← Chapters

ကျက်သရေ ... ။

Vol. 151 Ch. 2108

ကျက်သရေ ... ။

Vol. 151 Ch. 2108

လူတော်တော် များများက သူတို့၏ မျက်လုံးများ လှည့်စား ခံနေရသည်လောဟု သံသယ ဝင်လာကြသည်။

ဓားတစ်ချက်တည်းဖြင့် ကြက်သွေးရောင် သခင်၏ လက်ကို ဖြတ်ပစ်ခဲ့၏။ ကြယ်ဓားပင် ထုတ်ဖော်ထားခြင်း မရှိချေ။

ယဲ့ချင်းရှန်သည် နာမည် ဂုဏ်သတင်းဖြင့် အမှန်ပင် ထိုက်တန်လှ၏။

“ ညီအစ်ကိုယဲ့က နိဗ္ဗာန် ဒသမအဆင့်ကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့တာ မဟုတ်လား၊ ဒါဆို သူ့ရဲ့ ခွန်အားက ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းနေရတာလဲ။ ”

“ တွေ့လား ... စီနီယာ အစ်ကိုယဲ့က ဒီမှာနေဖို့ ... အရည်အချင်း ပြည့်မီပါတယ်လို့ ချင်းယွီ ပြောခဲ့သားပဲ။ ”

ပိုင်ချင်းယွီမှ စိတ်လှုပ်ရှားစွာ ဝင်ပြော လိုက်သည်။ သူမ မျက်နှာတွင် အပြုံးများနှင့် ဂုဏ်ယူမှုများ ပြည့်နှက် နေ၏။

အနန္တ သင်္ချိုင်း တောင်ကြားတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တစ်ခုအပေါ်၊ သူမ မြင်ခဲ့ရပြီး နဂါးသွေးလွှတ်ကြော နယ်ပယ် ပထမ ဖြစ်လာပုံကို ကြုံတွေ့ထားသည်။

အရေးအကြီးဆုံးမှာ ရဲစွမ်း သတ္တိနှင့် ဓားသမား၏ အစွယ် မွေးမြူရပုံကို လင်းယွန်မှ သူမထံ သင်ပေးခဲ့၏။ မဟုတ်သော် ဤနေ့တွင် သူမ ကြောက်ရွံကာ စကားပင် ပြောဝံ့မည် မဟုတ်ချေ။

ပိုင်ယွင်ဖေးနှင့် အခြားသော လူများမှာ သူမစကားကို မချေပ နိုင်တော့ဘဲ တုန်လှုပ်နေ ခဲ့ကြသည်။

သို့သော် နောက်အခိုက် အတန့်တွင် လူတိုင်း စိတ်လှုပ်ရှားလာ ပြန်၏။ ယဲ့ချင်းရှန် စွမ်းပကား သည် သူတို့ကို ဂုဏ်တက် စေမည်။

ကျောက်တျန်းယွီ အနားရှိ အဖြူဝတ် သခင်နှင့် လိမ္မော်ရောင် သခင်၏ မျက်နှာများ တုန်လှုပ် ခြောက်ခြား လာသည်။

လိမ္မော်ရောင် သခင်က လျင်မြန်စွာ ပြေးတက်ကာ ကြက်သွေးရောင် သခင်ကို ဖမ်းယူလိုက် လေသည်။

ဒဏ်ရာကို စစ်ဆေးကြည့် ပြီးနောက် မျက်နှာ သိသိသာသာ ပြောင်းသွား၏။

“ ရှောင်ရို့ ... ။ ”

ကြက်သွေးရောင် အမျိုးသမီးမှာ နာကျင်မှုကြောင့် မူးမေ့လဲ လုနီးပါးပေပင်။ သူမ ပခုံးမှ သွေးတွေ စီးကျနေ၏။

လိမ္မော်ရောင် သခင်က ကြက်သွေးရောင် ဤအမျိုးသမီးနှင့် ဆက်ဆံရေး ရှိသောကြောင့် လင်းယွန်ကို တိုက်ခိုက်ရန် ပြေးဝင် လာခဲ့သည်။

“ ယဲ့ချင်းရှန် မင်းသေပြီ။ ”

အနား မရောင်ခင် မှာပင် လက်ဖဝါးကို တွန်းထုတ် လိုက်ရာ၊ လေထုအလယ် ပေါက်ကွဲ နေသော မီးလျှံများ လွင့်ထွက်လာ၏။

“ ရွှပ် ... ။ ”

