← Chapters

လေးစား ခံရခြင်း။

Vol. 151 Ch. 2104

လေးစား ခံရခြင်း။

Vol. 151 Ch. 2104

‘သန့်ရှင်းသော သမီးတော် သတ်သူ၊’ ဟူသော ဘွဲ့အမည်ကြောင့် နိမ့်ကျသော ပုံရိပ်ကို ထိန်းထား၍ မရကြောင်း နားလည်လိုက်၏။

နှစ်ယောက်သား ကောင်းကင် တာအို ဂိုဏ်း၏ စုဝေးရာ နေရာသို့ လျှောက်လှမ်းနေစဉ် လူတိုင်း၏ အကြည့်ကို ခံယူနေရသည်။

ယဲ့ချင်းရှန်သည် နိဗ္ဗာန်-ဒသမ အသွင် ကူးပြောင်းရေးသို့ တက်ရောက်ရန် ပျက်ကွက် ခဲ့လျှင်ပင်၊ ၎င်း၏ အရည်အချင်းကြောင့် လျှော့မတွက် ဝံ့ကြချေ။

နဂါးပြာ မှတ်တမ်းကို လွတ်ခဲ့လျှင်ပင် ပြန်လည် ရုန်းထနိုင်မည်။ အမည်ခံ သူတော်စင် များမှ သူ့ကို ကွဲပြားစွာ ကြည့်လာကြ၏။

ကြယ်ဓားနှစ်လက် ပိုင်ရှင်များသည် မသေသရွေ့ အနာဂတ်တွင် ဓားသူတော်စင် တစ်ယောက် ဖြစ်ပေမည်။

“ ချင်းယွီ ... သူ့ကို ခေါ်ဖို့ ဘယ်သူက ခိုင်းခဲ့လို့လဲ။ ”

ပိုင်ယွင်ဖေးက မျက်မှောင်ကြုတ်ပြီး အေးစက်စွာ မေးခွန်း ထုတ်လိုက်၏။ သူသည် ယဲ့ချင်းရှန်ကို မကြိုက်ချေ။

အထူးသဖြင့် ပိုင်ရှုရင်နှင့် ပတ်သတ်သော သတင်းများကြောင့် အထင်သေး ရွံရှာမိသည်။

“ အစ်ကိုယဲ့က မဟာ သူတော်စင်ရဲ့ တိုက်ရိုက် တပည့်ပဲ ... ဒါဆို သူဘာလို့ ဒီကို လာခွင့် မရှိရမှာလဲ။ ”

ပိုင်ချင်းယွီမှ ပြန်ဖြေ၏။

“ ဒီမှာရှိတဲ့ လူတိုင်းက အနည်းဆုံး မိုးပြာမူလ အဆင့်ပဲ၊ နိဗ္ဗာန် အဆင့်က တစ်စုံ တစ်ယောက်က မြင့်မြတ်သော မီးလျှံ ရွှေကြာပန်းကို ...

... ယှဉ်ပြိုင်ချင် နေတာလား၊ မဟာ သူတော်စင် တပည့် ဖြစ်ရင်တောင်၊ အခွင့်အရေး မရှိသေးပါဘူး။ ”

ပိုင်ယွင်ဖေးမှ ငြင်းဆန်း၏။

“ ဘာလို့ မရှိ ရမှာလဲ၊ အစ်ကိုယဲ့သာ မြင့်မြတ်တဲ့ မီးလျှံ ရွှေကြာပန်းကို ရလာရင် သူ့ဒဏ်ရာတွေကို ကုသပြီး နှစ်လအတွင်း သူတော်စင်လမ်း ရောက်နိုင်တယ်။ ”

“ မဟုတ်ဘူး ... သူက အမည်ခံ သူတော်စင် မဟုတ်လို့ ဒီအခွင့်အရေး မရနိုင်ဘူး။ ”

ပိုင်ယွင်ဖေးမှ ပြတ်သားစွာ ခေါင်းယမ်းပြ၏။

“ ဒါဆို ... ငါ ထွက်သွား ရမှာလား။ ”

လင်းယွန်က ပြုံးကာ မေးလိုက်သည်။

“ ဟုတ်တယ် ... ဒီမှာ တစ်ယောက် ယောက်က မင်းကို စောင့်ရှောက် ပေးနိုင်မှာ မဟုတ်ဘူး။ ”

