← Chapters

အဲဒါ မင်းပဲ

Vol. 101 Ch. 1402

အဲဒါ မင်းပဲ

Vol. 101 Ch. 1402

ပြင်ပလောကက ပွက်လောရိုက်နေစဉ် စစ်ဆေးမှုက ဆက်လက် ဖြစ်ပွားနေသည်။ ပါဝင်ယှဉ်ပြိုင်သူ ပမာဏအနည်းငယ် ရှိသော်လည်း တစ်ကြိမ်ချင်းစီဆိုသလို တစ်ဝက်ခန့်မျှ ရှင်းထုတ်ခံလိုက်ရသည်။ ဖြည်းဖြည်းချင်းဖြင့် ပိုမိုနည်းပါးလာပြီး အရေအတွက်က ၈ယောက်အထိသာ ကျန်ရှိတော့သည်။

ထိုရွေးချယ်ခံ ၈ယောက် ပေါ်ထွက်လာသည်နှင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူအားလုံးက သူတို့ကို အာရုံစိုက်ထားလိုက်ကြသည်။

သူတို့အားလုံးက တိုက်ပွဲများစွာကို တွေ့ကြုံခဲ့ရပြီး တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးပေ။ ထို့ကြောင့် သူတို့က ထိပ်သီး ၈ယောက်အတွင်း ရှိနေကြခြင်း ဖြစ်၏။ စစ်ဆေးမှု၏ စည်းမျဉ်းအရ သူတို့ကျရှုံးသွားသည်နှင့် ကူသန်းပြောင်းရွှေ့ခံရမည်ဖြစ်၏။ ရလဒ်အနေဖြင့် သူတို့က စစ်ဆေးမှုမှ အရည်အချင်းမပြည့်မှီတော့ပေ။

ထို့ကြောင့် ဤအနေအထားထိ ရောက်ရှိသည့်သူများက ဂိုဏ်းကြီးသုံးဂိုဏ်းမှ အားအကောင်းဆုံး ကျင့်ကြံသူများသာ ဖြစ်၏။

သူတို့ထဲမှ ငါးယောက်၏ ဇစ်မြစ်က ဂိုဏ်းကြီးသုံးဂိုဏ်း၏ ကျင့်ကြံသူများအတွက် အံ့အားသင့်စရာ မရှိပေ။ ထိုသူ ငါးယောက်က ဂိုဏ်းကြီးသုံးဂိုဏ်းမှ တာအိုကလေးငယ်များ ဖြစ်၏။

လေးကြိုးမျဉ်းဂိုဏ်းနှင့် ဂီတတာအိုဂိုဏ်းတို့မှ ယွဲ့လင်းကျစ်၊ ရှစ်လင်းကျစ်၊ ကျုံးဟိန်ကျစ်နှင့် ယင်ရှီတို့အပြင် နောက်ဆုံးသူက ဟိန်ချင်းဂိုဏ်းမှ အဖြူရောင်ချပ်ဝတ် ဖြစ်ပေသည်။

ဟိန်ချင်းဂိုဏ်းက နဂိုက တာအိုကလေးငယ်နှစ်ယောက် ပါဝင်ဆင်နွှဲခဲ့၏။ တစ်ယောက်က အနီရောင်နတ်ဆိုးဖြစ်ကာ တခြားတစ်ယောက်က အဖြူရောင်ချပ်ဝတ် ဖြစ်သည်။ သူတို့က အမျိုးသားများဖြစ်ပြီး အင်မတန် ချောမောကြ၏။ သူတို့၏ ဆက်ဆံရေးက လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ သူတို့က တာအိုလက်တွဲဖော်များ မဟုတ်သော်လည်း တာအိုလက်တွဲဖော်များထက် ပိုမိုကောင်းမွန်ကြ၏။

သို့သော်လည်း အနီရောင်နတ်ဆိုးက ဝမ်ပေါင်လဲ့နှင့် မတော်တဆ တွေ့ဆုံပြီး ရှုံးနိမ့်သွားခဲ့ရသည်။ ထိုအရာက တာအိုကလေးငယ် ၆ယောက်လုံး ထိပ်သီး၈ယောက်အတွင်း ပါဝင်ဖို့ အရှိန်အဟုန်ကို ပျက်ပြားသွားစေသည်။

