချစ်ဆုံးတပည့် အနိုင်ရရန် မျှော်လင့်နေကြ သည်။ မိုလိကို ခေါ်ယူလိုက်ပါက ထိုဆရာသည် အားတစ်ဝက်စိုက်ထုတ်လိုက် သည်နှင့် ရလဒ်နှစ်ဆကို သေချာပေါက် ခံစားရမည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ချောင်ရှန့်သည် စိတ်အချဉ်ပေါက်နေပြီဖြစ်သည်။ မိုလိသန့်စင်လိုက်သော အဆင့် ၅ ယန်းယွမ်ဆေးကို သူ့အားမပေးပေ။ ပေထင်းဟွမ်၏ အဆင့် ၅ ခြင်ဆီအသစ်လောင်းဆေးမရှိလျှင် လက်ရှိ မိုလိရှိလာမည်မဟုတ်သည်ကို သူ နားလည်သင့်သည်။

သန်မာသူဖြစ်ချင်လျှင် စိတ်ထဲတွင် ယုတ်ညံ့သည့်အတွေးမရှိရပေ။ ကျင့်ကြံသူသည် သူကိုယ်တိုင်လိုပင် တခြားသူဆီတွင် အကြွေးရှိနေမည်ကို အကြောက်ဆုံးပင်။ မိုလိအပေါ်တွင် နှစ်ပေါင်းများစွာတင်နေသော အကြွေး ကြောင့်သာမဟုတ်လျှင် နှစ်ပေါင်းများစွာအတွ်ငးတွင် သူမည်သည့်အလုပ်ကိုမှ မလုပ်နိုင်စရာအကြောင်းမရှိပေ။

တိုက်ဆိုင်စွာအပင် ဤအဆင့် ၅ ယန်းယွမ်ဆေးသည် ပေထင်းဟွမ် သန့်စင်လိုက်သည့် အဆင့် ၅ ခြင်ဆီအသစ်လောင်းဆေးကို ပြန်ဆပ်ရန် မလုံလောက်ပေ။ ချောင်ရှန့် ထိုသို့တွေးလိုက်ချိန်တွင် မိုလိသည် ခေါင်းလှည့်ပြီး သူ့အား နက်ရှိုင်းစွာကြည့်ပြီး ပေထင်းဟွမ်အားပြောလိုက်လေသည် “ရှောင်ကျို့ ငါ့ရဲ့ အဆင့် ၅ အဂ္ဂိရတ် ခွန်အားနဲ့ မဟာမိတ်အင်ပါယာရဲ့ အဂ္ဂိရတ်ပညာရှင်ဖြစ်ဖို့ အရည်အချင်းပြည့်မှီ မလားမသိဘူး”

ဘာ...

ကြည်လင်သောကောင်းကင်မှ သည်းထန်သော မိုးမုန်တိုင်းတစ်ခုပေါ် လာသကဲ့သို့ လူအားလုံးကို ခေတ္တမျှမူးဝေသွားစေလေသည်။ မိုလိသည် မဟာမိတ်အင်ပါယာကိုဝင်ကာ မဟာမိတ်အင်ပါယာ၏ အဆင့် ၅ အဂ္ဂိရတ် ပညာရှင်ဖြစ်ချင်နေသည်လား။ မဟာမိတ်အင်ပါယာတွင် အဂ္ဂိရတ်ပညာရှင် ပေထင်းဟွမ်ရှိသည်။ သူ့အတွက် နေရာလွတ်ရှိပါမည်လား။ သူသွားလိုက်လျှင် မဟာမိတ်အင်ပါယာဆီမှ အာရုံစိုက်မှု မည်မျှရရှိမည်နည်း။ ဇာမဏီအမြီးထက် ကြက်ခေါင်းကို အာရုံစိုက်မည့်သူ မည်မျှရှိမည်နည်း။ မိုလိသည် တခြားအင်အား စု၊ စီရင်ချက်ဗိမာန်ကိုပင် ငြင်းဆန်ခဲ့ပြီး မဟာမိတ်အင်ပါယာကို သွားချင်နေ သည်။

မဟာမိတ်အင်ပါယာအတွက် မရှိမဖြစ်အရာမှာ မည်သည့်အရာနည်း။ ဆေးလား လက်နက်လား...

