← Chapters

ကမ္ဘာကြီးမှာ ဒီလို ပါရမီရှင် ရှိသေးတယ်လား

Vol. 68 Ch. 1019

ကမ္ဘာကြီးမှာ ဒီလို ပါရမီရှင် ရှိသေးတယ်လား

Vol. 68 Ch. 1019

" ဖြစ်နိုင်ပါတယ်..."ထောက်ချိန် ဖျော့တော့စွာ ပြောလိုက်ပြီး " ဘာပဲဖြစ်ဖြစ် သူက မိကျောင်းကိုတောင် လက်ဗလာနဲ့ စုတ်ဖြဲနိုင်ခဲ့တဲ့သူလေ... သူ့ခွန်အားက ကျိန်းသေပေါက် မဆိုးလောက်ဘူး...ငါတို့ မျှော်လင့်တာထက်တောင် ကျော်ရင် ကျော်သွားနိုင်တယ်... "

" ဒါပေမယ့် ခွန်အား ဖြန့်ကျက်တဲ့ နည်းလမ်းကတော့ ခြားနားတယ်... ၀မ်မြန်ရဲ့ စံချိန်ကို ချိုးဖြတ်ဖို့ မလွယ်ကူလောက်ဘူး..."ချိုးယွီလော့မှ ပြောလိုက်၏။

" ကျွန်မကတော့ ဖြစ်နိုင်မယ်လို့ ထင်တယ်..."နင်ချဲ့ပြောလိုက်ပြီး ကလူချင်နေသည့် လေသံဖြင့် " ငါတို့ အကန့်အသတ်နဲ့ထုတ်တဲ့ အားမက်(Hermes) အိတ် တစ်လုံးကြေး လောင်းကြမလား..."

" စိန်လိုက်လေ... "

"စပြီနော်..."

ထောက်ချိန် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်သည်။ ယခုလို ကိစ္စလေးကိုပင် သူမတို့ နှစ်ယောက်က လောင်းကြေးစားကြေး ပြုနေသည်အား သူမယုံကြည်နိုင် ဖြစ်မိနေတော့၏။

" လင်းရီ.. မင်း အဆင်သင့်ဖြစ်ရင် စတော့..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ထိုင်ထလုပ်ရန် ဟန်ပြင်လိုက်သည်။

ပစ္စည်းတပ်ဆင်ပြီးနောက် ဝိတ်မှာ အနေတော်မျှ ရှိကြောင်း လင်းရီ သတိပြုမိလိုက်၏။ သူ့ခန္ဓာကိုယ်ကို ဖိအား သိပ်မပေးနိုင်ချေ။

သို့သော်လည်း ဤသည်က လင်းရီ သိပ်သန်မာနေသည်လို့တော့ မဆိုလိုချေ။

သာမန်လူတို့ထက် သာလွန်နေသည့် သူ၏ သိပ်သည်းသော အရိုးတို့နှင့် ကြွက်သားအင်အား တို့ကြောင့်သာ ယခုလို အကျိုးသက်ရောက်မှုအား ဖြစ်ပွားသွားစေခြင်းပင်။

ဝူးရှ်....

အသက်ပြင်းပြင်းရှိုက်လိုက်ရင်း လင်းရီ ထိုင်ထ လေ့ကျင့်ခန်းကို စတင်လိုက်တော့သည်။

ပထမ ငါးခေါက်ကတော့ လင်းရီအတွက် အသာအယာလေးပင်။ လွယ်ကူစွာနှင့် ပြီးမြောက်သွားခဲ့၏။

သို့‌သော်လည်း အခြားသော ပါ၀င်သူတို့၏ အမြင်တွင်တော့ အနည်းငယ် ပုံမှန်မဟုတ် ဖြစ်နေလေသည်။ အကြောင်းမူကား သူတို့တုန်းက ငါးခေါက်သို့ရောက်သည်နှင့် မောပမ်းသည့် အရိပ်အယောင်တို့ စတင်ပြသလာခဲ့သောကြောင့်သာ။

အခြားတစ်ဖက်တွင်တော့ ဤ လင်းရီမည်သော ငနဲသားက အဆင်ပြေပြေကြီးကို ရှိနေသည်။

ထို့ပြင် ချွေးပင် မစို့လိုက်ချေ။

မကြာမီ လင်းရီ ထိုင်ထ လုပ်သည့် အကျော့က တစ်ဆယ်သို့ ရောက်ရှိလာခဲ့၏။

ဤ ရလဒ်က လူတော်တော်များများကို အံ့အားသင့်သွားစေသည်။

သူတို့ထဲက တစ်၀က်ပင် ယခုလို ရလဒ်မျိုး ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။

ထိုင်ထ ၁၀ ခေါက် ... တေယ်တော်လေး ကောင်းနေပြီလို့ ပြောလို့ရတယ်...

