← Chapters

အခန်း (၂၁၀၁)

Vol. 151 Ch. 2101

အခန်း (၂၁၀၁)

Vol. 151 Ch. 2101

“ ဘယ်ရောက် သွားတာလဲ ... ။ ”

ဝမ်မူယန် လွင့်ထွက် သွားရာ လမ်းကြောင်းအတိုင်း လိုက်ခဲ့ရာ၊ သစ်တောထဲ ရောက်ရှိလာသည်။

ကျိုးနေသော သစ်ပင်တစ်ပင် အနား၌ ဝမ်မူယန်၏ အရိပ်အာဝါသမှာ ပျောက်ကွယ် သွား၏။

လှည့်ပတ် ရှာဖွေသော်လည်း မတွေ့ချေ။ မြေပြင်၌ ဓားခြစ်ရာများဖြင့် ရှုပ်ထွေးနေသည် ကိုသာ မြင်နိုင်သည်။

ဤသည်မှာ နတ်နေလ တံဆိပ်၏ စွမ်းအား ဖြစ်၏။ ကြယ်ဓား နှစ်လက်ဖြင့် ပံ့ပိုးပြီးနောက် ဤလျှို့ဝှက် နည်းပညာသည် သူ့အတွက် အံဝင်ခွင်ကျ ဖြစ်လာသည်။

ထို့အတွက် ဝမ်မူယန်ကို ကျေးဇူးတင်ရပေမည်။ ထောင်ချောက် တစ်ခု ဖြစ်နေလျှင်ပင် သူ့အတွက် အကူအညီရသည်။

ယင်းက အစွမ်းထက်သော ဝှက်ဖဲတစ်ချပ် ဖြစ်လာချေပြီ။

“ ဒါပေမယ့် ... အခု ဘယ်ရောက် သွားတာလဲ။ ”

“ ဟိုမှာ ... ။ ”

နောက်ဆုံးတွင် ခရမ်းငယ်မှ ဆက်ကြည့် မနေနိုင် တော့ဘဲ ဦးတည်ချက် တစ်ရပ် ဆီသို့ ညွှန်ပြ လိုက်သည်။

တောအုပ်အလွန် တောင်ကြား အတွင်း ဝမ်မူယန်ကို တွေ့လိုက်ရသည်။ သူမရှေ့တွင် မြစ်တစ်စင်း ရှိနေ၏။

တင်ပျဉ်ခွေ ထိုင်လျက် မြစ်ရေထဲတွင် ထိုင်နေပြီး ကြက်သွေးရောင် လမင်းကို ဆင့်ခေါ် ထားသည်။

သို့သော် လရောင်မှာ အနည်းငယ် မှိန်ဖျော့နေ၏။ ၎င်းက မြင့်မြတ်သော ရောင်ဝါ များဖြင့် လွှမ်းခြုံလျက် ပေးထားသည်။

အသက် အန္တရာယ် အတွက် မစိုးရိမ် ရသော်လည်း အားနည်းနေဆဲ ဖြစ်လေသည်။ အဝတ်အစားများ စုတ်ပြဲနေပြီး ရမ္မက်နိုးထ စေသော ခန္ဓာကိုယ်ကို မြင်နေရ၏။

လင်းယွန်ပင် ထိုကောက်ကြောင်းကို အနည်းငယ် ငေးကြည့်မိ သွားသည်။ သူမသည် ဆွဲဆောင်မှု ရှိသော နည်းစနစ်များ မသုံးခဲ့ လျှင်ပင် အမျိုးသားများ အတွက် မက်မောစရာ ဖြစ်သည်။

ထိုစဉ် ထူးဆန်းသော အရာတစ်ခုကို သတိပြုမိပြီး အသိပြန်ဝင်ကာ မျက်မှောင်ကြုတ် မိသည်။

မမြင်နိုင်သော စက်ကွင်း တစ်ခုသည် သူမအား ဝန်းရံလျက် မြစ်ရေကို ဟန့်တား ထားသည်။

ရေလှိုင်းများက ထိုစက်ကွင်းကြောင့် သူမအပေါ် ပြင်းထန်စွာ ထိခိုက်စေခြင်း မရှိ တော့ချေ။

“ ရွှပ် ... ။ ”

လင်းယွန်က ဓားအလင်း တောက်ထုတ် လိုက်သည်။ မမြင်နိုင်သော စွမ်းအား စက်ကွင်း အပေါ် ထိမှိန်ကာ ဓားအလင်းများ ပြန်ကန် ထွက်လာ၏။

