← Chapters

မီးလျှံ ရွှေကြာပန်း သစ်ပင်။

Vol. 151 Ch. 2102

မီးလျှံ ရွှေကြာပန်း သစ်ပင်။

Vol. 151 Ch. 2102

သူမကို ‘အစ်မကြီး’ဟု ခေါ်ဆိုခြင်းဖြင့် အရှက်ခွဲရန် ကြိုးစားနေ သည်ဟု ခံစားမိရာ၊ ဒေါသ ထွက်လာခဲ့သည်။

ရင်ဘတ်ကို အုပ်ကိုင်လျက် အဝတ်အစားလဲရန် ကမ်းပေါ် တက်လာမိ၏။

“ တကယ်တော့ ကျော်ကြားတဲ့ ... ပန်းသင်္ချိုင်းက လူယုတ်မာ တစ်ယောက်ပဲ။ ”

( ဟား ဟား ဟား ... ၊ လင်းယွန် ဒီမြေခွေးမတောင်မှ နင် ... လူယုတ်မာမှန်း သိသွားပြီ။ )

ခရမ်းငယ်က လက်ခုပ်တီးကာ ရယ်လေသည်။ ထိုအကြောင်းကို လင်းယွန်မှ မငြင်းချေ။

ဖြောင့်မတ်သော အမျိုးကောင်းသား တစ်ဦးလို ပြုမူနေပါက ကောင်းကင် လမ်း၌ အကြိမ်ပေါင်း မရေမတွက် နိုင်အောင် အသတ်ခံရပြီး ဖြစ်ပေမည်။

ဓားသမား တစ်ယောက် အနေဖြင့် ကောင်းခြင်း-ဆိုးခြင်းထက် နှလုံးသား ဆန္ဒ အတိုင်း လျှောက်လှမ်းဖို့သာ လိုသည်။

ဝမ်မူယန် တစ်ယောက် အဝတ်အစားများ လဲလှယ်ပြီးသည်အထိ စောင့်ကာ လင်းယွန်က၊

“ ငါ့မှာ အကြံတစ်ခု ရှိတယ်၊ ငါ မင်းကို နတ်နေလ လက်သီးကို သင်ပေးမယ်၊ ပြီးတော့ တခြား လျှို့ဝှက်ချက် ကိုလည်း ပြောပြမယ်၊ ငါတို့ အတူတူ လေ့ကျင့် ရအောင်။ ”

-ဟု ပြောကြား လိုက်သည်။

နဂါး နေမင်းနှင့် လမင်း တံဆိပ်သည် အလွန်အစွမ်း ထက်၏။ ယခုမှ လေ့ကျင့်ခြင်း ဖြစ်သော်လည်း သူ၏ တိုက်ပွဲဝင် စွမ်းရည်ကို နှစ်ဆ တိုးစေခဲ့သည်။

အထူးသဖြင့် သူ့အားနည်းချက် များကို အပြည့်အ၀ ဖာထေးနိုင်ပြီး အကန့်အသတ် မရှိ အလားအလာ ရရှိစေ၏။

ကြယ်ဓားသည် အမည်ခံ သူတော်စင်ကို သတ်နိုင် သော်လည်း ၎င်းအမည်ခံ သူတော်စင် ရောင်ဝါအပေါ် မချိုးဖြတ်နိုင်ချေ။

သူတော်စင် နှစ်ပါး ခန္ဓာကိုယ်ကို အားကိုးကာ ထိုအားနည်းချက် အပေါ် ဖြည့်စွက် ထားရသည်။

ယခုမူ ဓားနှစ်လက်ဖြင့် ဖန်တီး ထားသော နဂါးနေလ ချပ်ဝတ်သည် သူတော်စင် ရောင်ဝါ အပေါ် ခံနိုင်ရည် ရှိချေပြီ။

အနာဂတ်တွင် အမည်ခံ သူတော်စင်၏ တိုက်ခိုက်မှုကို ရုပ်ခွန်အား မသုံးဘဲ တိုက်ပွဲ ဝင်နိုင်မည် ဖြစ်၏။

ဝမ်မူယန်က သူ့ကမ်းလှမ်းချက်ကို တွက်ဆနေ ခဲ့သည်။ တစ်ဖက်လူမှ လောင်ကြေး မယူရုံ သာမက၊ ဒဏ်ရာများ ကိုပါ ကုသပေး လေသည်။

ဤသို့ဖြင့် ကောင်းကင် စက်ဝန်း ဘုံကျောင်း အတွင်း နေထိုင်ကာ၊ နားလည်မှုများကို ဆက်၍ မျှဝေ နေခဲ့ကြသည်။

နှစ်ယောက်လုံးသည် ဉာဏ်ကြီးရှင်များ ဖြစ်သောကြောင့် ပေါင်းစည်း လေ့ကျင့်ချိန်၌ မယုံနိုင်ဖွယ် တိုးတက် လာခဲ့သည်။

