တိုက်ပွဲ ... ။
Vol. 151 Ch. 2109
“ သွား ... သူနဲ့ ကစားလိုက်။ ”
ကျောက်တျန်းယွီက ပြုံးကာ အမိန့်ပေး လိုက်သည်။ ယင်းသည် သတ်မိန့်တစ်ခု ဖြစ်မှန်း အဖြူဝတ်သခင်မှ သိ၏။ လူတိုင်း မျက်စိရှေ့မှ ဖျပ်ခနဲ ပျောက်ကွယ်ကာ ယဲ့ချင်းရှန် ရှေ့ပေါ်လာသည်။
လမ်းတွင် လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် မြူများ ဖုံးလွှမ်းနေသော ဓား တစ်လက် ရောက်လာ၏။
“ ကောင်းကင် မြွေဓားဟာ ဘုန်းဝိညာဉ် နှစ်ပါး လက်ရာပဲ၊ မင်းဓားလည်း ဘုန်းဝိညာဉ် နှစ်ပါး လက်ရာ ဖြစ်လို့ ... ငါ အနိုင်ကျင့်ရာ မရောက်ဘူး မဟုတ်လား။ ”
ဤကောင်းကင်မြွေဓားသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို လူတိုင်းသိ ချေပြီ။
ဓားကို နတ်မိစ္ဆာမြစ် အတွင်း တံဆိပ်ခတ် ထားပြီး၊ ဤအဆင့် ရောက်ရန် သွေးတိုက်ကျွေး ပေးရသည်။
နာမည်ဆိုးဖြင့် ကျော်ကြားသော မိစ္ဆာ ဓားတစ်လက် ပေပင်။ ရာချီသော မြွေများက ဓားအစီရင် တစ်ခုသဏ္ဍာန် ဖွဲ့တည်လာ၏။
“ ယဲ့ချင်းရှန်ရဲ့ ... ဓားရည်ရွယ်ချက် ကြောက်စရာ ကောင်းတယ်၊ စီနီယာ အစ်ကို အဖြူက ... ဓားကိုရွေးတာ အန္တရာယ်များတယ် မဟုတ်လား။ ”
ကြက်သွေးရောင် အမျိုးသမီးမှ တိုက်ပွဲထံ ကြည့်ကာ မေးမြန်းလိုက်သည်။
“ မဟာတာအို ရှေ့မှာ ... ဓား ရည်ရွယ်ချက်က အကြွင်းမဲ့ မဟုတ်ဘူး၊ အဖြူ အတွက်လည်း အတူတူပဲ၊ သူသာ ယဲ့ချင်းရှန်ကို အနိုင်ယူ နိုင်ရင် ...
... မီးလျှံ ရွှေကြာပန်းကို ... သိမ်းပိုက် နိုင်ရုံတင် မကဘူး ... ပြိုင်ဘက်ရဲ့ ကံကြမ္မာ ကိုလည်း သူ့ မဟာတာအိုမှာ ပေါင်းထည့် နိုင်လိမ့်မယ်။ ”
ကျောက်တျန်းယွီက ပြုံးကာ ပြန်ဖြေ၏။ ဓားတာအိုသည် အုပ်စိုးရှင် ဖြစ်သောကြောင့် ဆုပ်ကိုင်နိုင်သော် အသွင်ပြောင်း ပေမည်။
လင်းယွန်နှင့် အဖြူဝတ် သခင်က မျက်နှာချင်းဆိုင် တိုက်ခိုက်နေ၏။ သူတို့ ထံမှ ဓားရောင်ဝါသည် ပတ်ဝန်းကျင် လေထုကို ကမောက်ကမ ဖြစ်စေသည်။
“ အိုး ... ကြယ်ဓား ရည်ရွယ်ချက်လား ... အံ့ဩစရာပဲ၊ ရေမြွေလေး တစ်ကောင်က ဒါကို သိရှိနိုင်မယ်လို့ မထင်ထားမိဘူး။ ”
အဖြူဝတ် သခင်တွင် ကြယ်ဓား ဆုပ်ကိုင် ထားကြောင်း သိလိုက်ရသောကြောင့် လင်းယွန် ခမျာ အံ့အားသင့် သွားသည်။
သို့ပင်ငြားလည်း ကနဦး ကျွမ်းကျင်မှု အထွတ်အထိပ် ၌သာ ရှိနေချေ၏။ အဖြူဝတ် သခင်မှ သူ့သုံးသပ်ချက် အပေါ် ပြုံးပြီး၊
