ပထမတိုက်ပွဲ
Vol. 101 Ch. 1396
အချိန်မရွေး ပြိုလဲလုနီးပါးဖြစ်နေဟန်ပေါ်သည့် ပုံရိပ်၏ ရှေ့တွင် အနက်ရောင်မီးတောက်က ဖြည်းဖြည်းချင်း မြင့်တက်လာကာ သေးငယ်သည့် အခန်းငယ်များစွာ ဖြစ်တည်လာသည်။ ထိုအခန်းငယ်များက ပျားအုံနှင့် တူပြီး သိပ်သည်းစွာ စုဝေးနေလေ၏။
ထိုအခန်းငယ်တစ်ခုချင်းစီက ကြီးမားသည့် အတွင်းနေရာတစ်ခု ရှိနေဟန်ပေါ်သည်။ ထိုပုံရိပ်ရှေ့တွင် ပေါ်ထွက်လာသည့်အရာက ထိုအရာ၏ အသေးစားပုံစံမျှသာ ဖြစ်၏။ သို့သော်လည်း သေချာအနီးကပ်ကြည့်ပါက ထို သေးငယ်သည့် အခန်းငယ်အတွင်းတွင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူနှစ်ဦးစီ ရှိနေသည်ကို မြင်ရလိမ့်မည်။
ဤတစ်ကြိမ် စစ်ဆေးမှုက ထိုနေရာတွင် ဖြစ်၏။
ပြိုလဲလုနီးပါးဖြစ်နေသည့်ပုံရိပ်က ထိုသေးငယ်သည့် အခန်းငယ်များစွာကို စိုက်ကြည့်လိုက်သည်။
ဝမ်ပေါင်လဲ့၏ ပုံရိပ်က ထိုအခန်းငယ်တစ်ခုအတွင်း ပေါ်ထွက်လာလေ၏။
ဝမ်ပေါင်လဲ့က သူပေါ်ထွက်လာသည်နှင့် နတ်ဘုရားအသိစိတ်ကို နေရာတစ်ဝိုက် ဖြန့်ကျက်လိုက်သည်။ သူ့မျက်ဝန်းအထက် တောက်ပမှုတချို့ ရှိနေလေ၏။ သူက ဤတစ်ကြိမ် စစ်ဆေးမှုနည်းလမ်းကို မသိထားသလို ယခုပင် နားမလည်သေးပေ။ သို့သော်လည်း သူက ဘေးပတ်ဝန်းကျင်တွင် ရှိသည့်အရာအားလုံးကို ပုံဖော်ကြည့်လိုက်ရင်း စိတ်ထဲတွင် အဖြေတစ်ခု ရလာမိ၏။
ပိုင်နက်ထိန်းချုပ်မှု မရှိတဲ့ တိုက်ပွဲနယ်မြေလား…
ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်၏။ သူက တောင်နယ်နိမိတ်တစ်ခုအတွင်း ရောက်ရှိနေလေသည်။ ထိုအရာက ကြီးမားဟန်ပေါ်သော်လည်း လက်တွေ့၌မူ ကောင်းကင်မြို့တော် အရွယ်အစားလောက်သာ ရှိ၏။
သေမျိုးများအတွက် ထိုအရာက ကြီးမားဟန်ပေါ်သော်လည်း ကျင့်ကြံသူများအတွက်မူ အချိန်မရွေး နေရာအနှံ့ရောက်ရှိသွားနိုင်သည်။
ဤသို့သော နေရာမျိုး၌ တိုက်ပွဲအားလုံးကို တိုက်ခိုက်ခိုင်းဖို့ရာ မဖြစ်နိုင်ပေ။ ထို့ကြောင့် အဖြေတစ်ခုသာ ရှိ၏။
အမြင်နှင့်ပင် အလွှာများစွာ ပိုင်းခြားထားပြီး နောက်ဆုံးအနိုင်ရရှိသူကို ဆုံးဖြတ်ပေးလိမ့်မည်။
