← Chapters

ဓားသူတော်စင် ... ။

Vol. 151 Ch. 2114

ဓားသူတော်စင် ... ။

Vol. 151 Ch. 2114

ယခုအချိန်၌ ရွှေကြာပန်း သစ်ပင်သည် နတ်ဆိုး သားရဲနှင့်တူပြီး သူတော်စင် သားရဲ၏ အလောင်းကိုပင် စားစရာ အဖြစ် သတ်မှတ် နေသည်။

စားသောက် နေစဉ် သစ်ပင်က ဆယ်မီတာထိ ကျုံ့သွားကာ အကိုင်းအခက်များ အားလုံးကို ပြန်သိမ်းသွား၏။

၎င်းတို့က ပင်စည်ပေါ်၌ ရှေးခေတ် ဆန်းကြယ်သော ရူရ်များ အဖြစ်သို့ ပြောင်းလဲ သွားသည်။ ယင်းသည် သဘာဝ နတ်ဘုရား ရူရ်များ ဖြစ်ချေ၏။

ထို့ကြောင့် လင်းယွန်မှာ ထိတ်လန့် သွားမိသည်။ ဤသစ်ပင်သည် သူထင်ထား သည်ထက် ပို၍ ခိုင်မာသော သမိုင်းကြောင်း ရှိရပေမည်။

အဆုံးတွင် ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်နေသော တိုင်တစ်တိုင် အဖြစ်သို့ ပြောင်းလဲသွားသည်။

“ ဝှစ် ... ။ ”

“ ခွမ်း ခွမ်း ခွမ်း ... ။ ”

သို့တိုင် ကျောက်တျန်းယွီမှ မကျေနပ်နိုင် သေးချေ။ ရွှေကြာပန်း သစ်ပင်ထံ ကျောက်စိမ်း ပုလင်းများဖြင့် ပစ်ပေါက်လိုက်သည်။

“ ခွမ်း ... ။ ”

ကျောက်စိမ်း ပုလင်းကွဲကာ ရွှေရောင် အရည်များ ထွက်ကျလာတော့၏။ ဤသည်မှာ နတ်ဘုရား တစ်ပါး၏ သွေးဖြစ်သည်။

ဒဏ္ဍာရီဆန်သော ရတနာ ဖြစ်၏။ ထိုသို့သော ရတနာကိုပင် ယဇ်ပူဇော် ရသည့် ဤသစ်ပင်သည် မည်သည့် အရာ ဖြစ်မည်ကို သိချင်လာတော့သည်။

ရှေးဟောင်း နယ်မြေများ အတွင်း၌ နတ်သွေးများ ရှိကြောင်း သိထား သော်လည်း ဤမျှသော ပမာဏမျိုး ရရန်မလွယ်ချေ။

မီးလျှံ ရွှေကြာပန်းမီး သစ်ပင်အတွက် နတ်သွေး ဆယ်စက်လုံးကို တွန့်တိုခြင်း မရှိ ပေးကျွေးနေ၏။

နတ်သွေးများ ထိမှန်သွားသည်နှင့် လှိုဏ်ဂူကြီး တစ်ခုလုံး တုန်လှုပ် လာလေသည်။ ထို့နောက် နှစ်ယောက်သား လက်မြှောက်ကာ မန္တန်များ ရွတ်ဆိုတော့၏။

“ အိုး ... တဟုန်းဟုန်း တောက်လောင် နေသော နတ်မီးလျှံ၊ ငါ့သွေးကို လောင်ကျွမ်းပြီး သေခြင်းတရား အပေါ် ဖြတ်တောက်ကာ ထာဝရ တည်မြဲနေပါ။ ”

နတ်ဘုရားသွေး ဆယ်စက်ကို ဝါးမြိုမှု ဖြစ်စဉ် စတင်လာသည်။

“ ဤလောက၌ နတ်ဘုရားများ သည်သာ ထာဝရ တည်နေမည် ဖြစ်ပြီး၊ ဘိုးဘေးနှင့် နတ် မီးလျှံကို ကျွန်ုပ် ကြိုဆိုပါသည်။ ”

