ဓားဘီလူး ... ။
Vol. 151 Ch. 2107
ဆယ်ကြိမ် ပြီးနောက် ကြက်သွေးရောင် သခင်မှ သွေးမီးတောက် နတ်ဆိုး ပန်းပွင့်နှင့် ပေါင်းစပ်ကာ၊ ရာဂဏန်းရှိသော နွယ်ပင်များကို ကြာပွတ်အဖြစ် ဖွဲ့စည်းခဲ့သည်။
“ ရွှပ် ... ။ ”
“ ..... ။ ”
ကြာပွတ်ကြီး ပျံထွက်လာသော အခါ နဂါးကိုးကောင်ခမျာ အော်ဟစ် မြည်တမ်းလျက် မြေပြင်ပေါ်သို့ ပြန်ဆင်းလိုက်ရ၏။
သခင်ငယ် ဝူရှောင် တစ်ယောက် ပါးစပ်မှ သွေးများ ထွက်လာပြီး ရောင်ဝါ ကျဆင်းသွား လေသည်။
“ ဒါ ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
သခင်ငယ် ဝူရှောင်က ခေါင်းမော့ပြီး၊ ကြက်သေွးရောင် သခင်ထံ မယုံကြည်နိုင်စွာ ပြန်မော့ကြည့် လိုက်သည်။
“ ဟား ဟား ဟား ... ဒီလောက် ခွန်အားလေးနဲ့ ငါ့ကို လှုပ်ရှားမှု သုံးကြိမ်တိတိ ဦးစားပေး တာလား၊ မင်းက လူပြက်ပဲ။ ”
နှစ်ယောက်သား နောက်ထပ် သုံးကြိမ် ဖလှယ်လိုက်သော အခါ ဝူရှောင် တစ်ယောက် သွေးတစ်လုတ် ထပ်အန်သွားသည်။
“ ဘုန်း ... ။ ”
“ ဝေါ့ ... ။ ”
ဂူနံရံနှင့် တိုက်မိပြီး နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွား၏။ ဂီတ နဂါး ကိုးကောင်ပင် ထိန်းမနိုင် သိမ်းမရ ဖြစ်လာခဲ့သည်။
ဤအခွင့်အရေးကို ယူရန် ကြက်သွးရောင် အမျိုးသမီးက ပါးစပ်ဖွင့်ကာ ထူးထူးဆန်းဆန်း ပြုမူ လာသည်။
သွေးမီးတောက် နတ်ဆိုးပန်း တစ်ပွင့် သူမပါးစပ်မှ ပျံထွက်လာခြင်း ဖြစ်၏။ ပန်းပွင့်က နတ်ဆိုး တစ်ကောင် ကဲ့သို့ ပါးစပ်ဟကာ၊ နဂါး ကိုးကောင်ကို ကိုက်စားပစ် လေသည်။
လူသားစား ပန်းတစ်ပွင့် ဖြစ်၏။ ဤသို့ဖြင့် ဂီတနဂါး ကိုးကောင်မှာ အစနပင် မကျန်အောင် ပျောက်ကွယ် သွားခဲ့သည်။
“ ဘယ်လောက် အရသာ ရှိလိုက်လဲ။ ”
ကြက်သွေးရောင် အမျိုးသမီးက နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ရေရွတ်လိုက်၏။ တစ်ဖက်တွင် သခင်ငယ် ဝူရှောင်မှာ အားနည်းလာပြီး ယိမ်းယိုင် နေခဲ့သည်။
သူ့ကျင့်ကြံမှုကို အမျိုးသမီးမှ ဝါးမြို သွားခဲ့သည့်အလား ဖြစ်နေသဖြင့်၊ လူတိုင်းက ထိတ်လန်ကုန်၏။
သည်ကာလအတွင်း ဤနည်းကို အသုံးပြုကာ သူမကိုယ် သူမ သန်စွမ်းစေ ခဲ့ကြောင်း လင်းယွန်မှ သိလိုက်သည်။
“ မင်းက ကိုယ့်ကိုယ်ကို သခင်ငယ်လို့ ခေါ်ဝံ့သလား၊ ဟောဒီ အရှေ့ဘက် ပျက်စီးမြေ ကြီးမှာ ... သခင်ငယ် ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လူဆိုတာ တစ်ယောက်ပဲ ရှိတယ်၊ ...