ယင်းကြောင့် လင်းယွန် တစ်ယောက် သူမအနား သတိလက်လွှတ်ဖြင့် မချဉ်းကပ်မိ သည်မှာ ကံကောင်း သွားခဲ့သည်။

“ အဲဒါ သူ့ခန္ဓာကိုယ် ထဲမှာ ချိတ်ပိတ် ထားတဲ့ စွမ်းအားပဲ၊ အဲဒီ စွမ်းအားက အရမ်း အားကောင်းတယ်။”

ခရမ်းငယ်က သတိဝင်ပေးသည်။ တစ်ဖက်လူ၏ ကိုယ်ခန္ဓာ၌ ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေသည်ကို သိသော်လည်း မည်မျှ အစွမ်းထက် မည်ကို မသိခဲ့ချေ။

“ ယဲ့ချင်းရှန် ... နင် ငါ့အလောင်းကို ကောက်ဖို့လာတာလား။ ”

ဝမ်မူယန်က မျက်လုံးပြန် ဖွင့်ကာ အေးစက်စွာ မေးမြန်းလာသည်။ မမြင်ရသော စွမ်းအင် စက်ကွင်းက သူမခန္ဓာကိုယ် ဆီသို့ ဝင်ရောက် ပျောက်ကွယ်သွား၏။

သူမသည် ပြိုက်ဘက်ကို လျှော့တွက်ကာ၊ ထိပ်တိုက်တွေ့ရန် ရွေးချယ်ခြင်းကြောင့် လက်ရှိ အခြေအနေမျိုး ရောက်ရှိလာခြင်း ဖြစ်သည်။

လင်းယွန်က သူမကို တုန့်ပြန် စကား မဆိုတော့ဘဲ၊ အနား လျှောက်လှမ်း သွားကာ လက်ကောက်ဝတ် ဆွဲကိုင်လိုက်၏။

“ ငြိမ်ငြိမ်နေ ... ။ ”

“ နင် ... ။ ”

ဝမ်မူယန် ခမျာ မျက်နှာ ပြောင်းသွားပြီး ရုန်းကန်ရန် ကြိုးစားသော်လည်း ရန်လိုသော ရည်ရွယ်ချက် မရှိမှန်း သတိထားမိ သဖြင့်၊ ငြိမ်ငြိမ်နေ လိုက်သည်။

သူမ ခန္ဓာထဲ အပြာရောင် စွမ်းအင်များ စီးဆင်းလာပြီး ဒဏ်ရာများ လျင်မြန်စွာ ပြန်၍ ကောင်းမွန် လာခဲ့၏။

သို့တိုင် မျက်နှာ ဖြူဖျော့နေမြဲ ဖြစ်သောကြောင့် အချိန် အတော်ကြာအောင် အနားယူရ ပေဦးမည်။

“ တိုက်ခိုက်မှုကို မခံနိုင်ဘဲနဲ့ ... ဘာလို့ ထိပ်တိုက် ရင်ဆိုင်ချင် နေရတာလဲ၊ အနိုင်ရဖို့က အရေးကြီး လို့လား၊ အရှုံး မပေးနိုင်ဘူးလား။ ”

လင်းယွန်က လက်ကောက်ဝတ်ကို ပြန်လွှတ်ပေး လိုက်သည်။ ဝမ်မူယန် မျက်နှာ နီရဲလာပြီး ပြန်လည် ငြင်းခုံချင် သော်လည်း စကားရှာ မတွေ့ချေ။

လောင်းကြေးအရ သူမ ရှုံးသဖြင့်၊ နေလနတ်ရူရ်၏ လျှို့ဝှက်ချက်များကို ပြောပြ ရမည် ဖြစ်ကာ၊ ဂိုဏ်းမှလည်း ထွက်ခွာ ရပေမည်။

“ ငါ လောင်းကြေးကို ... မယူပါဘူး၊ ဒါပေမယ့် မင်းငါ့ကို ... ကတိ တစ်ခုတော့ ပေးရမယ် ။ ”

“ ဘာကတိလဲ ... ။ ”

“ မင်းမှာ ဘယ်လို အကြံအစည်မျိုး ရှိနေပါစေ ... ကောင်းကင် တာအို ဂိုဏ်းက ဘယ်သူ့ကိုမှ နစ်နာအောင် မလုပ်ပါနဲ့။ ”

