မပြောပလောက်သည့် ဂီတသံစဉ် ပြန်လည်ပေါ်ထွက်လာခြင်း
Vol. 101 Ch. 1400
ထိုအန္တရာယ်ခံစားနှုန်း ပေါ်ထွက်လာသည်နှင့် အနီရောင်နတ်ဆိုးနောက်မှ အသံက ထွက်ပေါ်လာခဲ့သည်။ ထိုအရာ ဖွဲ့စည်းထားသည့် သံစဉ်က အင်မတန် ကြမ်းတမ်းပြီး သေခြင်းရှင်ခြင်း ဖြတ်ကျော်လာသည့်အလား ဖြစ်ကာ သေမင်းခံတွင်းဝမှ မြင့်တက်လာလိုသည့် ရူးသွပ်မှုတို့ ကိန်းအောင်းနေသည်။
ဤသည်က လွတ်လပ်ခွင့်သံစဉ်ဖြစ်ပြီး စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းက ဝမ်ပေါင်လဲ့ ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့် အဖျက်စွမ်းအားက အံ့မခန်း ဖြစ်သည်။
အနီရောင်နတ်ဆိုးက ဟိန်ချင်းဂိုဏ်း၏ တာအိုကလေးငယ်ဖြစ်သော်လည်း သူ့ပုံမှန်တိုက်ကွက်က ဝမ်ပေါင်လဲ့၏ လွတ်လပ်ခွင့်သံစဉ် တစ်စိတ်တစ်ပိုင်းကို ဖိနှိပ်ထားဖို့ရာ မလုံလောက်ပေ။
နောက်အခိုက်အတန့်လေး၌ အနီရောင်နတ်ဆိုးဖန်တီးထားသည့် သီချင်းက ဖျက်ဆီးခံလိုက်ရသည့် ပိုက်ကွန်ကြီးသဖွယ် ဖြစ်သွားလေ၏။ စိတ်အားထက်သန်သည့် သံစဉ်တစ်ခု ထွက်ပေါ်လာပြီးသည့်နောက်တွင် လှံရှည်အဖြစ် ပြောင်းလဲသွားကာ အနီရောင်နတ်ဆိုးဆီ လျှပ်စီးလိုအလျင်နှုန်းဖြင့် ပြေးဝင်လာသည်။
ထိုအရာက ဖော်ညွှန်းဖို့ရာ အချိန်အတော်ကြာသော်လည်း လက်တွေ့၌မူ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းသာ ဖြစ်၏။ ယခင်က သတိလက်လွတ်ဖြစ်နေခဲ့သည့် အနီရောင်နတ်ဆိုးက ယခု မျက်မှောင်ကြုတ်လိုက်သည်။ ထိုအနီရောင်လှံ သူ့ဆီ ဝင်ရောက်လာသည်ကို မြင်သည်နှင့် သူ့ခန္ဓာကိုယ်က ဝေဝါးသွားကာ ပိုမိုကြီးကျယ်ခမ်းနားသည့် သီချင်း အသွင်ပြောင်းလဲသွားသည်။
ထိုသီချင်းက သီချင်းတစ်ပုဒ်တည်း မဟုတ်တော့ဘဲ သီချင်းများစွာမှ ဖွဲ့စည်းထားခြင်း ဖြစ်၏။
ထိုသီချင်းသံ ထွက်ပေါ်လာသည့်အချိန် ကမ္ဘာတစ်ခုလုံးက သွေးနီရောင်ပြောင်းလဲသွားခဲ့သည်။ ထိုအရာက အနီရောင်နတ်ဆိုး၏ စွမ်းအား ဖြစ်၏။ ထိုအရာ၏ နာမည်က သွေးစတေးမှု ဖြစ်ပေသည်။
အရာအားလုံးကို ဖုံးကွယ်ထားသည့် သွေးနီရောင်မြူခိုးမှ ဖွဲ့စည်းထားသော သွေးနီရောင်ထုကြီးက အရာအားလုံးကို ဝါးမျိုလုမတတ်ဖြစ်နေသည်။ ထိုအရာက တိုက်ခိုက်ရေးကွင်း ရှိရာနေရာ၌ ဖြစ်ပွားခဲ့သော်လည်း လူအားလုံး၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ သူတို့၏ အကြည့်အားလုံးတွင် ဝမ်ပေါင်လဲ့၏ သီချင်းမှ ဖွဲ့စည်းထားသည့် လှံရှည်အား သွေးနီရောင်မြူခိုးဖြင့် ထိပ်တိုက်တွေ့ဆုံသွား၏။