“ မင်းနဲ့ ယှဉ်ရင် ... ဒါက ဘာမှ မဟုတ် သေးပါဘူး၊ မင်းလို ထက်ရှတဲ့ ... ဓားသမားမျိုး ဒီကမ္ဘာကြီးမှာ ... ပေါ်မလာသင့်ဘူး။ ”
-ဟု ပြန်လည် ပြောကြား လိုက်သည်။
ပြုံးနေသော်လည်း သူ မပျော်တော့ချေ။ ဓားပညာတွင် သူ့စွမ်းရည်သည် မျိုးဆက်တူ အတွင်း ပြိုင်ဘက်ကင်း လုနီးပါး ဖြစ်သည်။
သို့သော် ဤယဲ့ချင်းရှန် ရှေ့၌ ရပ်စရာ နေရာပင် မရှိဟု ခံစားမိသည်။ ထိုအချိန်တွင် လှိုဏ်ဂူ တစ်ခုလုံး တုန်ခါလျက်၊ မီးလျှံ ရွှေကြာပန်းများ ပွင့်လာတော့သည်။
ဤပြောင်းလဲမှု လှိုင်းသည် အနားရှိ ကျင့်ကြံသူများ အပေါ် ရိုက်ခတ်ကာ၊ အဝေးသို့ တွန်းလွှတ်ပစ်၏။
အဖြူဝတ် သခင်က အပြောင်းအလဲကို ဂရုမစိုက်ဘဲ၊ ကြယ်ဓားဖြင့် လင်းယွန်ထံ ခုတ်ချ လိုက်သည်။ ဤသည်မှာ သာမန် တိုက်ခိုက်မှု တစ်ခုမျှသာ ဖြစ်သော်လည်း လူများစွာကို အသက်ရှူ မှားစေ၏။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ ... ဒီလူက ကြယ်ဓား နားလည် ထားတာပဲ၊ မရဏ မူလ အဆင့် ခွန်အားနဲ့ဆို ဘီလူး တစ်ကောင် ဖြစ်နေပြီ။ ”
ကြယ်ဓားသည် ယဲ့ချင်းရှန် လက်၌ပင် ကောင်းကင်ကို အံတုနေပြီ ဖြစ်၏။ ထို့ကြောင့် အဖြူဝတ် သခင်နှင့်မူ ဆိုဖွယ် မရှိချေ။
“ ရွှပ် ... ။ ”
လင်းယွန်က မူလနေရာ မှာပင် ရပ်ကာ ပန်းသင်္ချိုင်းကို ပြိုင်ဘက်၏ နှလုံးသား ဆီသို့ လှမ်းထိုး လိုက်သည်။
အန္တရာယ်ရှိသော တိုက်ပွဲဝင်မှု ပုံစံမျိုး ဖြစ်ချေ၏။ ဤသည်မှာ မည်သူ့ဓား မြန်ကြောင်း ထင်ရှားစွာ သိမြင်နိုင်ပေမည်။ ကြယ်ဓား အချင်းချင်း ပြိုင်သော ပွဲတစ်ပွဲ ဖြစ်၏။
တစ်ဖက်လူသည် အသက်နှင့် သေခြင်း လမ်းကို ရွေးချယ်နေ သဖြင့်၊ အဖြူဝတ် သခင်မှ မျက်မှောင်ကြုတ်လျက် ခက်ခဲသော အနေအထား ဖြစ်လာသည်။
သူသည် မရဏ မူလ အဆင့်တွင် ဖြစ်သော်လည်း၊ ထိုလမ်းကို ဆက်မလျှောက် ရဲတော့ချေ။ ချက်ချင်း ဆုတ်ခွာ လိုက်မိသည် ။
မြွေပုံ သဏ္ဍာန်ရှိသော ဓားအစီရင်က ပန်းသင်္ချိုင်းကို ရစ်ပတ်လျက် ဆုတ်ခွာနိုင်ရန် အချိန်ဝယ်ပေး လိုက်၏။
“ ဝှစ် ... ။ ”
သို့သော် လင်းယွန်၏ အရှိန်မှာလည်း မနှေးပေ။ သူ့ဓားကို လက်မှ လွှတ်ထုတ်ကာ လက်သီးဖြင့် လိုက်လံ ထိုးနှက် လာ၏။
“ ဟိတ် ... ။ ”
“ ကျာ့ ... ။ ”
တိုက်ပွဲမှာ အလွန် လျင်မြန်လွန်းသဖြင့် ပုံရိပ်ယောင် အဖြစ်သာ မြင်နေရသည်။ မဟာ တာအိုကို အသုံး မပြုထားသော်မှ အဖြူဝတ် သခင်သည် ကျန်သခင် နှစ်ပါးထက် သန်မာ၏။
“ အစ်ကိုကြီးက သိပ်အဆင်ပြေပုံ မရဘူး၊ ကောင်းကင် မြွေဓားကိုတောင် လက်လွှတ်ပေး လိုက်ရပြီ။ ”