ဝမ်မူယန်ကို ဂိုဏ်းမှ မောင်းထုတ်လိုက် လျှင်ပင် သူမ ဆန္ဒရှိပါက ကောင်းကင် တာအို ဂိုဏ်းကို အသေအပျောက် လုပ်နိုင် သေး၏။

“ ပိုင်ရှောင် ဘာဖြစ်သွားလဲ၊ နင်က ငါ့အတွက် ခက်ခဲအောင် လုပ်နေတာလား၊ သူတို့ကို ငါဘယ်လိုလုပ် အာမခံ နိုင်မှာလဲ။ ”

ဝမ်မူယန်က ပြုံးကာ ပြန်ပြောလာသည်။

“ မဟုတ်ဘူး ... ၊ မင်းကိုယ်တိုင် မလုပ်ဖို့ပဲ လိုပါတယ်၊ ကျန်တဲ့ လူတွေကို ငါ စိတ်မဝင်စား ပါဘူး။ ”

လက်ရှိ အချိန်တွင် သူမကို မသတ်နိုင် သေးသည့်အတွက် သည်နည်းလမ်း သည်သာ အကောင်းဆုံး ဖြစ်သည်။

“ ပြီးတော့ ... နေလနတ်ရူရ်ရဲ့ လျှို့ဝှက်ချက်တွေ ကိုလည်း ပြောပြဖို့ မလို ပါဘူး၊ နေလ နတ်ရူတ်က နတ်ဘုရား သင်္ချိုင်း တောင်တန်းရဲ့ တံဆိပ်နဲ့ ...

... တစ်ခုခုတော့ ဆက်စပ်မှု ရှိမယ်လို့ အကြမ်းဖျင်း ငါ ခန့်မှန်း နိုင်ပါတယ်၊ ငရဲသံကြိုး ကိုလည်း ပြန်ဖြေ ပေးလိုက်မယ်။ ”

ဝမ်မူယန်က သံသယဖြင့် ပြန်ကြည့်ကာ၊

“ နင်က ငါ့ကို အံ့သြစရာတွေ ပေးနေတာလား။ ”

-ဟု မေးလာသည်။

“ ငါ့အတွက် အသုံးတည့်တဲ့ အရာတွေကို မင်းက အကြိမ်ကြိမ် လွယ်လွယ် ပြောပြခဲ့တယ်၊ ပြီးတော့ ငါဘယ်သူလဲ ဆိုတာ သွေးလ နတ်သားတော်ကို မင်း မပြောခဲ့ဘူး၊ ...

... ဒီတစ်ခါတော့ မင်းကို ယုံလိုက်မယ်၊ ဒါပေမယ့် ... ငါတို့ ပူးပေါင်း ဆောင်ရွက်ဖို့တော့ ဆန္ဒမရှိဘူး။ ”

သု့စကားကြောင့် ဝမ်မူယန်က အံ့အားသင့် သွား၏။ ပြီးနောက် လှောင်ပြုံးဖြင့်

“ ငါက နင်ရဲ့ ခန္ဓာကိုယ်ကိုပဲ လိုချင်တာ၊ ဒါပေမယ့် နင်ကတော့ ငါ့နှလုံးသားကိုပါ လိုချင်နေတယ်၊ ...

... နောင်တမရနဲ့ ... ငါနဲ့ ဒီလို ဆော့ကစားချင်တဲ့ လူတွေက သေခြင်းနဲ့ အဆုံးသတ် ကုန်ကြပြီ။ ”

"ဝမ်မူယန် ... မင်းရဲ့ သတ္တိ ဘယ်ကရလဲ ငါမသိဘူး ... မင်းက ငါ့လက်ထဲမှာ အကြိမ်ကြိမ် ရှုံးခဲ့တယ်၊ ဒါကြောင့် နောက်တစ်ခါဆို သတိ ထားပါ၊ ဒီလောက်အထိ ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့။ ”

“ နင် ... ။ ”

လင်းယွန် စကားကြောင့် ဝမ်မူယန် တစ်ယောက် ဒေါသ ထွက်လာသည်။ သို့သော် လင်းယွန်မှ ပြုံးလျက် မျက်လုံးများ မှေးစင်းပြီး ရုတ်တရက် လှုပ်ရှား လာ၏။။

၎င်းက သူမ၏ လက်နှစ်ဖက်ကို လက်ကောက်ဝတ်မှ ဖမ်းဆုပ် ဆွဲဖယ်လျက်၊ မျက်နှာကို နီးကပ်စွာ ရွေ့လျား လာသည်။