၆ယောက်မြောက် လူဖြစ်သည့် ဝမ်ပေါင်လဲ့က အနီရောင်နတ်ဆိုးကို အစားထိုးလာပြီး ၈ယောက်မြောက်ထဲ ပါဝင်လာသည်။

ထို၆ယောက်အပြင် နောက်ထပ် နာမည်ကျော် ကျင့်ကြံသူနှစ်ယောက်လည်း ပါရှိနေသေး၏။ သူတို့က တာအိုကလေးငယ်များနှင့် မဆုံဖူးသော်လည်း ထိပ်တန်း ၈ယောက်အထိ တိုက်ခိုက်ခဲ့ကာ သူတို့၏ စွမ်းအားက တာအိုကလေးငယ်များထက် အားမနည်းကြောင်း ပြသနေသည်။

ဝမ်ပေါင်လဲ့၏ အမည်မသိကျော်ကြားမှုနှင့် နှိုင်းယှဉ်ပါက သူတို့နှစ်ယောက်သည် အတော်အတန် ကျော်ကြားလှ၏။ သို့သော်လည်း သူတို့က သီးသန့်ကျင့်ကြံရေး ဝင်ရောက်ရသည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် လူအများစုက သူတို့အား တပည့်ဟောင်းအဖြစ်သာ အမှတ်ရကြသည်။

သူတို့ထဲက တစ်ယောက်ကမူ ဟိန်ချင်းဂိုဏ်းမှဖြစ်ကာ တခြားတစ်ယောက်ကမူ ဂီတတာအိုဂိုဏ်းမှ ဖြစ်၏။ နှစ်ယောက်လုံးက တာအိုကလေးငယ်ရာထူးအတွက် ယှဉ်ပြိုင်ခဲ့ဖူးကြသည်။ နှစ်များစွာကြာမြင့်ပြီးသည့်နောက်တွင် သူတို့က အခက်အခဲများကို တောင့်ခံကာ တစ်ရက်တွင် ပြန်လည်တောက်ပရမည်ဟူသော ရည်မှန်းချက်ဖြင့် ခါးသီးစွာ ကျင့်ကြံခဲ့ကြသည်။

ထိပ်သီး၈ယောက် ပေါ်ထွက်လာသည့်အခါ ပြင်ပလောကရှိ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကြည့်နေသည့် ဖန်သားပြင်က အတူတကွပေါင်းစည်းသွားကာ ဧရာမဖန်သားပြင်ကြီး ဖြစ်လာသည်။

ထိုဖန်သားပြင်ပေါ်တွင် တိမ်တိုက်များကြား ထိလုမတတ်မြင့်မားလာသည့် ရှည်လျားသည့် တိုင်လုံး ၈ခု ရှိ၏။ ထိုအလင်းများ တောက်ပလာသည့်အခါ ဝမ်ပေါင်လဲ့နှင့် တခြားသူများ၏ ပုံရိပ်က ကွဲပြားသည့်နေရာများထံ ကူးသန်းပြောင်းရွှေ့ခံလိုက်ရသည်။

သူတို့ပေါ်ထွက်လာသည်နှင့် ၈ယောက်က တစ်ယောက်နှင့်တစ်ယောက် မြင်လိုက်ရ၏။ အားလုံးက ကွဲပြားသည့် အမူအရာမျိုး ရှိနေကြသည်။ ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်လိုက်၏။ သူက ယွဲ့လင်းကျစ်ကို မြင်လိုက်ရပြီး တပည့်ဟောင်းများအား စိုက်ကြည့်နေသည့် ရှစ်လင်းကျစ်ကိုပင် မြင်လိုက်ရသည်။

အမြင်နှင့်ပင် ထိုသူက  ထိုတပည့်ဟောင်းနှင့် ယခင်က တွေ့ဆုံဖူးလားဟု သံသယရှိနေမှန်း သိသာလှ၏။