မန္တန်များ ရွတ်ဆို နေစဉ်၊ ရှေးဟောင်း ရောင်ဝါများနှင့် အတူ ကြက်သွေးရောင် မီးလျှံ ထွက်ပေါ် လာသည်။

မီးတောက် ဆင်းသက်လာသော အခါ အစီရင်သည် မီးလောင်လျက် မီးလျှံရွှေကြာပန်း သစ်ပင်ကို လက်နက် တစ်ခု အဖြစ် အသွင်ပြောင်း သွားစေခဲ့သည်။

( သူတို့ ဂိုဏ်းချုပ်ကို ပြန်ခေါ်နေတာလား။ )

လင်းယွန်မှ မျက်မှောင်ကြုတ် မိ၏။ သွေးလဂိုဏ်း၏ ဂိုဏ်းချုပ် ရောက်လာသော် သူ့အသက် ဆယ်ချောင်း ပိုင်ဆိုင်နေ လျှင်ပင် သေရပေ လိမ့်မည်။

( မဟုတ်ဘူး ... ဒါက သူတို့ ဘိုးဘေးပါ၊ ဂိုဏ်းချုပ် မဟုတ်ဘူး၊ ဘိုးဘေး ဆိုတာ ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ လူကို ရည်ညွှန်းတာ။ )

( ခရမ်းငယ် ... ဒါ လက်နက် တစ်ခုပဲ။ )

“ ဒါက လက်နက် အဖြစ် ကောင်းကောင်း မသန့်စင် ရသေးပါဘူး၊ အတွတ်အထိပ် အခြေ အနေမှာ ရွှေကြာပန်း သစ်ပင်က ဧကရာဇ် ရှေးဟောင်း ပစ္စည်း တစ်ခုပဲ ...

... သူ့ကို နတ်ဘုရား လက်ရာ အဖြစ် ယူဆလို့ရတယ်၊ ဒါပေမယ့် အရမ်းကြာနေပြီမို့ စွမ်းအား ပြန်ရယူဖို့ ကြိုးစားရမယ်၊ ... ဒီအနန္တ နတ်မိစ္ဆာ ယဇ်ပူဇော်ခြင်း အစီရင်ကို နတ်ဆိုး အကောင် တစ်ရာတိတိ၊ ...

... ကျွေးမွေး ခဲ့ပေမယ့် သူက အပြည့်အဝ ပြန်လည် နိုးထလာ နိုင်တာမျိုး မဟုတ်သေးဘူး၊ ဒါနဲ့တောင် အံ့သြစရာ ကောင်းနေပြီ။ ”

ခရမ်းငယ်နှင့် လင်းယွန်က စကားစမြည် ပြောနေကြ၏။ စီစဉ်ထားသည်နှင့် ကွဲပြားသော ရလဒ်မျိုး ဖြစ်သည်။

မျှော်လင့်ထား သည်ထက် ကျော်လွန်နေ၏။ သို့သော် ဆိုရိုးစကား အတိုင်း အန္တရာယ်များနှင့် အခွင့်အရေးမှာ တိုက်ရိုက် အချိုးကျသည်။

လုပ်ငန်းစဉ်သည် အချိန် အတော်ကြာ ခဲ့ပြီးနောက်၊ ရွှေကြာပန်း သစ်ပင်မှာ ကိုးပေခန့် ရှည်သော လှံတံအဖြစ် ကျုံ့ဝင်လာသည်။

သို့သော် ‘လှံ’ဖျားသည် ဓားသွား ဖြစ်၏။ ကိုယ်ထည်မှာ ဗုဒ္ဓဧကရာဇ်၏ ရွှေခန္ဓာကဲ့သို့ တောက်ပနေသည်။