၁၁..!

၁၂...!

လင်းရီ လုပ်သည့် အခေါက်ရေ ၁၅ သို့ ရောက်ရှိလာတော့ ပါ၀င်သူများအားလုံး တည်ငြိမ်စွာဖြင့် ဆက်မကြည့်နိုင်ကြတော့ချေ။

လက်ရှိ ထိုင်ထ စံချိန်က ၁၄ ခေါက်တည်း မဟုတ်ပေလော။

ဤသည်က ကျန်းဟွေ့ကိုပင် ကျော်တက်သွားချေပြီ။ အရေးအကြီးဆုံးကတော့ တစ်ဖက်သူမှာ ရပ်တန့်မည့်ဟန် လုံး၀ မပြသခြင်းပင်။

ဆက်လက် တောင့်ခံနိုင်သေးသည့်နှယ်ပင်။

ဤလူများ၏ အမြင့်ဆုံး စံချိန် ဘယ်လောက်လဲ လင်းရီ မမှတ်မိတော့ချေ။ သို့သော်လည်းပဲ တစ်ယောက်မှ ၂၀ မကျော်သည်ကိုတော့ ကောင်းကောင်းကြီး မှတ်မိနေသည်။

ထို့ကြောင့် လင်းရီ၏ အတွေးကတော့ ရိုးရှင်းသည်။ လေ့ကျင့်ခန်း အားလုံးတွင် အခေါက် ၂၀ လုပ်ဖို့သာ လိုအပ်ပေသည်။

ဝူးရှ်....

သူ အကြိမ် ၂၀ မြောက်တော့ လင်းရီ ဝိတ်တုံးကြီးအား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။

သူ့နောက်ရှိ ထောင်ချိန်ကို ကြည့်၍ " နောက်လေ့ကျင့်ခန်း တစ်ခု စကြတာပေါ့..."

" ခဏလေး.. မင်းမှာ ဆက်လုပ်နိုင်တဲ့ ခွန်အား ရှိသေးတာ သေချာပါတယ်.. ဘာလို့လဲ ဆက်မလုပ်တာ...."

" စံချိန် သုံးခုလုံးက ၂၀ မှ မကျော်ပဲကို ... ကျုပ် ဒီလောက် နည်းနည်းလေး လုပ်လိုက်တာနဲ့ ပထမ ရပြီလေ... ဘာမဟုတ်တာလေးအတွက်နဲ့ ဘာလို့ ကိုယ့်ကိုယ်ကို အပင်ပန်း ခံနေတော့မှာ... "

" ဒါက.... "

ထောက်ချိန် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားခဲ့၏။ လင်းရီ ပြောသည်ကလည်း ဟုတ်တုတ်တုတ် ရှိနေလေသည်။

သူတို့ ယခင် တွေးထားသည်က လင်းရီ၏ အကန့်အသတ် ဘယ်လောက်လဲဆိုတာ ကြည့်ကြည့်ဖို့ရာပင်။

သို့သော်လည်း ဤကောင်က လောဘကြီးခြင်း မရှိ။ အကြိမ် ၂၀ ပြည့်တော့ ရပ်တန့်သွားခဲ့၏။

သို့သော်လည်း ဘေးတွင် ရပ်ကြည့်နေကြသည့် အခြားသူများကတော့ တည်ငြိမ်နေနိုင်ခြင်း မရှိကြချေ။

သူက စံချိန်ကို လွယ်လွယ်ကူကူကို ချိုးဖြတ်ပစ်လိုက်တယ်... ဒီကောင်လည်း လူထူးဆန်းပဲလား....

" ဆက်လုပ်..."လျိုဟုန် အဝေးမှ လှမ်းပြောလိုက်ပြီး " မင်း ဘယ်နှစ်ခေါက် လုပ်နိုင်လဲ ငါသိချင်တယ်...."