... အဲဒီလူက သခင်ငယ် ပန်းသင်္ချိုင်းပဲ၊ မင်းကိုယ်မင်း သူနဲ့ ဘွဲ့တစ်ခုတည်း ခံယူရ လောက်အောင် အရှက်မဲ့ နေသလား။ ”
ကြက်သွေးရောင် အမျိုးသမီးမှ လှောင်ပြောင် လိုက်လေသည်။ လူတိုင်း သူမကို ကြောက်လန့် သွားကုန်ပြီး၊ ပိုင်ယွင်ဖေးပင် ချွင်းချက် မရှိချေ။
သူမကို ဤမျှလောက် သန်မာမည်ဟု မည်သူမျှ မျှော်လင့် မထားဘဲ၊ ကျောက်တျန်းယွီ အပေါ်သာ အာရုံစိုက် မိခဲ့သည်။ သူမ ခွန်အားကို ဖုံးကွယ်ထားခဲ့ပုံ ရ၏။
“ ဒီမိစ္ဆာက နည်းနည်းတော့ ... သန်မာလွန်းတယ် မဟုတ်လား၊ တာအိုကို ကိုက်စား သွားတယ်။ ”
ပိုင်ချင်းယွီမှ လင်းယွန်အနား တိုးကပ်ကာ ပြောသည်။ လင်းယွန်မှ ခေါင်းခါလျက်၊
“ သူက သွေးမီးတောက် နတ်ဆိုးပန်း တစ်ပွင့်ပဲ၊ တာအိုကို မစား နိုင်ပါဘူး၊ မဟုတ်ရင် ဝူရှောင် သေသွားမှာပေါ့၊ ဒါ ... သူမ မျိုးဆက် သွေးရဲ့ အရည်အချင်းပဲ ဖြစ်ရမယ်။ ”
“ သွား ... သွားခွင့်ပြုပါ။ ”
အမျိုးသမီးက ခြေတစ်လှမ်း လှမ်းတက် လာသဖြင့်၊ သခင်ငယ် ဝူရှောင်မှ တောင်းပန် လိုက်လေသည်။
အမျိုးသမီက သူ့ကို ကန်ထုတ်လျက်၊ ပိုင်ယွင်ဖေးနှင့် ကျိဟွာယွီကို လှည့်ကြည့်ကာ၊
“ မင်းတို့ နှစ်ယောက် ... ထွက်မလာ သေးဘူးလား၊ ဒီလို အမှိုက်တွေနဲ့ ငါ့ကို အချိန် ကုန်စေချင် တာလား။ ”
-ဟု မေးမြန်းလိုက်သည်။
ပိုင်ယွင်ဖေးနှင့် ကျိဟွာယွီမှာ အဆင်မပြေ ဖြစ်သွား၏။ သူတို့ လှုပ်ရှားခဲ့သော် အနိုင်ရမည် ဖြစ်သည်။ သို့သော် ကျောက်တျန်းယွီ ရှိနေ၏။
တိုက်ပွဲ ဝင်နေချိန်၌ မီးလျှံ ရွှေကြာပန်း သစ်ပင်ကြီးထံသို့ အတားအဆီးမရှိ သွားရောက် နိုင်ပေမည်။
“ ဟား ... ဟား ... ဟား ... ၊ နင်တို့ နှစ်ယောက် ဘဝင်မြင့် နေတာလား၊ ငါ့အတွက် ပြိုင်ဘက် ရှာရခက် နေသလိုပဲ၊ ကောင်းပြီ ဒါဆို ယဲ့ချင်းရှန် ထွက်လာခဲ့ ... ။ ”
ကြက်သွေးရောင် အမျိုးသမီးမှ ပြုံးလျက် လင်းယွန်ထံ လှည့်ကြည့် လိုက်သည်။ သူမက၊
