← Chapters

မျှဝေခံစားခြင်း

Vol. 101 Ch. 1403

မျှဝေခံစားခြင်း

Vol. 101 Ch. 1403

နေရာမှာတင် လက်ပူးလက်ကြပ်မိသွားတာပဲ…

ထိုအရာက ဝမ်ပေါင်လဲ့အား အနည်းငယ် နေရခက်စေသည်။ ယခင်က သူသည် တစ်ဖက်သူအား လေးလေးနက်နက် ပြုံးပြခဲ့သည် မဟုတ်ပါလော။

အဆုံးသတ်တွင် သူက သူ့ပင်မခန္ဓာကိုယ်လောက် အရေမထူသေးပေ။ ဝမ်ပေါင်လဲ့က စိတ်ထဲ သက်ပြင်းချကာ ဒေါသထွက်နေဟန်ပေါ်သည့် အဖြူရောင်ချပ်ဝတ်ကို လှမ်းကြည့်လိုက်၏။

မြို့သခင်၏ အသံထွက်ပေါ်လာသည်နှင့် အလင်းတိုင်လုံးတစ်ခုက အချင်းချင်း ပေါင်းစည်းသွားခဲ့သည်။ ဝမ်ပေါင်လဲ့နှင့် အဖြူရောင်ချပ်ဝတ်တို့၏ တိုင်လုံးပေါင်းစည်းမှုက ယခင်ထက် ပိုမိုမြန်ဆန်ကာ ပူဖောင်းကြီးသဖွယ် ဖြစ်လာလေ၏။

ထိုပူဖောင်းက အစပိုင်းတွင် ကြည်လင်နေသောကြောင့် ဝမ်ပေါင်လဲ့က သူနှင့် ပေါင်းစည်းသင့်သည့် ယွဲ့လင်းကျစ်သည် ယခုအခါ တပည့်ဟောင်းတစ်ယောက်နှင့် ပေါင်းစည်းသွားသည်ကို မြင်လိုက်ရသည်။

ထိုအရာက ဝမ်ပေါင်လဲ့အား အနည်းငယ် မပျော်ရွှင်စေပေ။ ပြောရလျှင် ယွဲ့လင်းကျစ်က ထင်းယွိမြို့ထဲတွင် သူ တွေ့ဖူးသမျှ အလှဆုံး အမျိုးသမီးကျင့်ကြံသူဖြစ်ပြီး သူမ၏ ရုပ်ရည်ဖြစ်စေ၊ သူမ၏ သွင်ပြင်ဖြစ်စေ အရည်အသွေးမြင့်မားလှသည်။ သူမ၏ တေးဂီတကလည်း နားထောင်လို့ ကောင်းလှ၏။ အကယ်၍ သူမနှင့်သာ တိုက်ခိုက်ရမည်ဆိုပါက ဂီတပွဲတစ်ခုကို နားထောင်နေရသလိုမျိုး ဖြစ်လိမ့်မည်။ ထိုအရာက ပိုမိုသာယာနာပျော်ဖွယ် ဖြစ်၏။

သူမနှင့် ယှဉ်လိုက်ပါက သူနှင့် ပူဖောင်းကမ္ဘာတစ်ခုထဲတွင် ရှိနေသည့် အဖြူရောင်ချပ်ဝတ်က အနည်းငယ် နိမ့်ကျနေသည်။

ဝမ်ပေါင်လဲ့က အနည်းငယ် နှမြောဖို့ကောင်းသည်ဟု ခံစားမိသော်လည်း ပြင်ပလောကရှိ ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များကမူ ထိုအရာကို မြင်ပြီး စိတ်လှုပ်ရှားနေကြသည်။ ပြောရလျှင် ရန်ငြိုးအစပြု တိုက်ပွဲကို ကြည့်ခြင်းက စစ်ဆေးမှုကို ကြည့်ခြင်းထက် ပိုမိုပျော်ရွှင်ဖွယ်ကောင်း၏။

