← Chapters

အနီရောင်နတ်ဆိုး

Vol. 101 Ch. 1399

အနီရောင်နတ်ဆိုး

Vol. 101 Ch. 1399

တိုက်ပွဲတို့က ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်၏။ ထိုနေရာတွင် ပါဝင်ယှဉ်ပြိုင်သည့်သူများစွာ ရှိနေသေးသည့်အတွက် တိုက်ပွဲတစ်ခုချင်းစီ၏ မြင်ကွင်းက မကြာခဏ ပြောင်းလဲသွားလေ့ရှိသည်။ တစ်ချိန်တည်းဆိုသလို စစ်ဆေးမှု၏ စည်းမျဉ်းများကို အပြင်လူများက ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

ပြိုင်ပွဲဝင်များရှိနေသည့် အခန်းငယ်အတွင်း တခြားသော ဂဏန်းအရေအတွက်တချို့လည်း ရှိ၏။ ထိုအရေအတွက်က ရှုံးနိမ့်သွားသူ လူအရေအတွက်ကို ကိုယ်စားပြုသည်။ တိုက်ခိုက်ရေးကွင်းက အဆင့်သတ်မှတ်ထားသည့်အလား ထိုနံပါတ်များ ရှိနေခြင်း ဖြစ်၏။

ရှုံးနိမ့်သူက ထွက်ရမည်ဖြစ်ကာ အနိုင်ရရှိသူက ထိုနံပါတ်များ ရရှိမည် ဖြစ်သည်။

လူအရေအတွက်က လျော့ကျလာပြီး အခန်းငယ်များက စတင်ပျောက်ကွယ်လာသည်။ ကျန်ရှိနေသည့် လူဦးရေက ၇၀၀ မျှသာ ကျန်ရှိတော့၏။

အာရုံအဖမ်းစားနိုင်ဆုံး လူနှစ်ယောက်က ဂီတတာအိုဂိုဏ်းမှ တာအိုကလေးငယ် ယင်ရှီနှင့် လေးကြိုးမျဉ်းဂိုဏ်းမှ ယွဲ့လင်းကျစ်တို့သာ ဖြစ်သည်။

ယင်ရှီ၏ အရေအတွက်က ၁၇၀၀ ရောက်ရှိနေပြီး ယွဲ့လင်းကျစ်ကမူ ၁၅၀၀သို့ ချဉ်းကပ်လာနေပြီ ဖြစ်၏။ တခြားသော တာအိုကလေးငယ်အတွက်မူ အများစုက တစ်ထောင်မျှသာ ရှိကြသည်။

ထို့အပြင် တစ်ထောင်အရေအတွက်သို့ ရောက်ရှိနေသည့် တခြားသော တပည့်ဟောင်းနှစ်ယောက်လည်း ရှိနေသေး၏။ ထိုလူ ၈ယောက်က လူများစွာ၏ အာရုံကို ဖမ်းစားထားနိုင်သည်။ ဝမ်ပေါင်လဲ့ဘက်တွင် သူက တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ယခုအချိန်ထိ သူ တွေ့ကြုံခဲ့ရသည့်သူများထဲ  မည်သူကမှ အားမကောင်းပေ။ ထို့ကြောင့် သူက ဂဏန်းသုံးလုံးမျှသာ စုဆောင်းနိုင်သေးသည်။

 သို့သော်လည်း ထိုပါရမီရှင် ၈ယောက်နှင့် ယှဉ်လိုက်ပါက ဝမ်ပေါင်လဲ့၏ အရေအတွက်က အင်မတန် သေးငယ်နေ၏။ သို့သော်လည်း သူ့ကြောင့်ရှုံးနိမ့်သွားသည့်သူများက သူတို့ပြန်လာပြီးသည့်နောက်တွင် ပထမကျင့်ကြံသူကဲ့သို့ ဖြစ်နေကြသည်။ သူတို့က ဒေါသဖြင့် အံကြိတ်ကာ တခြားသော ကျင့်ကြံသူများက ဝမ်ပေါင်လဲ့အား  ပြစ်ဒဏ်ပေးဖို့ မျှော်လင့်နေကြသည်။

ဝမ်ပေါင်လဲ့ကမူ သူ့အရေအတွက်ကို မသိသည့်အတွက် အာရုံစိုက်ခြင်း မရှိပေ။

ငါသာ ဆက်လက်နိုင်မယ်ဆိုရင် နောက်ဆုံးတိုက်ပွဲအထိ ဝင်ရောက်နိုင်လိမ့်မယ်…

ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ တွေးလိုက်၏။ သူက ပတ်ဝန်းကျင်များစွာကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် တည်နေရာတစ်ခုသို့ ရောက်ရှိလာကာ သံဇဉ်တစ်ခုအသွင် ပြောင်းလဲလိုက်သည်။