“ ဓားညီလာခံမှာ ဖုန်ရှောက်ယွီကို အနိုင်ယူပြီး၊ မရဏ မူလအဆင့်က အမည်ခံ သူတော်စင်ကို နင် သတ်ခဲ့တာ ငါကြားတယ်၊ အခု ဘာလို့ အဲဒီမှာ ထိုင်နေရ တာလဲ၊ နင်က ဉာဏ်ကြီးရှင် ဓားသမား မဟုတ်လား။ ”
-ဟု ပြောကြား လိုက်သည်။
ကျောက်တျန်းယွီ အနားတွင် ရပ်နေသော သခင်နှစ်ပါးမှလည်း လှမ်းကြည့် လာလေသည်။ သူတို့အမြင်၌ ရုပ်ရည် ချောမောပြီး၊ မည်သည့် ထူးခြားချက်မျှ မရှိချေ။
သွေးလ နတ်သားတော်သည် အဘယ်ကြောင့် ဤလူအပေါ်၊ အလေးထား နေမှန်း နားမလည် နိုင်ပင် ဖြစ်လာ၏။
“ မေ့လိုက်ပါ ... နင်က နိမ့်ကျတဲ့ ပုံရိပ်မျိုး လိုချင်နေတာပဲ၊ ကောင်းပြီ ... ငါပဲ အစပြုလိုက် တော့မယ်။ ”
အမျိုးသမီးက လင်းယွန်၏ အဖြေကို မစောင့်ဘဲ ကြက်သွေးရောင် မီးတောက်များ တောက်လောင်လျက် ပြေးဝင်လာ၏။
မီးတောက် များကြောင့် မြေပြင်၌ အက်ကွဲကြောင်းများ ပေါ်လာသဖြင့်၊ လူတိုင်း သူတို့ကိုယ် သူတို့ ကာကွယ် လိုက်ရသည်။
သို့တိုင် အပူဒဏ်ကို ခံနေရသေး၏။ ဤအခိုက်အတန့်တွင် ကြက်သွေးရောင် သခင် အပေါ် လူတိုင်း အမြင်သစ်ဖြင့် ကြည့်မိ လေသည်။
ရှောင်ရိနှင့် သခင်ငယ် ဝူရှောင်တို့ကို ရက်စက်စွာ ပြုမူခဲ့သော်လည်း သတ်ဖြတ်ရန် ရည်ရွယ်ချက် မပြခဲ့ချေ။
ယဲ့ချင်းရှန် အပေါ်မူ ဆန့်ကျင်ဘက် ဖြစ်သည်။ အဆိုပါ ထူးခြားချက်ကို သတိထား မိလိုက်သော ပိုင်ယွင်ဖေးက မျက်မှောင်ကြုတ် သွား၏။
တစ်ခုခု မှားယွင်းနေ ချေပြီ။ နိဗ္ဗာန် နဝမမြောက် အဆင့် အသွင် ကူးပြောင်းမှုမှ တစ်စုံ တစ်ယောက် အပေါ်၊ တိုက်ခိုက်ရာ၌ ခွန်အားများ အကုန်အစင် သုံးနေခဲ့၏။
သံသယဖြင့် ကျောက်တျန်းယွီထံ လှည့်ကြည့်ရာ၊ စိတ်ဝင်တစား မျက်လုံးများ ဖွင့်ကြည့်နေကြောင်း မြင်လိုက်ရ၏။
ဤအခိုက်အတန့်တွင်၊ ကြက်သွေးရောင် အမျိုးသမီးသည် ရှောင်ရိနှင့် သခင်ငယ် ဝူရှောင် အပေါ်၊ စိန်ခေါ်ရသည့် ရည်ရွယ်ချက်ကို နားလည် လာသည်။
သူတို့က ယဲ့ချင်းရှန်ကို သတ်ရန် လာခြင်း ဖြစ်၏။ သို့သော် တားဆီးရန် လွန်စွာ နောက်ကျ သွားချေပြီ။