" တော်ပြီ... ကျုပ် ပထမ ရပြီးနေပြီပဲလေ... "

" ဆက်လုပ်... တကယ်လို့ မင်း အခါ ၃၀ ရရင် မင်း အောင်ပြီ..."

လျိုဟုန် ရည်ရွယ်ချက် ရှိရှိ လင်းရီအား ခက်ခဲအောင် ပြုလုပ်နေခြင်း မဟုတ်ချေ။

ဤသည်က .. အဘယ်ကြောင့်ဆိုသော် ၀မ်မြန်၏ စံချိန် တစ်ခုကမျှ ၃၀ မကျော်သောကြောင့် ဖြစ်လေသည်။

အကယ်၍ လင်းရီသာ လေ့ကျင့်ခန်း သုံးခုလုံးတွင် အခေါက်ရေ ၃၀ ကျော်အောင် လုပ်နိုင်မည်ဆိုပါက ၀မ်မြန်၏ စံချိန်သည်လည်း သူ့ကြောင့် ကျိုးပျက်သွားရလိမ့်မည်။

" ကောင်းပြီလေ... "

လင်းရီ ထွေထူး စဉ်းစားမနေ တော့ချေ။ ဘာပဲဆိုဆို နောက်ထပ် ဆယ်ခေါက် ပိုလုပ်ရန်သာ လိုအပ်သည် မဟုတ်ပါလော။ အရမ်းကြီး ခက်ခဲနေတာမျိုးလည်း မဟုတ်ခဲ့ချေ။

သူ ဝိတ်တုံးကို တစ်ဖန် ပြန်မလိုက်ပြီး ၀န်ထမ်းများ၏ အကူအညီ မပါဘဲနှင့် ပခုံးပေါ် ပင့်တင်လိုက်၏။

၂၁..!

၂၅....!

၂၇...!

ခလန်....

လင်းရီ နောက်ထပ် ဆယ်ခေါက်ကို သာမန်လျှံကာ လုပ်ပြသွားပြီး လူတိုင်း၏ မျက်လုံးတို့မှာ အခေါင်းပေါက်ထဲမှ ပြုတ်ကျလုနီးပါး ဖြစ်လာခဲ့တော့သည်။

ဒီကောင် ဟာကျူလီလို ခွန်အားမျိုးနဲ့ မွေးဖွားလာတာများလား...

‌သူ ကြားထဲတွင် မိနစ်၀က်မျှ နားသလို ရှိခဲ့သော်လည်း မည်သူကမျှ လင်းရီ၏ ရလဒ်ကို သံသယ မ၀င်ကြချေ။

ဤသည်ကလည်း အကြိမ်ရေ ၃၀ ပြုလုပ်ပြီးသည့်တိုင် အသက်ရှူသံ အနည်းငယ် မြန်ဆန်နေရုံမှ အပ မည်သည်မျှ မထူးခြားသောကြောင့် ဖြစ်လေသည်။

တစ်နည်းအားဖြင့်ဆိုသော် အကယ်၍ သူသာ ဆက်လုပ်ချင်စိတ် ရှိသေးပါက ဆက်လုပ်နိုင်သေးသည်ဟူသည့် သဘောမျိုးပင်။

လျိုဟုန်နှင့် ကျန်သူများလည်း အချင်းချင်း ရှော့ခ်ရနေသည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

သူက အကြိမ် ၃၀ အလေးပင့်ပြီးတာတောင် သောက်ရမ်း အေးဆေးနေတယ်.... လင်းရီက တကယ့်ကို ပါရမီရှင်ဆိုတာ သေချာပြီ။

" ကျွတ် ကျွတ် ကျွတ် ... ဒီနှစ်မှာ အရမ်းလှတဲ့ Hermes အိတ်လေးတွေ သိပ်များနေပါလား... ဘယ်တစ်လုံး ရွေးရပါ့မလဲနော်..."နင်ချဲ့မှ အနာပေါ် ဆားဖြူးရင်း ညုတုတုလေသံဖြင့် ပြောလိုက်သည်။

" သူက ၀မ်မြန်ရဲ့ စံချိန်ကို လေ့ကျင့်ခန်း တစ်ခုတည်းမှာပဲ ချိုးဖြတ်သွားတာ... ဒါက ဘာမှမဟုတ်သေးဘူး..."ချိုးယွီလော့ နှာရှုံ့ပြီး ပြောလိုက်ပြီး " နင်ကမှ ငါ့ကို ဘာ ၀ယ်ပေးသင့်လဲ စဉ်းစားထားသင့်တယ်..."

