← Chapters

မပြောင်းလဲသော ချစ်ခြင်းသစ္စာ

Vol. 82 Ch. 1060

မပြောင်းလဲသော ချစ်ခြင်းသစ္စာ

Vol. 82 Ch. 1060

သတ္ထုတွင်းအပြင်တွင် ချင်မူ ပတ်ဝန်းကျင်ကို အလျင်အမြန် ကြည့်လိုက်သည်။ ကောင်းကင်နှင့် မြေပြင်တွင် ဧရာမမျက်လုံးကြီးမျာ ပြည့်နှက်နေ၏။ ၎င်းတို့ မျက်တောင်တစ်ချက် အသူရာချောက်နက်ကြီးဆီသို့ ဦးတည်နေသော အပေါက်ကြီးများ ပေါ်လာတတ်သည်။

ထိုမျက်လုံးကြီးများက ဟင်းလင်းပြင်သားရဲများ ဖြစ်ကြပြီး သူတို့ကို ချောင်ပိတ်ထားချေပြီ။

သတ္ထုတွင်းအတွင်း၌ တဟုန်သည် ခန္ဓာကိုယ်ချုံ့ထားသော ဟင်းလင်းပြင်သားရဲမိခင်၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်၍ ကုရှောင်အား သတ်ရန် ပြေးထွက်သွား၏။

ဟင်းလင်းပြင်သားရဲမိခင် သူ့ကို ခေါ်၍ ဟင်းလင်းပြင်ကို ဖြတ်သွားနေစဉ် တဟုန်၏ စွမ်းအားသည် သိသာစွာ မြင့်တက်လာသည်။ ဟင်းလင်းပြင်သားရဲမိခင်၏ အင်အားကလည်း မခေပေ။ သူမ၏ လက်သည်းချွန်များနှင့် ပျံထွက်သွားနိုင်သော လျှာများက ကောင်းကင်လက်နက်များအလား ထင်ရ၏။ ၎င်းတို့က ကုရှောင်၏ ဧကရာဇ်ဓားကို ခုခံလိုက်ရင်း လျှာဖြင့် လျက်လိုက်ရာ ဓားအပေါ်ရှိ မဟာတာအိုအမှတ်အသားတစ်ခု ပျောက်ကွယ်သွားသည်။

“ကောင်းကင်နတ်အရှင်မူ၊ အလောတကြီး ထွက်သွားစရာမလိုပါဘူး”

တဟုန်၏အသံ ထွက်လာသည်။ “ငါ ကုရှောင်ကို သတ်ပြီး ငါ့မိန်းမရဲ့ ရုပ်ခန္ဓာကို ပြန်ယူပြီးတာ စောင့်ပါဦး... တူတူသွားကြတာပေါ့....နောင်တော်လော့ရှောင်လည်း သေလို့မဖြစ်သေးဘူး.... ကျန်တဲ့ဖန်ဆင်းရှင်တွေကို ရှာဖို့ သူ့ကို လိုအပ်တယ်.... ဒီဟင်းလင်းပြင်သားရဲတွေက မင်းတို့ကို ကာကွယ်ပေးမှာပါ”

လော့ရှောင်မှာ ရထားလှည်းထဲရှိ ထိုင်ခုံပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်လျက်သား ကျသွားသည်။ သူ့မျက်လုံးများသည် အသက်ကင်းမဲ့ကာ ငေးကြောင်နေ၏။ တခဏကြာသော် သူက သတိဝင်လာပြီး ချင်မူ့ဆီ ကြည့်ရင်း တောင်းပန်တိုးလျှိုးနေသော အမူအရာဖြင့် ခပ်တိုးတိုး ပြောလေသည်။ “နောင်တော်မူ၊ ကျွန်တော့်ကို သတ်ပေးပါ... ကျွ‌န်တော်တို့တွေ ဘယ်မှာပုန်းနေလဲ သူ သိသွားလို့မဖြစ်ဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို မြန်မြန်သတ်လိုက်ပါတော့..”

“သူ မင်းကို သတ်ရင်တောင်မှ မသုံးမဝင်ဘူး... မင်းရဲ့ အသိစိတ်အလျဉ်နဲ့ ဝိညာဉ်က ဒီမှာ ရှိနေဦးမှာပဲ... အဲဒီနှစ်ခုနဲ့တင် ငါ သူတို့ကို လိုက်ရှာလို့ရတယ်..” တဟုန်၏ အသိစိတ်အလျဉ်က သူ့ဦးနှောက်ထဲသို့ ကြမ်းတမ်းစွာ ဝင်ရောက်လာသည်။

လော့ရှောင်မှာ ငေးငိုင်သွားသည်။

ယခုတွင် သေချင်လျှင်တောင်မှ သေ၍မရတော့ချေ။

ချင်မူက စိတ်အားတက်ကြွလာပြီး ပြေားသည်။ “နောင်တော်လော့၊ အခု ၁၉ ခုမြောက် ဟင်းလင်းပြင်မှာ ဟင်းလင်းပြင်သားရဲမိခင် မရှိတော့ဘူးဆိုတော့ ဘိုးဘေးဝိညာဉ်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်ရအောင်”