ထွက်သက်နှင့် ယောကျ်ား တစ်ယောက် ရနံ့က သူမ မျက်နှာပေါ် ညင်သာစွာ ပွတ်သပ် ကျီစယ် နေ၏။

ယင်းသည် ယောက်ျား တစ်ယောက်၏ အသွင်အပြင်ကို အနီးကပ်ဆုံး ခံစားလိုက်ရခြင်း ဖြစ်လေရာ၊ ချက်ချင်းပင် မျက်နှာ နီရဲလာပြီး၊ ကြောက်ရွံ့ သွားမိသည်။

“ ဝမ်မူယန် ... မင်းက အပျိုစင် ဆိုတာ ငါသိတယ်၊ ယောက်ျားနဲ့ မိန်းမ ဆိုတဲ့ အရသာ မြည်းစမ်းချင်လား၊ ...

... ဟန်ဆောင် မနေနဲ့၊ ခြောက်ပါးသော မြို့တော်မှာ ... မင်းရဲ့ ခန္ဓာကိုယ်ကို ဘယ်သူမှ မထိရ သေးတာ ငါသိပြီးပြီ။ ”

လင်းယွန်က ကောက်ကျစ်စွာ ပြုံးပြလိုက်သည်။

“ နင် ... နင်က လူယုတ်မာပဲ ... ၊ နင်သိနေရင် ဘာလို့ ငါ့အသားကို ထိနေတာလဲ အခုလွှတ် မထိနဲ့ ... ။ ”

ဝမ်မူယန်က နီးကပ်လာသော လင်းယွန် နှုတ်ခမ်းတစ်စုံကို ကြည့်ပြီး ရှက်ရွံ့စွာ ရုန်းကန်တော့သည်။

သို့သော် နှုတ်ခမ်း တစ်စုံးက ပို၍ တိုးကပ်လာ သဖြင့် ထိတ်လန့်စွာ မျက်လုံးမှိတ် လိုက်ရသည်။

နူညံသော အထိ အတွေ့အစား၊ နွေးထွေးသော စွမ်းအင်တစ်ခုက သူမနဖူးထဲ စီးဝင်ကာ ငရဲသံကြိုးကို ဖြိုခွဲပစ်၏။

အံသြစွာဖြင့် မျက်လုံး ပြန်ဖွင့် ကြည့်လိုက်ရာ၊ လင်းယွန် နှုတ်ခမ်းက ဆုတ်ခွာ သွားပြီ ဖြစ်သည်။ ယင်းအစား ၎င်းက လက်ညိုးက သူမနဖူးမှ ခွာသွား၏။

“ ကဲ ... ငါတို့ စကား ကောင်းကောင်း ပြောရအောင်။ ”

လင်းယွန်မှ ပြန်လည် ဆုတ်ခွာလိုက်သည်။ ဝမ်မူယန်မှ အသက် ပြင်းပြင်းရှူလျက် တည်ငြိမ် ဟန်မျိုး ပြင်ယူကာ၊

“ နင်က တကယ့်ကို လူယုတ်မာပဲ၊ ယောက်ျားနဲ့ မိန်းမကြားက စည်းချက်ကို ငါတကယ် မသိသေးဘူး၊ အရင်တုန်းက နည်းနည်းတော့ စိတ်ကူး ကြည့်ဖူးတယ်။ ”

-ဟု ဝန်ခံ လိုက်သည်။

“ ဟုတ်လား ... ။ ”

“ ငါဒီမှာ ရှိနေသရွေ့ ... ကောင်းကင် တာအိုဂိုဏ်းက ... ဘယ်သူ့ကိုမဆို နောက်ထပ် အသက် အန္တရာယ် ရှိအောင် မလုပ်တော့ဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နေလနတ်ရူရ်ကို ငါယူရမယ်၊ ငါမလုပ်ရင်တောင် သွေးလ ဂိုဏ်းက ကြိုးစားမှာပဲ။ ”

လင်းယွန်မှ စကားမပြောဘဲ ငြိမ်သက်စွာ စဉ်းစားနေမိသည်။

( ဟဲဟဲ ... လောလောဆယ် ဒါကို စိတ်မပူပါနဲ့၊ သူ့လက်ထဲ နေလနတ်ရူရ် အရင် ရပါစေ၊ ပြီးရင် ငါတို့ ပြန်လုယူမယ်။ )

ခရမ်းငယ်မှ အကြံပေးသည်။ နေလ နတ်ရူရ်၏ တည်နေရာနှင့် ပတ်သက်သော သဲလွန်စ ပျောက်ကွယ် သွားပြီ ဖြစ်၏။ သူမ ရှာနိုင်သော် ပို၍ ကောင်းချေပြီ။

