ဖြတ်မျဉ်း
Vol. 101 Ch. 1398
ထိုစူးစူးရှရှ အသံတစ်သံ ထွက်ပေါ်လာသည်နှင့် လေဟာနယ်ကို ထိုးခွင်းလာသည့် အနက်ရောင်မြွေကြီးက ရပ်တန့်သွားခဲ့သည်။ ထိုရပ်တန့်သွားသည့်နေရာက ကျင့်ကြံသူနှင့် သုံးမီတာခန့်သာ ကွာဝေးတော့၏။ ကျင့်ကြံသူတစ်ယောက်အတွက် ထိုအကွာအဝေးက မျက်နှာချင်းဆိုင်ရှိနေသည်နှင့် သိပ်မကွာခြားလှပေ။
ထိုအကြောင်းအရင်းကြောင့် သေမင်းခံတွင်းဝမှ ကပ်သီးလေး လွတ်မြောက်လာသလို ခံစားလိုက်ရသည်။ သူ့နဖူးမှ ချွေးများစီးကျလာပြီး နောက်ကျောပင် စိုရွှဲနေလေ၏။ သူ့မျက်နှာက ဖြူဖျော့ကာ ခန္ဓာကိုယ်က ဝေဝါးသွားသည်။ နောက်အခိုက်အတန့်လေး၌ သူသည် တိုက်ခိုက်ရေးကွင်းမှ ပျောက်ကွယ်သွားလေ၏။
အကယ်၍ သူသာ အရှုံးကို ဝန်ခံလိုက်သည်နှင့် တိုက်ခိုက်ရေးကွင်းမှ ထွက်ခွာသွားရလိမ့်မည်။ ဤသည်က စစ်ဆေးမှု၏ စည်းမျဉ်းတစ်ခု ဖြစ်၏။
လက်တွေ့၌မူ သူက အရှုံးကို ဝန်မခံလိုလျှင်ပင် ဝမ်ပေါင်လဲ့က သူ့ကို သတ်မည် မဟုတ်ပေ။ သူက အကျိုးအကြောင်းသင့်သူ ဖြစ်၏။ တစ်ဖက်သူက အစကတည်းက သတ်ဖြတ်ရေးတိုက်ကွက်များကို အသုံးမပြုခဲ့သည့်အတွက် သူကလည်း ထိုသို့လုပ်မည် မဟုတ်ပေ။
သူက သူ့ဉာဏ်အလင်းပွင့်မှုသည် ဤသို့နှောင့်ယှက်ခံလိုက်ရသည်ကိုသာ နှမြောဖို့ကောင်းကြောင်း ခံစားမိနေ၏။
ဒီလူက ကပ်စေးနည်းလိုက်တာ။ အစတုန်းက သူနဲ့ ကောင်းကောင်းပြောပြီးတော့ ပူးပေါင်းပြီး ငါ့ကို နည်းနည်းကျင့်ကြံခွင့်ပေးအောင် ပြောဖို့ လုပ်ထားတာကိုး…
အများဆုံး ငါ့ကို အကျိုးအမြတ်တချို့ ပေးလိုက်ရုံပဲပေါ့…
ဝမ်ပေါင်လဲ့က နှမြောတသဖြင့် ခေါင်းခါလိုက်သည်။ သူက နောက်အခိုက်အတန့်လေး၌ မှုန်ဝါးလာသည့် တောင်နိမိတ်ကို ကြည့်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ မြေကြီးက ပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
တောင်နယ်နိမိတ်များက ပျောက်ကွယ်သွားလေ၏။ ထိုနေရာကို အစားထိုးသွားသည်က သီးသန့်ပိုင်းခြားခံထားရသည့် ကျွန်းများနှင့် ကောင်းကင်အထက် မြင့်မြင့်ပျံသန်းနေသည့် ပင်လယ်ငှက်များသာ ဖြစ်၏။
တိုက်ခိုက်ရေးကွင်းက ပြောင်းလဲသွားခဲ့သည်။
ဝမ်ပေါင်လဲ့က ဘေးပတ်ဝန်းကျင်ကို ကြည့်ဖို့ အချိန်မရှိပေ။ သူ့ခန္ဓာကိုယ်ပေါ်ထွက်လာသည်နှင့် ကောင်းကင်ယံရှိ ပင်လယ်ငှက်အားလုံးက သူတို့၏ ခေါင်းကိုငုံ့ကာ စူးစူးရှရှအော်သံကို ထုတ်လွှတ်ပြီး ဝမ်ပေါင်လဲ့ဆီ ချီတက်လာသည်။
