သန့်ရှင်းသော သမီးတော် သတ်သူ။
Vol. 151 Ch. 2103
“ မီးလျှံ ရွှေကြာပန်း သစ်ပင်က ဘာအသုံးဝင်လဲ။ ”
လင်းယွန်မှ မေးသည်။ ထိုအမည်ကို ပထမဆုံး အကြိမ် သူ ကြားဖူးခြင်း ဖြစ်သည်။
“ ဒါဟာ သူတော်စင် အပင်ပဲ၊ မျိုးသုဉ်း သွားတာကြာပြီ ဗုဒ္ဓဘာသာဂိုဏ်းတွေ ကြီးစိုးတဲ့ နယ်မြေတွေမှာသာ ပေါက်နိုင်တယ်၊ သူက ဘယ်ဒဏ်ရာ မဆို ကုသ ပေးနိုင်တယ်၊ ...
... သိုင်းပညာ တွေကိုလည်း ရွှေကြာပန်း လျှို့ဝှက်နယ်မြေ ထဲမှာ ဝင်ရောက် လေ့ကျင့်နိုင် ပါတယ်၊ ဒါကြောင့် မီးလျှံ ရွှေကြာပန်း နယ်မြေ အတွင်းမှာ နိဗ္ဗာန်-ဒဿမ အဆင့်ကို ...
... တက်ရောက်ဖို့ ကြိုးစား ကြည့်နိုင်တယ် မအောင်မြင်ရင်တောင် ဒဏ်ရာရမှာ မဟုတ်ဘူး၊ ဒီလိုနည်းလမ်းနဲ့ အမည်ခံ သူတော်စင်ဘုံကို ဆက်သွား နိုင်မယ်။ ”
ပိုင်ချင်းယွီမှ ရှင်းပြသည်။ သူမ စကားကြောင့် လင်းယွန်မှ အနည်းငယ် အံ့အားသင့် သွား၏။
နိဗ္ဗာန်-ဒဿမ အဆင့်ကို ကျရှုံးပြီး၊ ဒဏ်ရာများကြောင့် အမည်ခံ သူတော်စင်ဘုံသို့ အောင်မြင်မှု မရရှိ ခဲ့ခြင်းဟု သူမ ထင်နေပုံ ရသည်။
အမှန်မှာ နောက်ဆုံး အခိုက်အတန့်တွင် သူဆုတ်ခွာခဲ့ခြင်း ဖြစ်သည်။ သို့သော် လူတိုင်းမှ ကျရှုံးမှု အဖြစ်သာ မြင်ကြ၏။
“ ငါ အခု ကောင်းနေပြီ ... ။ ”
“ ဟမ့် ... မယုံဘူး၊ ကောင်းသွားရင် ကောင်းကင် စက်ဝန်း ဘုံကျောင်းက ထွက်လာ တာတောင် ဘာလို့ ... နိဗ္ဗာန် အဆင့်မှာပဲ ရှိနေ ရတာလဲ၊ ချင်းယွီတောင် အမည်ခံ သူတော်စင် အဆင့် ရောက်နေပြီ။ ”
ဤအရာက လင်းယွန်အတွက် ရှင်းပြနိုင်သည့် နည်းလမ်း မရှိချေ။ သူသည် နိဗ္ဗာန်-ဒသမ အသွင် ကူးပြောင်းမှုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် အမည် သူတော်စင် နယ်ပယ် ရောက်ရန် ယခင်ထက် များစွာ ခက်ခဲ ချေပြီ။ မီးလျှံ ရွှေကြာပန်း သစ်ပင် မျှဖြင့်၊ အမည်ခံ သူတော်စင် နယ်ပယ် ရောက်အောင် ကူညီနိုင်မည်ဟု မထင်ချေ။
သို့သော် ကိုယ်လုံး ကိုယ်ပေါက်ကို သန့်စင်ရာ၌ အသုံးဝင် နိုင်မည်။ နောက်ဆုံးတွင် သူ့ခန္ဓာသည် ဘဝ-သုံးပါး သစ်သီး အတွင်း၌ ဆယ်နှစ်ကျော် နေခဲ့သဖြင့် အနည်းငယ် အားနည်းချက်များ ရှိနေပြီ ဖြစ်သည်။
၎င်းကို သန့်စင်နိုင်သော် အမည်ခံ သူတော်စင် မဖြစ် သေးသည့်တိုင် ကောင်းကင် စက်ဝန်း ဘုံကျောင်း၏ အချိန်-အာကာသ နေရာသို့ ဝင်ရောက် နိုင်ပေမည်။