လော့ရှောင်မှာ စိတ်ကို တင်းရန် ကြိုးစားလိုက်သော်လည်း မလုပ်နိုင်ချေ။ သူက ပြော၏။ “သူတို့ကို ရှာတွေ့ရင်တောင်မှ ကျွန်တော်တို့ ဘာလုပ်နိုင်မှာလဲ... ကျွန်တော်က သေနေပြီပဲလေ... အကြီးအကဲတွေဆီ ဒုက္ခတွေ သယ်မသွားချင်ဘူး ... ကျွန်တော့်ကို သတ်လိုက်ပါတော့”

“မျှော်လင့်ချက် ရှိပါသေးတယ်....”

ချင်မူ၏အသိစိတ်အလျဉ်က လှုပ်ခါလာသည်။ “ငါ ယဇ်ပလ္လင်နှစ်ခု ဆောက်ခဲ့တယ်... တစ်ခုက ဘိုးဘေးနန်းတော်အပြင်မှာ... နောက်တစ်ခုက အထဲမှာ... မင်း ဘိုးဘေးဝိညာဉ်တွေနဲ့ ဆက်သွယ်လို့ရသရွေ့ ငါ ဘိုးဘေးနန်းတော်အပြင်က ယဇ်ပလ္လင်ကို ဆက်သွယ်ပြီး ပြောင်းပြန်ဆင့်‌ခေါ်ခြင်းနဲ့ ဒီကနေ ခေါ်ထုတ်သွားလို့ရတယ်.... မင်း မြန်မြန် လုပ်မှရမယ်”

လော့ရှောင်၏ မျက်လုံးများသည် မျှော်လင့်ချက်ရောင်ခြည်တို့ဖြင့် ထပ်မံတောက်ပလာ၏။

ချင်မူမှာ သူ့အကြည့်ကို မြင်ရသည့်အခါ ရုတ်တရက် ရင်ထဲ လှုပ်ခတ်သွားမိသည်။

အကျင့်ပျက်ခြစားပြီး ကောက်ကျစ်စဉ်းလဲသူများ ပြည့်နှက်နေသည့် ဤလောကတွင် ထိုမျှရိုးရှင်းသော မျက်၀န်းများကို မြင်တွေ့ခဲချေသည်။ မဟာလေဟာနယ်အတွက် ဘိုးဘေးနန်းတော်မှ ထွက်ခွာသွားခဲ့ကြသော ဖန်ဆင်းရှင်များသည် ‌အကျင့်ပျက်ခြစားမှုများကို ထိုမျှမတွေ့ကြုံခဲ့ရသဖြင့် စိတ်အလျဉ်က သန့်ရှင်းဖြူစင်ကြ၏။ ထို့ကြောင့် အခြားသူများကို အသက်နှင့်ပါရင်း၍ ယုံကြည်နိုင်ကြခြင်း ဖြစ်ပေသည်။

ဤလူသည် ဖန်ဆင်းရှင်လော့ရှောင် ဖြစ်၏။ သူ၏မျက်လုံးမျိုးကို ကလေးသူငယ်များတွင်သာ ချင်မူ မြင်ဖူးသည်။

ချင်မူ့မျက်လုံးများက လော့ရှောင်လောက် ရှင်းလင်းနေလျှင်တောင်မှ လော့ရှောင်လို လူတစ်ယောက်မဟုတ်ကြောင်း သူ့ကိုယ်သူ ကောင်းကောင်းသိချေသည်။ ဉာဏ်နီဉာဏ်နက်များသော ရွှေအနှင့် ထော့ကျိုးတို့က အပြစ်ကင်းစင်ကြယ်သော မျက်ဝန်းများဖြင့် လှည့်စားတတ်အောင် သူ့ကို ငယ်ငယ်ကတည်းက သင်ပေးခဲ့ကြသည်မဟုတ်ပါလော။

‘ဒါပေ‌မဲ့ သူ ဟောကိန်းန်းသုံးခု ပြန်သယ်သွားအောင် ငါ လုပ်ရဦးမယ်’

ချင်မူ စိတ်ပိုင်းဖြတ်ထားသည်။ ဟောကိန်းများက မဟာလေဟာနယ်ဖန်ဆင်းရှင်များကို ကာကွယ်ပေးပြီး မဟာဧကရာဇ်၏ ရုပ်ခန္ဓာကို တိုက်ခိုက်စေနိုင်ခဲ့သည်။ ထိုဟောကိန်းများကပင် ခိုင်ဧကရာဇ်ခေတ်မှ လူများကို နေစရာနေရာ တစ်နေရာ ရှာတွေ့စေခဲ့ပြီး ရွှင်ပျော်ပျော်ကျေးရွာအား တည်ဆောက်နိုင်စေခဲ့သည်။ အနာဂတ်တွင်လည်း သူ့ကို ဖန်ဆင်းရှင်တို့၏ အထွတ်အမြတ်ကလေးငယ် ဖြစ်အောင် လုပ်ပေးလိမ့်မည်။