ပိုင်ယွင်ဖေးမှ ပြန်ဖြေ၏။ သူ့မျက်လုံး ထဲတွင် ယဲ့ချင်းရှန်း ဟူသည် လူယုတ်မာ မျှသာ ဖြစ်၏။ အရေးပါသည်ဟု လုံးဝ မမြင်ချေ။

“ တကယ်လို့ ... မီးလျှံ ရွှေကြာပန်းသာ ရခဲ့ရင် ... ငါ့ဝေစုကို ယဲ့ချင်းရှန် ပေးလိုက်ပါ၊ ငါ မယူတော့ဘူး။ ”

မျိုးဆက်ဟောင်း သူတော်စင် တပည့် တစ်ဦးမှ ရုတ်တရက် ဝင်ပြောသည်။ သူသည် မရဏ မူလ အဆင့်၌ ဖြစ်သော်လည်း အသက် အရွယ် ကြီးရင့်နေပြီ ဖြစ်သည်။

ထို့ပြင် မဟာ တာအိုကို နားမလည် နိုင်သဖြင့်၊ မြင့်မြတ်သော မီးလျှံ ရွှေကြာပန်း ရလျှင်ပင် အလားအလာ မရှိချေ။

ယင်းကြောင့် အရည်အချင်း ရှိသော ယဲ့ချင်းရှန်ကို ခွဲတမ်း ပေးလှူ လိုသည်မှာ၊ သဘာဝ ပေပင်။

“ ငါလည်း ... ဆန္ဒရှိတယ်၊ အစ်ကိုယဲ့က ငါတို့နဲ့ မတူဘူး၊ သူက ဓားညီလာခံ ချန်ပီယံပဲ၊ ဒီလို ဉာဏ်ကြီးရှင်မျိုး ... ငါတို့ အရှေ့ဘက် ပျက်စီးမြေမှာ ပေါ်မလာတာ ကြာပြီ။ ”

ဝမ်ယွဲ့မှ ခေါင်းညိတ်ကာ ထောက်ခံ၏။ သူသည် ဝမ်မိသားစုမှ ပါရမီရှင် ဖြစ်သော်လည်း ယဲ့ချင်းရှန်ကို လေးစားသည်။

“ ငါလည်း ဆန္ဒ ရှိတယ်။ ”

“ ငါလည်း အတူတူပဲ။ ”

အိုယန်ဟဲနှင့် ချန်ကျန့်မှ ပိုင်ယွင်ဖေးကို ကြည့်ကာ ပြောကြားလာ၏။ ကျန်သူများက နှုတ်ဆိတ် နေသော်လည်း၊ ယဲ့ချင်းရှန် ဘက်မှ ရပ်တည်မည်ကို မြင်သာနေသည်။

လူယုတ်မာ တစ်ယောက်သည် တစ်နှစ် အတွင်း ဤသို့သော ဂုဏ်သိက္ခာမျိုး ထူထောင် ထားနိုင်မည်ဟု မထင်သော ပိုင်ယွင်ဖေး ခမျာ အံ့ဩသွား၏။

သူသည် မဟာ တာအိုကို ဆုပ်ကိုင် ထားနိုင်သည့် မရဏမူလ အသွင်ပြောင်းခြင်း အဆင့်မှ အမည်ခံ သူတော်စင် ဖြစ်သည်။

ယင်းရာထူးဖြင့် ယဲ့ချင်းရှန်ကို ဖိနှိမ်နိုင် မည်ဟု ယူဆထားသော အတွေးများ လွင့်ပါး ပျောက်ကွယ် သွားရ၏။

“ စီနီယာ အစ်ကိုပိုင်... ၊ အစ်ကိုယဲ့နဲ့ ပတ်သက်ပြီး ပြဿနာ မရှိဘူး မဟုတ်လား၊ သူက သခင်ငယ် ဝူရှောင်ကို ... အနိုင်ယူ ပေးခဲ့တဲ့ သလို၊ ဂိုဏ်းရဲ့ ...