လင်းယွန်ကို မျိုချရန် ပေတစ်ရာ ပတ်လည်ခန့် မီးပင်လယ်ကြီး ပေါ်လာသည်။ သို့သော် ဓားတစ်လက်က မီးပင်လယ်ကို ခွဲလျက် ထွက်လာတော့သည်။

မီးတောက်က မြေပြင်ပေါ် ကျရောက် လာသောအခါ မီးလောင် တွင်းနက်ကြီးများ ဖြစ်ပွား ကုန်၏။

ထိုမြင်ကွင်းက လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေသည်။ မိုးပြာ မူလ အဆင့်ရှိ အမည်ခံ သူတော်စင်ပင် ဤမီးတောက်နှင့် ထိတွေ့သော် ချက်ချင်း အရည်ပျော် သွားပေမည်။

လိမ္မော်ရောင် သခင်သည် ကြက်သွေးရောင် အမျိုးသမီးထက် ပို၍ အစွမ်းထက်သည်မှာ မြင်သာ နေ၏။

( ဘယ်လိုတောင် အစွမ်းထက် လိုက်တဲ့ ဓားရည်ရွယ်ချက်လဲ ... ကြယ်ဓား နှစ်လက်ကို မသုံးဘဲနဲ့တောင် ခြိမ်းခြောက် နိုင်တယ်၊ ငါတကယ် တိုက်ပွဲ ဝင်ရမယ်။ )

လိမ္မော်ရောင် သခင်က ခေတ္တမျှ တိုက်ပွဲ ဝင်ပြီးနောက်၊ လင်းယွန်၏ ဓားရည်ရွယ်ချက် မည်မျှ ထိတ်လန့်စရာ ကောင်းသည်ကို သိရှိ လာခဲ့သည်။

နောက်ပြန်ဆုတ်၍ မရတော့သဖြင့် ဟောက်သံ ပြုပြီး ရှေးဟောင်း နတ်ဆိုး သားရဲ နိုးထလာ သကဲ့သို့ ရောင်ဝါများ ပွင့်ထွက် လာသည်။

အမည်ခံ သူတော်စင် ရောင်ဝါများက လှိုဏ်ဂူကြီး တစ်ခုလုံး တုန်ယင် သွားစေ၏။

“ ဒါက ကြက်သွေးရောင် မီးမိစ္ဆာ ကင်းမီးကောက်ပဲ၊ ဒီလူ မျိုးဆက်သွေးကို အမွေ ရထားပုံ ရတယ်။ ”

“ အသွင်အပြင် အရ မရဏ မူလအဆင့် အမည်ခံ သူတော်စင် တစ်ပါးတောင် ရင်ဆိုင် နိုင်မှာ မဟုတ်ဘူး။ ”

လိမ္မော်ရောင် သခင်သည် ရှေးခေတ် သားရဲတစ်ကောင် ဖြစ်ပြီး ခွန်လွန် ပြင်ပမှ လာခြင်း ဖြစ်သည်။

သူ့မျိုးနွယ်နှင့် ပတ်သက်သော ဒဏ္ဍာရီများမှာ ခွန်လွန် ထိတိုင် ကျော်ကြားလှ ချေ၏။ ကြက်သွေးရောင် သခင်၏ ညာလက်၌ အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းလာသည်။

“ ထန် ... ထန် ... ။ ”

ထိုလက်သည်းသည် ပန်းသင်္ချိုင်းနှင့် ထိပ်တိုက် တွေ့သောအခါတွင် ပြင်းထန်သော စွမ်းအင်လှိုင်းများ ပျံ့ကားလာ၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ရလာဒ်အနေဖြင့် ကြက်သွေးရောင် သခင်ခမျာ နောက်သို့ သုံးလှမ်း ပြန်ဆုတ်သွား လိုက်ရသည်။

လင်းယွန်က မူလ နေရာမှ ခြေတစ်ဖဝါး မခွာချေ။ ပန်းသင်္ချိုင်းကို ကိုင်လျက် ရပ်ကာ ကြည့်နေခဲ့၏။

“ ဟိတ် ... ။ ”

လိမ္မော်ရောင် သခင်မှ မျက်စိတစ်မှိတ် အတွင်း လက်သည်းကုပ်ချက်ပေါင်း ဆယ်ချက် ဖန်တီးကာ လင်းယွန်ထံသို့ ထပ်မံ ဝင်ရောက် လာပြန်သည်။