ကြည့်ရသည်မှာ သူ့ကံကောင်းမှုကြောင့်လား သို့မဟုတ် စစ်ဆေးမှုရှိ လူများက သာမန်ဖြစ်နေသည့်အတွက်ကြောင့်လား မသိရသော်လည်း ဝမ်ပေါင်လဲ့က တိုက်ပွဲဒါဇင်ချီအားလုံးကို ချက်ချင်း ဖြေရှင်းနိုင်ခဲ့၏။

 တစ်ချိန်တည်းဆိုသလို သူက ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ ဖုံးကွယ်ခြင်း၌ ကောင်းမွန်ကြောင်း တွေ့ရှိသွားသည်။ သူ တွေ့ရှိသည့်တစ်ဖက်လူက အမြဲတမ်း ဤကဲ့သို့ဖြစ်နေပြီး သူကိုယ်တိုင်ပင် နေရာအသစ်ကို ဝင်ပြီး ပုန်းအောင်းဖို့ ရွေးချယ်ခဲ့သည်။

သူ့အရေအတွက်က ငါးရာကျော် ဖြစ်လာလေ၏။ သို့သော်လည်း တခြားသောပါရမီရှင်များနှင့် ယှဉ်ပါက အာရုံမဖမ်းစားနိုင်သေးပေ။

ဤသို့ဖြင့် အချိန်ကုန်ဆုံးလာရင်း ဝမ်ပေါင်လဲ့က မည်မျှကျော်ဖြတ်ခဲ့မှန်းပင် မမှတ်မိတော့ပေ။ သူက ထိုအရာဖြင့် နေသားကျနေပြီဖြစ်၏။

သူ ဖြတ်သန်းလာသည့်အချိန်တိုင်း ရန်သူများကို မမြင်ရပေ။

ဤတစ်ကြိမ်တွင် ဝမ်ပေါင်လဲ့က ပတ်ဝန်းကျင်ထဲ ပြန်လည်ပေါ်ထွက်လာသည့်အချိန် သူ့လက်ကိုမြှောက်ကာ ဘေးပတ်ဝန်းကျင်ကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

“နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာပြီပဲ” ဝမ်ပေါင်လဲ့ရှေ့မှ အမျိုးသမီးဆန်ဆန် အသံတစ်သံထွက်ပေါ်လာသည်။

ထိုသူက သွေးနှင့်တူသည့် အနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ရုပ်ချောချောအမျိုးသားတစ်ဦး ဖြစ်၏။ ဝမ်ပေါင်လဲ့ရှေ့တွင် ပေါ်ထွက်လာသည့် ပတ်ဝန်းကျင်က ထိုအမျိုးသားနှင့် ကွဲပြားနေသည်။

ဤနေရာတွင်ရှိသည့် ပတ်ဝန်းကျင်က ရှေးဟောင်းအဖွဲ့အစည်း၏ အပြိုအပျက်မျှသာ ဖြစ်၏။ ပျက်စီးခြင်း၊ သေခြင်းတရားတို့က ဤနေရာ၏ အဓိကပုံစံ ဖြစ်နေသည်။ သို့သော် ထိုအမျိုးသား၏ ထူးကဲမှုကမူ အနီရောင် ဖြစ်၏။

သူက ဆံပင်ရှည်ရှိပြီး သစ်သားတုံးပေါ်တွင် တင်ပျဉ်ခွေကာ ထိုင်နေသည်။ သူ့အနက်ရောင်ဆံပင်များက လေနှင့်အတူ မြောလွင့်နေပြီး လက်ထဲတွင် အဖြူရောင်အရိုးပုလွေကို ကိုင်ဆောင်ထားရင်း ဝမ်ပေါင်လဲ့ကို ခြုံငုံကြည့်နေလေ၏။

ထိုအခိုက်အတန့်၌ သူနှင့် ဝမ်ပေါင်လဲ့တို့က အကြည့်ချင်းဆုံးသွားလေသည်။

အမျိုးသားဖြစ်နေသော်လည်း ပြိုင်ဘက်ကင်းလှပသည့် မျက်နှာက အမျိုးသမီးဆန်ဆန် အလှတရားကဲ့သို့ ဖြစ်နေသည်။ ထိုအနီရောင်၏ စူးစူးရှရှ အလှတရားက ထိုအမျိုးသားကို မြင်လိုက်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ စိတ်ထဲ ပေါ်ထွက်လာသည့် ပထမဦးဆုံး အတွေး ဖြစ်၏။