လော့ရှောင် ဟောကိန်းသုံးခုနှင့်အတူ မဟာလေဟာနယ်သို့ အသက်ရှင်လျက် ပြန်ရောက်သွားအောင် မဖြစ်မနေ ဖန်တီးပေးရမည်။

သို့ထိတိုင် လော့ရှောင်သည် သူ၏မျိုးနွယ်နှင့် တွေ့၍ ဟောကိန်းသုံးခုကို လက်ဆင့်ကမ်းပြီးပါက သေဆုံးသွားမည်မှန်း ချင်မူ သိထား၏။

ဤမျှ အပြစ်ကင်းဖြူစင်သော ပုဂ္ဂိုလ်တစ်ဦး သေသွားမည်ကို မမြင်ချင်‌သော်လည်း သမိုင်းကြောင်း၏ ထိုအစိတ်အပိုင်း ပြည့်စုံအောင် လုပ်ဆောင်ရပေမည်။

သူတို့ပတ်ဝန်းကျင်တွင် ဟင်းလင်းပြင်သားရဲများက သတ္ထုအတွင်းထဲမှ ဖြာထွက်လာသော လှိုင်းဂယက်များမှ သူတို့ကို ကာကွယ်ပေးရန် ရထားလှည်းအား လှည့်ပတ်နေကြသည်။ လော့ရှောင်က သူ၏အသိစိတ်အလျဉ်ကို အသက်သွင်းလျက် ဟင်းလင်းပြင်ထံ ရိုက်ခတ်စေလိုက်သည်။ သူ၏အသိစိတ်အလျဉ်အားလုံးကား ဟင်းလင်းပြင်အလွှာအထပ်ထပ်ကို ဖြတ်ကာ အမြင့်ဆုံးအမှတ်သို့ ဦးတည်သွားချေပြီ။

သူ့၏ရုပ်ခန္ဓာထဲတွင် အသိစိတ်အလျဉ်တစ်စက်မှ မကျန်ရစ်တော့ပေ။ ဘိုးဘေးနန်းတော်၏ ဘိုးဘေးဝိညာဉ်များကို ရှာဖွေချင်သည့် စိတ်ဆန္ဒတစ်ခုတည်းသာ ကျန်တော့၏။

ချင်မူလည်း တိတ်ဆိတ်စွာ သက်ပြင်းချရင်း မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်အား လှုံ့ဆော်ကာ သူ၏အသိစိတ်အလျဉ်ကို ဟင်းလင်းပြင်ထဲ ပို့လွှတ်လိုက်သည်။

အသိစိတ်အလျဉ်နှစ်ခုလုံးက မည်မျှပင် အားကောင်းပါစေ လော့ရှောင်နှင့် ယှဉ်လျှင် ချင်မူမှာ မှေးမှိန်သွားသည်။ လော့ရှောင်သည် ဖန်ဆင်းရှင်တစ်ဦး ဖြစ်သည့်အလျောက် အသိစိတ်အလျဉ်တွင် ကြောက်စရာကောင်းလောက်အောင် ပါရမီပါ၏။

သူက ယခုထက်ထိ အရွယ်မရောက်သေးသော ဖန်ဆင်းရှင်သခင်လေးသာ ဖြစ်သည်။ သူသာ အရွယ်ရောက်လာပါက သူ၏သိုင်းအဆင့်က ကမ္ဘာဦးဘုရင်သုံးပါးနှင့် တန်းတူရှိလိမ့်မည်။

မည်သို့ဆိုစေ အသိစိတ်အလျဉ် အရည်အသွေးအရတွင်မူ ချင်မူက များစွာသာပေသည်။

ချင်မူက မျိုးဆက်သစ်တို့၏ ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်အား သုံး၍ ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်ကျင့်စဉ်ကို အဆင့်မြှင့်ထားသည်မဟုတ်ပါလော။ ထို့အပြင် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကိုပါ သင်ယူထားရာ ‌လော့ရှောင် အနိုင်မယူနိုင်‌သော အရည်အသွေးမြင့် အသိစိတ်အလျဉ်တစ်ခုကို ပိုင်ဆိုင်ထားသည်။

သူ့အသိစိတ်အလျဉ်က လော့ရှောင်ထက် နောက်ကျပြီးနောက်မှ အသက်ဝင်လာသည့်တိုင် ၁၉ ခုမြောက် ဟင်းလင်းပြင်နှင့် ၁၀ ခုမြောက် ဟင်းလင်းပြင်များဆီသို့ ဦးစွာ ရောက်ရှိသွားပြီး ဆက်လက်မြင့်တက်သွား၏။