ကြက်သွေးရောင် အမျိုးသမီးက ချောက်ချားစွာ ပြောကြား လိုက်သည်။ သူတို့ မျှော်လင့်ထား သလို ပေပင်။
ဓားတာအိုနှင့် ပတ်သက်လာသော် ယဲ့ချင်းရှန်ကို မည်သူမျှ ယှဉ်နိုင်မည် မဟုတ် ချေ။
ကောင်းကင် မြွေဓားသည် အဖြူဝတ် သခင်၏ ဝှက်ဖဲ ဖြစ်သော်လည်း ပန်းသင်္ချိုင်းနှင့် ရင်ဆိုင်နေရသည်။
ယဲ့ချင်းရှန်၏ အရည်အချင်းသည် ကောင်းကင်ကို အံတု လွန်းချေပြီ။ သို့သော် ကျောက်တျန်းယွီမှ စိတ်မပူချေ။
“ အဖြူက ... ဒါကို လက်ခံနိုင်မှာ မဟုတ်ဘူး၊ သူ့အတွက် နိုင်ပွဲ ပြန်ရှာလိမ့်မယ်။ ”
လက်ဗလာဖြင့် နှစ်ဘောက်သား ဆယ်ကြိမ်တိုက် ပြီးနောက် အဖြူဝတ် သခင်က သူတော်စင် ရောင်ဝါကို ဖြန့်ကျက်ကာ မဟာ တာအို ထုတ်လွှတ်လိုက်၏။
မဟာ တာအိုနှင့် ကောင်းကင် ရေမြွေ၏ မျိုးဆက်သွေးကြောင့် အကန့်အသတ်မဲ့ ဖိအား အချို့ ကျဆင်း လာသည်။
ထိုဖိအားအောက်တွင် လင်းယွန်၏ ဓားရောင်ဝါမှာ အက်ကြောင်း ပေါ်လာသည်။ နိဗ္ဗာန်ရောင်ဝါ ထောက်ပံမှုများ အဆင်မပြေ ဖြစ်လာ၏။
“ ဓား ... ။ ”
“ ရွှပ် ... ။ ”
အဖြူဝတ် သခင်က သူ့ဓားကို ပြန်ခေါ်ကာ လင်းယွန်ထံ ခုတ်ချလိုက်၏။ ဤတစ်ကြိမ်တွင် သူ့ဓားရေး၏ အားနည်းချက် အပေါ် မဟာ တာအိုဖြင့် ပိတ်ဆို့ထားသည်။
“ မဟာတာအို ရှေ့မှာ အရာ အားလုံးက ဘာမှ မဟုတ်ပါဘူး ... ကြယ်ဓား ဆိုရင်တောင် ချွင်းချက် မရှိဘဲ။ ”
“ ဟုတ်လား ... ။ ”
လင်းယွန်က သူ့စကားကို ဂရုမစိုက်ချေ။
“ ဟား ဟား ဟား ... ။ ”
အဖြူဝတ် သခင်မှ ရယ်သည်။ ကောင်းကင်ဘုံ မြွေဓားသည် မဟာ တာအို ကြောင့် ချက်ချင်း သွေးရောင် တောက်ပ လာသည်။
ဘုန်းဝိညာဉ် နှစ်ပါး အသက်ဝင်လျက် ထာဝရ အမှောင်ထုကြီး ပေါ်လာ၏။ အမည်ခံ သူတော်စင် တစ်ပါးသည်၊ ၎င်း၏ အစွမ်းကို အပြည့်အဝ မထုတ်နိုင်ချေ။
သို့သော် အဖြူဝတ် သခင်သည် မဟာတာအိုဖြင့် ထိုအစွမ်းကို ငှားယူ လိုက်၏။
“ ဒုက္ခတော့ ရောက်ပြီ ... ။ ”
ဤမြင်ကွင်းက ပိုင်ချင်းယွီကို ထိတ်လန့် သွားစေသည်။ အဝေးမှပင် ဓား၏ ကြောက်စရာ ကောင်းသော အရိပ်အယောင်ကို သူမ ခံစား နိုင်၏။
“ သူ့ရဲ့ မဟာတာအိုကို ... ဘုန်းဝိညာဉ် နှစ်ပါးနဲ့ ပေါင်းစပ် လိုက်တာလား၊ ဒါက ခက်ခဲ လိမ့်မယ်၊ ယဲ့ချင်းရှန် မှာလည်း ဘုန်းဝိညာဉ် နှစ်ပါး လက်ရာ နှစ်ပါး ရှိပေမယ့်၊ သူတော်စင် ရောင်ဝါတောင် မရှိလို့ အန္တရာယ် ရှိနေပြီ။ ”
ပိုင်ယွင်ဖေးမှ သုံးသပ် ပြောကြားလိုက်သည်။