ထိုမျှသာမကဘဲ ပင်လယ်က အပြင်းအထန် လှုပ်ခတ်လာသည်။ ပင်လယ်အောက်မှ ဧရာမငါးကြီးတစ်ကောင်က ဝမ်ပေါင်လဲ့ကို ဝါးမျိုဖို့ ထွက်ပေါ်လာ၏။
အဝေးမှကြည့်လျှင် ပင်လယ်ငါး၏ ဦးခေါင်းက ဝမ်ပေါင်လဲ့၏ အယောက်ထောင်ချီ အရွယ်အစားမျှ ရှိ၏။ ထို့ကြောင့် ဝါးမျိုခံလိုက်ရသည့် ခံစားချက်က တုန်လှုပ်ဖို့ ကောင်းလှသည်။ ပင်လယ်ငှက်အရေအတွက်ကလည်း ရာချီဖြစ်ပြီး တစ်ယောက်ချင်းစီက ဓားသဖွယ်ထက်ရှပြီး ဝမ်ပေါင်လဲ့ လျှောက်လှမ်းသည့် နေရာတစ်ခုလုံးကို ပိတ်ဆို့ထားလေသည်။
ဒုတိယမြောက်တိုက်ပွဲက စတင်နေပြီ ဖြစ်၏။
တစ်ချိန်တည်းဆိုသလို ဂိုဏ်းကြီးသုံးဂိုဏ်း၏ မီးတောင်ဝတစ်ခုချင်းစီတွင် စစ်ဆေးမှုအတွင်း မပါဝင်သည့် ကျင့်ကြံသူများနှင့် ပထမတိုက်ပွဲအတွင်း ကျရှုံးသည့်သူများက စုဝေးနေကြ၏။ သူတို့က မီးတောင်ဝကို ကြည့်နေကြသည်။ ထိုနေရာ၌ ပျားအုံသဖွယ်ဖြစ်နေသည့် အလင်းဖန်သားပြင်တစ်ခု ရှိနေ၏။ ထိုဖန်သားပြင်ထဲတွင် ကွဲပြားသည့် တိုက်ခိုက်ရေးကွင်းများရှိနေသည်။
သို့သော် ထိုအရေအတွက်က တစ်ဝက်လောက် လျှော့ချခံလိုက်ရသော်လည်း ကျန်ရှိနေသည့် အရေအတွက်က အံ့မခန်းဖြစ်နေဆဲသာ ဖြစ်၏။
ထို့ကြောင့် ထိုအခန်းငယ်တစ်ခုအတွင်း ရှိနေသည့် ဝမ်ပေါင်လဲ့က အာရုံများများစားစား မဖမ်းနိုင်ပေ။ လူအများကြည့်ရှုဖို့ ရွေးချယ်ထားသည့် လူများစွာရှိနေသည့်အတွက် ကျော်ကြားမှုက အားလုံး၏ အာရုံဆွဲဆောင်နိုင်မှုအတွက် အခြေခံ ဖြစ်နေသည်။
ထို့ကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ တာအိုကလေးငယ်များ ရှိနေသည့် နေရာနှင့် တချို့တပည့်ဟောင်းများကိုသာ အားလုံးက အာရုံစိုက်ထားကြ၏။ ဆွေးနွေးသံများက ဂိုဏ်းကြီးသုံးဂိုဏ်းအနှံ့ ပဲ့တင်ထွက်နေသည်။
“ဒီစစ်ဆေးမှုမှာ ယွဲ့လင်းကျစ်နှင့် ကျုံးဟိန်ကျစ်တို့ကြားက တိုက်ပွဲက အဆုံးသတ်ဖြစ်မယ်လို့ ထင်တယ်”
“ဟုတ်တယ် ယွဲ့လင်းကျစ်ကို ကြည့်လိုက်ဦး။ သူမရဲ့ ထင်းယွိစည်းမျဉ်းဥပဒေသက အာကာပြင်ကို လှုပ်ခတ်ပြီး ပုံရိပ်ကို ပျက်ယွင်းသွားနိုင်တဲ့ အနေအထားထိ ရောက်ရှိနေပြီ”
“မင်းတို့တွေက ဂီတတာအိုဂိုဏ်းက လျှို့ဝှက်ဆန်းကြယ် တာအိုကလေးငယ် ယင်ရှီကို မေ့နေကြတာပဲ။ ယင်ရှီက ကြောက်ဖို့အကောင်းဆုံးသူပဲ။ သူ့တိုက်ခိုက်ရေးကွင်းကို ကြည့်လိုက်ဦး။ သူ ရှေ့တစ်လှမ်းတိုးလာတဲ့အချိန်တိုင်း သူက အမြဲတမ်းနိုင်တယ်”
“ဒါပေမဲ့ တစ်ခါတစ်လေမှာ ယွဲ့လင်းကျစ်ကလည်း ပုံမှန်တော့ မဟုတ်ဘူး”