တစ်ယောက်ကို တစ်ယောက် လေးစားလာပြီး၊ တစ်ဖက် လူ၏ ထင်ကြေး များကို စိစစ်ရန် ကောင်းကင် စက်ဝန်း ဘုံကျောင်း အပြင်၌ စမ်းသပ် ကြည့်၏။

ဤနည်ဖြင့် နားလည်မှု မျှဝေခြင်း၊ အငြင်းပွားခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း စသည့် သူတို့၏ ပုံရိပ်များကို နေရာအနှံ့၌ မြင်တွေ့ လာရသည်။

“ ဒါ ငယ်ရွယ် နုပျိုခြင်းရဲ့ ကောင်းကျိုးပဲ။ ”

ကောင်းကင်ဘုံ သူတော်စင် သခင်ရီက မုတ်ဆိတ်မွေးကို ပွတ်သပ်လျက် ခံစားချက် အပြည့်ဖြင့် ညည်းတွား လိုက်သည်။

ယဲ့ချင်းရှန်နှင့် ဝမ်မူယန်သည် ကာလ ကြာရှည်စွာ ပျောက်ဆုံးသွားသော သူ့ လူငယ် ဘဝနှင့် တူနေသည်။

လက်ရှိ အချိန်၌ လင်းယွန်၏ ကြယ်ဓားသည်အကန့်အသတ်မရှိ တိုးပွား လာသည်။

နဂါးငွေ့တန်း အရေအတွက်သည် သုံးဆယ့်ခြောက် မှသည် ခုနစ်ဆယ့်နှစ် အထိ ဖြစ်လာ၏။

အလျားသည်ပင် ပေတစ်ထောင်ကျော် သွားချေပြီ။ သို့တိုင် ပြီးပြည့်စုံသော ကျွမ်းကျင်မှု မရောက်နိုင်သဖြင့် တစ်စုံတစ်ရာ လွဲမှား နေကြောင်း ခံစားမိ လာသည်။

ဤသည်မှာ အရင်းအမြစ် ပြဿနာ မဟုတ်နိုင်ချေ။ နားလည် သဘောပေါက်မှု လိုအပ်နေခြင်း ဖြစ်ချေပြီ။

အချိန်များ တရွေ့ရွေ့ ကုန်လွန်ကာ တစ်လကြာသွားသည်။ ရည်ရွယ်ချက် သုံးပါးကို စေ့စေ့စပ်စပ် ကျွမ်းကျင်လာခဲ့ပြီး ပြီးပြည့်စုံမှုသို့ ရောက်ရှိ သွား၏။

နဂါးပြာ မှတ်တမ်း သည်လည်း ထွက်ပေါ်လာရန် နှစ်လ မျှသာ လိုပေတော့ ချေသည်။

“ ယဲ့ချင်းရှန် နဂါးပြာ မှတ်တမ်း ပေါ်လာတော့မယ်၊ ရွှေခေတ်က အရင်လို မဟုတ်ဘူး၊ ပရမ်းပတာ ဖြစ်လာ လိမ့်မယ်၊ ...

... ရွှေခေတ်မှာ ဉာဏ်ကြီးရှင် တေွပဲ တောက်ပပြီး၊ ဒီဉာဏ်ကြီးရှင် တေွပဲ သေကျေ ပျက်စီးလိမ့်မယ်။ ”

လင်းယွန်မှ ပြုံးသည်။

“ ဘယ်သူ ... ဉာဏ်ကြီးရှင် မဖြစ်ချင်တာ ရှိလို့လဲ၊ ဒါက ဘဝပါ၊ ဓားတာအို အပေါ် ရွေးပြီး လျှောက်လှမ်း လိုက်တဲ့ အချိန်တည်းက ငါ့မှာ ရွေးချယ်စရာ မရှိသလို နောက်ဆုတ်ဖို့ လမ်းလည်း မရှိဘူး။ ”

ဝမ်မူယန် မျက်နှာ ပြောင်းသွားပြီး၊ တုံ့ဆိုင်းနေခဲ့၏။ နောက်ဆုံးတွင်၊

“ ဂရုစိုက်ပါ ... ငါ့ရှေ့မှာ မသေစေနဲ့။ ”

-ဟု သတိပေးလျက် ချာခနဲ လှည့်ထွက် သွားတော့သည်။

နောက်တစ်ကြိမ် တွေ့ဆုံမည့် အချိန်၌ ‘အစ်မကြီး’ဟု ခေါ်ဆိုက သူမ ပြုံးပြနေမည် မဟုတ်မှန်း သူတို့ သိလိုက်သည်။

“ သူက သွေးလ နတ်သမီး မဟုတ်ရင် ဘယ်လောက် ကောင်း လိုက်မလဲ ... ။ ”

လင်းယွန်က ရေရွတ် လိုက်သည်။ လွန်ခဲ့သည့် လတွင် ဝမ်မူယန် ဟူသည် သူ ထင်ထားသည့် အတိုင်း မဟုတ်ကြောင်း နားလည်ခဲ့သည်။