နှစ်ယောက်သား တာအို နန်းတော်သို့ ရောက်သော အခါ၊ ပိုင်ယွင်ဖေးမှာ လွန်ခဲ့သော သုံးရက်ကပင် ကောင်းကင် တာအိုဂိုဏ်းမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိလိုက်ရ၏။
“ သွားရအောင် သူတို့ တည်နေရာကို ချင်းယွီ သိတယ်၊ လာ လိုက်ခဲ့ ... ။ ”
“ ဘယ်ကိုလဲ ... ။ ”
“ လျှပ်စီး ကောင်းကင် တောင်တန်း ... အဲဒီနေရာက ယခင် ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နယ်မြေပဲ၊ လျှပ်စီး ကောင်းကင် ကျောင်းတိုက် တည်ရှိတယ်၊ အခုတော့ ပျက်စီးနေပြီ။ ”
ပိုင်ချင်းယွီ ဦးဆောင်ကာ နှစ်ယောက်သား ဂိုဏ်းမှ ထွက်ခွာလာခဲ့၏။ မြင်းနှစ်ကောင်သည် နတ်နဂါးများ၏ အသွေးအသားကို ပိုင်ဆိုင် ထားချေပြီ။
ထို့ကြောင့် အမြန်နှုန်းသည် ကောင်းကင် မူလအဆင့်မှ အမည်ခံ သူတော်စင်နီးပါး မြန်၏။ တစ်ရက် မပြည့်ခင် မှာပင် လျှပ်စီး ကောင်းကင် တောင်တန်းသို့ ရောက်ရှိလာသည်။
လျှပ်စီး ကောင်းကင် တောင်တန်းသည် ပေထောင်ပေါင်းများစွာ ရှည်လျား ကြီးမားသော တောင်တန်းကြီး တစ်ခုဖြစ်သည်။
တောင်ကြား တစ်နေရာရှိ၊ မြစ်ကမ်း တစ်လျှောက် လိုက်၍ လူ ဖန်တီးထားသော လှိုဏ်ဂူ တစ်လုံးရှေ့ ရောက်ရှိလာသည်။
လှိုဏ်ဂူအတွင်း မပြည့်စုံသော ဗုဒ္ဓ ပန်းချီကားများနှင့် ရုပ်ပွားတော်များ ရှိသည်။ ဂူတစ်ခုလုံးကို ကျားကန် ပေးထားသော ကျောက်တိုင် တစ်ရာကျော် ရှိ၏။
အတွင်း၌ ကျယ်ဝန်းပြီး လူပေါင်း သောင်းနှင့်ချီ သွားလာ လှုပ်ရှား နေထိုင် နိုင်မည်။
သို့သော် ဝင်ပေါက်ရှေ့၌ အရှေ့ဘက် ပျက်စီးမြေ၏ မြင့်မြတ်မြေ တပည့်များဖြင့် ပြည့်နှက် နေသည်။
လူအများက လှိုဏ်ဂူထဲ ဝင်ချင်ကြ သော်လည်း ထိုမြင့်မြတ်မြေ ကိုယ်စားလှယ် များက တားထာ၏။
“ မြင့်မြတ်မြေ တွေက ဒီမှာလာပြီး ကြီးစိုးနေတယ် ငါတို့ကို ၀င်ခွင့် မပေးဘူး။”
“ စိတ်အေးအေး ထားပါ သူတို့ ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး။ ”
လူအများက ဒေါသထွက် သော်လည်း မျက်နှာတွင် မပြဝံ့ချေ။
“ လူတွေ အများကြီးပဲ။ ”
လင်းယွန်က ဤမြင်ကွင်းကို မြင်လိုက်ရသော အခါ အံဩ သွားလေသည်။ ပိုင်ချင်းယွီ စကားများ မှန်၏။
နဂါးပြာ မှတ်တမ်း အသွင်အပြင်ကြောင့် အရှေ့ဘက် ပျက်စီးမြေသည် လှုပ်ထွေးလာပြီ ဖြစ်သည်။
တစ်ချိန်လုံး ပြိုင်ဆိုင်နေသော မြင့်မြတ်မြေ ခြောက်ပါး သည်ပင် အချင်းချင်း စည်းလုံးနေပြီ ဖြစ်၏။
“ အဲ့ဒီမှာ ရပ် ... ။ ”
တစ်စုံတစ်ယောက်က သူတို့ကို တားလာသည်။
