Chapters

ဆေးသခင်ကြီးလေးဦး

Vol. 59 Ch. 1180

ဆေးသခင်ကြီးလေးဦး

Vol. 59 Ch. 1180

ယခုအခါ ပေထင်းဟွမ် သဘောတူရမည့်အလှည့်ဖြစ်သည်။ မဟာမိတ် အင်ပါယာတွင် အရည်အချင်းရှိသူ ပြတ်လတ်ခြင်းမရှိပေ။ သံမဏိသွေးအဖွဲ့ကို ကျော်လွှားနိုင်မည်မဟုတ်ပေ။ သခင်လေး ၉ ၏ဦးလေးသည် နဂိုကတည်းက ပင် နာမည်ကျော်အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။ ပေထင်းဟွမ် ကယ်တင်ထား သော ရှီမန်ပိုင်သည်လည်း နာမည်ကျော်အဂ္ဂိရတ်ပညာရှင်ဖြစ်၏။ ထို့ကြောင့် သန့်စင်ခြင်းအဂ္ဂိရတ်ပညာရှင်မှာ ဝင်ရန်မဖြစ်နိုင်ခြင်းလည်း ဖြစ်နိုင်သည်။

မထင်မှတ်စွာပင် ပေထင်းဟွမ်၏မျက်နှာမှာ တောက်ပခြင်းအပြည့်ပင်။ သူမသည် မိုလိ၏လက်ကိုဆုပ်ကိုင်ကာ မယုံကြည်နိုင်စွာဖြင့် ပြောလေသည် “တကယ်လား တကယ်ကြီးပြောနေတာလား၊ ကျွန်တော်တို့ မဟာမိတ် အင်ပါယာကို တကယ်ဝင်ချင်တာလား”

မိုလိသည် ပေထင်းဟွမ်၏သဘောထားကို အနည်းငယ် မသေချာနေ သည့်အလား ခေါင်းညိတ်ကာ ရှင်းပြလေသည် “ရှောင်ကျို့ ငါ သိပါတယ် သခင် ကြီးတုန်ဖန်းရွေ့၊ သခင်ကြီးရှီမန်ပိုင်တို့ရှိသလို နန်ကုန်းမိသားစုမှာလည်း အဂ္ဂိရတ်ပညာရှင်ရှိတယ်လို့ပြောတယ်၊ ဒါပေမဲ့ ရှောင်ကျို့ ငါ မဟာမိတ် အင်ပါယာကို ဝင်ပြီး ငါ ငါ.. မင်းနဲ့ အနီးကပ်နေချင်တယ်”

ကျွတ်

ပွဲကြည့်ပရိသတ်ထဲတွင် ကျွတ်သပ်သံများထွက်ပေါ်လာသည်။ မိုလိသည် မဟာမိတ်အင်ပါယာကို ယခုလောက်ထိဝင်ချင်လိမ့်မည်ဟု မည်သူမှ ထင်မထားပေ။ သူသည် ပေထင်းဟွမ်နှင့်ပါ အနေနီးချင်နေသေးသည်။ ဤ အကြောင်းအရင်းသည် ဘာကြောင့်များ လက်မခံနိုင်စရာဖြစ်နေသနည်း။

“ငါ သိပါတယ်၊ မင်းက မဟာမိတ်အင်ပါယာမှာ တစ်ချိန်လုံးရှိမနေဘူး၊ ငါသာဆိုရင် မင်းကို ကာကွယ်ဖို့ကူညီပေးနိုင်ပြီး အကောင်းဆုံးလုပ်သွားမှာပါ” မိုလိသည် အလေးအနက်ထားပြောလေသည်။

အားလုံးသည် နားမလည်နိုင်ပေ။ သို့သော် ထိုအခိုက်အတန့်တွင် သူတို့ နှစ်ယောက်ကို စိုက်ကြည့်နေသော ကျူလင်းသည် ခေါင်းကိုလှည့်သွားလိုက် ၏။ သူသည် ပေထင်းဟွမ်အပေါ် သူ၏ခံစားချက်ကို နားလည်သည်။ ၎င်းသည် အကာအကွယ်တစ်ခုဖြစ်သည်။ သူနှင့်ဆိုလျှင် ရန်သူဖြစ်ခြင်းသည် အနီးစပ်နိုင် ဆုံးဖြစ်ကာ စိန်ခေါ်ခြင်းသည် အာရုံကို ဖမ်းစားနိုင်ဆုံးဖြစ်သည်။

ထို့နောက် သူသည် ပေထင်းဟွမ်အား မျက်နှာချင်းဆိုင်ရသည်ကို အလွန် ပင်ကြောက်ရွံ့မိသည်။ ဤခံစားချက်သည် ထူးဆန်းပြီးရင်းထူးဆန်း သော်လည်း တားမရပေ။

