← Chapters

ဖူး

Vol. 101 Ch. 1401

ဖူး

Vol. 101 Ch. 1401

“ဖူးအသံလား” ဂီတတာအိုဂိုဏ်း၏ မီးတောင်ဝတွင် ရှိနေသည့် ပုံရိပ်က ထိုအရာကို သေချာစိုက်ကြည့်လိုက်၏။ ခဏအကြာတွင် သူက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သူ့အကြည့်များက ထူးထူးဆန်းဆန်းအလင်းဖြင့် တောက်ပသွားလေ၏။

ခဏအကြာတွင် ထိုပုံရိပ်က ညာဖက်လက်ကိုမြှောက်ပြီး သူ့ရှေ့တွင်ရှိနေသည့် သေးငယ်သည့် ဖန်သားပြင်အားလုံးကို ဖယ်ရှားကာ တစ်ခုတည်းကိုသာ ချန်ထားခဲ့သည်။

ထိုနေရာထဲတွင် ကျတ်တီးလွင်ပြင်တစ်ခုအသွင် ဖြစ်နေလေ၏။ ထိုအချိန်၌ မိုးမြေကြားနှင့် ဆက်နွယ်ထားသလိုမျိုး မုန်တိုင်းတစ်ခုပေါ်ထွက်လာကာ ထိုမုန်တိုင်း၏ အလယ်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုသူက ဝမ်ပေါင်လဲ့ ဖြစ်၏။

သူ့ဆံပင်များက လေနှင့်အတူ မြောလွင့်နေပြီး သူ့ဝတ်ရုံက ပြောင်းလဲသွားခြင်း မရှိပေ။ သူ့မျက်နှာအထက် အံ့အားသင့်မှုကိုသာ မြင်ရလေ၏။ ယခင်တိုက်ပွဲက သူ့အတွက် အံ့အားသင့်သွားစေသလိုမျိုး  အနည်းငယ် အံ့ဩနေဟန်ပေါ်သည်။

ဝမ်ပေါင်လဲ့က သူ့ဂီတသင်္ကေတစွမ်းအား၏ တစ်ဝက်ကျော်ကိုသာ ထုတ်ပြခဲ့၏။ သူ့သိထားသလောက် ဂီတသင်္ကေတများ၏ စွမ်းအားကို တစ်ကြိမ်တစ်ခါသာ စမ်းသပ်ခဲ့ဖူးသည်။

သို့သော်လည်း တစ်ဝက်က ဤနေရာပင် မခံနိုင်လောက်အောင် ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

ငါက အရမ်းအားကောင်းနေတာလား ဒါမှမဟုတ်ဘူးဆိုရင် အဲ့တစ်ယောက်က အရမ်းကို အားနည်းနေတာလား…

ဝမ်ပေါင်လဲ့က မျက်တောင်ခတ်လိုက်ပြီး အရမ်းဂုဏ်မယူသင့်ကြောင်း ခံစားမိလိုက်သည်။ တစ်ဖက်သူက အားမကောင်းခြင်း မဖြစ်နိုင်ပေ။

ထိုအတွေးဖြင့် သူက ခေါင်းမော့ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ဝမ်ပေါင်လဲ့ ပေါ်ထွက်လာသည့်အချိန် အပြင်ဘက်ကမ္ဘာရှိ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကလည်း ထိုမြင်ကွင်းကို မြင်လိုက်ကာ တအံ့တဩ ရေရွတ်လိုက်ကြသည်။

“အနီရောင်နတ်ဆိုးနဲ့ တိုက်ခိုက်တဲ့သူ ပေါ်ထွက်လာပြီ”

တူညီသည့် အသံများက ပဲ့တင်ထွက်လာလေ၏။ သိပ်မကြာခင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကလည်း သူတို့၏ ဂိုဏ်းမှ သက်ဆိုင်ရာအတွင်း၌နေကာ ဝမ်ပေါင်လဲ့ ပေါ်ထွက်လာသည့် ဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။ သူနှင့် အနီရောင်နတ်ဆိုးကြားမှ တိုက်ပွဲသည် နေရာကိုပင် ပြိုလဲသွားစေပြီး တိုက်ပွဲကို အဆုံးသတ်သွားစေ၏။ ထို့ကြောင့် အနိုင်ရရှိသူကို အကဲဖြတ်ဖို့ ခက်ခဲလှသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့ ပေါ်ထွက်လာမှုက အားလုံး၏ အာရုံကို ဖမ်းစားသွားလေ၏။ အကြောင်းအရင်းကမူ တခြားသော ဖန်သားပြင်များကို ရှာဖွေပြီးသည့်နောက်တွင် သူတို့က အနီရောင်နတ်ဆိုး တာအိုကလေးငယ်ကို ရှာမတွေ့ကြသေးပေ။ ဆိုလိုသည်မှာ အုတ်အော်သောင်းနင်း ဂယက်တစ်ခု ဖြစ်ပေါ်လာလေ၏။