တခြားသော ပူဖောင်းကမ္ဘာထဲတွင် တိုက်ပွဲများကလည်း စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ ရှစ်လင်းကျစ်နှင့် ယွဲ့လင်းကျစ်တို့၏ ပြိုင်ဖက်က ဝမ်ပေါင်လဲ့ကဲ့သို့ အဆင့်တက်လှမ်းလာသည့် တပည့်ဟောင်းများ ဖြစ်၏။ ယင်ရှီအတွက်မူ သူက တူညီသည့် ဂိုဏ်းမှ ကျုံးဟိန်ကျစ်နှင့် ရင်ဆိုင်နေရသည်။

သို့သော်လည်း ထိုတိုက်ပွဲသုံးခုက ပြင်ပလောကမှ တပည့်များအတွက် ဆွဲဆောင်မှု နည်းပါးနေ၏။

ထို့ကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များက ဝမ်ပေါင်လဲ့နှင့် အဖြူရောင်ချပ်ဝတ် ရှိသည့် ပူဖောင်းကမ္ဘာကိုသာ အာရုံစိုက်နေကြသည်။ ဆွေးနွေးသံများကလည်း နေရာအနှံ့ ပျံ့နှံ့လာ၏။

“အဖြူရောင်ချပ်ဝတ်က နောက်ဆုံးတော့ သူ့ရန်သူကို သိသွားပြီပဲ”

“ဒီတိုက်ပွဲက စိတ်ဝင်စားဖို့ ကောင်းတုန်းပဲ။ ဖျက်မြင်းက တာအိုကလေးငယ်ကို သတ်နိုင်မလား ဒါမှမဟုတ် အဖြူရောင်ချပ်ဝတ်ကပဲ ဖျက်မြင်းကိုသတ်ပြီး လက်စားချေနိုင်မလားဆိုတာ ကြည့်ရတာပေါ့”

“ဖျက်မြင်းသုံးတဲ့ ဂီတက ဘယ်လိုမျိုးလဲဆိုတာ သိချင်နေတုန်းပဲ။ ငါတို့ မကြားနိုင်တာ နှမြောစရာပဲ”

ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များက ဝမ်ပေါင်လဲ့ကို အာရုံစိုက်ထားကြစဉ် အဖြူရောင်ချပ်ဝတ်၏ အကြည့်များက သတ်ဖြတ်ငွေ့ဖြင့် တောက်လောင်လာသည်။ သူ့တည်ရှိမှုတစ်ခုလုံးက အေးစက်ပြီး နှစ်တစ်သောင်းကြာ အသုံးမပြုထားသည့် ရေခဲတုံးသဖွယ်ဖြစ်၏။ သူက ဝမ်ပေါင်လဲ့ဆီ ချဉ်းကပ်လာသည်။

အပြင်မှကြည့်လျှင် ထိုထိပ်သီး၈ယောက် တည်ရှိရာ ပူဖောင်းကမ္ဘာက သိပ်မကြီးမားလှပေ။ သို့သော်လည်း ပူဖောင်းထဲတွင် ရှိနေသည့်ကမ္ဘာက ယခင်တိုက်ခိုက်ရေးကွင်းထက် ပိုမိုကြီးမား၏။ ထို့ကြောင့် အဖြူရောင်ချပ်ဝတ်က မည်မျှပင် မြန်ဆန်စေကာမူ ဝမ်ပေါင်လဲ့အတွက် အချိန်မှီ မတုံ့ပြန်နိုင်လောက်အောင်ထိ မဟုတ်ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့က အဖြူရောင်ချပ်ဝတ်ဝန်းကျင်မှ ထွက်ပေါ်လာသည့် ဗျပ်စောင်းအသံကို ကြားလိုက်ရသည်။ ထိုဗျပ်စောင်းအသံက တစ်ခုနှင့်တစ်ခု ရောစပ်နေပြီး သတ်ဖြတ်ငွေ့ကို အရှိန်မြှင့်တင်ပေးနေသည်။ ထိုအရာက တိုက်ခိုက်ရေးကွင်းတစ်ခုလုံးကို သက်ရောက်မှုရှိစေပြီး တစ်ကမ္ဘာလုံးက အေးစက်သွားသကဲ့သို့ ဖြစ်၏။ ပို၍အံ့ဩဖို့ကောင်းစေသည့်အရာက ကောင်းကင်ယံမှ နှင်းပွင့်များ ကျဆင်းလာခြင်း ဖြစ်သည်။

