သမိုင်း ရေးထိုးခြင်း
Vol. 68 Ch. 1015
" ဘော့စ်... ရှင်သူ့ကို သာမန်လူလိုမျိုး မြင်လိုက်လို့ မဖြစ်ဘူးလေ... သူ အမှတ် ၅၀၀ တောင် ရောက်မှ ရောက်ပါ့မလားပဲ... "
၀မ်ပင်းယွီ လင်းရီအပေါ်၌ မလိုမုန်းတီးမှု စိုးစဉ်း အနည်းငယ်လေးမျှ ရှိမနေချေ။ ဤအတိုင်း လင်းရီနှင့် ပတ်သက်၍ ထူးဆန်းသည်ဟုသာ ခံစားနေရသောကြောင့် ဖြစ်သည်။ ထိုသူက စီးပွားရေး လုပ်ငန်းကြီးများ လုပ်ကိုင်နေရမည့် အစား ၀က်မွေးမြူနေသည်။ ထို့ပြင် ငွေပေါ်ရန်အတွက်လည်း ဟုတ်မနေခဲ့ချေ။
" ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့...."
ဆယ်မိနစ်ခန့် ကြာပြီးနောက် ပစ္စည်းကိရိယာများအားလုံး အဆင်သင့် ဖြစ်နေချေပြီ။
သက်ဆိုင်ရာ ၀န်ထမ်းများလည်း စက်အနောက်၌ မတ်တပ်ရပ်နေပြီး လင်းရီကတော့ ကွင်း အလယ်တွင် မတ်တပ်ရပ်နေကာ အချိန်မရွေး စတင်ရန် ရယ်ဒီဖြစ်နေတော့၏။
ထောက်ချိန် ကွင်းအစွန်းရှိ လျိုဟုန်နှင့် ကျန်သူများနှင့်အတူ မတ်တပ်သွားရပ်နေပြီး ရောက်နေကြသည့် ၀န်ထမ်းများဘက်သို့ လှည့်၍ " အားလုံး ရယ်ဒီပဲလား.... "
" ရယ်ဒီပါပဲ..."၀န်ထမ်း တစ်ယောက်မှ ပြန်ဖြေလိုက်၏။
" လင်းရီ .. မင်းကော... "
းစက္ကန့်ကို ဘောလုံးတစ်လုံး ... နောက်ပိုင်း သုံးဆယ် စက္ကန့်တိုင်းကို ကြားကာလ တစ်စက္ကန့်လျော့မယ်... အခု စတော့.... "
ထောက်ချိန်မှ စတင် အမိန့်ပေးလိုက်ပြီး တင်းနစ်ဘောလုံးစက် ဆယ်ခုသည်လည်း တစ်ခုပြီး တစ်ခု စတင်လွှတ်ထုတ်လာသည်။
လေးစက္ကန့်တိုင်း ပစ်လွှတ်လာမည့် ဘောလုံး တစ်လုံးချင်းစီအား ရှောင်တိမ်းရန်အတွက် လင်းရီတွင် အချိန်အလုံအလောက် ရှိသော်လည်း လေးဘက်လေးတန်တွင် ပစ်လွှတ်နေသည့် စုစုပေါင်း စက် ဆယ်လုံး ရှိနေလေသည်။
အနှီစက်များက တစ်ချိန်တည်း နီးပါး ပစ်လွှတ်ပြီး ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ပစ်လွှတ်နေကြခြင်း ဖြစ်၏။
ဘန်း ဘန်း ဘန်း ဘန်း....!
ဘန်း ဘန်း ဘန်း ဘန်း....!
ဘန်း ဘန်း ဘန်း ဘန်း....!