သို့တိုင် လင်းယွန်မှ သူ့တိုက်ခိုက်မှုကို အလွယ်တကူ ပယ်ဖျက်နေခဲ့၏။ ပန်သင်္ချိုင်းက အဆုံးမရှိသော စွမ်းအင်များ စီးဆင်းနေသည့် မြစ်တစ်စင်းနှင့် တူလာသည်။

“ ဝှစ် ... ။ ”

ဓားရောင်ခြည်များ ပေါက်ကွဲလျက် လိမ္မော်ရောင် သခင် ခမျာ အဝေးသို့ တွန်းထုတ် ခံလိုက်ရ ပြန်၏။

“ ဒီကောင် ဘာကောင်လဲ ... သူ့ဓားက နည်းနည်းတော့ ကြောက်စရာ ကောင်းတယ် မဟုတ်လား။ ”

“ သူ့ထက် အဆင့် နှစ်ဆင့် မြင့်တဲ့ လိမ္မော်ရောင် သခင်ကို ဓားနဲ့ ခုခံနေတာလား၊ ကောင်းကင်ဘုံကို အံတုနေတာပဲ။ ”

“ ဟား ဟား ဟား ... ဒီလူတွေ ဒီလောက် မောက်မာ နေနိုင်ကြတာ ဘာဆက်လုပ် ကြမလဲ ကြည့်လိုက် ရအောင်၊ သူတို့က ညီအစ်ကိုယဲ့ ရှေ့မှာ ဘာမှ မဟုတ်ပါဘူး။ ”

“ ယဲ့ချင်းရှန် ဆိုတာ သန့်ရှင်းသော သမီးတော် သတ်သူ ဆိုတဲ့ ဘွဲ့ကို အလကား ရထားတာမှ မဟုတ်တာ၊ သူတို့ လေ့လာခဲ့ သင့်တယ်၊ အခုတော့ ...

... ကြက်သွေးရောင် မီးလျှံ နတ်မိစ္ဆာ ကင်းမြီးကောက်က သူ့ရှေ့မှာ ဖယောင်းတိုင် တစ်တိုင်လို ဓားနဲ့ အခုတ်ခံနေရတယ်။ ”

လင်းယွန် တစ်ယောက် တိုက်ပွဲအပေါ် အသာစီး ရထားသည်ကို မြင်သောအခါ လူတိုင်း ရွှင်မြူးလာ၏။

ကျောက်တျန်းယွီ သည်လည်း အံ့သြ သွားသည်။ ဤလူနှင့် ဆက်ဆံရာတွင် ဝမ်မူယန် တစ်ယောက် အဘယ်ကြောင့် အခက်တွေ့ နေရသည်ကို နားလည်လာ၏။

ယဲ့ချင်းရှန် သည်သာ ဆက်လက် ကြီးထွားလာပါက၊ ဓားမိစ္ဆာ တစ်ပါး ဖြစ်လာ ပေလိမ့်မည်။ ယင်းမှာ ဒုက္ခ ဖြစ်နိုင်၏။

“ ဝှစ် ... ။ ”

လင်းယွန်က ဓားအလင်းဖြင့် ပေါ့ပေါ့ဆဆ ပစ်လိုက်ရာ လိမ္မော်ရောင် သခင်မှာ ထိတ်လန့် သွား၏။

သူ့အတွက် ရှောင်တိမ်းရန် နေရာ မရှိ တော့ချေ။ နားထဲတွင် ရေစီးသံများ ကြားလိုက် ရပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံး ဓားပညာ၏ အနှစ်သာရ များဖြင့် ပြည့်နှက် လာ၏။

ဤအရာက သူ့ကို ခွန်အားမဲ့ စေသည် ။ သာမန် ဓားတစ်ချက်သည် အရိုးများ ထိတိုင် ပြတ်ရှရာကြီး ပေးစွမ်းလာ တော့၏။

“ သေစမ်း ... ။ ”

အဆုံးတွင် အရည်ပြား မျက်နှာပြင် တွန့်လိမ်လျက် အသွင်ပြောင်းမှုကို စတင်လိုက် ရသည်။ တင်ပါး၌ ရှည်လျားသော အမြီးနှင့် မာကြောသော အကြေးခွံများ ထွက်လာ၏။

အပေါ်ပိုင်းသည် လက်နှစ်ဖက် ပါသော လူ့ခန္ဓာကိုယ် ဖြစ်ပြီး၊ ခါးအောက်ပိုင်းမှ စကာ ကင်းမြီးကောက် ဖြစ်သွားသည်။