ဝမ်ပေါင်လဲ့အနေနှင့် ဤနေရာတွင် တိုက်ခိုက်ရေးကွင်းများစွာ ရှိပြီး အားလုံးက တိုက်ခိုက်နေကြမည် ဖြစ်ကြောင်း သိလိုက်သည်။
တိုက်ပွဲကွင်းပြင်များစွာ ရှိသည့်အတွက် ငါးနှင့် နဂါးများ ရောနှောထားသလို ဖြစ်လိမ့်မည်။
ငါ့ရဲ့ ပထမပြိုင်ဘက်က ဘယ်သူဖြစ်မလဲ…
ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်လိုက်ပြီး သူ ရပ်နေသည့်နေရမှ ပျောက်ကွယ်သွားကာ သံစဉ်အဖြစ် ပြောင်းလဲသွားပြီး တောင်နယ်နိမိတ်မှ ထွက်ခွာသွားသည်။
……………
ဤနေရာတွင် တောင်ထိပ်လေးခုရှိပြီး တောင်ထိပ်လေးခုကြားတွင် တောအုပ်တစ်ခု ရှိ၏။ ထိုတောအုပ်ထဲတွင် လေတစ်ချက် ဖြတ်တိုက်သွားပြီး သစ်ရွက်များစွာက ယိမ်းသွားလေသည်။
ထိုဆူဆူညံညံ အသံကြားတွင် ထိုအရာနှင့် တူညီသည့် သံစဉ်တစ်ခုကို ဖမ်းဆုပ်ဖို့ အင်မတန် ခက်ခဲလှ၏။ ထိုအရာက တောအုပ်ထဲ ဝဲပျံနေကာ တောအုပ်တစ်ခုလုံးကို ပုံမှန်အဖြစ် ထင်ရစေသည်။ သို့သော်လည်း လက်တွေ့၌မူ သစ်ရွက်များ ဝှေ့ယမ်းနေသည်က သံစဉ်၏ ပြင်းထန်မှုကို လှုံ့ဆော်ပေးနေဟန်ပေါ်သည်။
“ငါက အတော်လေး ကံကောင်းတာပဲ။ ပထမတိုက်ပွဲက ဒီလိုမျိုး သင့်တော်တဲ့ တိုက်ခိုက်ရေးကွင်းမှာ ကျရတယ်လို့”
လေထဲတွင် သစ်ရွက်ယိမ်းသံများ ပဲ့တင်ထွက်နေစဉ် ကိုယ်ပျောက် ပုံရိပ်တစ်ခုက အသံနှင့်ပေါင်းစပ်ထားပြီး အရှိန်မြင့်မြင့်ဖြင့် ပျံသန်းနေသည်။
ဤနေရာကို ရောက်လာသည့်သူက ဂီတတာအိုဂိုဏ်းမှ ဖြစ်၏။ သူက ယခင်မျိုးဆက်ဟောင်းမှ ကျင့်ကြံသူဟောင်းတစ်ဦး ဖြစ်ပေသည်။ သူက အတိတ်တွင် အတော်လေး အားကောင်းခဲ့ပြီး ယခုအခါ အချိန်အတော်ကြာ သီးသန့်ကျင့်ကြံရေး ဝင်ရောက်ခဲ့သည့်အတွက် ပိုမိုပင် အားကောင်းလာလေသည်။ အမှန်တော့ သူ့လိုမျိုး ကျင့်ကြံသူက ဤစစ်ဆေးမှုထဲတွင် လူအများစု ဖြစ်၏။
“ငါ နှစ်တွေအကြာကြီး သီးသန့်ကျင့်ကြံရေး ဝင်ရောက်ခဲ့တာ။ အခုတော့ ဂီတတာအိုကို ကျွမ်းကျင်သွားပြီ။ အခု ထင်းယွိမြို့သခင်က တပည့်ရှာနေပြီ … ဒါတွေအားလုံးက တိုက်ဆိုင်မှုတစ်ခုလိုပဲ။ တကယ်တမ်း လက်တွေ့မှာတော့ ငါ့ရဲ့ ကံကောင်းမှုရောက်လာတဲ့ အရိပ်အယောင်ပဲ။ ဒီတစ်ကြိမ် အားလုံးက အံ့ဩသွားလောက်မဲ့ အလားအလာမျိုးကို ပြသရမယ်”