နှင်းပွင့်တစ်ခုချင်းစီက ဂီတသင်္ကေတများစွာဖြင့် ပြုလုပ်ထားဟန်ပေါ်သည်။ ရလဒ်အနေဖြင့် နေရာတစ်ခုလုံးတွင် နှင်းပွင့်များနှင့် ဂီတသင်္ကေများဖြင့် ပြည့်နှက်သွားလေ၏။

သူ စတင်လှုပ်ရှားသည်နှင့် အဖြူရောင်ချပ်ဝတ်က ဝှက်ဖဲကို သုံးလာခဲ့သည်။ တခြားတစ်ဖက်တွင် သူ့တာအိုလက်တွဲဖော် အထုတ်ခံလိုက်ရသည့်အတွက် ဒေါသထွက်စေ၏။ သို့သော် တစ်ဖက်လူ၏ အင်အားအပေါ် လေးစားသမှုကြောင့် ဝမ်ပေါင်လဲ့ကို ချက်ချင်း သေသေသပ်သပ် သတ်လိုသည်။

ပထမနေရာရခြင်းနှင့် ယှဉ်လိုက်ပါက အနီရောင်နတ်ဆိုးကို ပျော်ရွှင်အောင် လုပ်ပေးခြင်းက သူ့အတွက် ပိုမိုအရေးကြီးလေ၏။

တခြားတစ်ဖက်တွင် အနီရောင်နတ်ဆိုးကို ရှင်းထုတ်နိုင်သည့်သူက ဝှက်ဖဲတချို့ရှိမည်မှန်း ဆိုလိုနေသည်။ ထို့ကြောင့် အဖြူရောင်ချပ်ဝတ်က တစ်ဖက်သူကို လျှော့တွက်မထားပေ။ သူ လိုချင်သည့်အရာက တစ်ဖက်သူကို လျှပ်စီးလို အရှိန်ဖြင့် ဖိနှိပ်ပြီး အရာအားလုံးကို ရှင်းထုတ်ခြင်းဖြစ်၏။

လက်တစ်ချက်အဝှေ့တွင် နှင်းပွင့်များက တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ဆုံသွားပြီး ဂီတသံစဉ်များစွာ ကမ္ဘာတစ်လျှောက်ပဲ့တင်ထွက်လာသည်။ ပြင်ပလောက၏ ဂိုဏ်းကြီးသုံးဂိုဏ်းက ထိုအရာကို မကြားရသော်လည်း သေသေချာချာ မြင်လိုက်ရသည်။

“အသင်္ချေနှင်းပွင့်ကမ္ဘာပဲ”

“ဒါက ဟိန်ချင်းဂိုဏ်းရဲ့ ရှေးဟောင်းဂီတတေးသွားထဲက တစ်ခုလေ။ ဒဏ္ဍာရီထဲမှာ ကြောက်မက်ဖို့ကောင်းတဲ့ စွမ်းအားရှိတယ်လို့ ပြောတယ်”

“အဖြူရောင်ချပ်ဝတ်က ဒီရှေးဟောင်းတေးသွားကို ကျွမ်းကျင်ပြီးသွားပြီပဲ”

အပြင်ဖက်လောကတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏။ ဝမ်ပေါင်လဲ့ကို ထောက်ခံကြသည့် ကျင့်ကြံသူများကပင် တုန်လှုပ်သွားကြသည်။ ဝမ်ပေါင်လဲ့ကြောင့် ပထမဆုံး ရှုံးနိမ့်သွားသည့် ကျင့်ကြံသူကမူ သူ့မျက်ဝန်းအထက် သေချာသည့် အရိပ်အယောင်များ ရှိနေလေ၏။ ယခုဆိုလျှင်ပင် သူက ဝမ်ပေါင်လဲ့သည် သေချာပေါက် အနိုင်ရရှိလိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်ထားဆဲသာ ဖြစ်၏။

 ပူဖောင်းကမ္ဘာထဲတွင် နှင်းပွင့်နှင့် လေဟုန်ဖြင့် ပြည့်နှက်နေသည့် ပေါက်ကွဲမှုအလယ်တွင် ဝမ်ပေါင်လဲ့က တစ်စုံတစ်ခုကို ပျံနေသည်ကို ခံစားမိလိုက်သည်။ သူ့ရှေ့တွင်ရှိနေသည့် အဖြူရောင်ချပ်ဝတ်က သူတွေ့ခဲ့သမျှ ပြိုင်ဖက်များထဲတွင် အားအကောင်းဆုံးဖြစ်ကြောင်း ဝန်ခံရပေမည်။ သူက အနီရောင်နတ်ဆိုးထက်ပင် ပိုမိုအားကောင်း၏။

