ရှစ်လင်းကျစ်၏ လက်စားချေမှု
Vol. 101 Ch. 1405
ဒါက အက်ကြောင်းသေးသေးလေးပဲ။ အာနိသင်တော့ မဆုံးရှုံးလောက်ပါဘူး…
ဝမ်ပေါင်လဲ့က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထိုအခိုက်အတန့်၌ ပူဖောင်း၏ နောက်ကျိနေမှုက အလျင်အမြန် ပျောက်ကွယ်သွားပြီး ယခင်ကဲ့သို့ ကြည်လင်နေသည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။
ထို့ကြောင့် သူက ထိုအရာနှင့် ခွဲခွာရမည့် ဝန်လေးမှုကို မေ့ထားလိုက်သည်။ သူက သူ့လွတ်လပ်ခွင့်သီချင်းကို ဖိနှိပ်ပြီး ထိုတာအိုမျိုးစေ့ ဂီတသင်္ကေတ၏ အက်ကြောင်းအတွင်း ထည့်သွင်းလိုက်၏။
နောက်အခိုက်အတန့်လေး၌ သူတို့က အတူတကွ ပေါင်းစည်းသွားကာ ကွဲပြားချက် များများစားစားဟူ၍ ရှိတော့ဟန်မပေါ်ပေ။
ဒါပဲ။ ဘာပဲဖြစ်ဖြစ် ဒါက သိပ်ကြီး အရေးမကြီးသေးပါဘူး…
ဝမ်ပေါင်လဲ့က တစ်ချက်ကြည့်ပြီးသည့်နောက်တွင် လျစ်လျူရှုထားဖို့ ဆုံးဖြတ်ထားလိုက်သည်။ ထိုအရာ၏ အကြီးမားဆုံး အသုံးပြုမှုက ထင်းယွိမြို့သခင်၏ ကိုယ်ပွားပြုလုပ်ဖို့အတွက် သက်သေအဖြစ်သာ ဖြစ်ကာ သူ့ကို အပြီးတိုင် ပူးကပ်နိုင်စေဖို့ ဖြစ်သည်။ သို့မဟုတ် ကမ္ဘာမြေမှ မြင်းရုပ်သဖွယ် ဖြစ်၏။ ထိုအရာက ထင်းယွိမြို့သခင်အတွက် သူ့ခန္ဓာကိုယ်ကို တံခါးတစ်ချပ်ဖွင့်လှစ်လိုက်သလိုမျိုး ဖြစ်၏။
ယခု ထိုမြင်းရုပ်ကြီး၏ တစ်စိတ်တစ်ပိုင်းကို စားသုံးလိုက်ပြီဖြစ်ကာ တခြားတစ်ဖက်မှကြည့်လျှင် ကိစ္စကောင်းတစ်ခု ဖြစ်နိုင်သည်။
ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ စုစည်းပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူ ရှိနေသည့် ပူဖောင်းက ဖြည်းဖြည်းချင်း ကြည်လင်လာသည်။ တစ်ချိန်တည်းဆိုသလို ပြင်ပလောကမှ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကလည်း အကြည့်မလွှဲနိုင်ကြတော့ပေ။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့ရှိရာ နေရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီဖြစ်၏။
သူတို့က ဝမ်ပေါင်လဲ့ကသာ တစ်ဦးတည်းကျန်ရှိနေသည်ကို မြင်သည့်အခါ အားလုံးက တုန်လှုပ်သွားကြသည်။ နောက်အခိုက်အတန့်လေး၌ ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။
“သူ နိုင်သွားတာလား”