ဂီတတာအိုဂိုဏ်းမှ တာအိုကလေးငယ် နှစ်ယောက်လည်း ရှိလာသည်။ အထူးသဖြင့် အဖြူရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် လူငယ်ကျင့်ကြံသူလေး ဖြစ်၏။ သူက ဆံပင်မရှိသလို မျက်ခုံးလည်း မရှိပေ။ သူ့မျက်လုံးများက ရေပြင်လို တည်ငြိမ်နေလေ၏။ သူက ထိုနေရာတွင် ရပ်နေရင်း ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေဟန်ပေါ်သည်။ သူတို့က ထိုသူကို မြင်လိုက်ရသည့်အချိန် သူတို့စိတ်ထဲ ရှေးကျကာ ကြော့ရှင်းသည့် ဂီတသံစဉ်ဖြင့် အလိုလို ထွက်ပေါ်လာလေ၏။

ထိုမေးခွန်းက ဝမ်ပေါင်လဲ့အား မျက်မှောင်ကြုတ်သွားစေသည်။ တခြားသောသူများကလည်း အချင်းချင်း ခြုံငုံကြည့်လိုက်ကြ၏။ သူတို့က သူစိမ်းတစ်ယောက်ဖြစ်နေသည့် ဝမ်ပေါင်လဲ့ကို အာရုံစိုက်ထားကြသည်။

အားလုံး သိထားသလောက် သူတို့က အနီရောင်နတ်ဆိုးကို မတွေ့ရပေ။ အနီရောင်နတ်ဆိုး ပေါ်ထွက်မလာသည့်အတွက် ဤလူအုပ်ထဲက တစ်ယောက်ယောက်က အနီရောင်နတ်ဆိုးကို အနိုင်ပိုင်းခဲ့ကြောင်း သေချာနေ၏။

ထိုသို့လုပ်ဆောင်နိုင်ဖို့အတွက် လျှော့မတွက်သင့်ပေ။ အမူအရာအပြောင်းဆုံးသူက ဟိန်ချင်းဂိုဏ်းမှ အဖြူရောင်ချပ်ဝတ်သာ ဖြစ်၏။

သူက တခြားလူ ၇ယောက်ကို သံသယဖြင့် ကြည့်လိုက်သည်။ အနီရောင်နတ်ဆိုးက ဤနေရာတွင် မရှိသည့်အတွက် သူ့မျက်ဝန်းအထက် အေးစက်စက် အလင်းတစ်ချက်ဖြတ်ပြေးသွားလေ၏။

သူက ဝမ်ပေါင်လဲ့နှင့် တခြားတပည့်ဟောင်းနှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် ယင်ရှီနှင့် ယွဲ့လင်းကျစ်ကိုပါ ကြည့်လိုက်၏။

“မင်းတို့ထဲက ဘယ်သူက အနီရောင်နတ်ဆိုးကို ရှင်းထုတ်ဖို့ အရည်အချင်းရှိနေတာလဲ”

အဖြူရောင်ချပ်ဝတ် သိထားသလောက် အနီရောင်နတ်ဆိုးက အားကောင်းသူ မဟုတ်သော်လည်း သာမန်သူများ ရှင်းထုတ်နိုင်သည့်သူ မဟုတ်ပေ။ အနီရောင်နတ်ဆိုးကို သုတ်သင်ဖို့ရာအတွက် သူကိုယ်တိုင်ပင် ဒုက္ခများများစားစား မပါဘဲ ခက်ခဲလိမ့်မည်။ ထို့ကြောင့် ထိုလူ ၈ယောက်အနက် အဖြစ်နိုင်ဆုံးသူက ယွဲ့လင်းကျစ်နှင့် ယင်ရှီတို့သာ ဖြစ်ကြောင်း ခံစားမိ၏။

“ငါ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး” ယင်ရှီက တည်ငြိမ်စွာ ပြောလိုက်သည်။

သူ ထိုသို့ပြောလိုက်သည်နှင့် အဖြူရောင်ချပ်ဝတ်က သူ့ကို ယုံကြည်သွား၏။ သူက ယင်ရှီကို နားမလည်သော်လည်း ထိုကိစ္စမျိုးကို ဖုံးကွယ်ဖို့ရာ မလိုအပ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် သူက ယွဲ့လင်းကျစ်ကို ကြည့်လိုက်၏။ သူ့မျက်ဝန်းအထက် အားကောင်းသည့် အေးစက်မှုတို့ ကိန်းအောင်းနေသည်။