“ သူတို့ကို တားဖို့ မလိုဘူး၊ သူတို့က ငါတို့ ကောင်းကင် တာအိုဂိုဏ်းကပဲ၊ သူက ယဲ့ချင်းရှန် ဒီမိန်းကလေးက ငရဲသစ်ခွခြံဝင်းရဲ့ ပိုင်ချင်းယွီ။ ”
“ ဒါဆို သူက ယဲ့ချင်းရှန်ပေါ့ ... ။ ”
“ ကြည့်ရတာ ကောလဟာလ တွေက မှန်သလိုပဲ၊ အမည်ခံ သူတော်စင် နယ်ပယ်မှာ ရှိမနေဘူး၊ နိဗ္ဗာန်-ဒသမ အဆင့် အသွင် ကူးပြောင်းဖို့ ... ပျက်ကွက်ခြင်းရဲ့ အကျိုးဆက်က ပြင်းထန်ပုံရတယ်။ ”
“ မှန်တယ် ... ဒဏ်ရာတွေသာ မပြင်းထန်ရင်၊ သူ့အရည်အချင်းတွေ အရ၊ အချိန်-အာကာသ ရတနာနဲ့ မရဏ မူလ အဆင့်ကိုတောင် ရောက်နိုင်တယ်။ ”
မြင့်မြတ်မြေ ခြောက်ပါးလုံးက လင်းယွန် အကြောင်းကို သိထားခဲ့ သဖြင့် စကားစမြည် ပြောဖွယ် ရသွားကြသည်။
ယဲ့ချင်းရှန်သည် ဓားညီလာခံ၏ ချန်ပီယံတစ်ဦး ဖြစ်ပြီး အရက်မူးနေချိန်မှာပင်၊ အမည်ခံ သူတော်စင်ကို သတ်ပစ်ခဲ့၏။
နှစ်ယောက်သား ဂူထဲသို့ ဝင်ခွင့် ရသွားသည်။ ဂူအတွင်း၌ ကောင်းကင် တာအို ဂိုဏ်းမှ ရင်းနှီးသော မျက်နှာအချို့ကို မြင်လိုက်ရသည်။
၎င်းတို့မှာ ဝမ်ယွဲ့၊ ချန်ကျန့်နှင့် အူယန်ဟဲ တို့ဖြစ်၏။ သူတို့သည် သူတော်စင် တပည့်များ ကြားတွင် ပါရမီရှင်များ ဖြစ်ကြပြီး၊ ဂုဏ်သိက္ခာ ရှိသော နောက်ခံများပင် ရှိသည်။
ထို့ကြောင့် ကောင်းကင် စက်ဝန်း ဘုံကျောင်းသို့ ဝင်ရောက်ကာ မိုးပြာ မူလ အဆင့် တက်လှမ်း ထားနိုင်ခဲ့၏။
ထိုမှတပါး အခြားသော မြင့်မြတ်မြေ ငါးပါးလည်း ရှိနေသည်။ နတ်တာအို ခန်းမကို သခင်ငယ် ဝူရှောင်မှ ဦးဆောင်လာ၏။
လူတိုင်းက ၎င်းတို့၏ အဖွဲ့အတွင်း လတ်တလော အဖြစ်အပျက်များကို ဆွေးနွေး နေရာမှ ခြေသံကြောင့် လှည့်ကြည့် လာ၏။
လူတိုင်း အမည်ခံ သူတော်စင် နယ်ပယ်၌ ရှိနေကြပြီး၊ အချို့သည် မရဏ မူလ အဆင့်ပင် ရောက်ရှိနေသည်။
အနည်းစုသာ မဟာ တာအိုကို ဆုပ်ကိုင် ထားနိုင်၏။ နတ်ဘုရား သင်္ချိုင်း တောင်တန်းသို့ သွားသော လူငယ်များ မှလွဲ၍၊ မြင့်မြတ်မြေ (၆)ပါး၏ အသန်မာဆုံး ပါရမီရှင်များ အားလုံး ဤနေရာသို့ ရောက်ရှိ နေခြင်း ဖြစ်လေသည်။
ကျောက်ဂူ အလယ်တွင် ထူးထူးခြားခြား မီးလျှံများ တောက်လောင်နေသည့် ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်ရှိ၏။
ရွှေမီးတောက် များက ပေတစ်ရာ သို့တိုင် လောင်ကျွမ်းနေပြီး၊ ဗုဒ္ဓကျမ်းစာ ရွတ်ဆိုသံများ မြည်ဟည်း နေခဲ့သည်။
သစ်ပင်အနှံ့ ရွှေကြာပန်း များစွာ ပွင့်လန်းကာ၊ အရည်အသွေး အမျိုးမျိုး ရှိသည့် အလင်းများ ထုတ်ပေးနေ၏။