သို့သော် လင်းယွန်က စိတ်မပူချေ။ သူ့တွင် နိဗ္ဗာန်-ဒသမ အသွင်ကူးပြောင်းမှု၊ နဂါးနေ-လ တံဆိပ်၊ ပိုးစုန်းကြူး နတ်ဓားနှင့် ပြီးပြည့်စုံသော ကြယ်ဓား ရှိသည်။
နိဗ္ဗာန်-ဒသမ အဆင့် ရောင်ဝါကို ထုတ်လွှတ်ရုံဖြင့် အဖြူ၀တ် သခင်၏ ဖိအား အပေါ် ပယ်ရှားနိုင်မည်။
သို့သော် ဤသည်မှာ ပြိုင်ဘက်ကို အငိုက်မိစေသော ဝှက်ဖဲ ဖြစ်သောကြောင့် အလွယ်တကူ မထုတ်လိုချေ။
အဆုံးတွင် ကြယ်ဓားကိုသာ အသုံးပြုရန် ကြံရွယ်လိုက်သည်။ အတွေး တစ်ချက်တည်းနှင့် ကြယ်ဓား နှစ်လက် အသက်ဝင် လာသည်။
နဂါးငွေ့တန်းပေါင်း တစ်ရာကျော် နှင့်အတူ သူ့ခေါင်းထက်၌ တောက်ပစွာ လွင့်မျောလာ၏။ သို့မှသာ ခံစားရသော ဖိအားများ ချက်ချင်း ပေျာက်ကွယ်ကုန်သည်။
ပန်းသင်္ချိုင်းကို ပြန်ခေါ်လျက် ဓား ရည်ရွယ်ချက်များ ဘုန်းဝိညာဉ် နှစ်ပါးထံ သွန်းလောင်း လိုက်၏။
ခရမ်းရောင် နန်းတော် အတွင်း၌ နဂါးနှင့်ဖီးနစ်က အရှိန် ပြင်းပြင်းဖြင့် နိဗ္ဗာန် ရောင်ဝါများ လှိုင်းထအောင် ပြုလုပ်ပေး လာသည်။
“ မင်း ... ။ ”
အဖြူဝတ်သခင် ခမျာ မျက်လုံးပြူးလျက် လင်းယွန်ကို ကြည့်မိသည်။ သူ့တွင် ကြယ်ဓား ရှိသော်လည်း နဂါးငွေ့တန်း တစ်ရာကျော်ကို မထုတ်နိုင်ချေ။ ကွာခြားချက်မှာ ကြောက်မက်ဖွယ် ကောင်း၏။
ကနဦး ကျွမ်းကျင်မှု အထွတ်အထိပ် ရောက်ရန်ပင် ခက်ခက်ခဲခဲ ကြိုးစား ခဲ့ရသဖြင့်၊ နောက်တစ်ဆင့် တက်လှမ်းနိုင်ရန်၊ တိုက်ပွဲ၌ ဓားကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ ပိုးစုန်းကြူး နတ်ဓား ... ။ ”
ပန်းသင်္ချိုင်းမှ ဓားရောင်ဝါ လှိုင်းက မဟာတာအိုနှင့် သူတော်စင် ရောင်ဝါကို ဖြိုခွဲ ပစ်၏။
“ ရွှပ် ... ။ ”
“ ဟိတ် ... ။ ”
ယင်းသည် အဆုံးသတ် မဟုတ်ချေ။ ဓားအလင်းက အဖြူဝတ်သခင်၏ နဖူးထံသို့ ဦးတည်လျက် ဆက်၍ တိုးဝင် သွားသည်။
အဖြူဝတ်သခင် ခမျာ လေထုကို လှိုင်းဂယက်များ ဖြစ်စေပြီး ဓားအလင်း၏ အဟုန်အပေါ် ချေဖျက် လိုက်ရသည်။
“ ဝှစ် ... ။ ”
တစ်ဆက်တည်းမှာပင် ဆန်းကြယ်သော ရွေ့လျားမှု ပညာရပ်ကို ထုတ်သုံးလျက် ခေါင်းငဲ့ ရှောင်တိမ်း လိုက်၏။
“ သေ ... ။ ”
ရှောင်တိမ်းနေစဉ် ကောင်းကင် မြွေဓားဖြင့် လင်းယွန်၏ လည်ပင်းထံ ပစ်ဖောက် လိုက်လေ သည်။
“ သွား ... ။ ”
“ ထန် ... ထန် ... ။ ”
ဤတိုက်ခိုက်မှုသည် ရှောင်တိမ်းရ မလွယ် သောကြောင့် လင်းယွန်မှလည်း ပန်းသင်္ချိုင်းကို လှမ်းပစ်ကာ ပယ်ဖျက် လိုက်ရတော့၏။
***