... ဂုဏ်သိက္ခာ အတွက် ခြောက်ပါးသော မြို့တော်မှာ အမည်ခံ သူတော်စင် တစ်ပါးကို သတ်ပစ်ခဲ့ ဖူးတယ်။ ”

“ ဟုတ်တယ် ... ညီအစ်ကိုယဲ့က နိဗ္ဗာန် နဝမအဆင့် ဆိုပေမယ့် ... ငါတို့ လိုက်မမီနိုင်တဲ့ အဆင့်မျိုးပါ။ ”

“ သူက ပိုးစုန်းကြူး နတ်ဓား သူတော်စင်ပုံစံရဲ့ ဒသမမြောက် ဓားကိုလည်း ကျွမ်းကျင်ထား ပါတယ်။ ”

လူအချို့သည် ပိုင်ယွင်ဖေး၏ ဂုဏ် သတင်းနှင့် ခွန်အားကို ကြောက်ကြ လေသည်။ ထို့ကြောင့် တိုက်ရိုက် မကြည့်ဝံ့ဘဲ တိုးတိုးလေး မျှသာ ပြောဝံ့ကြ၏။

“ အစ်ကိုယဲ့ ... မင်းကို ဒီမှာ နေစေချင်တဲ့ လူတွေ အများကြီးပဲ။ ”

ပိုင်ချင်းယွီမှ ဝမ်းသာ အားရ ပြောကြား လာသည်။ သူမ စကားများကြောင့် လင်းယွန်မှ ပြုံးလိုက်မိ၏။ ကောင်းကင် တာအိုဂိုဏ်းသည် သူ့အား နွေးထွေးမှု ပေးချေပြီ။

ပိုင်ယွင်ဖေး ခမျာ သူ့ရာထူးဖြင့် ဤသို့ ခက်ခဲသော အနေအထားမျိုး ပထမဆုံး အကြိမ် ကြုံရခြင်း ဖြစ်၏။

ဝမ်ယွဲ့က ပြုံးလိုက်ပြီး၊

“ အစ်ကိုပိုင် ... ညီအစ်ကိုယဲ့က နိဗ္ဗာန်-ဒသမ အဆင့်ကို အသွင်ပြောင်းဖို့ မအောင်မြင် နိုင်ပေမယ့် ... မရဏ မူလအဆင့်က အမည်ခံ သူတော်စင်ကို သတ်နိုင်ပါ သေးတယ်၊ ...

... အနည်းဆုံးတော့ သူက ငါတို့ထက် ပိုသန်မာတယ်၊ သူက မင်းရဲ့ ဖိအားတွေကို ဝေမျှ ထမ်းပေး နိုင်ပါလိမ့်မယ်။ ”

-ဟု ထွက်ပေါက် ဖွင့်ပေးလိုက်သည်။

“ ကောင်းပြီ မင်း ဆက်နေနိုင်တယ်၊ ဒါပေမယ့် ဘေးကနေ ရပ်ကြည့်နေပါ၊ ဝေစု ပေးမယ်၊ မဟုတ်လို့ မင်း ဒဏ်ရာရ သွားရင် မဟာ သူတော်စင်တွေကို ငါရှင်းပြနိုင်မှာ မဟုတ်ဘူး။ ”

ပိုင်ယွင်ဖေးသည် သူ့အပေါ် အထင်သေး နေသည်ကို မြင်ပြီးနောက် လင်းယွန်မှ စကား မဆိုဘဲ ပြုံးနေလိုက်သည်။

ငြင်းခုံရန် စိတ်မဝင်စားချေ။ နေရာတစ်ခု ရှာကာ ပေါ့ပေါ့ပါးပါးပင် ထိုင်လျက် ပွဲကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မတိုက်ဘဲ ဝေစုရသော် အကောင်းဆုံး ဖြစ်ချေပြီ။

“ သူတို့အားလုံးက မင်းကို ဉာဏ်ကြီးရှင် ဓားသမားလို့ ပြောကြတယ်၊ ဒါကြောင့် မင်းငါ့ရဲ့ ယင်ယန် သူတော်စင် ချပ်ဝတ်ကို ဖြတ်ကျော်နိုင် မလား သိချင်တယ်။ ”

ကြမ်းပြင်ပေါ် ထိုင်ချလိုက်သော လင်းယွန် အနားသို့ မင်ဂိုဏ်းမှ သူတော်စင် တပည့်တစ်ဦး လျှောက်လှမ်းလာသည်။