ထိပ်ဆုံးတွင် ရှိသော ကြာပန်းသည် ကွဲပြားသော အဆင်းသဏ္ဍာန် ရှိပြီး၊ သူတော်စင် ရောင်ဝါ (၉)ပါးဖြင့် ဖုံးအုပ်ထားသည်။
ပန်းဖူးတွင် အသက် ရှိနေသကဲ့သို့ မြင့်မြတ်သော မီးတောက်များ တောက်လောင် နေ၏။
“ မြင့်မြတ်တဲ့ မီးလျှံ ရွှေကြာပန်း သစ်ပင်။ ”
ရွှေကြာပန်း၏ အသွင်အပြင်ကြောင့် လင်းယွန် တစ်ယောက် စိတ်လှုပ်ရှား သွားပြီး နေရာမှန် ရောက်လာကြောင်း သိလိုက်သည်။
ရွှေခေတ်သည် တကယ်ပင် ရောက်ရှိ လာပုံရ၏။ မြင့်မြတ်သော မီးလျှံ ရွှေကြာပန်း ကဲ့သို့ ရှေးခေတ် သဘာဝ ရတနာ တစ်ခုပင် ပြန်လည် ရှင်သန်လာသည်။
“ ညီအစ်ကိုယဲ့ ... ။ ”
ဝမ်ယွဲ့က ဝမ်းသာအားရ နှုတ်ဆက် လာသည်။ လင်းယွန်မှ ခေါင်းညိတ်လျက် ၎င်းထံ လျှောက်လှမ်း သွားမိ၏။
“ သူက ယဲ့ချင်းရှန်လား ... ။ ”
ယဲ့ချင်းရှန် အမည်ကြောင့် အခြားသော မြင့်မြတ်မြေ၏ ပါရမီရှင်များက လင်းယွန်ကို ပို၍ အာရုံစိုက် လာသည်။
“ မှန်တယ် ... လွန်ခဲ့တဲ့ နှစ်ကမှ ခြောက်ပါးသော မြို့တော်မှာ ... ၊ သူက နဂါး သွေးလွှတ်ကြော နယ်ပယ် ပထမ ရခဲ့တယ်၊ အခု ဓားညီလာခံမှာ အားလုံးကို အနိုင်ယူပြီး မရဏ မူလ အဆင့် အမည်ခံ သူတော်စင်ကို သတ်လိုက်တယ်၊ ...
... သူ့ပတ်ဝန်းကျင်မှာ ဒဏ္ဍာရီတွေ အများကြီးပဲ၊ နဝမမြောက် သမီးတော်က သူ့အတွက် ငရဲမြို့တော်ကို လာခဲ့တယ်၊ မြင်းစီးတာတောင် သူတို့ အတူတူ စီးကြတယ်လို့ ကြားတယ်။ ”
“ မဟုတ်ဘူး ... အဲဒီလူက တကယ့် လူယုတ်မာ၊ သန့်ရှင်းသော သမီးတော် ရေးချိုး တာကို ချောင်းကြည့်ခဲ့တယ်၊ ...
... ဒါကြောင့် သူ့ကို သန့်ရှင်းသော သမီးတော် သတ်သူအဖြစ် ခေါ်ဝေါ် ကြတယ်၊ ငရဲသစ်ခွ ခြံဝင်းက သန့်ရှင်းသော သမီးတော်နဲ့ ယင်-နန်းတော်ရဲ့ ...
... သန့်ရှင်းသော သမီးတော်က သူနဲ့ ဇာတ်လမ်းတွေ ရှိတယ်၊ နတ်နဂါး အင်ပါယာရဲ့ နဝမမြောက် သမီးတော်လည်း ချွင်းချက် မရှိဘဲ။ ”
“ သူက အရည်အချင်း ရှိပေမယ့်၊ ဒသမမြောက် အသွင် ကူးပြောင်းမှုကို မရောက်နိုင်ခဲ့လို့ သနားစရာပဲ။ ”
ယဲ့ချင်းရှန်သည် လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး သူတို့အတွက် ဆွေးနွေးစရာ အကြောင်းအရာ ဖြစ်လာသည်။
“ အစ်ကိုယဲ့ ... မင်းကို ဒီက လူတိုင်း သိနေပြီ။ ”
ထိုမြင်ကွင်းကို ဘေးမှ ရပ်နားထောင် နေခဲ့သော ပိုင်ချင်းယွီက ဂုဏ်ယူ နေခဲ့သည်။ လင်းယွန်သည် နိမ့်ကျသော ပုံရိပ်ကို ထိန်းထား လိုသော်လည်း၊ ပိုင်ချင်းယွီမှ လက်ကိုင်ထား သဖြင့်၊ အကူအညီမဲ့ လာတော့၏။
***