စိမ်းနုရောင်ဘောလုံးလေးများက လေထဲ လွင့်ပျံရင်း လင်းရီကလည်း ဆက်တိုက်ဆိုသလို ရွေ့လျား လှုပ်ရှားနေသည်။
လူတိုင်း၏ အထင်နှင့် ဆန့်ကျင်စွာ လင်းရီ၏ လှုပ်ရှားမှုများက အရမ်းကြီး ချဲ့ကားမနေချေ။
ရိုးရိုးရှင်းရှင်း လေထဲတက်ပြီး ရှောင်သည်။ မြေပေါ် တိမ်းရင်းရှောင်သည်။ ကိုယ်ကို လိမ်တွန့်ပြီး ရှောင်သည်။ ဘောလုံးတိုင်းကလည်း သူ၏ ကိုယ်ကို မမြင်ရသည့်နှယ် ဖောက်ထွင်းသွားကြသည့် အလားပင်။
ဘောလုံးများ ထိမှန်ခါနီး အခိုက်အတန့်၌ပင် သူက ရအောင် ရှောင်တိမ်းပြသွားခဲ့၏။
" ကြည့်ရတာတော့ ဟုတ်သလိုတော့ ရှိနေသားပဲ... ဒီမိနစ်ကို ကျော်ဖြတ်ဖို့ သူ သိပ်ပြီး အားစိုက်ထုတ်ရမယ်ပုံတောင် မပေါ်ပါဘူး...."ထောက်ချိန် ပြောလိုက်သည်။
" လေးစက္ကန့်တိုင်းမှာ ဘောလုံးတစ်လုံး... ဒီ အခြေအနေမျိုးမှာတောင် ဘောလုံးမှန်တယ်ဆိုရင် ဒီစမ်းသပ်မှုကို အလုပ်ရှုပ်ခံပြီး လာနေစရာတောင် မလိုတော့ဘူး.... "
ထောက်ချိန် နှုတ်ခမ်း တွန့်ကွေးတက်သွားပြီး မည်သည်ကိုမျှ မဆို။ အသင်းခေါင်းဆောင်၏ မကျေမချမ်းဖြစ်မှုက ယခုထိတိုင် အရှိန်မပြေသေးသည့်ပုံပင်။
မကြာမီ တစ်မိနစ် ကုန်ဆုံးသွားပြီး စက်မှ ပစ်လွှတ်သည့် ကြိမ်နှုန်းသည်လည်း တိုးမြင့်လာခဲ့သည်။ ယခုဆို သုံးစက္ကန့်ကြာတိုင်း ဘောလုံး တစ်လုံး ပစ်လွှတ်နေချေပြီ။
လင်းရီလည်း ချက်ချင်းဆိုသလို ပစ်လွှတ်သည့် ကြိမ်နှုန်း တိုးမြင့်လာမှုအပေါ် သတိပြုမိသွားခဲ့သည်။
သို့သော်လည်း သူ့အပေါ် ကြီးလေးသော တက်ရောက်မှုတော့ မရှိ။ သူ၏ အမြင်ခွဲခြမ်းစိတ်ဖြာခြင်း စွမ်းရည်က စနစ်၏ ဆောင်မမှုဖြင့် ကြီးစွာ တိုးတက်လာနှင့်ပြီး ဖြစ်သည်။
ထို့ကြောင့် ကြိမ်နှုန်းတိုးမြင့်မှုက သူ့အတွက် ခက်ခဲသည်ဟု မဆိုသာချေ။
မကြာမီ စက္ကန့်သုံးဆယ် ကုန်ဆုံးသွားခဲ့ပြီး ပစ်လွှတ်သည့် နှုန်းထားမှာလည်း နှစ်စက္ကန့်လျှင် ဘောလုံးတစ်လုံး ဖြစ်လာသည်။ သို့တိုင်အောင် လင်းရီအဖို့ စိန်ခေါ်မှုတစ်ရပ် မဟုတ်။ အရမ်းကြီး ခက်ခဲသည်ဟုလည်း မခံစားရချေ။