“ ထန် ထန် ... ။ ”

ပန်းသင်္ချိုင်းသည် မာကျောသော အကြေးခွံ ခွံကို မဖောက်နိုင် တော့ဘဲ၊ မီးပွားများ ပွင့်ထွက် လာခဲ့၏။

ကြံ့ခိုင်မှုနှင့်ခွန်အားမှာ နှစ်ဆ တိုးလာပြီ ဖြစ်သည်။ လူတိုင်း အသက်ပြင်းပြင်း ရှူလျက် စိတ်လှုပ်ရှား လာကြသည်။

“ ဒီလူရဲ့ ကိုယ်လုံး ကိုယ်ပေါက်က … သာမန် ဘုန်းသူတော်စင် လက်ရာနဲ့ ယှဉ်နိုင် နေပြီ။ ”

လင်းယွန် သည်သာ ကြယ်ဓားကို အသုံး မပြုသော် ထိုအားသာချက်ကြောင့် ပြိုင်ဘက်၏ ဖိနှိမ်ခြင်း ခံရနိုင်၏။

သို့သော် ဤသည်မှာ လူအများ၏ အမြင် ဖြစ်သည်။ လင်းယွန်ဟူသည် ဓားဘီလူး ဖြစ်၏။ လက်ထဲ၌လည်း ပန်းသင်္ချိုင်း ကိုင်ထားသဖြင့် ကင်းမြီးကောက်ကြီး အတွက် သနားစရာ ပေပင်။

“ ဝှစ် ... ။ ”

ဓားရှိ ဘုန်းဝိညာဉ် နှစ်ပါး အသက်ဝင် လာပြီး၊ ပျံဝဲနေသော ကင်းမြီးကောက် ကြီးထံ ပေါ့ပေါ့ ပါးပါး ခုတ်ချ ပစ်လိုက်သည်။

စူးရှတောက်ပလွန်း သဖြင့် မြင်ကွင်းမှ ခဏပျောက်ကွယ် သွားသည်။ ပြန်ပေါ်လာသော အခါတွင် ပန်းသင်္ချိုင်းက ကင်းမြီးကောက်ကို ထပ်ခြမ်း ခွဲပစ်လိုက်သည်။

“ ကွီး ... ။ ”

ကင်းမြီးကောက်ကြီးက သူ့ခန္ဓာကိုယ် နှစ်ခြမ်းကို ချက်ချင်း ပြန်လည် ပေါင်းစည်းရန် ကြိုးစား တော့၏။

ချွဲပြစ်ပြစ် အရည်များက သူ့ခန္ဓာကိုယ် နှစ်ခြမ်းကို ပြန်၍ ဆွဲယူသွားသည်။ သို့သော် ဓား ရည်ရွယ်ချက်က ခွင့်မပြုချေ။

ယင်းကြောင့် ဒေါသထွက်လာပြီး၊ ပန်းသင်္ချိုင်း၏ အသွားကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ၊ အမြီးနှင့် လှန်ထိုးသည်။

“ ဝှစ် ... ။ ”

အမြီးသည် ဓားမြှောင် တစ်လက် ကဲ့သို့ ထက်ရှပြီး အဆိပ်ရှိ၏။ အထိုးခံရသော် မည်သူ မဆို သေနိုင်သည်။

ကောင်းကင် မူလ အဆင့်မှ အမည်ခံ သူတော်စင်ပင် ချွင်းချက် မရှိချေ။ ဤသည်မှာ တစ်ဖက်လူ၏ ဝှက်ဖဲ ဖြစ်သည်။

မြန်လွန်းသောကြောင့် လူတိုင်းကို ထိတ်လန့်ကုန်၏။ ယဲ့ချင်းရှန်တွင် သူတော်စင် ရောင်ဝါ မပိုင်ဆိုင်ချေ။

သူတော်စင် ရောင်ဝါ ပိုင်ဆိုင် လျှင်ပင် ထိုအမြီးကို ဟန့်တား နိုင်ဦးမည် မဟုတ်ဘဲ၊ သေနိုင်၏။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်က ပန်းသင်္ချိုင်းကို မွှေ့လိုက်သည်။ ကင်းမြီးကောက် လူသား၏ လက်နှစ်ဖက်မှာ အသားများ ကြိတ်ဆုံထဲ ထည့်လိုက်သည့် အလား ကြေမွှလျက်၊ အရိုးများသာ ကျန်ရှိတော့၏။