( ငါလည်း ဒီလို ခံစားရတယ်၊ သူက မိန်းမကောင်း တစ်ယောက်ပဲ၊ အစ်မကြီးက နင့် ခန္ဓာကိုယ်ကိုသာ လိုချင်ပေမယ့်၊ နင်ကတော့ အစ်မကြီး နှလုံးသားကို လိုချင်နေတယ်။ )

ခရမ်းငယ်က သက်ပြင်းချကာ ဝမ်မူယန် စကားအတိုင်း ညည်းတွား လိုက်၏။ ထိုအချိန်၌ ဘုံကျောင်းထံ လျှောက်လှမ်းလာသော ပိုင်ချင်းယွီကို သတိ ထားမိလာသည်။

သူမနှင့် မတွေ့တာ ကြာပြီ ဖြစ်၏။ ထို့ကြောင့် ပြုံးလျက်၊

“ ဂျူနီယာ ညီမ ချင်းယွီ၊ မင်းက လေ့ကျင့်ဖို့ လာတာလား။ ”

-ဟု မေးမြန်း လိုက်သည်။

“ ဘာအတွက် လေ့ကျင် ရမှာလဲ ... အခုလာတာ အစ်ကိုကြီးယဲ့ အတွက်၊ ငါကတော့ စောင့်နေ လိုက်ရတာ တစ်လ ရှိပြီ၊ အစ်ကိုယဲ့က မြေခွေးမနဲ့ ဒီမှာ အတူ ရှိနေတယ်။ ”

“ ဖြည်းဖြည်း ... ဖြည်းဖြည်းပြော ... ။ ”

လင်းယွန်က အဆင်မပြေသော အပြုံးနှင့် ပြောလိုက်သည်။

“ စီနီယာ အစ်ကိုယဲ့ ... မင်းက အဲဒီ မြေခွေးမနဲ့ အချိန် ဖြုန်းနေတာလား၊ အပြင်မှာ ကမ္ဘာကြီး ဘာဖြစ်နေလဲ သိလား။ ”

နဂါးပြာ မှတ်တမ်းသည် အရှေ့ဘက် ပျက်စီးမြေတွင် ပေါ်လာမည်ကို သိရှိပြီးနောက်၊ ပါရမီရှင်များ စုရုံးလာကြသည်။

နေ့တိုင်းလိုလို တပည့်များ ကြားတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားပြီး၊ လူတိုင်းက နဂါးပြာ မှတ်တမ်း မတိုင်မီ နာမည် တစ်ခု တည်ဆောက်ချင် နေ၏။

သည့်အပြင် အရှေ့ဘက် ပျက်စီးမြေ အတွင်း၌ ထူးခြားသော ရတနာများ ပေါ်လာ ခဲ့သည်။

ထို့ကြောင့် အရှေ့ဘက် ပျက်စီးမြေသည် ဝရုန်းသုံးကား အခြေအနေသို့ ဆိုက်ရောက်နေ တော့၏။

နဂါးပြာ မှတ်တမ်း မတိုင်မီ ခွန်အား မြှင့်တင်လိုကြပြီး၊ မည်သူမျှ အခွင့်အရေးကို လက်လွတ် မခံချင် ကြချေ။

လင်းယွန်က ဝမ်မူယန်နှင့် ကြည်နူး နေချိန်တွင် အခြားလူများသည် အခွင့်အရေးကို ဆုပ်ကိုင် နေကြ၏။ ယင်းက သဘာဝ ကျကျ ပိုင်ချင်းယွီကို ဒေါသ ဖြစ်စေသည်။

“ အခု ... မီးလျှံ ရွှေကြာပန်း သစ်ပင် ပေါ်လာပြီ၊ ဒီတစ်ခါတော့ အစ်ကိုယဲ့ လက်လွတ် သွားလို့ မရဘူး။ ”

ပိုင်ချင်းယွီ စကားများကို နားထောင်ကာ တွေဝေ သွားသည်။ သူမသည် အလေးအနက် ထားပြော နေသည်ကို မြင်သဖြင့် ကူကယ်ရာ မဲ့သော ခံစားချက်များ ဝင်လာ၏။

သူသည် ဝမ်မူယန်နှင့် အချိန် ဖြုန်းနေခြင်း မဟုတ်ကြောင်း ရှင်းပြရန် စကားရှာ မရသဖြင့် နောက်ဆုံးတွင် စွန့်လွှတ် လိုက်ရသည်။

“ ကောင်းပြီ ငါသွားလိုက်မယ်။ ”

“ ဟီးဟီး ... ဒါဆို သွားကြရအောင်၊ ငါ အစ်ကိုယဲ့ကို .. အစ်ကိုကြီး ပိုင်ယွင်ဖေးနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်။ ”

သူမ ပါးစပ်မှ ပိုင်ယွင်ဖေး ဟူသော အမည်ကြောင့် လင်းယွန် ခမျာ ချက်ချင်း နောင်တရ သွားသည်။

၎င်းသည် ထိုညက ကျောက်တျန်းယွီနှင့် တိုက်ခိုက်ခဲ့သော အဖြူဝတ် ရွှေသင်းထောက် လူငယ် ဖြစ်ချေပြီ။

***

All Chapters