အဘယ်ကြောင့်ဆိုသော် စက် စက်တင်၏ အနိမ့်ဆုံး ပစ်ခတ်သည့် နှုန်းကိုက ၁.၅ စက္ကန့် ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် စက္ကန့်သုံးဆယ် ကုန်ဆုံးပြီးနောက် ၁.၅ စက္ကန့်တိုင်းတွင် ဘောလုံးတစ်လုံး ပစ်လွှတ်မည်။ အဆိုပါ အမြန်နှုန်းကိုလည်း အဆုံးထိတိုင်အောင် သယ်ဆောင်သွား လိမ့်မည်။
စမ်းသပ်မှု၌ ပါ၀င်သူ အများစုက ယခုလို အမြန်နှုန်းသို့ မရောက်ခင်အထိ တောင့်ခံနိုင်ကြပေသည်။
သူတို့အဖို့ စစ်မှန်သည့် ခက်ခဲမှုက ထိရောက်မှုရှိသည့် ရွေ့လျားမှုကို အချိန်ကြာသည်အထိ ထိန်းသိမ်းထားရခြင်းပင်။
အချိန်တစ်ခု ကြာပြီးနောက် ဤအကဲဖြတ်မှုကို အားလုံးက ကျရှုံးကြရစမြဲပင်။
ဤသည်ကလည်း သူတို့၏ စွမ်းရည် မကောင်းမွန်ခြင်းကြောင့် မဟုတ်ပဲ သက်လုံ၏ ပြဿနာရပ်သာ ဖြစ်လေသည်။ အကယ်၍ ခန္ဓာကိုယ်ကိုသာ လုံလောက်အောင် မပံ့ပိုးပေးထားနိုင်ဘူးဆိုပါက တင်းနစ်ဘောလုံးများ၏ ထိမှန်ခြင်း ခံရမည်ဖြစ်၏။
ပစ်လွှတ်သည့်ကြာချိန် နောက်တစ်ကြိမ် ပြောင်းလဲသွားသည်ကို ခံစားမိတော့ လင်းရီ နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့၏။
ဒီရဲ့ အမြန်နှုန်းက လက်ခံလို့ ရသေးတုန်းပဲ... အရင်ကထက် ပိုပြီး စိန်ခေါ်မှုရှိတယ်ဆိုပေမယ့် ပိုပြီးတော့လည်း စိတ်၀င်စားဖို့ကောင်းတယ်....
" ဒီကောင်လေး မဆိုးဘူးပဲ... ဘောလုံး ၄၀၀ အထိ ရှင်သန်နိုင်ခဲ့ပြီ... ဒါပေမယ့် သူ့ရဲ့ ရွေ့လျားပုံ ရွေ့လျားနည်းတွေကတော့ များများစားစားလည်း မပြောင်းလဲသွားဘူး... တကယ်ကို မဆိုးဘူး...."လျိုဟုန် ကျေနပ်မှု အပြည့်ဖြင့် ပြောလိုက်သည်။
" ဘော့စ်.. အပြောမစောသေးနဲ့ဦး.. ၁.၅ စက္ကန့်နဲ့ ပစ်တဲ့ကြိမ်နှုန်းက ခုမှ စလုံးရေစပဲ ရှိသေးတာ... လူတော်တော်များများလည်း ဒီလောက်တော့ ရပါတယ်... အရေးကြီးတာက သူ အကြာကြီး ထိန်းထားနိုင်မလားဆိုတာပဲ..... "ချိုးယွီလော့ ပြောလိုက်၏။
" မင်းတို့ လူငယ်တွေက တကယ့်ကို မကျေနပ်နိုင်ကြဘူးပဲ... ငါကတော့ သူ့ကို မဆိုးဘူးလို့ ထင်တယ်... အလုံးရေ ၈၀၀ ကျော်ဖို့ သူ့အတွက် သေချာပေါက် မခဲယဉ်းလောက်ဘူး...."