ဆိုလို သည်မှာ ဗုဒ္ဓဧကရာဇ်၏ အသွေး အသားနှင့် စိတ်ဝိညာဉ်သည် ဤလက်နက် အတွက် အာဟာရ ဖြစ်ခဲ့ပေ၏။

၎င်းသည် ပျက်စီးနေသော နတ်ဘုရား လက်ရာပေပင်။ ထူးခြားသော လက်နက် ဖြစ်ပြီး လင်းယွန်ကို နှလုံးခုန်သံ မြန်လာစေ၏။

ကြည့်ရုံဖြင့် စိတ်ဝိညာဉ် တုန်ယင် လာခဲ့သည်။ ၎င်းမှ အသက်ပေါင်း မည်မျှ သတ်ခဲ့ဖူး မည်ကို မသိနိုင်ချေ။

“ သခင်ငယ် ... ဗုဒ္ဓ ဧကရာဇ် ရွှေကြာပန်း လှံတံရပြီ။ ”

ကြက်သွေးရောင် အမျိုးသမီးမှ အားတက်သရော ပြော၏။ ကျောက်တျန်းယွီ သည်လည်း စိတ်လှုပ်ရှား သွားသည်။

ဣန္ဒြေကို ထိန်းထား ခဲ့သော်မှ သူ့မျက်ဝန်းများ၌ လောဘမီးများ တဟုန်းဟုန်း တောက်လောင် နေချေပြီ။

“ ဘယ်နှစ်နှစ် ရှိပြီလဲ ... ငါတို့ ဂိုဏ်းရဲ့ ဧကရာဇ် လက်နက်ကို နောက်ဆုံးတော့ ပြန်ရပြီ လာ ... သွားယူ ကြရအောင်။ ”

နှစ်ဦးသား ဗုဒ္ဓ ဧကရာဇ် ရွှေကြာလှံတံ ရှေ့သို့ ပျံသန်းလိုက်၏။ သို့သော် လှံရောင်ဝါက ကြက်သွေးရောင် အမျိုးသမီးကို ပြန်လည် တွန်းထုတ်ပစ်သည်။

ကျောက်တျန်းယွီ မှာမူ လွင့်စဉ်သွားခြင်း မရှိသော်မှ ရပ်လိုက်ရပြီး၊ ဆံပင်များ တဖျပ်ဖျပ် ခတ်လျက် ကျန်ရစ်ခဲ့သည်။

ဗုဒ္ဓဧကရာဇ် ရွှေကြာလှံတံသည် အရှည်ကိုးပေရှိ၏။ လှံဖျားသည် လေးပေ ရှည်သော ဓားသွား ဖြစ်သည်။

ကိုယ်ထည်ပေါ်၌ ရူများ ဖုံးအုပ်လျက် ဓားသွားသည် သာမန် ဓားများထက် ဗြက်ကျယ် လေသည်။

လှံရိုးနှင့် ဓားသွား ပေါင်းစပ် ထားသည့် နေရာတွင် လက်သီးဆုပ် အရွယ် အလုံး ကိုးလုံး အလှဆင် ထားသည်။

ဤလှံရှေ့တွင် ကျောက်တျန်းယွီ၏ ဖြစ်တည်မှုမှာ သေးနုပ်နေ၏။ ထိုအချိန်တွင် ဗုဒ္ဓ ဧကရာဇ်၏ ရွှေကြာပန်း လှံတံမှ လွှမ်းမိုး ကြီးစိုးပြီး လူသတ်လိုသော ရောင်ဝါများ ထုတ်ပြလာသည်။

ထိုသိပ်သည်းသော သတ်ဖြတ်လိုခြင်း အငွေ့အသက်များ အရ၊ ဗုဒ္ဓ ကိုင်ဆွဲခဲ့သည့် လက်နက်အဖြစ် ယုံနိုင်ဖွယ် မရှိချေ။

“ ဝှစ် ... ။ ”