“ ရွှပ် ... ။ ”

ပြီးသည်နှင့် လင်းယွန်က ပန်းသင်္ချိုင်း ပြန်ဆွဲယူကာ အမြီးကို ရှောင်ပြီး ဦးခေါင်းထံ ခုတ်ချပစ် လိုက်သည်။

သို့သော် ဤမျှ အရေးကြီးသော အခိုက်အတန့်တွင် အဖြူဝတ်သခင်မှ လှုပ်ရှား လာတော့သည်။

သူ့လက်ကို ဝှေ့ယမ်းလျက် လိမ္မော်ရောင် သခင်၏ လည်ပင်းမှ စီးကျလာသော သွေးကို လှမ်းပိတ် လိုက်သည်။ ဇစ်ဆွဲလိုက် သကဲ့သို့ ပြတ်ရှရာမှာ ချက်ချင်း ပျောက်သွား၏။

တစ်ချိန်တည်း မှာပင် လည်ပင်းကို ပြန်၍ ပေါင်းစပ်ကာ သွေးများ တိပ်စေရန် သူတော်စင် ရောင်ဝါများ ချက်ခြင်း ပို့ပေးသည်။

လင်းယွန်မှ မျက်မှောင်ကြုတ်လျက် အေးစက်သော အငွေ့အသက်များ ထုတ်ဖော် ပြသကာ၊

“ မင်းကို ဘယ်သူက လှုပ်ခိုင်းလို့လဲ။ ”

-ဟု မေးမြန်း လိုက်သည်။

ယင်းကြောင့် အရှေ့ဘက် ပျက်စီးမြေမှ လူတိုင်း ရင်တဒိတ်ဒိတ် ခုန်လာ၏။ အဖြူဝတ် သခင်သည် မဟာတာအိုကို ဆုပ်ကိုင်ထား သည်ကို သူတို့ သိသည်။

ယဲ့ချင်းရှန် တစ်ယောက် သန်မာလျှင်ပင် ၎င်းပြိုင်ဘက် မဟုတ်ချေ။ သို့သော် ယဲ့ချင်းရှန် သည် ယင်းကို ဂရုမစိုက်ကြောင်း မြင်သာသည်။

အဖြူဝတ် သခင်သည် ကောင်းကင် ရေမြွေ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး၊ သခင် (၇)ပါး အနက် အသန်မာဆုံး ဖြစ်သည်။

သူ့အရည်အချင်းသည် မြင့်မြတ်မြေမှ ရွှေမျိုးဆက်များကို ယှဉ်နိုင်၏။ တကယ်တမ်း နှိုင်းယှဉ်ရမည် ဆိုသော်၊ ရွှေမျိုးဆက် ထက်ပင် သန်မာသည်။

“ မင်း ငါ့ကို ပြောနေတာလား။ ”

ရုတ်တရက် အဖြူဝတ်သခင်မှ အံသြသွားသည်။ တစ်ဖက်လူ အနေဖြင့် ဤမျှ မောက်မာ လိမ့်မည်ဟု မထင်ထားချေ။

“ မင်းက သူ့အသက်ကို ကယ်လိုက်တဲ့ အတွက် သူ့အစားသေရမယ်။ ”

လင်းယွန်မှ ပြန်ဖြေသည်။ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ချက်ချင်း ပေါက်ကွဲ လာခဲ့၏။

လိမ္မော်ရောင် သခင်ကို သူ သတ်ချင် နေသည့် အတွက် အဖြူဝတ်လူမှ တာဝန်ယူ သေပေးရ ပေမည်။

ဝမ်ယွဲ့မှ တံတွေး မျိုချမိ၏။ အဆုံးတွင် အဖြူဝတ်သခင်သည် မဟာတာအိုကို ဆုပ်ကိုင် ထားနိုင်သော မရဏ မူလအဆင့် အမည်ခံ သူတော်စင် ဖြစ်သည်။

သို့သော် ယဲ့ချင်းရှန် ရှေ့၌မူ မျက်နှာသာ ပေးမခံရခြင်း မရှိခဲ့ချေ။ အစား သေပေးရန်ပင် ပြောကြားခံ နေရသည်။

ဤလေသံ၊ ဤအမူအရာနှင့် ဤအခင်းအကျင်း အရ ယဲ့ချင်းရှန် ဟူသော ဂုဏ်ပုဒ်ကို ပြသတော့မည် ဖြစ်သည်။

***

All Chapters