ဝမ်ပေါင်လဲ့၏ အကြည့်က ထိုသူကို ဖြတ်သန်းသွားကာ သူ့လက်ထဲမှ အရိုးပုလွေကို ကြည့်လိုက်သည်။ ထို့နောက် သူက အကြည့်လွှဲလိုက်၏။ တစ်ချက်ကြည့်ရုံမျှဖြင့် သူ့စိတ်ထဲ၌ အဖြေရရှိသွားသည်။ ထိုပုလွေက ထူးကဲလှသည်။

အကြောင်းအရင်းကမူ ထိုတူရိယာသည် ထင်းယွိကမ္ဘာထဲမှ ထူးထူးဆန်းဆန်းတည်ရှိမှု၏ အရိုးမှ ပြုလုပ်ထား၍ ဖြစ်၏။ ဂီတတူရိယာသည် ထင်းယွိစည်းမျဉ်းဥပဒေသ ကျင့်ကြံသူများအတွက် တမင်လုပ်ပေးထားခြင်း ဖြစ်၏။

ထင်းယွိကမ္ဘာထဲရှိ ထူးထူးဆန်းဆန်း တည်ရှိမှုများသည် မမြင်နိုင်ကြောင်း သိထားရမည်။ ထို့ကြောင့် အရိုးပုလွေကိုယ်တိုင်ကပင် မမြင်နိုင်သည့် ဂုဏ်သတ္တိမျိုးရှိ၏။ ထင်းယွိမြို့တစ်ခုလုံး၌ ဝမ်ပေါင်လဲ့ကသာ ထင်းယွိကမ္ဘာအတွင်း ဝင်ရောက်နိုင်သည့်အတွက် ထိုသို့သော တူရိယာမျိုးကို လုပ်ဆောင်နိုင်သည်။ သူကလွဲ၍ ထိုတူရိယာမျိုးကို လုပ်ဆောင်နိုင်သည့် တစ်ဦးတည်းသောသူက ထင်းယွိမြို့သခင်သာ ဖြစ်၏။

“သူက ထင်းယွိမြို့သခင် လုပ်ပေးထားတဲ့ တူရိယာရှိနေတာပဲ” ဝမ်ပေါင်လဲ့က စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူက ထိုအမျိုးသား၏ ဇစ်မြစ်ကို မှန်းဆထားပြီးသား ဖြစ်၏။

“တာအိုကလေးငယ်” ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

အနီရောင်ဝတ်ရုံနှင့် အမျိုးသားက ဟိန်ချင်းဂိုဏ်းမှ တာအိုကလေးငယ် နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်လေသည်။

ထိုအမျိုးသားက သူ့အမူအရာက ပုံမှန်ဖြစ်နေပြီး လက်ထဲမှ အရိုးပုလွေကို ခါလိုက်သည်။ သူက ဝမ်ပေါင်လဲ့သည် ပုလွေကို မြင်နိုင်ကြောင်း သတိမထားမိခဲ့ပေ။ ထိုအစား သူက ဝမ်ပေါင်လဲ့ကို တည်တည်ငြိမ်ငြိမ်ကြည့်နေရင်း မျက်လုံးကို အသာမှိတ်ကာ ပြောလိုက်သည်။

“ဒီကနေ အရှုံးဝန်ခံပြီး ထွက်သွားစမ်း”

ဝမ်ပေါင်လဲ့၏ မျက်ဝန်းက တောက်ပလာ၏။ သူက လက်ကိုဝှေ့လိုက်သည့်အချိန် သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ လေထဲ ဂီတသံများဖြင့် ပြည့်နှက်လာကာ ထိုအမျိုးသားဆီ ဝင်ရောက်သွား၏။

တစ်ချိန်တည်းဆိုသလို သူနှင့် အနီရောင်ဝတ်ရုံ အမျိုးသားကြားမှ တိုက်ပွဲကို သေသေချာချာစောင့်ကြည့်နေကြသည်။ ထို့ကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူအမြောက်အများက စောင့်ကြည့်နေကြလေ၏။ ဝမ်ပေါင်လဲ့က တာအိုကလေးငယ်ကို စမ်းသပ်ခိုင်းလိုက်သည်ကို မြင်သည့်အခါ ခေါင်းခါလိုက်ကြသည်။

“ဒီကောင်က သူ့အတွက် ဘာကောင်းမှန်း မသိဘူးပဲ”

“ဟိန်ချင်းဂိုဏ်းရဲ့ အနီရောင်နတ်ဆိုး တာအိုကလေးငယ်က ထင်းယွိစည်းမျဉ်းဥပဒေသမှာ မြင့်မားတဲ့အဆင့်ကို ရောက်နေပြီ။ သူက ထူးဆန်းတဲ့ စိတ်ဝိညာဉ်တွေကို ဆင့်ခေါ်နိုင်တဲ့ ရှေးဟောင်းသွေးသီချင်းကိုတောင် ဖန်တီးနိုင်ခဲ့တယ်လို့ ကြားတယ်။ အဲဒါက လူတွေကို သတိမထားမိဘဲ သတ်ပစ်နိုင်တယ်တဲ့”