သူ၏အသိစိတ်အလျဉ်သည် ပို၍မြင့်မားသော ဟင်းလင်းပြင်အလွှာတစ်ခုသို့ ရောက်ရှိသွား၏။ ထိုဟင်းလင်းပြင်က ဗလာကျင်းနေကြောင်း မြင်လိုက်ရသည်။ ဘိုးဘေးနန်းတော်မှ ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်များမှာ ဟင်းလင်းပြင်သားရဲများ၏ ဝါးမြိုစားသုံးခြင်း ခံထားရသောကြောင့် မည်သည်မှ မကျန်ရစ်တော့ချေ။

ဟင်းလင်းပြင်အလွှာတိုင်း အလားတူပင်။

ကြမ်းတမ်းခက်ထန်လှသည့် ထိုကမ္ဘာဦးခေတ်တုန်းက မဟာဧကရာဇ်ဖြစ်စေ၊ ရှေးဟောင်း‌ကောင်းကင်နတ်ဧကရာဇ်ဖြစ်စေ... အားလုံးသည် သူတို့သမိုင်းထဲမှ အကျည်းတန်သော အစိတ်အပိုင်းများကို ဖယ်ရှားချင်ခဲ့ကြ၏။

ထို့ကြောင့် ဖန်ဆင်းရှင်တို့၏ အစအနမှန်သမျှ ဖယ်ရှားခံခဲ့ရလေသည်။

မတူသည့်အရာဆို၍ ရှေးဟောင်းကောင်းကင်ဧကရာဇ်က အနိုင်ရသူဖြစ်ပြီး မဟာဧကရာဇ်မှာ ရှုံးနိမ့်သူဖြစ်ခဲ့ခြင်းသာ ရှိသည်။

ချင်မူ့အသိစိတ်အလျဉ်က ၂၈ ခုမြောက် ဟင်းလင်းပြင်သို့ ရောက်သည့်အခါ ကုန်ခမ်းလုနီးပါးဖြစ်လာသည်။ ရှေ့ဆက်တက်ရန် အခက်တွေ့လာချေပြီ။

လော့ရှောင်၏ အသိစိတ်အလျဉ်မှာမူ ၂၃ ခုမြောက် ဟင်းလင်းပြင်တွင်ပင် ရှေ့ဆက်မသွားတော့ပေ။ ဖန်ဆင်းရှင်သခင်လေး၏ အသိစိတ်အလျဉ်တွင် အတောမသတ်နိုင်သော ပူဆွေးမှုတို့ ပြည့်နှက်နေ၏။ ဟင်းလင်းပြင်ထဲတွင် ဗလာကျင်နေသော အသိစိတ်အလျဉ်တစ်ခုတည်းသာ မျောလွင့်နေချေသည်။

‘မရှိတော့ဘူး.. ဘာမှ မရှိတော့ဘူး..”

‘ငါတို့ရဲ့ ဘိုးဘေးဝိညာဉ်တွေ ချေမှုန်းခံလိုက်ရပြီ...’

သူ၏အသိစိတ်အလျဉ်သည် တိုက်ခိုက်လိုစိတ်လည်း မရှိ၊ စိတ်ပျော့အားလျော့နေသော သောကများဖြင့် ၂၃ ခုမြောက်ဟင်းလင်းပြင်ထဲ၌ လျှောက်သွားနေ၏။

ထိုအခိုက်အတန့်တွင် အထက်ရှိ ဟင်းလင်းပင်တစ်ခုဆီမှ ထူးဆန်းသော အသိစိတ်အလျဉ်တစ်ခု ဆင်းသက်လာသည်။ ၎င်း သူ၏အသိစိတ်အလျဉ်နှင့် ထိတွေ့သွားသည့်အခါ အိုမင်းနေသော အသံတစ်သံ ကြားလိုက်ရသည်။

“ဖန်ဆင်းရှင်သခင်လေး ... ငါတို့ရဲ့မျိုးဆက်... နောက်ဆုံးတော့ မင်း ရောက်လာခဲ့ပြီ”

လော့ရှောင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် အသိစိတ်အလျဉ်ပင် တုန်ရီသွားသည်။ သူ၏ရုပ်ခန္ဓာမှာတော့ ထိုအခိုက်အတန့်တွင် ငိုကြွေးနေချေသည်။။

“လူကလေး... ငါတို့ဟာ ကမ္ဘာဦးခေတ်ကတည်းက တိတ်ဆိတ်နေခဲ့ကြရတယ်... မရေမတွက်နိုင်တဲ့ ခေတ်ပေါင်းများစွာကို ကြုံတွေ့ပြီး စကြ၀ဠာထဲက လောကအသီးသီးရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့ကြတယ်.. ဟင်းလင်းပြင်ထဲက စည်းမျဉ်းတွေကို လေ့လာသုံးသပ်ပြီး အတိတ်နဲ့အနာဂတ်ကို မြင်ခဲ့ကြကတယ်”

“လူကလေး၊ မဟာလေဟာနယ်ရဲ့ ဖန်ဆင်းရှင်တွေ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ငါတို့ တွေ့ခဲ့ပြီးပြီး မင်းရဲ့ နှလုံးသားကိုလည်း စစ်ဆေးခဲ့ပြီးပြီ”

“လူကလေး၊ ဒီဟောကိန်းသုံးခုနဲ့အတူ မဟာလေဟာနယ်ဆီ ပြန်သွားပါ.... ဒါတွေ တစ်ခုပြီးတစ်ခု ဖြစ်လာလိမ့်မယ်....”