“ဟိန်ချင်းဂိုဏ်းက အနီရောင်နတ်ဆိုးက ပေါ်ထွက်မလာသေးဘူး”

“အဲဒါဆိုရင် တာအိုကလေးငယ်က ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားတာလား”

“တာအိုကလေးငယ်က ရှုံးနိမ့်သွားတယ်ဆိုရင် အဲဒီသူကတော့ အတော်လေးကို မြင့်တက်လာတော့မှာပဲ”

ထိုဆွေးနွေးသံများက ပိုမိုပြင်းထန်လာစဉ် အနီရောင်နတ်ဆိုးက ပေါ်ထွက်မလာသည့်အတွက် အကဲဖြတ်ချက်များက ပိုမိုသေချာလာလေ၏။ ဟိန်ချင်းဂိုဏ်းမှ အနီရောင်နတ်ဆိုးနှင့် အဆက်အသွယ်ရှိသူများက အသံပို့ဆောင်ရေးကျောက်စိမ်းပြား ထုတ်ကာ မေးခွန်းများ မေးလိုက်ကြသည်။ အဆုံးသတ်၌ အချိန်တိုမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် အနီရောင်နတ်ဆိုးက ပြန်ပြီးဖြေလာလေ၏။

“ငါ  ရှုံးနိမ့်သွားတယ်”

သူ့စကားများက ဟိန်ချင်းဂိုဏ်းတစ်လျှောက် ပျံ့နှံ့သွားလေသည်။ တခြားသော ဂိုဏ်းနှစ်ခုကလည်း ထိုအရာကို ရှေ့ဆင့်နောက်ဆင့် ကြားလိုက်ရ၏။ ထို့ကြောင့် ဆွေးနွေးမှုများက ပိုမိုပြင်းထန်လာလေသည်။

စိတ်အလှုပ်ရှားဆုံးသူများက ဝမ်ပေါင်လဲ့ကြောင့် ရှုံးနိမ့်သွားသူများ ဖြစ်၏။ သူတို့က မယုံကြည်နိုင်စွာ ဖြစ်နေလေသည်။ အထူးသဖြင့် ဝမ်ပေါင်လဲ့ကြောင့် ရှုံးနိမ့်သွားသည့် ပထမဦးဆုံးကျင့်ကြံသူ ဖြစ်၏။ သူ့မျက်ဝန်းက အနီရောင်ဖြင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သူ့အသက်ရှူနှုန်းက မြန်ဆန်လာကာ အကြည့်များကပင် တောက်ပလာသည်။

ဒါက သေချာပေါက် ဖျက်မြင်းတစ်ကောင်ပဲ

တာအိုကလေးငယ်ကို အနိုင်ယူနိုင်တယ်ဆိုတော့ သူက နံပါတ်တစ် ဖြစ်လာနိုင်ချေ သိပ်မမြင့်ဘူးဆိုပေမဲ့ နံပါတ်သုံးထဲတော့ ပါနိုင်တယ်…

လူအုပ်ကြီး၏ ရုတ်ရုတ်သဲသဲဖြစ်မှုကြားတွင် ဟိန်ချင်းဂိုဏ်းထဲရှိ သီးသန့်ကျင့်ကြံရေးဂူတစ်ခုအတွင်း အနီရောင်နတ်ဆိုးက အချိန်အတော်ကြာ တငေးတမောဖြင့် ရပ်နေမိသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့အရှိန်အဝါက အားနည်းနေလေ၏။ သူက သူ့ရှုံးနိမ့်မှုကို ပြန်လည်အမှတ်ရနေသကဲ့သို့ ဖြစ်သည်။

“နောက်ဆုံးဂီတသင်္ကေတ” သူက ခါးသီးစွာ ရေရွတ်လိုက်၏။ ထိုနေရာပြိုလဲသွားမှုက သူ့ကို ကယ်တင်ခဲ့ကြောင်း ဝန်ခံရပေမည်။

အကယ်၍ နေရာက ဂီတသင်္ကေတ၏ စွမ်းအားကို တောင့်မခံနိုင်ဘဲ သူ့ဆီမရောက်ခင် ပြိုလဲသွားနိုင်သည့် အချက် … သူနှင့် တစ်ဖက်သူတို့က ကူးသန်းပြောင်းရွှေ့ရေးကြောင့် အတင်းအကြပ် ပိုင်းခြားခံလိုက်ရ၍သာ မဟုတ်ခဲ့လျှင် …  