ထိုဆွေးနွေးမှုများအလယ်တွင် ဝမ်ပေါင်လဲ့နှင့် တိုက်ခိုက်လာသည့်သူက ဂီတတာအိုဂိုဏ်းရှိရာ မီးတောင်ဝ၌ ရပ်နေလေသည်။ သူက အမူအရာ ပျက်ယွင်းနေလေ၏။ သူက အပြင်ဘက်သို့ ရောက်လာပြီးသည့်နောက်တွင် သူ့ဘေးပတ်ဝန်းကျင်ရှိ အကြည့်များကို ခံစားမိကာ အနည်းငယ် မျက်နှာပူလာမိသည်။ သို့သော်လည်း သူက မကောင်းဆိုးဝါး တစ်ကောင်နှင့် တိုက်ခိုက်ခဲ့ရကြောင်း တွေးမိသွားသည့်အခါ စိတ်သက်သာရာ ရသွားမိ၏။
အထူးသဖြင့် သူ တွေ့ကြုံခဲ့ရသည့် မကောင်းဆိုးဝါးကို မည်သူကမှ အာရုံမစိုက်နေကြောင်း သဘောပေါက်သွားသည့်အခါ ဖြစ်သည်။ ဂီတတာအိုဂိုဏ်းမှ ကျင့်ကြံသူက အသက်ပြင်းပြင်းရှူလိုက်၏။ သူ့အမူအရာက အနည်းငယ် ခက်ထန်လာသည်။
“ဒါက သေချာပေါက် ဖျက်မြင်းပဲ။ သူ့ကို တွေ့ရတဲ့သူတိုင်းက သေရလိမ့်မယ်”
ထိုအတွေးဖြင့် သူက သူကိုယ်တိုင် မလုပ်နိုင်သည့်အတွက် တခြားသူ လုပ်နိုင်မည်မဟုတ်ကြောင်း ယုံကြည်ထားသည်။ သူက တခြားသောသူများကို လျစ်လျူရှုထားပြီး ဝမ်ပေါင်လဲ့ကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။
ဝမ်ပေါင်လဲ့က ငါးအကြီးကြီးကြောင့် ဝါးမျိုခံလိုက်ရသည်ကို မြင်သည့်အခါ စိတ်ထဲ၌ အေးစက်စက်သာ ရယ်မောလိုက်မိသည်။
“ဘယ်သူပဲတိုက်ခိုက်ခိုက် နောက်ဆုံးမှာတော့ စိတ်ပျက်မှုဆိုတာ သိသွားလိမ့်မယ်”
သူ့စကားများကို တုံ့ပြန်သည့်အလား ဝမ်ပေါင်လဲ့၏ ဖန်သားပြင်မှ ငါးကြီးက အပြင်းအထန် တုန်ယင်သွားပြီး ရေမျက်နှာပြင်အထက် ထွက်ပေါ်လာကာ အသံကျယ်ကြီးနှင့်အတူ ပေါက်ကွဲထွက်သွား၏။ ထို့နောက် သွေးများက နေရာအနှံ့ ပြန့်ကျဲသွားသည်။ ထိုအရာက ကောင်းကင်တစ်ဝက်နှင့် ပင်လယ်မျက်နှာပြင်ကို အနီရောင်ဆေးဆိုးလိုက်သကဲ့သို့ဖြစ်ပြီး ပင်လယ်ငှက်များကိုပင် ပျက်သုဉ်းသွားစေ၏။
အံ့မခန်းစွမ်းအားက ပေါက်ကွဲထွက်သွားသကဲ့သို့ ဖြစ်သွားကာ ဖန်သားပြင်ကလည်း ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။ သို့သော်လည်း ထိုဖျတ်ခနဲ လင်းလက်မှုက မြန်ဆန်လွန်းသည့်အတွက် တခြားစိုက်ကြည့်နေသူ မဟုတ်ပါက သတိထားမိဖို့ ခက်ခဲလှသည်။
ထိုလျှပ်တစ်ပြက်အတွင်း ဝမ်ပေါင်လဲ့၏ အကြည့်က အေးစက်စက် တောက်ပလာ၏။ သူက ညာဖက်လက်ကို မြှောက်ကာ ပင်လယ်ပြင်ကို ဆွဲယူလိုက်သည်။ ထိုဆွဲယူမှုနှင့် အတူ သူ ဖန်တီးထားသည့် လွတ်လပ်ခွင့်တေးသံက အဖက်ဖက်သို့ ပျံ့နှံ့သွားလေ၏။
ထိုအရာ ပျံ့နှံ့သွားသည့်အချိန်တိုင်း ပင်လယ်ပြင်က လှုပ်ခတ်လာကာ ထိတ်ထိတ်ပျာပျာဖြစ်နေသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုအရာက အမျိုးသား ကျင့်ကြံသူ ဖြစ်၏။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့မျက်ဝန်းအထက် တုန်လှုပ်မှုနှင့် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေကာ သွေးများ ဆက်တိုက် အန်နေရသည်။