“ဒီတိုက်ပွဲက ဘာမှကြည့်နေစရာ မလိုတော့ဘူး”

လူအုပ်ကြီးက ခေါင်းခါရင်း ထိုကိစ္စကို ဆွေးနွေးနေစဉ် ဝမ်ပေါင်လဲ့ထံ ရှုံးနိမ့်သွားသူအားလုံးကလည်း စိတ်လှုပ်ရှားနေကြသည်။ သူတို့က ရှုံးနိမ့်သွားသော်လည်း ဝမ်ပေါင်လဲ့က တာအိုကလေးငယ်နှင့် ရင်ဆိုင်လောက်အောင် အားကောင်းသည်ဟု မယုံကြပေ။ တစ်ခုတည်းသော ခြွင်းချက်ကမူ ဝမ်ပေါင်လဲ့ကြောင့် ပထမဦးဆုံး ရှုံးနိမ့်သွားသည့် ပထမဦးဆုံးကျင့်ကြံသူ ဖြစ်၏။ သူက ထိုတိုက်ပွဲကို သေချာစောင့်ကြည့်နေရင်း အသက်ရှူနှုန်းပင် မြန်ဆန်လာသည်။

“သူက ဖျက်မြင်းဟုတ် မဟုတ် ဒီတိုက်ပွဲပေါ် မူတည်နေလိမ့်မယ်။”

“တကယ်လို့ သူသာ ရှုံးနိမ့်သွားမယ်ဆိုရင်တော့ အဆုံးသတ်သွားပြီ။ ဒါပေမဲ့ သူသာ နိုင်တယ်ဆိုရင် ကောင်းကင်ဘုံသွေဖယ်နေတဲ့ ဖျက်မြင်းက ဒီစစ်ဆေးမှုမှာ ပေါ်ထွက်လာလိမ့်မယ်”

ကျင့်ကြံသူများကလည်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေစဉ် ဝမ်ပေါင်လဲ့ ဖွဲ့စည်းထားသည့် ဂီတသံစဉ်က လေဟုန်ကိုဖြတ်ကာ တာအိုကလေးငယ်ဆီ ရောက်ရှိလာသည်။

“မင်းက ကိုယ့်ကိုယ်ကို အထင်ကြီးနေမှတော့လည်း” အနီရောင်နတ်ဆိုးက ရုတ်ချည်းဆိုသလို မျက်လုံးဖွင့်ကာ အေးစက်စက်သတ်ဖြတ်ငွေ့ဖြင့် တောက်ပလာသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သည့်အချိန် ထိပ်တိုက် တွေ့ဆုံသံများကိုပင် ကြားလိုက်ရ၏။ အနည်းဆုံး တစ်သောင်းလောက် ရှိပေမည်။ သူတို့က အချင်းချင်း ဆက်နွယ်သွားသည့်အခါ တုန်ခါလှိုင်းများ ထွက်ပေါ်လာပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားလေသည်။ ထိုအရာက ဝမ်ပေါင်လဲ့စကားကြောင့် ဖွဲ့စည်းလာသည့် သံစဉ်ကို ဖုံးလွှမ်းသွားသည့် ဧရာမဝဲကတော့ကြီးသဖွယ် ဖြစ်၏။

“မင်းရဲ့ တာအိုကို ဒီမှာ အဆုံးသတ်စေလိုက်မယ်” အနီရောင်နတ်ဆိုး၏ အသံက လေထဲ ပဲ့တင်ထွက်လာသည်။ သူက လွှမ်းခြုံခံလိုက်ရသည့် ဂီတသံစဉ်ကို ကြည့်ပင်မကြည့်ဘဲ မတ်တတ်ရပ်ကာ ထွက်သွားဖို့ပြင်လိုက်၏။

သူ နားလည်ထားသလောက် ဤသည်က သူ့ဆီမှ ပုံမှန်တိုက်ခိုက်မှု တစ်ခုမျှသာ ဖြစ်နေသော်လည်း ထင်းယွိစည်းမျဉ်းဥပဒေသ၌ အောင်မြင်မှုကြောင့် တစ်ဖက်သူသည် အသက်ရှင်နိုင်ချေ မရှိပေ။ သို့သော် သူလှည့်လိုက်သည့် အခိုက်အတန့်၌ သူ့စိတ်ထဲ အန္တရာယ်ခံစားနှုန်း ရုတ်ချည်းဆိုသလို မြင့်တက်လာသည်။

All Chapters