“ငါနဲ့ ဘာမှမဆိုင်ဘူး” ယွဲ့လင်းကျစ်ကလည်း အေးစက်စွာပြောပြီး အဖြူရောင်ချပ်ဝတ်၏ ရန်လိုမှုကို လျစ်လျူရှုထားလိုက်၏။

သူမ၏ အသံက အဖြူရောင်ချပ်ဝတ်အား မျက်မှောင်ကြုတ်သွားစေသည်။ သူက တခြားသောတာအိုကလေးငယ်များကို ကြည့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့နှင့် တခြားကလေးနှစ်ယောက်ကိုပါ ကြည့်လိုက်၏။ သူ့မျက်ဝန်းအထက်ရှိ သတ်ဖြတ်ငွေ့တို့က ပိုမိုအားကောင်းလာသည်။

ထိုနှစ်ဦးလုံးက အေးစက်သည့် အမူအရာများဖြင့် စကားမပြောကြပေ။ ဝမ်ပေါင်လဲ့က ခေတ္တမျှ တွေးပြီးသည့်နောက်တွင် ထိုအဖြူရောင်ချပ်ဝတ်အမျိုးသားထံ ကြင်နာစွာ ပြုံးပြလိုက်၏။ သူ့အပြုံးက လေးနက်လွန်း၍အတွက်လား သို့မဟုတ် အဖြူရောင်ချပ်ဝတ်က တပည့်ဟောင်းနှစ်ဦးအပေါ် အာရုံစိုက်၍ကြောင့်လား မသိသော်လည်း အဖြူရောင်ချပ်ဝတ်အမျိုးသားက မေးခွန်းမမေးနိုင်ခင် လေးကြိုးမျဉ်းဂိုဏ်းမှ ရှစ်လင်းကျစ်က တောင့်မခံနိုင်တော့ဟန်ဖြင့် ဟိန်ချင်းဂိုဏ်းမှ တပည့်ဟောင်းကို ကြည့်ကာ အံကြိတ်ကာ ပြောလိုက်သည်။

“အဲဒါ မင်းပဲ”

သူ့စကားက အစ မရှိပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှစ်လင်းကျစ်သည် အဖြူရောင်ချပ်ဝတ်အား မေးခွန်းကူမေးနေသည်ဟု တွေးထင်နိုင်သည်။ သို့သော်လည်း ဝမ်ပေါင်လဲ့ တစ်ယောက်တည်းကသာ ထိုမေးခွန်းနောက်ကွယ်မှ နက်နဲသော အဓိပ္ပာယ်ကို သိ၏။ သူက အချိန်တချို့တွေးပြီးသည့်နောက်တွင် ရင်းနှီးစွာ ပြုံးပြီး ရုတ်ရုတ်သဲသဲဖြစ်မှုကို ဆက်လက် စောင့်ကြည့်နေသည်။

သို့သော်လည်း တိုင်လုံးရှစ်လုံး၏ နေရာက ယခင်ပတ်ဝန်းကျင်များနှင့် အနည်းငယ် ကွဲပြားနေ၏။ ဤသည်က လူ၈ယောက်လုံးအတွက် ပြင်ဆင်ထားသည့် သီးသန့်နေရာတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် အသံများကို စည်းမျဉ်းဖြင့် ကန့်သတ်ခံထားရခြင်း မရှိဘဲ ပြင်ပလောကကပင် ကြားနိုင်လေ၏။

ထို့ကြောင့် အဖြူရောင်ချပ်ဝတ်အမျိုးသား၏ သတ်ဖြတ်ငွေ့တို့က ပျံ့နှံ့လာပြီး ဝမ်ပေါင်လဲ့နှင့် တခြားသူများကို ကြည့်နေစဉ် ဝမ်ပေါင်လဲ့က ရင်းနှီးစွာ ပြုံးပြလာသည့်အခါ ပြင်ပလောကရှိဂိုဏ်းမှ ကျင့်ကြံသူများက ထူးထူးဆန်းဆန်း အမူအရာမျိုး ရှိလာကြ၏။

“ဒီကောင်လေးက…”

“သူက ဖုံးကွယ်ဖို့ ကြိုးစားနေတာပဲ”

“အရှက်မရှိလိုက်တာ”