ကျောက်တျန်းယွီက အသက် ပြင်းပြင်းရှူလျက်၊ ဗုဒ္ဓ ဧကရာဇ် ရွှေကြာပန်း လှံတံကို ဖြည်းညှင်းစွာ လက်လှမ်းပြ လိုက်သည်။

“ ဂျိန်း ... ။ ”

သို့သော် ဤအခိုက်အတန့်တွင် သံကြိုး ကိုးချောင်း အမှောင်ထဲမှ ထွက်ပြီး ဗုဒ္ဓ ဧကရာဇ် ရွှေကြာပန်းလှံကို ရစ်ပတ်သွား၏။

ဤအရာက သူ့ကို အံ့အားသင့် စေသည်။ ချက်ချင်း ခေါင်းမော့ကြည့် လိုက်ရာ ငွေရောင် မျက်နှာဖုံးနှင့် လင်းယွန်ကို မြင်သည်။

( လင်းယွန် ... မထိနဲ့ ... ၊ ဓားသေတ္တာထဲ တိုက်ရိုက် ထည့်လိုက်။ )

လင်းယွန်က လှံတံကို ကိုင်တော့မည့် အချိန်၌ ခရမ်းငယ်မှ သတိပေး လာတော့သည်။ ဤလှံသည် မည်မျှ ကြောက်စရာ ကောင်းမှန်း မြင်ထားပြီး ဖြစ်သဖြင့်၊ လင်းယွန်က သူမ ပြောသည့် အတိုင်း ချက်ချင်း ပစ်ထည့် လိုက်သည်။

“ မင်း ... ။ ”

ကျောက်တျန်းယွီမှ ပစ်ပစ်နှစ်နှစ် ကျိန်ဆဲတော့သည်။ ပုံမှန်အားဖြင့် ယဉ်ကျေး ပြူငှာသော သူ၏ အသွင်အပြင်များ ပျောက်ကွယ် သွား၏။

“ မင်းပဲ ... ယဲ့ ချင်း ရှန် ။ ”

လှိုဏ်ဂူကြီး တစ်ခုလုံး လျှပ်စီးများ လက်လျက် နတ်မိစ္ဆာ လျှပ်စီး မျက်လုံးများ အသက်ဝင် လာခဲ့သည်။

ပြီးနောက် ဒေါသနှင့် ချက်ချင်း ပျံတက်လာ၏။ လင်းယွန်က ကျောက်တုံးပေါ် ခုန်ချလိုက်သည်။

ကျောက်တျန်းယွီ၏ ရောင်ဝါကို အာရုံခံပြီးနောက် ကျောရိုး တစ်လျှောက် အေးစက် သွား၏။

“ ခရစ် ... ။ ”

ကျောက်တုံးက မရေမတွက်နိုင်သော အပိုင်းအစများ အဖြစ်၊ အစိတ်စိတ် အမွှာမွှာ ကြေမွှသွား တော့သည်။

“ ဝှစ် ... ။ ”

ယင်းကြောင့် ကျောက်တုံးကြီးပေါ် ရပ်နေသော လင်းယွန်က ချက်ချင်း ခုန်ထွက် လိုက်ရသည်။

သို့တိုင် နတ်မိစ္ဆာ လျှပ်စီး အလင်း မျက်လုံးများက သူ့အား စိုက်ကြည့်နေ သေး၏။ ၎င်း၌ မဟာတာအို ပါရှိသောကြောင့် အကြည့် တစ်ချက်ဖြင့်ပင်၊ လင်းယွန် ပါးစပ်မှ သွေးများ ထွက်ကျလာ တော့သည်။

ကြယ်ဓား ခမျာမှာ ထွက်မလာမီ ကပင် ပြိုပျက် သွား၏။ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ ချေပြီ။

“ ထွီ ... ၊ ဒီကောင်က သူ့ခွန်အားကို ဖုံးကွယ်ထားတာပဲ။ ”

သွေးများထုတ်လျက် လင်းယွန်က ညည်းတွား လိုက်သည်။ သူ့တွင် နဂါးပြာအရိုး ရှိသဖြင့် ကံကောင်းသွား၏။