ဤလူကို မင်ဂိုဏ်း၏ သူတော်စင် တပည့်များကြား၌ ထိပ်တန်း ကျွမ်းကျင်သူ အဖြစ် သတ်မှတ်၏။ အမည်မှာ ရှောင်ရိ ဖြစ်သည်။

မရဏ မူလ အဆင့်၌ ရှိပြီး၊ အသက် နှစ်ဆယ်ကျော် မျှသာ ရှိသေး၏။ ခရမ်းရောင် ၀တ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည်။

ငယ်ငယ် ရွယ်ရွယ်ဖြင့် ဤကဲ့သို့ မြင့်မားသော ကျင့်ကြံမှုမျိုး ရရှိထား သည်မှာ အရည်အချင်း ပြသရာ ရောက်သည်။

ဤနေရာရှိ လူတိုင်းသည်၊ သူတော်စင် တပည့်များ ဖြစ်၏။ သန့်ရှင်းသော သားတော် များနှင့် သမီးတော်များမှ လွဲ၍ အသန်မာဆုံး ဖြစ်ကြသည်။

ထို့ကြောင့် သူတို့ အားလုံး မာနကြီးပြီး ယဲ့ချင်းရှန်၏ ဂုဏ်သတင်းကို မနာလိုကြချေ။ သဘာဝ အတိုင်း စမ်းကြည့်ချင် ကြသည်။

ဝမ်ယွဲ့မှ မျက်မှောင်ကြုတ်ကာ၊

“ ရှောင်ရ် ... မင်းက တိုက်ပွဲ စချင်နေတာလား။ ”

-ဟု မေးမြန်း လိုက်သည်။

မြင့်မြတ်မြေ ခြောက်ပါးသည် ဤမြင့်မြတ်သော မီးလျှံ ရွှေကြာပန်း အတွက် ဆွေးနွေးထားပြီး ဖြစ်၏။

မြင့်မြတ်မြေ တစ်ပါးစီသည် ၎င်းတို့၏ ခွန်အားများကို အခြေခံ၍ မြင့်မြတ်သော မီးလျှံ ရွှေကြာပန်းကို ရယူရန်၊ လူငါးဦးကို စေလွှတ်ကာ ပြိုင်ဆိုင်ရပေမည်။

ရှောင်ရိမှ ပြုံးလိုက်ပြီး၊

“ ယဲ့ချင်းရှန် နောက်မှ တိုက်ကြရအောင်၊ မင်းက ဓားတာအို ဉာဏ်ကြီးရှင် ဖြစ်ပြီး၊ မရဏ မူလ အမည်ခံ သူတော်စင်ကို သတ်ဖူးတယ် မဟုတ်လား၊ ဒါဆို ငါအနိုင်ကျင့်ရာ မရောက်ပါဘူး။ ”

“ ဒီကမ္ဘာမှာ ပါရမီရှင်တွေ အများကြီး ရှိတယ်၊ ငါက ဘာမှ မဟုတ်သေးပါဘူး၊ မရဏ မူလ အမည်ခံ သူတော်စင်ကို သတ်နိုင်တယ် ဆိုတာ ကလည်း ကံကောင်းလို့ပါ၊ မင်းငါ့ကို ဂရုစိုက်နေစရာ မလိုပါဘူး။ ”

“ အိုး ... ဒါဆိုရင် မင်းရဲ့ ဂုဏ်သိက္ခာက အတုအယောင်ပဲပေါ့။ ”

ရှောင်ရိက အေးစက်စွာ ပြုံးလျက် လှည့်ပြန်သွားသည်။ အခြားသော မြင့်မြတ်မြေ များက၊ အထူးသဖြင့် သခင်ငယ် ဝူရှောင်နှင့် နတ်ဖီးနစ်တောင်မှ စဉ်းစားနေခဲ့သည်။

နတ်တာအို ခန်းမ၏ သခင် ဝူရှောင်သည် ယဲ့ချင်းရှန်ကို ရှုံးနိမ့်ထား၏။ နတ်ဖီးနစ်တောင် အတွက်မူ ကောင်းကင် တာအို ဂိုဏ်းကို သူတို့နှင့် တန်းတူဟု မယုံချေ။

ထို့ကြောင့် အခွင့်အရေးများ ရပါက ယဲ့ချင်းရှန်ကို နင်းချေရန် ကြံရွယ်ထားလိုက် ကြသည်။

***

All Chapters