မကြာမီ မိနစ်၀က် ကုန်ဆုံးသွားခဲ့သည်။
စက်ဆယ်လုံးမှ စုစုပေါင်း အလုံး ၂၀၀ ပစ်လွှတ်ခဲ့ပြီး လင်းရီ၏ ရမှတ်သည်လည်း ၆၃၀ အထိ ရောက်ရှိလာခဲ့၏။
သို့သော်ငြားလည်းပဲ သူ၏ လှုပ်ရှားမှု ပညာရပ်တို့က ယခင်အတိုင်း မပြောင်းမလဲ ရှိနေဆဲပင်။
ဤသည်ကို မြင်တော့ ကျန်သူများ၏ အမူအရာ လေးနက်လာကြသည်။
အတိတ်တွင် ဤကဲ့သို့ ရလဒ်မျိုးကို ပျှမ်းမျှဟူ၍သာ မှတ်ယူ၍ရ၏။
အကယ်၍ ယခု လင်းရီ ထိမှန်ခဲ့မည် ဆိုလျှင်ပင် ရလဒ်ကောင်းတစ်ခု ရနိုင်သေးသည်။
သို့သော်လည်း လူတိုင်း အလေးအနက် ဖြစ်လာရခြင်း အကြောင်းပြချက်ကတော့ လင်းရီမှ ယခုထိတိုင် မောပန်းသည့် အရိပ်အယောင် တစ်စက်မျှ ပြမလာသေးသောကြောင့်ပင်။
သူ၏ စိတ်အခြေအနေကလည်း သိပ်ကို ကောင်းမွန်နေပြီး ယခင် ပါ၀င်သူတို့နှင့် လုံး၀ မတူညီချေ။ ယခင် ပြိုင်ပွဲ၀င်များက ယခု အချိန်ထိ တောင့်ခံလာရန်မှာ သိပ်ကို ခက်ခဲ၏။ လင်းရီ၏ စစ်ဆေးမှုကလည်း အချိန်နှင့်အမျှ ရှေ့ဆက်နေဆဲပင်။
မကြာမီ သူ၏ ရမှတ်မှာ ၇၀၀ သို့ ရောက်ရှိလာသည်။ စတင်သည့် အချိန်တုန်းကကဲ့သို့ သက်တောင့်သက်သာ ဖြစ်နေလျက်ပင်။
စစ်ဆေးမှုသည်လည်း ဆက်လက် လုပ်ဆောင်နေသည်။
၇၅၀..!
၈၀၀...!
လင်းရီ၏ ရမှတ် ၈၀၀ ရောက်တော့ လူတိုင်း မယုံကြည်ချင်စရာ ကောင်းလွန်းသည်ဟု ခံစားနေရတော့၏။
သာမန် သင်တန်းများအဖို့ ၈၀၀သည်က အကန့်အသတ် ဖြစ်နေချေပြီ။ သို့သော်လည်း သကောင့်သားက အေးဆေး ရယူနေနိုင်ခြင်းပင်။
၈၅၀...!
၉၀၀...!
လင်းရီ ရမှတ် ၉၀၀ ကိုရောက်တော့ လျိုဟုန်၏ မျက်လုံးများ မယုံကြည်နိုင်ဖွယ် ပြူးကျယ်လာခဲ့တော့သည်။
သူကဲ့သို့ သာမန် အတွေ့အကြုံမရှိသည့် နောက်ခံမှ ဆင်းသက်လာသည့် လူတစ်ယောက်အဖို့ ယခုလို ရလဒ်မျိုး ရလာသည်က အံ့ချီးမွမ်းဖွယ်ရာကြီးပင်။
၉၅၀...!
၁၀၀၀...!!!
" ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... "
လင်းရီ၏ ရမှတ် ၁,၀၀၀ ကို ချိုးဖြတ်လာတောါ ချိုးယွီလော့ မယုံကြည်နိုင်စွာ မြည်တမ်းမိသွား၏။
ဤသည်က သူမ၏ စစ်ဆေးမှု ရလဒ်ကိုပင် ကျော်လွန်နေချေပြီ။
ထို့ပြင် ထိုသို့ ကျော်လွန်သွားခဲ့သူကလည်း လင်းရီ ဖြစ်နေသေး၏။ သူမ ယခု ရလဒ်ကို လက်လည်း မခံချင်သလို ယုံလည်း မယုံကြည်နိုင်ချေ။
" ငါသိနေတယ်လေ... သူက ပါရမီရှင်ပါဆိုနေမှ... အခု မင်းတို့အကုန်လုံး ငါ့ကို ယုံကြပြီမလား...."
" မလောသေးနဲ့ဦး... ကြည့်လိုက်... သူ့သက်လုံက ခုထိ အကောင်းကြီး ရှိသေးတယ်... သူဆက်ပြီး ထိန်းထားနိုင်မှာပါ...."
လူတိုင်း၏ အကြည့်က လင်းရီအပေါ်သို့ တစ်ဖန် ကျရောက်သွားခဲ့ပြန်သည်။
၁၁၀၀...!
၁၂၀၀...!