ထိုရေရွတ်သည့်အသံက ဆူဆူညံညံအသံဖြင့် ပေါင်းစည်းသွားလေသည်။
“ကောင်းပြီလေ။ အခု ပြိုင်ဘက် ရောက်လာတဲ့အထိ စောင့်ကြတာပေါ့။ သူက တောအုပ်ထဲမှာ ဝင်လာတာနဲ့ သေချာပေါက် ရှုံးနိမ့်သွားမှာပဲ။ ပြီးတော့ ငါ့ဂီတအသံက ဒီနေရာမှာ အာရုံခံလို့ မရဘူး။”
သူက အရှိန်မြှင့်တင်လိုက်သည့်အခါ သစ်ရွက်များက ဝေ့ဝဲသွားပြီး လေဟုန်က ပိုမိုအားကောင်းလာသည်။
သို့သော်လည်း သူက မည်မျှပင် အရှိန်မြှင့်တင်ပြီး လေဟုန်က မည်မျှပင် ပြင်းထန်စေကာမူ တစ်ဖက်သူနှင့် မတွေ့ရသေးပေ။
အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့က တောအုပ်အတွင်း မရှိ၍ ဖြစ်၏။
သူ့ပုံရိပ်မှ ဖွဲ့စည်းထားသည့် သံစဉ်က အနီးနားရှိ တောင်ထိပ်ဝန်းကျင်တွင် ကွေ့ပတ်နေသည်။ သံစဉ်ထဲတွင် ဝှက်ထားသည့် ပုံရိပ်က တောအုပ်တစ်ခုလုံးကို သိချင်စွာ ခြုံငုံကြည့်နေလေ၏။
“ဂီတတာအိုဂိုဏ်းသားတွေက အရာအားလုံးရဲ့ အသံကို လေ့ကျင့်ကြတယ်လို့ ပြောတယ်။ အခု ကြည့်ရတာတော့ အမှန်ဖြစ်နေတဲ့ပုံပဲ။ သစ်ရွက်ယိမ်းသံကနေ ကျင့်ကြံထားတဲ့သူရှိတယ်ဆိုတာကို စဉ်းစားကြည့်လိုက်ရင် …”
ဝမ်ပေါင်လဲ့က ထိုအရာကို စဉ်းစားကြည့်နေမိ၏။ ထို့ကြောင့် သူက ချက်ချင်း မသွားသေးဘဲ ခေတ္တမျှ နားထောင်နေလေသည်။
ဂီတတာအိုဂိုဏ်း၏ ကျင့်ကြံသူ ပုံရိပ်ကို မည်သူမှ မမြင်နိုင်သော်လည်း ဝမ်ပေါင်လဲ့၏ တည်ရှိမှုက ထူးဆန်းလှ၏။ သူက ထူးထူးဆန်းဆန်းအရာအဖြစ် ပြောင်းလဲထားသည့်အတွက် တောအုပ်ကို ကြည့်လိုက်သည့်အခါ အလျင်အမြန် ရွေ့လျားနေသည့် ပုံရိပ်ကို မြင်လိုက်ရသည်။
ထိုပုံရိပ်က သံစဉ်နှင့် ပေါင်းစည်းထားသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ရှင်းလင်းနေသည်။
အမွှေးတိုင်ဝက်စာ လောင်ကျွမ်းချိန်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က လုံလောက်ပြီ ထင်ကာ တိုက်ခိုက်ရေးကွင်းဆီ ဦးတည်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ သူက တအံ့တဩ ရေရွတ်လိုက်မိ၏။ သူက သူ့ခန္ဓာကိုယ်ထဲ အပိုသင်္ကေတဒါဇင်ချီကို တွေ့လိုက်ရသည်။