အသံကျယ်ကြီးနှင့်အတူ သွေးနီရောင်မြူခိုးက ပြိုလဲသွားပြီး ဂီတသင်္ကေတများအဖြစ် ပြောင်းလဲသွားကာ နောက်ဆုတ်လိုက်ရသည်။
တစ်ချိန်တည်းဆိုသလို အနီရောင်နတ်ဆိုး၏ ပုံရိပ်က အနီရောင်မြူခိုးထဲ ပေါ်ထွက်လာလေ၏။ သူက ဝမ်ပေါင်လဲ့ကို အေးစက်စက်ကြည့်ပြီး မှုန်မှိုင်းမှိုင်း ပြောလိုက်သည်။
“မင်းက သေချင်နေတာပဲ”
သူက ပြောလိုက်ရင်းဖြင့် သူ့ဝန်းကျင်တွင်ရှိသည့် သွေးနီရောင်မြူခိုးကြီးက ထပ်မံ တုန်ခါကာ ပေါက်ထွက်လာသည်။ သူ့ကို ဗဟိုပြုလျက် ဝဲကတော့ကြီးအသွင်ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် ပျက်ယွင်းသွားစေသည်။
ဝဲကတော့ကြီး စတင်လှည့်ပတ်လာသည့်အခါ သွေးနီရောင် အခိုးအငွေ့များ ပျံ့နှံ့လာကာ ဝမ်ပေါင်လဲ့ကို ဖမ်းဆုပ်မည့် လက်ကြီးများအသွင် ပြောင်းလဲသွားခဲ့သည်။ ထိုအရာက အံ့မခန်းမြင်ကွင်းတစ်ခု ဖြစ်သော်လည်း သေချာအနီးကပ်ကြည့်ပါက သွေးနီရောင်လက်များ ဖြစ်စေ၊ သွေးနီရောင်မြူခိုးဖြစ်စေ သို့မဟုတ် ဝဲကတော့ဖြစ်စေ ထိုအရာအားလုံးက ဂီတသင်္ကေတပမာဏ အမြောက်အများဖြင့် ပြုလုပ်ထားသည်ကို မြင်ရလိမ့်မည်။
ထိုဂီတသင်္ကေတများတွင် စည်းမျဉ်းဥပဒေသစွမ်းအား ပါဝင်နေပြီး သူတို့က မုန်တိုင်းသဖွယ် ဖွဲ့စည်းနိုင်ခြင်း ဖြစ်၏။ သူတို့၏ စွမ်းအားအတွက်မူ အနီရောင်ဝတ်ရုံနှင့် အမျိုးသားကြောင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူက တာအိုကလေးငယ် တစ်ယောက်၏ စွမ်းပကားကို ပြသလာခဲ့၏။
ပြင်းထန်သည့် ဖိအားက အဖက်ဖက်သို့ ကျဆင်းလာသည်။ ဝမ်ပေါင်လဲ့၏ ပုံရိပ်က သွေးထဲ နစ်မြုပ်သွားပြီး သွေးနီရောင်လက်ကြီးနှင့် စုတ်ဖြဲခံရမည်ကို မြင်သည့်အခါ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများက ထိုဖန်သားပြင်မှ အကြည့်မခွာနိုင်ကြတော့ပေ။ တခြားတစ်ဖက်တွင် ဝမ်ပေါင်လဲ့၏ တိုက်ကွက်များက သူတို့၏ မှန်းဆချက်ထက် ကျော်လွန်နေ၏။
ဂိုဏ်းကြီးသုံးဂိုဏ်း၌ တာအိုကလေးငယ်၏ ဂီတကို ထိုးဖောက်နိုင်သည့်သူ များများစားစားဟူ၍ မရှိပေ။ ထိုသို့လုပ်နိုင်သည့်သူများကိုပင် ကောင်းကင်ဘုံသွေဖယ်သူအဖြစ် မှတ်ယူနိုင်လေ၏။
ဝမ်ပေါင်လဲ့ကမူ သူစိမ်းတစ်ယောက် ဖြစ်နေသည့်အတွက် သူ ပေးသည့် ခံစားချက်က ကွဲပြားနေသည်။ တခြားတစ်ဖက်တွင် သူတို့က အနီရောင်နတ်ဆိုးသည် မည်မျှအားကောင်းကြောင်း သေချာသိလိုကြ၏။
ယခင်တိုက်ပွဲအတွင်း သူက ဤမျှအနေအထားထိ တစ်ခါမှ မတိုက်ခိုက်ခဲ့ပေ။ တစ်ဖက်သူက သူ့ကို မြင်သည်နှင့် ချက်ချင်းဆိုသလို လက်လျှော့ကာ အရှုံးပေးသွားကြ၏။