" နင်က အရှုံးကို ၀န်မခံရဲတဲ့ အရှုံးသမားပဲ..."နင်ချဲ့ ပြောလိုက်ပြီး " သူ့ ရလဒ်တွေက ဒီလောက်ထိ ကောင်းနေတာကို နင်က အားနည်းတယ်လို့ ထင်နေတယ်ပေါ့... "

" မဟုတ်လို့လား... "

" စောင့်ကြည့်ကြတာပေါ့... "နင်ချဲ့ ပခုံးတစ်ချက် တွန့်ပြီး ပြန်ပြောလိုက်သည်။

" လင်းရီ.. နောက်လေ့ကျင့်ခန်း တစ်ခု စမယ်..."

ဒုတိယ ပစ္စည်း အစုံကို တပ်ဆင်ပြီးနောက် လင်းရီ ၀ိတ်တုံးကို မရန်အတွက် သူ့ခန္ဓာကိုယ်အား ရွေ့လျားလိုက်လေသည်။

လူတိုင်း အသက် ပြင်းပြင်းအောင့်ထားကြပြီး လင်းရီ ဘယ်နှစ်ခေါက် လုပ်နိုင်မလဲဆိုတာ ခန့်မှန်းရ အခက် ဖြစ်နေခဲ့ကြ၏။

၂၀....!

လင်းရီ ၀ိတ်တုံးကို ပစ်ချလိုက်သည့် အခါ၌ လူတိုင်း၏ ကမ္ဘာကြီး အပေါ် သိနားလည်ထားမှုတို့အား တစ်ဖန် ကွဲကြေသွားစေပြန်သည်။

သူ အေးအေးဆေးဆေးနဲ့ နောက်လေ့ကျင့်ခန်း တစ်ခုကို လုပ်ပြီး သွားပြန်ပြီ။

ယခု လူတိုင်း ဥဿုံ ယုံကြည်သွားခဲ့ကြတော့သည်။ ဤလင်းရီက လူအရေခြုံထားသည့် မကောင်းဆိုးရွား တစ်ကောင်ပင်။

ဝိတ်မပြီးနောက် လင်းရီ တည်ငြိမ်သည့် ခြေလှမ်းတို့ဖြင့် bench press အား စတင်လိုက်သည်။

ငါးမိနစ် မပြည့်မီ bench press အခေါက်ရေ ၃၀ အား ခက်ခဲမှု မရှိ ပြီးမြောက်သွားလေသည်။

" အိုကေ... ဒီနေ့ စမ်းသပ်မှုက ဒီလောက်ပဲမလား.... "

သူတို့ရှေ့ရှိ မြင်ကွင်းက ရောက်နေကြသည့် လူတိုင်းအား ဆွံ့အသွားစေသည်အထိ အကြီးအကျယ် ရှော့ခ်ရနေစေတော့သည်။

သူတို့အားလုံး ယုံကြည်ရန်ပင် ခဲယဉ်းနေခဲ့ကြသည်။

တကယ်လို့ သူ့ ရလဒ်တွေက ဒီလောက်ထိ ကြောက်ဖို့ကောင်းနေရင် နောင်ကျ တရား၀င် အဖွဲ့သား ဖြစ်လာပြီးရင် ဘယ်သူက သူ့ကို ဖိနှိပ်နိုင်တော့မှာလဲ...

" ပြီး... ပြီးပြီ... "ထောက်ချိန် ပြောလိုက်၏။

" ဒါဆိုလည်း ကျုပ် ပြန်နှင့်တော့မယ်..."လင်းရီ ပြောလိုက်ပြီး " မနက်ဖြန်လည်း ကျုပ်ကို နောက်ဆုံးကျမှ စစ်ဆေးပေးမယ်ဆို အစောကြီး မလာတော့ဘူး... နေ့လည်လောက်မှပဲ လာတော့မယ်.....ဟုတ်ပြီလား..."

ထောက်ချိန် သူ့နာရီကို ကြည့်လိုက်ပြီး " ဒါဆိုမင်း ၁၁ နာရီလောက် လာခဲ့လိုက်...."