သို့မဟုတ်သော် အကြည့် တစ်ချက်ဖြင့် အသက် ဆုံးရှုံး သွားပေမည်။ ဤမျှ မြန်သော ပြိုင်ဘက်ကို တစ်ကြိမ်မျှ မကြုံဖူးချေ။

“ ..... ။ ”

ထိုစဉ် ကျောက်တျန်းယွီ၏ မျက်လုံးမှ အလင်းတန်း နှစ်စင်း ထွက်လာ ပြန်လေသည်။ ဤအခိုက်တွင် ကျောက်တျန်းယွီ၏ ဆံပင်များ လျှပ်စီးဖြင့် လင်းလက် နေ၏။

“ ရွှပ် ... ။ ”

လင်းယွန်က နဂါးနေနှင့်လ တံဆိပ်ကို ဖန်တီးကာ ဟန့်တားရန် ပြင်လိုက်၏။ သို့သော် သူ့ရှေ့၌ ဓားအလင်း တစ်ခု ဖျတ်ခနဲ ပေါ်လာပြီး ကျောက်တျန်းယွီ၏ အလင်းကို တားဆီး လိုက်သည်။

“ ဝုန်း ... ။ ”

ကြောက်မက်ဖွယ် ကောင်းသော လှိုင်းလုံးကြီး ထွက်ပေါ်လာ၏။ ဂူအတွင်းမှ ကျောက်တိုင်များ ပြိုကျကာ မြေပြင်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

သက်ရောက်မှုသည် ပြင်းထန်လှသဖြင့် ဂူတစ်ခုလုံး ယိမ်းထိုးလျက် ပြိုကျလာတော့၏။ မြေပြင်အက်ကြောင်း မှလည်း မီးတောက်များ လျှံထွက်လာသည်။

“ ဝှစ် ... ။ ”

ထိုစဉ် တစ်စုံ တစ်ယောက်က ခွေးတစ်ကောင် အလား လင်းယွန်ကို ဂုတ်မှ ကိုင်ဆွဲကာ လွတ်ရာသို့ ဆုတ်ခွာသွား လေသည်။

“ သွေးလ နတ်သားလေး၊ မင်းက ဒေါသ အရမ်းကြီးတာပဲ။ ”

ဤသည်မှာ ယဲ့ကူဟန် ဖြစ်၏။ သူက လင်းယွန်ကို မြေပြင်ပေါ် ပစ်ချလျက် ပြုံးပြီး၊ ကျောက်တျန်းယွီထံ လှမ်းကြည့်သည်။

“ ဓားသူတော်စင် တစ်ပါးက မျိုးဆက်သစ် လူငယ်တွေရဲ့ ကိစ္စအပေါ် ဝင်ရောက် စွက်ဖက် တော့မှာလား။ ”

ကျောက်တျန်းယွီက လေထဲတွင် တစ်ပါတ်ဂျွမ်း ပစ်လျက် မြေပြင်မှ မီးတောက် များကို ရှောင်ရှားလိုက်သည်။

လေထု အလယ် ၌ပင် ဟန်ချက်ထိန်းပြီး၊ ယဲ့ကူဟန်နှင့် မျက်နှာချင်းဆိုင် လိုက်တော့၏။ သူ့အကြည့်က လင်းယွန်ကို သတ်လိုသော ဆန္ဒအပေါ် ဖုံးကွယ်မထားချေ။

“ ငါသတ်ချင်တဲ့ လူကို ဘယ်သူမှ မကယ်နိုင်ဘူး။ ”

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ကြေငြာ လိုက်တော့သည်။ မောက်မာ လွန်းချေ၏။

“ ကောင်လေး... မင်း နောက်ကွယ်က လူတောင် ငါ့ကို ဒီလို စကားမျိုး မပြောရဲဘူး။ ”