ထို့ကြောင့် ထိုတိုက်ပွဲအပေါ် အာရုံစိုက်သည့် အရေအတွက်က သိသိသာသာ တိုးပွားလာသည်။
သို့သော်လည်း လူတချို့ကသာ ဝမ်ပေါင်လဲ့သည် အနီရောင်နတ်ဆိုး၏ တိုက်ကွက်ကို အောင်အောင်မြင်မြင် ခုခံလိမ့်မည်ဟု ယုံကြည်ထားကြ၏။ သူတို့နှစ်ဦးကြားမှ စွမ်းအားကွာဟချက်က ကြီးမားလှသည်။
“အဲဒီကောင်လေးက ဒီတိုက်ပွဲမှာ မသေဘူးဆိုရင် နာမည်ကျော်ကြားလာမှာ သေချာတယ်”
“နှမြောဖို့ကောင်းတာက ငါ သူ့ကို မသိဘူး။ သူ့နာမည်က ဘာလဲ”
“အဲဒါက ကိစ္စမရှိဘူး။ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ကျင့်ကြံသူအများစုက သီးသန့်ဆန်တယ်။ တကယ်လို့ မင်း နာမည်ကြီးချင်တယ်ဆိုရင် တိုက်ခိုက်ရလိမ့်မယ်”
ဂိုဏ်းကြီးသုံးဂိုဏ်း၏ တပည့်များက ထိုကိစ္စကို ဆွေးနွေးနေစဉ် ဝမ်ပေါင်လဲ့ကြောင့် ပထမဆုံး ရှုံးနိမ့်သွားသည့် ကျင့်ကြံသူက အသက်အောင့်ကာ ထိုတိုက်ပွဲကို သေချာစောင့်ကြည့်နေသည်။ သူ့အကြည့်အောက်တွင် တိုက်ပွဲက ပိုမိုပြင်းထန်လာ၏။
လေထုထဲ သွေးများပျံ့နှံ့နေကာ သွေးနီရောင်လက်ကြီးက ဝမ်ပေါင်လဲ့ကို လွှမ်းခြုံသွားတော့မည် ဖြစ်၏။ ဤသို့အရေးကြီးသည့် အခိုက်အတန့်၌ ဝမ်ပေါင်လဲ့၏ အကြည့်က တောက်ပလာသည်။ သူက အင်မတန် အားကောင်းကြောင်း သိထားသော်လည်း မည်မျှအားကောင်းမှန်း အတိအကျမသိပေ။ သူက ရှစ်လင်းကျစ်နှင့် တိုက်ပွဲအပြီးတွင် ထင်းယွိစည်းမျဉ်းဥပဒေသကို စမ်းသပ်ဖို့ရာ အခွင့်အရေး မရခဲ့ပေ။ ထို့ကြောင့် သူက သူ့ကိုယ်ပိုင်အနေအထားကြောင်း ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိပေ။
ဤတိုက်ပွဲအတွင်း တာအိုကလေးငယ်က ရှစ်လင်းကျစ်နှင့် ယှဉ်နိုင်ကြောင်း ခံစားချက်မျိုး ပေးစွမ်း၏။ ထို့အပြင် သူက ဝှက်ဖဲတချို့ရှိနေမှန်း သိသာလှသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့က သူသည် မည်သည့်အဆင့်အနေအထားတွင်ရှိနေကြောင်း သိလိုမိသည်။
နောက်ထပ်အကြောင်းအရင်းတစ်ခုကမူ တစ်ဖက်သူသည် သူ့လွတ်လပ်ခွင့်ဂီတသံစဉ်ကို ဖျက်ဆီးပစ်လိုက်၏။ ထိုအရာက ဝမ်ပေါင်လဲ့အား အနည်းငယ် ဒေါသထွက်စေသည်။ ထိုအခိုက်အတန့်၌ သူ့အကြည့်များက တောက်ပလာပြီး သွေးနီရောင်အကြည့်နှင့် ဝဲကတော့က သူ့ဆီ ရောက်တော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့က သူ့ခန္ဓာကိုယ်ထဲ ထပ်ဆင့်ထားသည့် ဂီတသင်္ကေတများကို ထုတ်လွှတ်လိုက်သည်။
“တစ်ဝက်နဲ့ စလိုက်ရအောင်” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ့ထိန်းချုပ်မှုအောက်တွင် မျက်စိတစ်မှိတ်အတွင်း ဂီတသင်္ကေတများက တုန်ခါသွားပြီး ထူးကဲသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။