ပေထင်းဟွမ်ကိုယ်တိုင်ကပင် အားကောင်းသည့် အဂ္ဂိရတ်ပညာရှင်ဖြစ် သည်။ ညအရှင်သန့်စင်သည့်ဆေးသည်လည်း သူ၏လှည့်ကွက်ကို ခံရသည်ဟု ဆိုရမည်။ မိုလိထက် မည်သည့်တစ်ခုကများ မသာဘဲနေသနည်း။ သူသည် မဟာမိတ်အင်ပါယာသို့ အောက်ခြေမှသွားချင်နေသည်မဟုတ်ပါလား။

ချောင်ရှန့်၏မျက်နှာသည် အလွန်အကျည်းတန်သွားလေသည်။ မိုလိသည် သူ၏ကျောင်းသားဖြစ်ပြီး ဤကဲ့သို့ကြီးမားသော ဆုံးဖြတ်ချက်ကို ဆရာနှင့်ပင် မတိုင်ပင်ခဲ့ပေ။ အားလုံးရှေ့တွင် သူ၏မျက်နှာကို ဖြတ်ရိုက်လိုက် ခြင်းပင်မဟုတ်ပါလား။

သူ့ဘေးမှမြို့စားသည် အနည်းငယ်ရှုပ်ထွေးသွားကာ ရေရွတ်လေသည် “အဲဒါ ခင်ဗျားတပည့်မလား၊ ပြီးတော့ သခင်လေး ၉ က ညအရှင်လိုလူမျိုးရဲ့ မျက်စိကျခြင်းကိုခံရတာလေ”

ချောင်ရှန့်၏ နှလုံးခုန်မြန်လာသည်။ သူသည် မိုလိ၏မျက်လုံးကို ထပ်မံ ကြည့်ပြန်သည်။ သူ၏မျက်လုံးထဲမှ ဖုံးဖိမရသောတည်ငြိမ်မှုနှင့် ခုန်ပေါက်နေ သော မီးပွားများကိုကြည့်ပြီး ရင်ဘတ်ကိုရိုက်မိလေသည်။ သခင်လေး ၉ သည် ယောက်ျားလေးဖြစ်သည်။ သူ့တပည့်က ဘယ်လောက်တောင် ရူးမိုက်တာမျိုး လုပ်နေတာလဲ။ သခင်လေး ၉ အတွက် သူ၏ အနာဂတ်ကိုပင် အဆုံးရှုံးခံနိုင်နေ သည်။

ချောင်ရှန့်သည် မိုလိအား ခက်ထန်စွာကြည့်လိုက်သည်။ သူသည် သခင် ပေထင်းဟွမ် ငြင်းဆန်ကာ ထိုမပြည့်ဝသောတပည့်အား စွန့်ပစ်မည်ကို စောင့်မျှော်နေလေသည်။

ပေထင်းဟွမ်သည် မည်သူနည်း။ သူ မိုလိကို ကြင်နာပေးနေသည့် အကြောင်းအရင်းမှာလည်း တန့်ကာမြို့တွင် လူသစ်ဖြစ်ကာ အဂ္ဂိရတ်အစည်း အရုံးနှင့် အကျွမ်းတဝင်မရှိခြင်းကြောင့်ပင်ဖြစ်သည်။ ခြင်ဆီအသစ်လောင်း ဆေးနှစ်လုံးထဲမှ တစ်လုံးကို ရှီမန်မိသားစုမှ ရှီမန်ပိုင်ကို ပေးခဲ့သည်။

မိုလိသည် ရှီမန်ပိုင်ကဲ့သို့ အနည်းငယ် ဝေဝါးနေသလိုပင်။ ပေထင်းဟွမ် အား သဘောကျလောက်အောင် ထိုက်တန်နေသည်လား။

ချောင်ရှန့်သည် မူလက မိုလိအား အဂ္ဂိရတ်အစည်းအရုံးတွင်သာထားပြီး မိုလိ၏ဝါစဉ်နှင့်ပတ်သက်ကာ အစည်းအရုံးထဲမှအကြီးအကဲများကိုပြောကာ အကြီးအကဲအဖြစ်ခန့်ထားရန်ဖြစ်သည်။ သူသည် မျက်နှာချိုသွေးလောက် အောင် မပြည့်ဝလိမ့်မည်ဟု မည်သူကထင်မည်နည်း။

အားလုံး၏မျက်လုံးများသည် မိုလိအပေါ်သို့ ကျရောက်လာသည်။ တချို့ သောလူများသည် နားမလည်ကြသော်လည်း တချို့လူများနားလည်နိုင်ကြ၏။ ယခု ပြည်မကြီးတွင် မည်သည့်မိသားစုသည် မဟာမိတ်အင်ပါယာထက် စွမ်းအားကြီးသနည်း။ ယန်ချန်းနှင့် အမှောင်နတ်မိစ္ဆာနန်းတော်တို့နှင့် ရင်းနှီးမှု ကိုမဆိုထားနှင့် မဟာမိတ်အင်ပါယာ၏ခွန်အားသည် ဒီရေအလား တိုးလာနေ ပြီဖြစ်သည်။

All Chapters