ဝမ်ပေါင်လဲ့က ပြင်ပလောကမှ ဆွေးနွေးသံများကို မကြားရပေ။ သူက အပြုံးတစ်ပွင့်ဖြင့် ဆက်လက်စောင့်ကြည့်နေရင်း တစ်စုံတစ်ခုကို ခံစားမိလိုက်၏။ သူက ခေါင်းလှည့်ကာ ကြည့်လိုက်သည့်အချိန် ယင်ရှီ၏ မျက်ဝန်းဖြင့် တွေ့ဆုံသွားသည်။

ထိုမျက်ဝန်းက ထူးဆန်းသည့် လှိုင်းတွန့်တချို့ ကိန်းအောင်းနေဟန်ဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသည်။

“ဒီလူက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူနှင့် ယင်ရှီတို့က အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီးသည့်နောက်တွင် အကြည့်ပြန်ရုတ်သိမ်းသွားကြသည်။ ထို့နောက် ဒုတိယပွဲ စတင်တော့မည် ဖြစ်၏။

တိုင်လုံး၈လုံးက ပြင်းထန်သည့် တောက်ပမှုတို့ ထုတ်လွှတ်လာသည်။ ထိုအရာက လူနှစ်ယောက်၏ နေရာက အချင်းချင်း ပူးပေါင်းတော့မည် ဖြစ်၏။ ဝမ်ပေါင်လဲ့အတွက်မူ သူ့တိုင်လုံးမှ အလင်းရောင်က ယွဲ့လင်းကျစ်ဖြင့် စတင်ပူးပေါင်းတော့မည် ဖြစ်သည်။

သူတို့ ပေါင်းစည်းသွားသည့်အခါ တိုက်ပွဲက စတင်တော့မည် ဖြစ်၏။ သူတို့က ပြင်ဆင်ထားပြီး နောက်ဆုံးလေးယောက်ကိုသာ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိထားကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ ရှစ်လင်းကျစ်၏ တိုင်လုံးဖြင့် ပေါင်းစည်းတော့မည့် အလင်းရောင်အောက်ရှိ လူက ရုတ်ချည်းဆိုသလို ခေါင်းမော့ကာ ပြောလာသည်။

“အရှင် ကျွန်တော်က ပထမနေရာအတွက် လက်လျှော့ပြီးတော့ အနီရောင်နတ်ဆိုးကို ထုတ်ခဲ့တဲ့သူနဲ့ တိုက်ခိုက်ချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ ဆန္ဒကို ဖြည့်စည်းပေးပါ”

ထိုအမျိုးသား၏ စကားသံ ထွက်ပေါ်လာသည်နှင့် ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာကြသည်။ တခြားသော ထိပ်တန်း၈ယောက်ကလည်း သိချင်စွာ ကြည့်လိုက်ကြ၏။ ဝမ်ပေါင်လဲ့ကသာ သက်ပြင်းချပြီး ရေရွတ်လိုက်သည်။

“ဒါက လှည့်ဖျားနေတာပဲ”

သိပ်မကြာခင် ကောင်းကင်ဘုံတမျှ နက်နဲလှသည့် အသံတစ်သံက ကုန်းမြေအကြား ပဲ့တင်ထွက်လာသည်။

“ခွင့်ပြုတယ်”

ထိုအသံ ပေါ်ထွက်လာသည်နှင့် ဝမ်ပေါင်လဲ့က ကူကယ်ရာမဲ့မှုကို ခံစားမိလိုက်၏။ သူက သူ့တိုင်လုံးမှ အလင်းရောင်သည် ယွဲ့လင်းကျစ်နှင့် ပေါင်းစည်းနေရာမှ အတင်းအကြပ် ဆွဲထုတ်ခံလိုက်ရပြီး အဖြူရောင်ချပ်ဝတ်ဆီ ဦးတည်သွားသည်ကို မြင်လိုက်ရသည်။ နောက်အခိုက်အတန့်လေး၌ ထိုအရာက အဖြူရောင်ချပ်ဝတ်၏ အလင်းတိုင်လုံးဖြင့် ပေါင်းစည်းသွားလေ၏။

“အဲဒါဆိုတော့ မင်းပဲ” အဖြူရောင်ချပ်ဝတ်က ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်သည်။ သူ့အကြည့်က သတ်ဖြတ်ငွေ့တို့ဖြင့် တောက်လောင်နေ၏။

All Chapters