....

ရထားလှည်းထဲတွင် လော့ရှောင်မှာ ဒူးထောက်လျက် ရှိုက်ငိုနေသည်။ သူ့မှာ စကားမပြောနိုင်ချေ။

၂၃ ခုမြောက် ဟင်းလင်းပြင်ထဲတွင် သူ၏ဘိုးဘေးများသည် သူ့အား ဟောကိန်းသုံးခုအား ပြောပြနေ၏။ မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ယွင်တို့ ကျူးကျော်သည့် ဟောဟိန်း၊ ပရမတ္တကမ္ဘာ၏ ဟောကိန်းနှင့် အထွတ်အမြတ်ကလေးငယ်၏ ဟောကိန်းတို့ ဖြစ်ချေသည်။

ထို့နောက် သူတို့အားလံး တိတ်ဆိတ် ငြိမ်သက်သွားသည်။

“လူကလေး၊ ကြိုးစားပြီး အသက်ရှင်ပါ... အခု... သွားတော့”

လော့ရှောင်က သူ၏အသိစိတ်အလျဉ်အား ပြန်လည်ခေါ်ယူလိုက်သည်။

ချင်မူလည်း သူ့အသိစိတ်အလျဉ်သူ ပြန်ခေါ်လိုက်ပြီး သွေးရူးသွေးတန်းဖြစ်နေသည့် လော့ရှောင်ဆီ ကြည့်လိုက်မိသည်။ လော့ရှောင်သည် နဂါးချီလင်၊ ယန်အာနှင့် ကောင်းကင်နဂါးခြောက်ကောင်တို့ကို စိတ်လှုပ်တရှား ဖက်ကာ ကောင်းကင်နဂါးများဆိုလျှင် နမ်းပင် နမ်းလိုက်သေး၏။

နောက်ဆုံးတွင် သူက ချင်မူ့ကို တင်းတင်းကြပ်ကြပ် ဖက်၍ မျက်ရည်များဖြင့် ပြောသည်။ “မူ၊ ခင်ဗျားက ကျွန်တော့်ရဲ့ ညီအကိုအစစ်ပဲ”

ချင်မူက ပြုံးလျက် သူ့ကျောကို ပုတ်ရင်း နူးညံ့ညင်သာစွာ ပြောသည်။ “သွားဖို့ အချိန်ကျပြီ အစ်ကိုကြီး”

‌လော့ရှောင်က ဖက်ထားသည်ကို လွှတ်၍ မျက်ရည်များ သုတ်လိုက်သည်။ သူ၏အပြုံးမှာ ဖြူစင်နေလေသည်။

ချင်မူက ပြောင်းပြန်ဆင့်ခေါ်ခြင်းကို တိတ်တဆိတ် အသက်သွင်း၍ ဘိုးဘေးနန်းတော်အပြင်ရှိ ယဇ်ပလ္လင်အား အာရုံခံလိုက်သည်။ ထိုအခိုက်အတန့်တွင် သတ္ထုတွင်းအထဲတွင် ကုရှောင်သည် ဒဏ်ရာရနေ၏။ တဟုန်နှင့် ဟင်းလင်းပြင်သားရဲမိခင်၏ တိုက်ခိုက်မှုကြောင့် သူကား အန္တရာယ်တွင်းထဲ ရောက်နေချေပြီ။ တဟုန်၏ ရယ်သံက ရွဲ့သလို ထွက်လာသည်။

“ထိုက်ချူ၊ နောက်ဆုံးတော့ မင်း ရှုံးသွားပြီ... မင်း ဒီမှာ သေရတော့မယ်.. အပြင်က မင်းရဲ့ခန္ဓာကိုယ်အစစ်က ဘာဖြစ်သွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး.. မင်းကို ဖြည်းဖြည်ချင်း စားပြီးတော့ မင်းရဲ့စွမ်းအားကို ငါ ယူပစ်မယ်”

သူသည် အကြိုက်ဆုံးကြွက်ကို ဖမ်းမိသွားသည့် ကြောင်တစ်ကောင်သဖွယ် သားကောင်ကို တစ်ချက်တည်း မသတ်ဘဲ ကုရှောင် ထွက်ပြေးရန် ကြိုးစားလျှင် နာကျင်အောင် လုပ်၍ ကစားနေချေသည်။