ဒါလည်း အလုပ်ဖြစ်တယ်လား…
ဝမ်ပေါင်လဲ့က မျက်တောင်အသာခတ်လိုက်သည်။ သူက ဆက်လက် ဦးတည်နေဆဲဖြစ်သော်လည်း အရမ်းကြီး နီးကပ်မသွားပေ။ ထိုအစား သူက တောအုပ်အပြင်ဘက်၌သာ ရပ်တန့်လိုက်၏။ သိပ်မကြာခင် သူ့စိတ်ထဲ ပျော်ရွှင်မှုနှင့် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်လာသည်။
အကြောင်းအရင်းကမူ သူ့ခန္ဓာကိုယ်ထဲတွင် တိုးပွားလာသည့် ဂီတသင်္ကေတပမာဏက ပိုမိုမြန်ဆန်လာ၍ ဖြစ်သည်။ အသက်ရှိုက်စာ တစ်ရှိုက်စာတိုင်းတွင် တစ်ခု ဖြစ်တည်လာ၏။
အကြိမ်နှုန်းက သူလန်လဲ့ငါး ဂီတသံစဉ်ကို နားလည်စဉ်အချိန်နှင့် အတူတူသာ ဖြစ်၏။ ထို့ကြောင့် သူက အံ့အားသင့်မှုအလယ်တွင် ချက်ချင်း မတိုက်ခိုက်သေးပေ။ ထိုအစား သူက ဂီတသင်္ကေတများကို နားထောင်ပြီး နားလည်အောင် ပြုလုပ်လိုက်၏။ ဤသို့ဖြင့် နှစ်နာရီ ကြာသွားလေသည်။
ဂီတတာအိုဂိုဏ်းမှ ကျင့်ကြံသူက အတော်လေး စိတ်မရှည်ဖြစ်နေမိသည်။ သူ စုစည်းထားသည့် ဂီတသင်္ကေတများက မုန်တိုင်းသဖွယ် ဖြစ်နေလေ၏။
ကြည့်ရတာ သူက ပုန်းအောင်းနေပြီးတော့ ထွက်မလာရဲတဲ့ပုံပဲ။ ဒါပေမဲ့ အဲဒါက ဘာများအသုံးဝင်လို့လဲ…
ဂီတတာအိုဂိုဏ်းမှ ကျင့်ကြံသူက မကျေမနပ် တွေးလိုက်မိသည်။ တစ်ဖက်သူက စောစောစီးစီး ပေါ်ထွက်လာလျှင် အဆင်ပြေသော်လည်း ယခုအခါ သူ့စွမ်းအားကို စုစည်းဖို့ အချိန်ပေးလိုက်ပြီဖြစ်ကာ ထိုသူ ပုန်းအောင်းနေလျှင်ပင် တစ်ဖက်သူကို ရှာနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိ၏။
ထိုအတွေးဖြင့် ဘေးပတ်ဝန်းကျင်တွင် စုဝေးထားသည့် ဂီတသင်္ကေတမုန်တိုင်းက လှိုင်းလုံးကြီးသဖွယ် ပျံ့နှံ့သွားလာ၏။ တောအုပ်ကို ဗဟိုပြု၍ အဖက်ဖက်သို့ ပျံ့နှံ့သွားကာ တိုက်ခိုက်ရေးကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
“မင်း ဘယ်မှာပုန်းအောင်းနေလဲ ကြည့်ရသေးတာပေါ့” ဂီတတာအိုဂိုဏ်းမှ ကျင့်ကြံသူက ရက်စက်စွာ ရယ်မောလိုက်ပြီး သူ့နတ်ဘုရားအသိစိတ်ကိုပါ ဂီတသင်္ကေတနှင့်အတူ ပျံ့လွင့်စေလိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်၌ သူ့အမူအရာက သံသယကြီးမားလာ၏။