ရမှတ် ၁၂၀၀ သို့ ရောက်တော့ လူတိုင်း စုပ်သပ်မိသွားကြ၏။
၀မ်မြန်မှတပါး မည်သူကမျှ ယခုကဲ့သို့ မစွမ်းဆောင်နိုင်ခဲ့ချေ။
သို့သော် မကြာမီ သူမတို့၏ ကမ္ဘာကြီးအပေါ် ရှုမြင်သည့် အမြင် တစ်ဖန် ချက်ချင်း ကွဲကြေသွားခဲ့ရပြန်သည်။ အကြောင်းမူကား လင်းရီ၏ ရမှတ်က ၁၄၀၀ သို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။
" သူ ၀မ်မြန်ကို ကျော်တက်သွားခဲ့ပြီ...."
ထောက်ချိန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ရင်း " ဒါ သမိုင်းမှာ ပထမဦးဆုံး အကြိမ်ပဲ... "
ဤ ရလဒ်က သူတို့ အားလုံးကို ရှော့ခ်သွားစေခဲ့ကာ မည်သို့ ဖော်ပြရမှန်းတောင် မသိကြတော့ချေ။
" ၀မ်မြန်က သူ့နေရာကို ထိန်းသိမ်းလာခဲ့တာ သုံးနှစ်တိုင်ခဲ့ပြီ... ဒါပေမယ့် ဒီကောင်က တကယ်ကြီး ချိုးဖြတ်လိုက်တယ်....ဒီကိစ္စ ဟိုကောင်သာ သိသွားလို့ကတော့ ဘယ်လိုအမူအရာ ဖြစ်သွားမလဲ သိပ်သိချင်လိုက်တာ.... "၀မ်ပင်းယွီ ပြောလိုက်သည်။
" သူလည်း ရှော့ခ်ရသွားမှာပဲပေါ့... သူ့ကိုယ်သူ ဂုဏ်ယူနေတဲ့သူကတော့ သေချာပေါက် ကျေနပ်နေမှာတော့ မဟုတ်ဘူး... "ထောက်ချိန် အပြုံးဖြင့် ပြောလိုက်သည်။
" သေချာတယ်... ဒါပေမယ့် သူ့အနေအထားကိုလဲ တစ်ချက်ကြည့်ဦး... နည်းနည်းလေးပဲ အသက်ရှူသံ မြန်သေးတယ်... သူ့ လှုပ်ရှားမှုထဲမှာ မောပန်းနေတဲ့ အရိပ်အယောင်ဆိုတာ မရှိသေးဘူး... သူ ဆက်ပြီး တောင့်ခံထားနိုင်ဦးမှာပါ..."ချောင်ကျားတု ပြောလိုက်သည်။
ထို့နောက် လူတိုင်း လင်းရီကို မျှော်လင့်ချက် အပြည့်ဖြင့် တစ်ဖန်ပြန်ကြည့်လိုက်ကြ၏။
၁၄၅၀...!
၁၅၀၀...!
၁၅၅၀...!
ရမှတ် ၁၅၅၀ ရောက်လာသည်ကို မြင်တော့ လူတိုင်း ဘာပြောရ ကောင်းနိုးနိုး ဖြစ်လာခဲ့ကြတော့သည်။
တရား၀င် အသင်းသားများပင် ယခုလို ရလဒ်မျိုး မစွမ်းဆောင်နိုင်မည်မှာ ကျိန်းသေလေသည်။ လာရောက် စစ်ဆေးသည့် ပြိုင်ပွဲ၀င်ဆိုလို့ကတော့ ဆိုဖွယ်ရာ မရှိတော့ချေ။
ဒီကောင် ဘယ်မှာ လေ့ကျင့်လာခဲ့တာပါလိမ့်...
သူ့ကို အထူးတလှယ် လမ်းညွှန်ပေးတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာ သေကော သေချာရဲ့လား....
ဘန်း.....
ဆယ်စက္ကန့်ကြာပြီးနောက် နောက်ဆုံးသော တင်းနစ်ဘောလုံးမှာ ပစ်လွှတ်ပြီးသွားခဲ့ချေပြီ။
လင်းရီ၏ နောက်ဆုံး ရလဒ်သည်လည်း ထွက်လာခဲ့ပြီး ဖြစ်၏။
၁၆၀၀...!!!