“မင်းရဲ့ ကောင်းကင်နတ်ဘုံကို ဖြည်းဖြည်းချင်း သိမ်းပိုက်ပြီး မင်းစွမ်းအားတွေကို လုယူပစ်မယ်... မင်း ခံစားရအောင်လို့ မင်း တည်ထောင်ခဲ့တဲ့ခေတ်ကို ဖျက်စီးပစ်မယ်... ရန်သူအစစ်ကို ရှာမတွေ့ဘဲ အဆုံးမသတ်နိုင်တဲ့ နာကျင်မှုတွေနဲ့အတူ မင်း သေသွားစေရမယ်”

နောက်ဆုံးတွင် ကုရှောင်မှာ ကုန်းယွင်၏ ရွှေရောင်ခေါင်းတလားအရှေ့တွင် ဒူးထောက်ချလိုက်သည်။ သူ မတိုက်ခိုက်နိုင်တော့ချေ။

တဟုန်သည် မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် သူ့အရှေ့တွင် ရပ်၏။ သူက ကုရှောင်၏ ‌မေးစေ့အား လှံဖြင့် ပင့်လျက် ရယ်ကာ ပြောသည်။ “ငါ မင်းကိုယ်ထဲက မဟာတာအိုနဲ့ အသိစိတ်အလျဉ်ကိုလည်း ယူပစ်မယ်... ငါ မင်းအကြောင်း မချွင်းမချန် သိနေတဲ့အချိန်မှာတောင် မင်းရဲ့ခန္ဓာကိုယ်အစစ်က ငါ မင်းအနားမှာ ရှိနေတယ်ဆိုတာ သိမှာတောင်မဟုတ်ဘူး”

ကုရှောင်က ခက်ခက်ခဲခဲ ခေါင်းမော့ကာ ရယ်လိုက်သည်။ သူ၏သွားများတွင် သွေးများ ပေကြံနေသည်။ “မဟာဧကရာဇ်၊ ကုန်းယွင်ရဲ့ဝိညာဉ်က ဘယ်မှာလဲ သိလား”

တဟုန်၏ သူငယ်အိမ်များ ကျုံ့သွားသည်။

“ငါ့ဆီမှာပဲ”

ကုရှောင်က တဟားဟား ရယ်လိုက်သည်။ “ငါ့ သူ့ဝိညာဉ်ကို ငါနဲ့မကွာ ထားတယ်... ဘာလို့လဲ သိလား ငါ သူ့ကို သတ်ခဲ့ပေမယ့် ချစ်တယ်... ဒါကြောင့် သူ့ဝိညာဉ်ကို အကျဉ်းချထားတာ ... သူနဲ့ တွေ့ချင်လား”

တဟုန်လက်ထဲရှိ လှံမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး သူက အက်ကွဲနေသည့်အသံဖြင့် ပြော၏။ “သူ့ဝိညာဉ်ကို လွှတ်ပေးလိုက်”

ကုရှောင်က ခက်ခက်ခဲခဲ လက်မြှောက်ကာ လည်ပင်းရှိ ကျောက်စိမ်းဆွဲကြိုးကို ဖြုတ်လိုက်သည်။ ၎င်းကို ခွဲပစ်လိုက်ချင်သော်လည်း မလုပ်နိုင်ပေ။

သူ့ဒဏ်ရာများမှာ ပြင်းထန်လွန်းသလို၊ အချိန်ကလည်း ကုန်နေပြီဖြစ်သည်။

တဟုန်က လှံဖြင့် ဆွဲကြိုးအား ဆွဲယူလိုက်သည်။ ၎င်းအတွင်းရှိ အမျိုးသမီးတစ်ဦး၏ ဝိညာဉ်က ရွှေရောင်ခေါင်းတလားဆီသို့ ပျံသန်းသွား၏။

တဟုန်မှာ ဝိညာဉ်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ သူမက သူ၏ဇနီး ကုန်းယွင် မဟုတ်ပါလော။

“နွီရှင်း”

သူက ခေါင်းတလားဆီသို့ လျှောက်သွားသည်။ အခေါင်းထဲတွင် သူ ငေးမော့ကြည့်နေမိသော ချစ်ရသူသည် မျက်လုံးများ ပွင့်လာချေပြီ။

တဟုန် တစ်ကိုယ်လုံး တုန်ရီသွားမိသည်။ သူက ပြုံးလိုက်ပြီး အမျိုးသမီးဆီ လက်ကမ်းပေးလိုက်သည်။ သူမက သူ့လက်ကို လှမ်းဆွဲပြီး နှစ်ယောက်သား တစ်ယောက်လက် တစ်ယောက် ကိုင်ထားကြ၏။

တဟုန်က ပြန်လည်အသက်ရှင်‌လာသော နတ်ဘုရင်ကို ဆွဲဖက်လိုက်သည်။ နှစ်ယောက်စလုံး မျက်ရည်ကျလာချေသည်။ “နွီရှင်း၊ ကိုယ် ချစ်ရတဲ့ ဇနီးလေး... ကိုယ် မင်းကို လွမ်းလွန်းလို့ တွေ့ချင်လွန်းလို့... ပြောစရာတွေ များလွန်းလို့ ရူးမတတ် ဖြစ်နေခဲ့တာကွာ”