အကြောင်းအရင်းကမူ သူသည် ဂီတသင်္ကေတ နယ်နိမိတ်ဝန်းကျင်တွင် ထူးထူးဆန်းဆန်းအရာကို မခံစားမိပေ။ တစ်ဖက်သူက မတည်ရှိသကဲ့သို့ ဖြစ်၏။
“ဒါက …” ဂီတတာအိုဂိုဏ်းမှ ကျင့်ကြံသူက မနေနိုင်ဘဲ တုံ့ဆိုင်းသွားမိသည်။ ပတ်ဝန်းကျင်ကို သေချာလေ့လာအကဲခတ်ပြီးသည့်နောက်တွင် ဘာမှမတွေ့ရသေးပေ။ ထိုအရာက သူ့စိတ်ထဲတွင် သံသယများစွာ ဖြစ်လာလေ၏။
“ငါ နက်နက်နဲနဲ ပုန်းအောင်းနေလို့လား။ ဒါမှမဟုတ်ဘူးဆိုရင် ငါ့ဆီမှာ ပြိုင်ဖက် မရှိတာလား”
သူက အချိန်အတော်ကြာ လေ့လာခဲ့သော်လည်း ဘာမှရှာမတွေ့သေးပေ။ သူက အန္တရာယ်ပင် ရှာမတွေ့ခဲ့ပေ။ ဂီတတာအိုဂိုဏ်းမှ ကျင့်ကြံသူက ထိုအရာကို မယုံကြည်နိုင်ဖြစ်နေသော်လည်း ဆုံးရှုံးမှုဖြစ်သလို ခံစားမိလိုက်သည်။
ငါက တကယ်ကြီး လက်ဗလာ ထွက်ခွာရတော့မှာလား။ ဘယ်သူမှ ပေါ်မလာဘူးလေ…
ထိုအတွေးဖြင့် သူ့ဂီတသင်္ကေတများက ယခင်ထက်ပိုမို တောက်ပလာသည်။
သူ့အတွက် ထိုအရာက ဘာမှမဟုတ်ပေ။ သို့သော်လည်း မနီးမဝေးတွင် ထိုင်နေသည့် ဝမ်ပေါင်လဲ့ကို ဂီတတာအိုဂိုဏ်းကျင့်ကြံသူက လုံးလုံးသတိမထားမိခဲ့ပေ။ သစ်ရွက်ယိမ်းသံ လျော့ကျသွားမှုက သူ့နားလည်နိုင်သည့် ဂီတသင်္ကေတ ပမာဏလျော့ကျသွားသည်ကို ဆိုလိုနေလေ၏။
“တာအိုရောင်းရင်း ကျုပ်က ပြီးပြည့်စုံမှုကနေ နည်းနည်း အလှမ်းဝေးနေသေးလို့ပါ။ နောက်ထပ်တစ်ခေါက်လောက် ကစားချင်သေးလား” ဝမ်ပေါင်လဲ့က အကျိုးအကြောင်းသင့်သည့်သူဟု ခံစားမိသည်။ ထို့ကြောင့် သူက မကျေနပ်သေးသော်လည်း ချောင်းအသာဟန့်ကာ ထိုသူကို ဖျောင်းဖျဖို့ ကြိုးစားလိုက်၏။
“ဘယ်သူလဲ”
ဂီတတာအိုဂိုဏ်းမှ ကျင့်ကြံသူက ဦးခေါင်းပင် ကျိန်းသွားသလို ခံစားမိလိုက်သည်။ သူ့အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး ခေါင်းလှည့်ကြည့်လိုက်၏။ သို့သော်လည်း ချောင်းဟန့်သံနှင့် စကားသံများက အစစ်အမှန်ဖြစ်သည့်အတွက် သူ့စိတ်ထဲ လှိုင်းလုံးသဖွယ် ဂယက်ထလာစေသည်။