“ မင်း ကတိကို အမြဲ သတိရပါ။ ”

လင်းယွန်က လှည့်ထွက်ဟန် ပြင်နေရာမှ သတိရ သွားပြီး၊

“ မင်းကို တစ်ခုပြောဖို့ မေ့သွားတယ်၊ အရိယာ ဓားသုတ္တန်ကို ငါ အောင်မြင်သွားပြီ၊ ဆန္ဒရှိရင် သူတော်စင်တောင် ဖျက်မရတဲ့ ငရဲသံကြိုး တစ်ခု ဖန်တီးနိုင်တယ်။ ”

ဤသည်မှာ သတိပေးမှု ဖြစ်၏။ ငရဲသံကြိုးကို ပြန်ဖြုတ်ပေးခဲ့ သကဲ့သို့ ထပ်မံ ခတ်နှိပ် ရန်လည်း လွယ်ကူသည်။

“ ခဏလေး ... နင်ဘယ်လိုလုပ် ဒါကို ကျွမ်းကျင်နေတာလဲ ... ၊ နဂါးနေလ တံဆိပ်ကို နင် လေ့ကျင်တာ ငါမတွေ့ပါဘူး။ ”

ဝမ်မူယန်က အမှန်ပင် သိချင်နေသည်။

“ ကောင်းကင်လမ်းမှာ နေလ လက်သီး ဆိုတဲ့ လက်သီး နည်းစနစ် အပြည့်စုံ ရခဲ့တယ်၊ နဂါးနေမင်းနဲ့ လမင်း တံဆိပ်က အဲ့ဒီ နည်းစနစ်ရဲ့ ရည်ရွယ်ချက်ထဲ ...

... ပေါင်းစပ်လို့ ရတယ်၊ ဒါကြောင့် ငါ လေ့ကျင့်စရာ မလိုခဲ့တာ၊ သေချာအောင် မှတ်စု တွေနဲ့ တိုက်စစ်ကြည့်ဖို့ အချိန် လဝက်ပဲ သုံးခဲ့ ရတယ်၊ ကျန်တဲ့ လဝက်အတွင်းမှာ၊ ...

... ဓားတာအိုကို လေ့ကျင့်တယ်၊ အခု ငါ့ဓားမှာ နဂါးနေမင်းနဲ့ နဂါးလမင်း တံဆိပ်ကို ပေါင်းစပ် ထားနိုင်ပြီ၊ စမ်းကြည့်ချင်လား။

“ နင် ... လူလိမ် ။ ”

ဝမ်မူယန်မှ ဒေါသတကြီး အော်ဟစ် လိုက်တော့သည်။

“ အိုး ... ဒါဆို မင်းရော ရိုးသားတယ်လို့ ဝန်ခံရဲလား၊ ဒီနည်းစနစ်ကို အရင် လေ့ကျင့်ပြီး၊ ငါနဲ့ လောင်းကြေး ထပ်ခဲ့တာ မဟုတ်လား။ ”

လင်းယွန် မျက်နှာပေါ်ရှိ အပြုံးကြောင့် စကားမပြောနိုင် တော့ချေ။ ဒေါသဖြင့် ရင်ဘတ် အောင့်မြက် သွားသည်။

“ စကားမစပ်၊ သူတို့ အသက်ရှူကြပ် နေပြီ အစ်မကြီး။ ”

လင်းယွန်က သူမ၏ ယုန်ဖြူဖြူလေး နှစ်ကောင်ကို လက်ညှိုးထိုးလျက် ရယ်မောကာ နောက်ပြန်ဆုတ် သွားမိသည်။

ထိုအပြုအမူသည် သူမ၏ ယုန်ဖြူလေး နှစ်ကောင်ကို အင်္ကျီအတွင်း၌ ပို၍ တုန်ယင်လာစေ၏။

ချစ်စဖွယ် ကောင်းပြီး အသပ်ရှူ ကြပ်နေသော ၎င်းတို့အသွင်က မြင်ရသူတိုင်းမှ ကူညီနှစ်သိမ့် ပေးချင်စိတ်များ ဖြစ်ပေါ် လာစေသည်။

“ ယဲ့ချင်းရှန် နင်က ... တကယ် လူယုတ်မာပဲ ... ။ ”

“ ဟား ဟား ဟား ... ။ ”

***

All Chapters