သူ့အနောက်တွင် ကုရှောင်သည် လှောင်ပြုံးပြုံးရင်း လက်ထဲရှိ ဧကရာဇ်ဓားအား မြှောက်ကာ တဟုန်၏နောက်ကျောသို့ ချိန်ရွယ်လိုက်၏။

ဓားကား တဟုန်၏ နောက်ကျောဆီ စိုက်ဝင်သွားသည်။

တဟုန် ခေါင်းတလား‌အရှေ့တွင် ဒူးထောက်ကျသွားသည့်အခါ သူ ဖက်ထားသော အမျိုးသမီးက သူ့အား လွှတ်လိုက်သည်။

ဟင်းလင်းပြင်သားရဲမိခင်က ဒေါတသကြီး ဟိန်းဟောက်ရင်း ပြန်လည်ရှင်သန်လာခဲ့သော အမျိုးသမီးနတ်ဘုရင်အား ဝါးမြိုရန် ပါးစပ်ဖွင့်လိုက်သည်။

“သားရဲ”

တဟုန် ဒေါသထွက်သွားသည်။ သွေးများက သူ့ပါးစပ်မှ စီးကျလာရာ ဟင်းလင်းပြင်သားရဲမိခင်မှာ ပို၍ပင် အမျက်ကြီးလာ၏။ သူက ဒေါသတကြီး အော်လိုက်သည်။ “ထွက်သွားတော့”

ဟင်းလင်းပြင်သားရဲမိခင်မှာ ‌ကြောက်ရွံ့စွာဖြင့် တစ်ချက်အော်ပြီးနောက် ဟင်းလင်းပြင်ထဲ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။

တဟုန်က ပါးစပ်မှ သွေးများစီးကျလျက် သူ၏ဇနီးကို‌ မော့ကြည့်နေသည်။ သူက ပြုံးလျက်ပင် ပြောနေသေး၏။ “နွီရှင်း၊ ကိုယ်လေ ကိုယ့်လူတွေ၊ တခြားသူတွေ အားလုံးအပေါ် သစ္စာဖောက်ခဲ့ပေမယ့် မင်းအပေါ်တော့ ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်သလို၊ ခံစားချက်တွေလည်း ပြောင်းလဲမှာ မဟုတ်ဘူး”

ခေါင်းတလားထဲရှိ အမျိုးသမီးသည် အပြုံးအရယ် ကင်းမဲ့စွာဖြင့် ထလာပြီး သူ၏ဦးခေါင်းပေါ်မှ ကျော်သွားသည်။ သူမက ဓားရိုးကို ကိုင်၍ အထဲသို့ ထိုးချလိုက်သည်။

ဓားသွားထိပ်က တဟုန်၏ရင်ဘတ်အား ဖောက်ထွက်လာသည်။ ၎င်းဓားထဲရှိ တာအိုစွမ်းအားက သူ၏ရုပ်ခန္ဓာလုပ်ဆောင်ချက်များကို ဖျက်ဆီး၍ သူ၏အသိစိတ်အလျဉ်ကို ဖိနှိပ်လိုက်၏။

“ကိုယ် သေတဲ့အထိ ... မင်းကို... ချစ်နေဦးမှာပဲ....” သူက ပြုံးနေသည်။

နတ်ဘုရင်ကုန်းယွင်က သူ့ဘေး၌ ထိုင်လိုက်ရာ သူမဆံနွယ်ရှည်များသည် ရင်ဘတ်ပေါ် ‌ဝဲကျလာ၏။ သူမက အင်မတန် နက်ရှိုင်းလှသော အမုန်းတရားတို့ ပြည့်နှက်နေသည့် အသံဖြင့် သူ့နား,နားကပ်ကာ ပြောလေသည်။။

“ငါကတော့ နင့်ကို မချစ်တော့ဘူး. မဟာဧကရာဇ်... နင် ငါ့မျိုးနွယ်ကို မျိုးသုဉ်းသတ်ပစ်လိုက်တည်းက မချစ်တော့တာပဲ”

သူမ၏အသံမှာ အရိုးကိုပင် ခုတ်ပိုင်းပစ်နိုင်သည်အထိ စူးရှပြတ်သားနေပြီး သူမက ဓားရိုးကို လှည့်လိုက်သည်။ သူမက တဟုန်၏နှလုံးသားကို ဖြည်းဖြည်းချင်း ဖျက်စီးနေချေသည်။ “ငါတို့ကြားမှာ အမုန်းပဲရှိတယ်.... ဘယ်တော့မှ အတောမသပ်မယ့် အမုန်းတရားပဲ.... ငါ ထိုက်ချူနဲ့ ပေါင်းပြီး သူ့အင်အားနဲ့ နင့်ကိုသတ်ပစ်လို့ရတယ်... ငါ နင့်ကလေးကို သေအောင် ဘယ်လိုပစ်ချခဲ့ပြီး ထိုက်ချူနဲ့ ကလေးတစ်ယောက် ယူခဲ့လဲ ပြောပြရမလား”

တဟုန်မှာ အပြုံးမပျက်ချေ။ “မင်း အသက်ရှင်နေသရွေ့...”