သို့သော် ယခုတွင် သူက ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရ၏။

အနီရောင်နတ်ဆိုးကလေးငယ်ကို အကြောက်တရားကို ပြန်လည်အမှတ်ရသွားစေသည့် ကြောက်မက်ဖွယ်ဂီတသင်္ကေတကို ပြန်လည်စဉ်းစားမိသွားသည်။ သို့သော်လည်း သူက ပိုမို စိတ်ရှုပ်ထွေးနေမိ၏။ သူက ထိုအကြောင်းကို မည်မျှပင် တွေးစေကာမူ မည်သို့သော ဂီတသင်္ကေတမျိုး ဖြစ်ကြောင်း အဖြေ မထုတ်နိုင်ပေ။ ထိုအရာက မဖော်ပြနိုင်ဖွယ် အကြောက်တရားအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

သူ့အမြင်တွင် သူက ထိုအရာက ဂီတသင်္ကေတမျှ မဟုတ်တော့ဘဲ သင်္ကေတအဖြစ် ယူဆ၍မရတော့ပေ။ အကြောင်းအရင်းကမူ သူ့အရိုးပုလွေကပင် ထိုအရာ၏ စွမ်းအားကို မခုခံနိုင်ဘဲ အစိတ်စိတ်အမြွာမြွာ ကြေမွသွားခဲ့၏။

သူက တုန်လှုပ်ကာ အံ့အားသင့်နေစဉ် ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာ၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူက ရှေ့တိုးလာပြီး ဝမ်ပေါင်လဲ့ကို တုန်လှုပ်တကြီးဖြင့် ကြည့်လိုက်၏။ သူ့ရှေ့တွင် ပေါ်ထွက်လာသည့်သူက ဝမ်ပေါင်လဲ့၏ ပြိုင်ဖက် ဖြစ်ပေသည်။ သူက ဤနေရာတွင် လေ့ကျင့်နေခဲ့သည့်အတွက် ဝမ်ပေါင်လဲ့၏ တိုက်ပွဲရလဒ်ကို မသိခဲ့ပေ။ သို့သော်လည်း ဝမ်ပေါင်လဲ့ ဖြစ်စေခဲ့သည့် ကမ္ဘာ၏ အပြောင်းအလဲကြောင့် အံ့အားသင့်နေဆဲ ဖြစ်၏။

ဝမ်ပေါင်လဲ့က သူ့အတွက် သူစိမ်းတစ်ယောက် ဖြစ်သော်လည်း ထိုကျင့်ကြံသူက ထိုမုန်တိုင်းသည် ဆင်းသက်လာရုံမျှဖြင့် ဖန်တီးနိုင်လိမ့်မည်ဟု မယုံပေ။ ထိုအရာက နေရာတစ်ခုလုံးကိုပင် သက်ရောက်မှုရှိစေ၏။

ထို့ကြောင့် သူ့ခန္ဓာကိုယ်ပေါ်ထွက်လာပြီးသည့်နောက်တွင် ကျင့်ကြံသူက ဝမ်ပေါင်လဲ့၏ နောက်မှ မုန်တိုင်းကို ကြည့်ရင်း ဦးခေါင်းများဖြင့် မှုန်မှိုင်းသွားလေ၏။ သူက တုံ့ဆိုင်းမနေဘဲ အရှုံးပေးဖို့ ရွေးချယ်ခဲ့၏။

နောက်အခိုက်အတန့်လေး၌ ကျင့်ကြံသူများ ပေါ်ထွက်လာပြီး ဝမ်ပေါင်လဲ့က မျက်ခုံးပင့်ကာ သူ ရပ်နေသည့်နေရာ၌သာ ရပ်နေပြီး ပတ်ဝန်းကျင်ကို အပြောင်းအလဲ ဖြစ်စေလိုက်သည်။ ထို့နောက် သူက နောက်တိုက်ခိုက်ရေးကွင်း၌ ပေါ်ထွက်လာလေ၏။

အချိန်က ဖြည်းဖြည်းချင်းကုန်လွန်သွားကာ ဝမ်ပေါင်လဲ့၏ ရောက်ရှိလာမည့် တိုက်ပွဲကိုလည်း သူ့အတွက် တစ်သတ်မှတ်တည်း ဖြစ်နေလေ၏။ ယခင်နှင့် သိပ်ကွဲပြားမှု မရှိပေ။ တစ်ခုတည်းသော ကွဲပြားချက်က တစ်ဖက်သူ၏ အင်အားက အနည်းငယ် အားကောင်းလာရုံမျှသာ ဖြစ်၏။