သေချာသည့် အနေအထားအရ သူသည် ပိုမိုမြင့်မားသည့် ထင်းယွိစည်းမျဉ်းဥပဒေသအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ဒီလိုဆိုရင် ငါ ငါ့တေးသွားကို မထုတ်တော့ဘူး…

ဝမ်ပေါင်လဲ့က လက်တွေ့ကို အလျင်အမြန် သဘောပေါက်သွားခဲ့သည်။ သူက သူလွတ်လပ်ခွင့်ဂီတတေးသွားသည် အားမနည်းဘဲ စိတ်ခံစားချက်များ ကိန်းအောင်းနေသည့်အတွက် ဤသို့သော အေးခဲသည့် နှင်းမုန်တိုင်းကြားတွင် ပြသဖို့ရာ မသင့်တော်ကြောင်း ခံစားမိသည်။

ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်၏။ သူက ထိုသို့လုပ်ဆောင်ဖို့ရာ မလိုလားပေ။ သူက သူ့ခန္ဓာကိုယ်ထဲတွင် ထပ်ဆင့်ထားသည့် ဂီတသင်္ကေတများကို အသာအယာ ထိတွေ့လိုက်၏။

“အရင်ဆုံးတစ်ဝက်ပဲ ထုတ်လိုက်ကြရအောင်”

ဝမ်ပေါင်လဲ့က သူ့ဘာသာသူ ရေရွတ်လိုက်၏။ သူက ဂီတတေးသွားများကို တွေးရင်း သူ့ခန္ဓာကိုယ်ထဲမှ ထပ်ဆင့်ဂီတသင်္ကေတ တစ်သိန်းကျော်က ရုတ်ချည်းတုန်ခါလာသည်။

ဖူး

ထိုအသံထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ပတ်ဝန်းကျင်မှ လေ၏ သက်ရောက်မှုနှင့် တူသည့် အသံမျိုးက ပတ်ဝန်းကျင်ထံ ပျံ့နှံ့သွားသည်။ ထိုအရာ ဖြတ်သန်းသွားသည့်အချိန်တိုင်း နှင်းပွင့်များက ချက်ချင်းဆိုသလို ပြိုလဲသွား၏။ အဝေးမှကြည့်လျှင် ပူဖောင်းကမ္ဘာထဲတွင် ရှိနေသေးသည်။ သူ့ဝန်းကျင်တွင် မုန်တိုင်းတစ်ခု ပေါ်ထွက်လာသလိုမျိုး နှင်းပွင့်အားလုံးကို ရှင်းထုတ်နေလေ၏။

ရုတ်ချည်းအပြောင်းအလဲက အပြင်ဘက်မှ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကို အံ့အားသင့်သွားစေသည်။ တစ်ချိန်တည်းဆိုသလို အဖြူရောင်ချပ်ဝတ်၏ အမူအရာကလည်း ရုတ်ချည်း ပြောင်းလဲသွားခဲ့၏။ သူက အရှိန်အဝါတစ်ခုဖြင့် ထိတွေ့သလိုမျိုး ခံစားမိလိုက်သည်။ ထို့နောက် အခိုက်အတန့်၌ သူ့ဝန်းကျင်တွင် ရှိနေသည့် နှင်းပွင့်များက ပြိုလဲသွားပြီး သူ့ခန္ဓာကိုယ်က မထိန်းချုပ်နိုင်အောင် နောက်ဆုတ်လိုက်ရသည်။ ထို့နောက် သူက သွေးတစ်ပွက်အန်လိုက်ရ၏။

သို့သော်လည်း သူက အနီရောင်နတ်ဆိုးထက် ပိုမိုအားကောင်းနေသည်။ ထိုအခိုက်အတန့်၌ သူ့မျက်ဝန်းက သွေးဆာကာ အော်ဟစ်လိုက်၏။

“ရေခဲဗျပ်စောင်း”