" ကောင်းပြီလေ... "

မနက်ဖြန် စစ်ဆေးမည့် အချိန်ကို အတည်ပြုပြီးနောက် လူတိုင်း၏ အကြည့်အောက်မှာပဲ လင်းရီ လေ့ကျင့်ရေး ကွင်းပြင်မှ ထွက်ခွာသွားခဲ့လေသည်။

ယခုလေးတင် တစ်ယောက်ကို တစ်ယောက် အပြိုင်အဆိုင် ကြွားဝါနေကြသူများသည်လည်း တိတ်ဆိတ်သွားခဲ့ချေပြီ။

သူတို့အားလုံး ရှေ့ရှိလူက ခွန်အားအရာ၌ သရဲသဘက် ဆန်လွန်းသည်ဟုသာ လက်ခံထားလိုက်ကြသည်။ သာမန်လူတစ်ယောက်က ထိုသူ၏ ဘက်လူ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

" အသင်းခေါင်းဆောင်ချိုး... ကျွန်မကတော့ အိတ်ကလေး ရွေးပြီးသွားပြီ... ခဏနေကျရင် လင့်ပို့ပေးလိုက်မယ်.. ဒါမှ ကျွန်မ အိမ်ကို အရောက် ပို့ပေးလို့ ရမှာပေါ့... ငါ ဘယ်မှာနေလဲ နင်သိပါတယ်နော်... "နင်ချဲ့ ရွှင်မြူးစွာ ပြောဆိုလိုက်၏။

ချိုးယွီလော့ မျက်လုံးလှိမ့်၍ နင်ချဲ့ကို ကြည့်လိုက်သည်။ သို့သော် ဘာမျှမဆို။ သူမ အမှန်တကယ် ရှုံးနိမ့်သွားခဲ့လေသည်။

သို့သော်လည်းပဲ လင်းရီ၏ သဘောထားကို ပြန်စဉ်းစားမိတော့ စိတ်မထိန်းနိုင်တော့ချေ။

လင်းရီ၏ ကိုယ်ရေး အကျဉ်းကလည်း အင်မတန်သန့်ရှင်းလွန်းနေသည်။ ငယ်စဉ် ကတည်းက မိဘမဲ့ ဂေဟာတွင် ကြီးပြင်းလာရပြီး ကျိုးဟိုင် တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ပြီးနောက် ကျိုးဟိုင်တွင်ပဲ အလုပ်ဆက်၀င်သည်။လွန်ခဲ့သည့် နှစ်၌ပင် အာဏာ ရုတ်ချည်း မြင့်တက်လာပြီး စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်ခဲ့၏။ သူက သာမန် စီးပွားရေး သမားများအတိုင်း ၎င်းတို့၏ စီးပွားရေးလမ်းကြောင်း ဖွံ့ဖြိုးမည့် လမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်။

ထိုသို့ဆိုလျှင် သူ၏ ခိုင်မာသော အုတ်မြစ်က မည်သို့ ရှိလာခဲ့သနည်း။

နှိုင်းယှဉ်မည်ဆိုပါက ၀မ်မြန်ကပင် အနည်းငယ် ချို့ယွင်းနေခဲ့သည်။

ယခုကဲ့သို့ ပါရမီရှင်မျိုးက ကမ္ဘာကြီးတွင် အမှန်တကယ် တည်ရှိနိုင်၏လော။

မကြာမီ ကျန်ရှိသည့် ပါ၀င်သူ နှစ်ယောက်မှ ၎င်းတို့၏ စစ်ဆေးမှုကို စတင်လိုက်ကြသည်။ သို့သော်လည်း ကောင်းမွန်သည့် စိတ်အခြေအနေတွင်တော့ ရှိမနေခဲ့ကြချေ။ ကျော်လွှား၍ မရနိုင်သော တောင်တန်းကြီး၏ ဖိနှိပ်မှုအောက် ရှိရသည်မှာ အမှန်ပင် ကောင်းမွန်သည်ဟု ခံစားရမည် မဟုတ်ပေ။

" ယီးပဲ... သေစမ်း... အဲ့ကောင် ဟွာစန်းတောင်ကနေများ ဆင်းလာခဲ့သလားပဲ... ငါ့ပလန်တွေကို ဖျက်ဆီးပစ်လိုက်ပြီ... "လေ့ကျင့်ရေး ခန်းမထဲမှ ထွက်လာရင်း ဆံပင် အတိုနှင့် အမျိုးသား တစ်ဦးမှ ဆဲရေး ကြိမ်းမောင်းလိုက်၏။

All Chapters