တစ်ဖက်သူက မည်သူပင်ဖြစ်စေကာမူ ဝမ်ပေါင်လဲ့က လက်ဝှေ့လိုက်ရုံမျှသာ လိုအပ်လေသည်။ သူ့ဂီတသင်္ကေတ၏ ကန့်သတ်ချက်ကြောင့် ဖွဲ့စည်းလာသည့် အသံလှိုင်းက တစ်ဖက်လူကို ချက်ချင်းဆိုသလို ဝါးမျိုကာ တိုက်ပွဲကို အဆုံးသတ်သွားစေသည်။

ပြင်ပလောကရှိ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများအတွက် တစ်သတ်မှတ်တည်း ဖြစ်နေသည့် တိုက်ပွဲက ဤသို့မဟုတ်ပေ။ ကျင့်ကြံသူအများစုက ဝမ်ပေါင်လဲ့ကို အာရုံစိုက်ထားကြ၏။ ယင်ရှီနှင့် ယွဲ့လင်းကျစ်ကိုပင် ဝမ်ပေါင်လဲ့လောက် မသိကြတော့ပေ။

ရှေ့လူများက နာမည်ကြီးပြီးသားဖြစ်သည့်အတွက် သူတို့အနိုင်ရရှိသည့်အခါ အံ့အားသင့်ဖို့ကောင်းမည် မဟုတ်ပေ။ သို့သော် နောက်တစ်ယောက်ကမူ ဖျက်မြင်း ဖြစ်၏။

ဝမ်ပေါင်လဲ့ လက်ဝှေ့လိုက်သည့်အချိန် ထွက်ပေါ်လာသည့် ဂီတသင်္ကေတများက လျှို့ဝှက်ဆန်းကြယ်မှု မရှိပေ။

နေရာ၏ ကန့်သတ်ချက်ကြောင့် ထိုအတွင်း၌ ဂီတကို မတီးခတ်နိုင်ပေ။ ထို့ကြောင့် ယခုအချိန်အထိ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများက ဝမ်ပေါင်လဲ့၏ ဂီတသင်္ကေတသည် မည်သို့သော အသံဖြစ်ကြောင်း သိဖို့ရာ နည်းလမ်း မရှိပေ။

သူတို့က ဝမ်ပေါင်လဲ့၏ ပြိုင်ဘက်တိုင်း၏ ထူးထူးဆန်းဆန်းအမူအရာ၊ ဒေါသနှင့် တုန်လှုပ်မှုတို့ကိုသာ မြင်တွေ့ခဲ့ရသည်။

ပို၍ထူးဆန်းစေသည့် အချက်က သူတို့ ကူးသန်းပြောင်းရွှေ့ခံလာပြီးသည့်နောက်တွင် သူတို့၏ မျက်နှာအထက် အမူအရာပျက်ယွင်းနေခြင်း ဖြစ်၏။ မည်သူကမှ ဝမ်ပေါင်လဲ့၏ ဂီတသံစဉ်အကြောင်း မပြောကြပေ။ ထိုအရာက သူတို့အတွက် တားမြစ်ချက်ကဲ့သို့ ဖြစ်နေလေ၏။

သို့သော်လည်း သူတို့မျက်နှာအထက် ကူကယ်ရာမဲ့မှုနှင့် စိတ်ရှုပ်ထွေးမှုများက ကျန်လူအားလုံးကို မှန်းဆဖို့ လှုံ့ဆော်မှု ရလာစေသည်။

“အဲ့အသံက ဘယ်လိုမျိုးလဲ။ အရမ်းကို အားကောင်းလောက်တယ်”

“အဲဒါက သဘာဝအသံပဲ ဖြစ်ရမယ်။ ဘာမှတွေးနေဖို့ မလိုတော့ဘူး။ အဲ့လိုပဲဖြစ်ရမယ်။ မဟုတ်ဘူးဆိုရင် ဘယ်လောက်တောင် အံ့ဩဖို့ကောင်းမှာ မလို့လဲ”

“ငါလည်း သဘာဝအသံလို့တော့ ထင်တယ်။ ဒါပေမဲ့ ရှုံးနိမ့်မှုကတော့ ရှုံးနိမ့်မှုပါပဲ။ ဒီလူတွေက ဘာလို့ အီးမှန်ထားသလို ဖြစ်နေရတာလဲ”

All Chapters