ပေထင်းဟွမ်သည် မိုလိ၏ လက်ကောက်ဝတ်ကို အားပါပါဆုပ်ကိုင်လိုက် သည်။ သူမသည် မိုလိ၏မျက်လုံးထဲမှ စစ်မှန်သောခံစားချက်ကို ကြည့်နေ သည်။ ဝမ်းကွဲချူဖုန်းကဲ့သို့၊ တုန်ဖန်းကျောက်နှင့်တခြားသူများကဲ့သို့ပင် သူ့ကို ကောင်းကောင်း ဆက်ဆံပေးချင်သည်။ သူမသည် အလေးအနက်ခေါင်းညိတ် လိုက်သည် “ဒီနေ့ကစပြီး မဟာမိတ်အင်ပါယာကို ဆေးသခင်ကြီးရာထူးလေးခု နဲ့တည်ထောင်မယ်၊ ပြီးတော့ မင်း မိုလိက ကျွန်တော်တို့ မိဟာမိတ်အင်ပါယာရဲ့ ဆေးသခင်ကြီးလေးယောက်ထဲက တစ်ယောက်ဖြစ်မယ်၊ အစ်ကိုရှီမန်ပိုင်နဲ့ ဦးလေးပေထင်းရွေ့တို့နဲ့အတူတွဲလိုက်ရင် ဆေးသခင်ကြီးလေးယောက်ရှိမယ်”

ပေထင်းဟွမ်သည် မဟာမိတ်အင်ပါယာ၏ တိုက်ရိုက်အုပ်ချုပ်သူမဟုတ် သော်လည်း ခေါင်းဆောင်ကြီးအနေနှင့် သူမပြောသည့်စကားများကို မည်သူမှ မကျော်လွန်နိုင်ပေ။

ဆေးသခင်ကြီးလေးဦး။

ကောင်းလိုက်သည့်အမည်ပင်။ အားလုံးသည် ထိုစကားလုံးများကို မြင် လိုက်ရသလိုဖြစ်ကာ သူတို့၏မျက်လုံးများပင် စူးသွားသည့်အလား မျက်လုံး များကို လှုပ်ယမ်းလိုက်သည်။ မည်သူမှ ထိုစကားလုံးများကို လျစ်လျူမရှုနိုင်ကြ ပေ။ အထူးသဖြင့် ဤနေရာတွင်ရှိနေကြသူများသည် အဂ္ဂိရတ်ပညာရှင်များပင် ဖြစ်ကြသည်။ မိသားစုနောက်ခံရှိသည့် လူအနည်းငယ်မှလွဲပြီး ရုန်းကန်နေကြ သူများသည် မိုလိအား အားကျကြသည်။

သူသည် ခေါင်းဆောင်မဟုတ်သော်ငြား မဟာမိတ်အင်ပါယာ၏ အတောင်ပံအောက်သို့ရောက်ပါက ဂုဏ်ယူစရာဖြစ်ပြီး အားကျစရာပင်ဖြစ်၏။ ပြည်မကြီးမှ သုံးနှစ်အရွယ်ကလေးပင်လျှင် မဟာမိတ်အင်ယာ၏ ကာကွယ်ပေး နိုင်မှုကို သိသည်။

ဤအခိုက်အတန့်တွင် ရှီမန်ပိုင်သည် ဆေးသခင်ကြီးလေးဦးဆိုသည့် ပေထင်းဟွမ်ပေးလိုက်သည့်အမည်ကိုကြားသောအခါ မတ်တတ်ပင်ရပ်မိလေ သည်။ သူသည် ပေထင်းဟွမ်အား ရစ်ဝဲနေသော မျက်လုံးများဖြင့် ကြည့်လေ သည်။ သူသည် တိုက်ကြီးတစ်ခုလုံးရှေ့တွင် အမှိုက်မှ ဂုဏ်ကြီးတစ်ခု ပေးအပ်သည့် ပေထင်းဟွမ်ကဲ့သို့ ခေါင်းဆောင်မျိုးကို မတွေ့ဖူးပေ။

“ရှောင်ကျို့...” သူသည် ရေရွတ်လိုက်သော်လည်း စကားမပြောနိုင်တော့ ပေ။

“ရှောင်ကျို့ ငါ ဘာမှမလုပ်ရသေးဘူးလေ” မိုလိသည် လက်တွေ့မဆန် သလိုခံစားမိသည်။ သူဘာမှမလုပ်ရသေးသလို မဟာမိတ်အင်ပါယာအတွက် ဘာကိုမှ လုပ်မပေးရသေးပေ။ ဝင်လိုက်သည်နှင့် ဆေးသခင်ကြီးလေးဦး နာမည်ခံရန်မှာ အဆင်ပြေသည်လားမသိပေ။