သူက တန်ပြန်သက်ရောက်မှုကို ခံစားနေရခြင်း ဖြစ်၏။ ပထမတိုက်ပွဲက စောစောစီးစီး အဆုံးသတ်သွားသည့်အတွက် သူက ဤနေရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေရသည်။ သူက ဧရာမငါးကြီးနှင့် ပင်လယ်ငါးများကို သူ့ဂီတနှင့် ဖွဲ့စည်းဖို့ရာ အချိန်လုံလောက်၏။ သူက ခိုးကြောင်ခိုးဝှက် ပြင်ဆင်ထားလျှင် အနိုင်ရရှိနှုန်း တိုးပွားလာမည်ဖြစ်ကြောင်း သိထားသည်။ သို့သော်လည်း ဤသို့ဖြစ်လာလိမ့်မည်ဟု တွေးမထားခဲ့မိပေ။
ကြည့်ရသည်မှာ အရာအားလုံးက အဆုံးသတ်သွားသကဲ့သို့ ဖြစ်၏။ သို့သော်လည်း နောက်အခိုက်အတန့်လေး၌ ဧရာမငါးကြီးနှင့် ပင်လယ်ငှက်တို့က ပြိုလဲသွားလေသည်။ တန်ပြန်သက်ရောက်မှုက အံ့မခန်းဖြစ်သည့်အတွက် သူ့ဂီတသင်္ကေတ တစ်ဝက်ကျော်ကို ဖျက်ဆီးပစ်လိုက်သည်။
သူ မလွတ်မြောက်နိုင်တော့သည်ကို မြင်သည့်အခါ ကျင့်ကြံသူက အရှုံးပေးဖို့ရာ ပြင်လိုက်၏။
သို့သော်လည်း သူ့စကားမဆုံးခင် အမူအရာကင်းမဲ့နေသည့် ဝမ်ပေါင်လဲ့က ရုတ်ချည်းဆိုသလို လက်မြှောက်လိုက်၏။ ထို့နောက် ကွဲထွက်သွားသည့် ပင်လယ်ပြင်က ချက်ချင်းဆိုသလို ပြန်လည်စုစည်းလာကာ အားပြင်းပြင်းနှင့်အတူ ကျင့်ကြံသူကို ရိုက်ချလိုက်သည်။
အသံကျယ်ကြီးနှင့်အတူ ကျင့်ကြံသူက စကားပင် မပြောလိုက်နိုင်ဘဲ ပင်လယ်ရေအောက် နစ်မြုပ်သွားလေသည်။
အကြောင်းအရင်းကမူ ပင်လယ်ပြင်က ဝမ်ပေါင်လဲ့၏ ဂီတ ပါဝင်နေ၍ ဖြစ်သည်။ ထိုအရာ၏ စွမ်းအားက ကြီးမားလွန်း၍ အရာအားလုံးကို ခြေမွပစ်နိုင်စွမ်းရှိ၏။
“ငါက ခိုးကြောင်ခိုးဝှက် တိုက်ကွက်တွေကို အမုန်းဆုံးပဲ” ဝမ်ပေါင်လဲ့က အေးစက်စက် ပြောလိုက်သည်။ သူ့ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖြည်းဖြည်းချင်း မှုန်ဝါးလာ၏။ ဂီတတာအိုဂိုဏ်း၏ တောင်ထိပ်တွင်ရှိနေသည့် ကျင့်ကြံသူက အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီး ကပ်ဘေးမှ ရှင်သန်လာရသည့် ခံစားချက်က ပိုမိုအားကောင်းလာသည်။
“စောစောလေးက ငါ သူ့ကို ခိုးကြောင်ခိုးဝှက် မတိုက်ခိုက်မိတာ တော်သေးတာပေါ့” ထိုကျင့်ကြံသူက ပျော်ရွှင်နေသလို အနည်းငယ်လည်း စိတ်လှုပ်ရှားနေမိ၏။ သူက သူကိုယ်ပိုင်အကဲဖြတ်ချက်ကို ပိုမိုယုံကြည်လာမိသည်။
“ဒါက သေချာပေါက် ဖျက်မြင်းတစ်ကောင်ပဲ”