သူ့အသံကို ထုတ်လွှတ်လိုက်ရင်း ဘေးပတ်ဝန်းကျင်တွင်ရှိသည့် ပြိုလဲသွားသော နှင်းပွင့်များက တစ်ဖန် ဖြစ်ပေါ်လာသည်။ သူတို့က တုန်ခါသွားပြီး အဖြူရောင်ချပ်ဝတ်ရှေ့တွင် ပေါ်ထွက်ကာ ဧရာမဗျပ်စောင်းကြီးသဖွယ် ဖြစ်တည်လာ၏။ နှင်းပွင့်က ဗျပ်စောင်း၏ ကိုယ်ထည်ဖြစ်ကာ ရေခဲကြိုးမျှင်များက ကြိုးများဖြစ်သည်။

အဖြူရောင်ချပ်ဝတ်၏ ဆံပင်က ဖရိုဖရဲဖြစ်နေလေ၏။ သူက လက်နှစ်ဖက်ကိုမြှောက်ကာ ရေခဲဗျပ်စောင်းပေါ်တင်လိုက်သည်။ သူ့မျက်ဝန်းက သတ်ဖြတ်ငွေ့တို့ တောက်ပနေလေ၏။ ထို့နောက် ချက်ချင်းဆိုသလို ပူဖောင်းထဲရှိ ကမ္ဘာက စတင်ပုံပျက်လာကာ ဗျပ်စောင်းတေးသံက ရေခဲဆူးချွန်များသဖွယ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ဆီ ပြေးဝင်သွား၏။

“ဟမ်” ဝမ်ပေါင်လဲ့က မျက်ခုံးပင့်ကာ သူ့ခန္ဓာကိုယ်ထဲမှ ဂီတသင်္ကေတကို ထပ်မံထိတွေ့လာသည်။ ဤတစ်ကြိမ် သူက ဆယ်ရာခိုင်နှုန်း ထပ်မံပေါင်းထည့်ထား၏။

ထပ်ဆင့်ထားသည့် ဂီတသင်္ကေတ ၆၀ရာခိုင်နှုန်းက ချက်ချင်းဆိုသလို ပေါက်ထွက်လာသည်။

ဖူး

နောက်အခိုက်အတန့်လေး၌ ရေခဲဆူးချွန်များက ကြေမွသွားပြီး ဗျပ်စောင်းက ကျိုးပျက်သွားကာ အဖြူရောင်ချပ်ဝတ်က သွေးတစ်ပွက်အန်လိုက်ရသည်။ သူ့မျက်နှာအထက် ရူးသွပ်မှုတို့ရှိနေပြီး သူ့ခန္ဓာကိုယ်က တစ်စုံတစ်ခုထိမှန်လိုက်သည့်အလား လွင့်စင်သွားသည်။

ထိုမြင်ကွင်းက ပြင်ပလောကရှိ ဂိုဏ်းကြီးသုံးဂိုဏ်းကို ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။ ထိုအခိုက်အတန့်၌ စိတ်ချင်းဆက်သွယ်နေ၍လား သို့မဟုတ် တိုက်ဆိုင်မှုကြောင့်လား မသိသော်လည်း ဂီတတာအိုဂိုဏ်းမှ တပည့်ဟောင်းနှင့် တိုက်ခိုက်နေသည့် ရှစ်လင်းကျစ်က ခေါင်းလှည့်ကာ ကြည့်လာခဲ့သည်။ သူက ဝမ်ပေါင်လဲ့နှင့် အဖြူရောင်ချပ်ဝတ်ရှိရာ ပူဖောင်းကို ကြည့်လိုက်သည့်အချိန် အဖြူရောင်ချပ်ဝတ်၏ အမူအရာပျက်ယွင်းနေမှုနှင့် လွင့်စင်သွားသည့်ပုံရိပ်ကို မြင်လိုက်ရလေ၏။

တူညီသည့် အမူအရာနှင့် တူညီသည့် နောက်ဆုတ်မှုတို့က သူ့အား ယခင်မှတ်ဉာဏ်များကို ပြန်လည်အမှတ်ရသွားစေ၏။ သူက ဝမ်ပေါင်လဲ့ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့အသက်ရှူနှုန်းက မြန်ဆန်လာကာ မျက်ဝန်းက သွေးဆာလာ၏။

“အဲဒါ မင်းပဲ”

All Chapters