ယဲ့ကူဟန်က ပြုံးကာ ပြန်ပြောသည်။ စကားထက် လက်က ပိုမြန်၏။ ဓားအလင်းကို ကျောက်တျန်းယွီ နဖူးသို့ ပစ်ထည့်လိုက်ပြီး ဖြစ်သည်။

ဤသည်မှာ ဓားသူတော်စင် တစ်ပါး၏ ရုတ်ချည်း တိုက်ခိုက်မှု ဖြစ်၏။ မည်မျှ မြန်ကာ မည်မျှ ကြောက်စရာ ကောင်းမည်ကို တွေးကြည့်နိုင်သည်။

ကျောက်တျန်းယွီ ခမျာ ရှောင်တိမ်းရန် ဟူသော အတွေးပင် မဆုံးခင် ဓားအလင်းက နဖူးထံ ဝင်ရောက်နေပြီ ဖြစ်သည်။

သိုသော် လေဟာနယ် အတက်အကျ လှိုင်းများ ထွက်ပေါ်လာပြီး၊ ဓားအလင်း၏ အဟုန်နှင့် စွမ်းအားကို ပယ်ဖျက် သွားသည်။

တစ်လက်မ ခန့်သော အကွာအဝေးကို ယဲ့ကူဟန်၏ ဓားအလင်းက လှုပ်လီလှုပ်လဲ့ဖြင့် လျင်မြန်စွာ ဖြတ်သန်းနေသော်လည်း၊ မရောက်နိုင် ခဲ့ခေျ။

ဤအခိုက်အတန့်တွင် သွေးလ နတ်သားတော်၌ တန်ခိုးကြီးသော ကာကွယ်သူ ရှိနေကြောင်း လင်းယွန် သိလိုက်ရသည်။

ဓားအလင်းမှာ ပေျာက်ကွယ်သွားခြင်း မရှိသဖြင့်၊ ကြက်သွေးရောင် လက်တစ်ဖက်က သွေးလ နတ်သားတော်ကို ဖမ်းဆွဲလျက် ချက်ချင်း ထွက်ခွာ သွားတော့သည်။

ယဲ့ကူဟန်က ၎င်းတို့ နောက်ကျောကို ပျောက်ကွယ် သွားသည် အထိ၊ ပြုံးပြီး ကြည့်နေ ခဲ့လေသည်။

သည့်နောက် လင်းယွန် နှင့်အတူ ထွက်ခွာရန် ပြင်လိုက်ရာမှ ကြက်သွေးရောင် အမျိုးသမီးထံ ရုတ်တရက် လှည့်ကြည့်၏။

“ အိုး ... မင်း ရှိနေသေးတာလား။ ”

“ စီနီယာက သူတော်စင် ဘုရင်ပဲ၊ ဒီလို အငယ်တန်း တစ်ယောက် အပေါ်၊ လက်တင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ”

ကြက်သွေးရောင် အမျိုးသမီးက ပြန်ဖြေလာသည်။ ထိုအဖြေကြောင့် ယဲ့ကူဟန်မှ တောက်ပစွာ ပြုံးတော့၏။

“ မင်း မှားသွားပြီ ... ။ ”

စကားဆုံးသည်နှင့် ကြက်သွေးရောင် အမျိုးသမီးမှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲ ပေျာက်ကွယ် သွားတော့သည်။

ဤလုပ်ရပ်သည် လင်းယွန်ကို မျက်လုံးပြူး စေ၏။ ဓားသူတော်စင် တစ်ပါးမှ သူတော်စင်ပင် မဖြစ်သေးသော အမျိုးသမီး တစ်ယောက် အပေါ် ဓားဆွဲ ခဲ့ချေပြီ။

ယင်းသည် သူ၏ စီနီယာ အစ်ကို ဖြစ်နေ ၍သာပင်။ မဟုတ်သော် မည်မျှ အရှက်မဲ့သော သူတော်စင် ဖြစ်သည်ကို တွေးကြည့်နိုင်၏။

***

All Chapters