ဖူး
ထိုအရာက အသံတစ်သံမျှသာ ဖြစ်သော်လည်း ထိုအရာ ပေါ်ထွက်လာသည့်အချိန် ဝမ်ပေါင်လဲ့ဆီ ချဉ်းကပ်လာနေသည့် သွေးနီရောင်လက်ကြီးက စတင် တုန်ခါလာသည်။ ထို့နောက် သူတို့က သွေးစက်များအဖြစ် ပြိုလဲသွားလေ၏။ သူတို့က ပြိုလဲသွားသည့်အခါ သူတို့က ဂီတသင်္ကေတကလွဲ၍ ဘာမှမဟုတ်တော့ပေ။ သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးဘဲ ထပ်မံပြိုလဲသွား၏။
ထိုမျှသာ မကသေးဘဲ ဝမ်ပေါင်လဲ့ကို လွှမ်းခြုံထားသည့် သွေးနီရောင်မြူခိုး ဝဲကတော့ကြီးကလည်း အတူတူသာ ဖြစ်သည်။ ထိုအရာက အနီးကပ် မလာနိုင်ခင် ရိုက်ချခံလိုက်ရသည့်အလား အစိတ်စိတ်အမြွာမြွာ ပြိုကွဲထွက်သွား၏။
ထိုသံသရာစက်ဝန်းက ထပ်ခါထပ်ခါ ဖြစ်ပွားနေသည်။ ဝမ်ပေါင်လဲ့ကို ဗဟိုပြုလျက် ပေါက်ကွဲစွမ်းအားက အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး အနီရောင်နတ်ဆိုးကိုပင် လွှမ်းခြုံသွားခဲ့သည်။
အနီရောင်နတ်ဆိုးက သူ့မျက်နှာအထက် အံ့အားသင့်မှုဖြင့် ပြည့်နှက်နေလေ၏။ သူက သူ့လက်ထဲမှ အရိုးပုလွေကို မြှောက်ကာ စတင်တီးမှုတ်လိုက်သည်။
သို့သော် ထိုပုလွေက ထူးကဲကာ ထုတ်လွှတ်သည့် အသံက ထူးခြားနေသော်လည်း ဝမ်ပေါင်လဲ့၏ ဂီတသင်္ကေတ၏ စွမ်းအားကြောင့် လွှမ်းခြုံခံလိုက်ရသည်။
ထိုအခိုက်အတန့်၌ ထိုနေရာလေးက ကန့်သတ်ချက်သို့ ရောက်ရှိလာပြီ ဖြစ်၏။ အသံကျယ်ကြီးနှင့်အတူ အားလုံး မြင်လိုက်ရသည့်အခါ တိုက်ခိုက်ရေးကွင်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်၏။
ထိုသို့ဖြစ်သွားစဉ် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများက တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
“ဒါက…”
“ဘာတွေဖြစ်နေတာလဲ”
“ဘာဖြစ်သွားတာလဲ”
ဂိုဏ်းကြီးသုံးဂိုဏ်းက ကျင့်ကြံသူများက စိတ်ထဲ ဂယက်ရိုက်နေလေ၏။ သူတို့က အနီရောင်နတ်ဆိုးသည် ထိုနေရာထဲ နစ်မြုပ်သွားသည်ကို မြင်လိုက်ရ၏။ သူပါးစပ်မှ သွေးများ စီးကျလာကာ သူ့မျက်နှာအထက် မယုံကြည်နိုင်မှုများ ကိန်းအောင်းနေသည်။
သူတို့ မမြင်နိုင်သည့်အရာက အနီရောင်နတ်ဆိုး၏ လက်ထဲမှ အရိုးပုလွေသည် အပိုင်းပိုင်းအစစ ကြေမွသွားကြောင်း ဖြစ်၏။
ထိုအခိုက်အတန့်၌ ဂီတတာအိုဂိုဏ်း၏ မီးတောင်ဝ၌ အားနည်းသည့် အရှိန်အဝါရှိသည့် ပုံရိပ်တစ်ခုက ရုတ်ချည်းဆိုသလို မျက်လုံးဖွင့်လာသည်။ သူက သူ့ရှေ့တွင် ရှိနေသည့် ဖန်သားပြင်ထဲ ပြိုကွဲသွားသော တိုက်ခိုက်ရေးကွင်းကို ကြည့်လိုက်၏။