ကြက်သွေးရောင် မီးတောက်များနှင့် ပွင့်ချပ်များ ဖုံးလွှမ်းလျက် အမျိုးသမီး ပျံသန်း လာလေသည်။
“ ဝှစ် ... ။ ”
နွယ်ပင်များစွာက သူမ ညာလက်မှ ထွက်လာပြီး၊ လက်သည်း အဖြစ် ပေါင်းစပ် သွားခဲ့၏။
အရာအားလုံးသည် လျင်မြန်လွန်း သောကြောင့် ယဲ့ချင်းရှန်ကို ကူညီရန် မဖြစ်နိုင် တော့ချေ။
လင်းယွန်က ပန်းသင်္ချိုင်းဓားကို ဆုပ်ကိုင်လျက်၊ ပျင်းရိနေသော အသွင်အပြင် ပေျာက်ကွယ် သွားသည်။ ထာဝရ ဓားတစ်လက် ကဲ့သို့ ရုတ်တရက် စူးရှလာ၏။
“ ..... ။ ”
ပန်းသင်္ချိုင်းက ဓားအိမ်မှ လက်မဝက်ခန့် ထွက်လာစဉ် လူတိုင်း၏ ဓားရှည်များ ထိန်းချုပ် နိုင်စွမ်း ဆုံးရှုံးကုန်သည်။
တစ်ချိန်တည်းမှာပင် ငွေရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။ မိုးပြာ နဂါး ဓားနှလုံးသား ဖြစ်ချေပြီ။
သူ့ ပတ်ဝန်းကျင်သည် ဓားနယ်မြေ အကြမ်းထည် ပုံစံ ပြောင်းလဲ သွားလေသည်။ သည့်နောက် ငွေဓားရောင်ခြည်က အမျိုးသမီး ရောင်ဝါကို လှီးဖြတ် ပစ်သည်။
တစ်ချိန်တည်းမှာပင် ပန်းသင်္ချိုင်း ထွက်လာပြီး နဂါးကဲ့သို့ ဟောက်သံပြု တော့၏။ အလင်း တစ်ချက် ပြိုးပြက် သွားသည်။
“ ရွှပ် ... ။ ”
“ အား ... ။ ”
နွယ်ပင်များ ထွက်နေသော အမျိုးသမီး၏ လက်ဖဝါးသည် အရင်းမှ ပြတ်ကျ သွားတော့၏။ လူတိုင်း အသက်ရှူရန် မော့လျော့ ကုန်သည်။
“ ဒါ ... ။ ”
ပိုင်ယွင်ဖေးမှာ အံသြ သွားသည်။ ယဲ့ချင်းရှန်ကို ကယ်တင်ရန် သူ့စိတ်ကူးသည် လမ်း၌ပင် ကျပျောက် သွား၏။
ယဲ့ချင်းရှန်မှ ဓားတစ်ချက် တည်းဖြင့် ကြက်သွေးရောင် သခင်ကို အနိုင်ယူ သွားသည်။ မယုံနိုင်စရာ ဖြစ်၏။
ဤမြင်ကွင်းကို မယုံနိုင်သည်မှာ သူတစ်ယောက်တည်း မဟုတ်ချေ။ မြင့်မြတ်မြေ (၆)ပါးလုံး အာခေါင်များ ခြောက်ကုန်သည်။
ယဲ့ချင်းရှန် တစ်ယောက် အစွယ်များ ဆုံးရှုံးသွားသည်ဟု မည်သူ ပြောခဲ့သနည်း။ ယဲ့ချင်းရှန် ဟူသည် အရှေ့ဘက် ပျက်စီးမြေ၏ ဓားဘီလူး တစ်ကောင် ဖြစ်နေမြဲ ပေပင်။
***