ဇွပ်...

နတ်ဘုရင်ကုန်းယွင်က ဓားကို အားကုန်ဆွဲထုတ်လိုက်သည်။ ကုရှောင်ကလည်း ကုန်းရုန်းထကာ လှောင်သလို ပြောသည်။ “တာအိုရောင်ရင်း၊ မင်း ငါ့ကို အနိုင်မယူနိုင်သေးပါဘူး”

နတ်ဘုရင်ကုန်းယွင်သည် သူ့အား လှည့်ပင်မကြည့်ဘဲ ဓားကို မ၍ နောက်ပြန်ခုတ်လွှဲလိုက်၏။ ဓားရောင်က ကုရှောင်၏လည်ပင်းကို ဖြတ်သွားသည်။

ကုရှောင်၏ဦးခေါင်းပြတ်မှာ လည်ပင်းမှ လိမ့်ကျသွားပြီး အလောင်းသည် မြေပေါ်လဲကျသွား၏။ သူ့အပြုံးက ပျောက်ကွယ်နေပြီး မယုံကြည်နိုင်သောအမူအရာ ဖြစ်နေသည်။

နတ်ဘုရင်ကုန်းယွင်က ဓားရိုးကို လှည့်၍ ပစ်ချလိုက်သည်။ ဓားသည် ကုရှောင်၏ ခေါင်းပြတ်ရုပ်ခန္ဓာကို ဖောက်ထွက်သွားပြီး သတ္ထုတွင်း၏ ကြမ်းပြင်၌ စိုက်ချလိုက်၏။

“ငါ အမုန်းဆုံးက သစ္စာဖောက်တာပဲ” သူမက ခပ်ပြတ်ပြတ် ပြော၍ ကုရှောင်၏ဦးခေါင်းအား ခြေထောက်ဖြင့် နင်းချလိုက်သည်။

တဟုန်မှာ မသေသေးချေ။ သူက ကုရှောင်၏ ခေါင်းပြတ်ခန္ဓာကိုယ်ကြီးကို ကြည့်၍ ရယ်နေသည်။ “ကောင်းတယ်.. ကောင်းတယ်... နွီရှင်း၊ ဒီထဲက ထွက်သွားတော့.. အပြင်မှာ မင်းကို ဒီကနေ ခေါ်သွားနိုင်တဲ့ မူချင်းဆိုတဲ့ လူတစ်ယောက် ရှိတယ်.. ငါ သူ့ရဲ့အသိစိတ်အလျဉ်ကို နှောင့်ယှက်ထားပေမယ့် ကြာကြာတော့ မလုပ်နိုင်ဘူး.. ဒါ တစ်ခုတည်းသော အခွင့်အရေးပဲ...”

နတ်ဘုရင်ကုန်းယွင်က သူ့အား လည်ပင်းမှ ကိုင်မြှောက်ကာ သတ္ထုတွင်းအပြင်သို့ လျှောက်သွားသည်။ “နင့်ကို ဒီအတိုင်း သေခွင့်မပေးနိုင်ဘူး... ဒီအငှားခန္ဓာကိုယ်ကို သုံးပြီး ခန္ဓာကိုယ်အစစ်ကို ရှာရဦးမှာ... ငါ နင့်ရဲ့ခန္ဓာကိုယ်အစစ်ကို ရှာမတွေ့မချင်း သေခွင့်မပေးနိုင်ဘူး”

တဟုန်သည် အားအင်ကင်းမဲ့လျက် ပျော့ဖတ်နေသည့်တိုင် သူမအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသေး၏။ သူ၏မျက်လုံးများတွင် မျှော်လင့်ချက်တို့ ပြည့်နှက်နေသည်။ “မင်း အသက်ရှင်နေသရွေ့....”

“ငါ နင့်ကို နှိပ်စက်မယ်၊ အကျဉ်းချမယ်... နာကျင်အောင်လုပ်ဖို့ နည်းလမ်းတွေအများကြီး သုံးပစ်မယ်”

နတ်ဘုရင်ကုန်းယွင်က အေးစက်စွာ ပြောသည်။ “ငါ့မျိုးနွယ်ကို သတ်ခဲ့တဲ့ နာကျင်မှုထက် အဆတစ်ရာ နာကျင်စေရမယ်... မှန်းကြည့်လို့တောင် မရတဲ့ နှိပ်စက်မှုတွေ နင် ခံစားစေရမယ်”

တဟုန်က အားနည်းဖျော့တော့စွာ ပြောသည်။ “မင်း ကိုယ့်ဘေးမှာ ရှိနေသရွေ့...”

“ပါးစပ်ပိတ်ထားစမ်း”

All Chapters