“အခု ဘာဖြစ်သွားတာလဲ။ အဖြူရောင်ချပ်ဝတ်က လွင့်စင်သွားပြီးတော့ သွေးအန်လိုက်ရတာကိုပဲ မြင်လိုက်ရတယ်။ ပြီးတော့ အရာအားလုံးက မှုန်ဝါးသွားတာ။ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး”
“အဖြူရောင်ချပ်ဝတ်က ရှုံးသွားပြီ”
“သူက တကယ့်ကို ဖျက်မြင်းပဲ။ အဲဒါဆို သူက ပထမနေရာတောင် ရနိုင်တာလား”
ဆွေးနွေးသံများက နဂိုထက် အဆများစွာ ကျယ်လောင်လာပြီး ဂိုဏ်းကြီးသုံးဂိုဏ်း၏ မီးတောင်အနှံ့ ပျံ့နှံ့သွားလေ၏။ ထိုတိုက်ပွဲက ဝမ်ပေါင်လဲ့၏ ပေါ်ထွက်လာမှုအား အားလုံး၏ စိတ်ထဲ နက်နက်နဲနဲ ချန်ထားခဲ့နိုင်သည်ဟု ဆိုရပေမည်။
စိတ်လှုပ်ရှားဆုံးသူများက ဝမ်ပေါင်လဲ့၏ အကြီးမားဆုံး ထောက်ခံသူများ ဖြစ်သည့် သူ့ကြောင့် ရှုံးနိမ့်သွားသော ကျင့်ကြံသူများ ဖြစ်ပေသည်။ သူတို့က ဝမ်ပေါင်လဲ့သည် ထိုရူးသွပ်ဖွယ်သင်္ကေများဖြင့် အကန့်အသတ်အထိ ရောက်ရှိသွားမည်ကို မြင်တွေ့လိုကြ၏။
ပြင်ပလောက၏ ရုတ်ရုတ်သဲသဲအလယ်တွင် တခြားသောပူဖောင်းများကြားမှ တိုက်ပွဲကလည်း အဆုံးသတ်သွားလေ၏။ ပထမဆုံး အဆုံးသတ်သွားသည်က ယင်ရှီနှင့် ကျုံးဟိန်ကျစ်တို့ ဖြစ်ပေသည်။
နှစ်ယောက်လုံးက ဂီတတာအိုဂိုဏ်းမှ တာအိုကလေးငယ်များဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် သိပ်မရင်းနှီးကြသော်လည်း သူတို့၏ အခြေခံနည်းစနစ်များက တူညီကြသည်။ ကျုံးဟိန်ကျစ်က အင်မတန် ပါရမီထူးကဲပြီး ဂီတအပေါ် စွဲလမ်းမှု ရှိ၏။ သို့သော်လည်း အဆုံးသတ်၌မူ ဂီတနှင့် ပတ်သက်လာသည့်အခါ သူက ယင်ရှီနှင့် အဆင့်မတူပေ။
အစမှ အဆုံးထိ ယင်ရှီက ဂီတစတင်တီးခတ်ဖို့ လက်ဦးမှုပင် မယူခဲ့ပေ။ ထို့အစား သူက လက်ကိုမြှောက်လိုက်သည့်အချိန် သူ့အမူအရာက အဆုံးမဲ့ကောင်းကင်တေးသံဖြင့် ပြည့်နှက်လာလေ၏။ ကျုံးဟိန်ကျစ်အတွက်မူ သူက ပိုမိုတိုက်ခိုက်လာလေလေ ပိုမိုခါးသီးလာလေလေဖြစ်သည်။
ဤသည်က နောက်ဆုံးပိုင်းတွင် ပို၍မှန်ကန်ပေ၏။ ယင်ရှီက သက်ပြင်းချလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျုံးဟိန်ကျစ် ယခင်တီးခတ်လာသည့် ဂီတကို ထုတ်လွှတ်လာခဲ့သည့်အခါ ကျုံးဟိန်ကျစ်၏ နှလုံးသားက စတင်ခုန်လှုပ်လာသည်။
“မဖြစ်နိုင်ဘူး” ကျုံးဟိန်ကျစ်က ခါးသီးနေ၏။ သူက တစ်ဖက်သူသည် သူ့ဂီတကို အချိန်တိုအတွင်း အဘယ်ကြောင့်သင်ယူနိုင်မှန်း နားမလည်နိုင်ပေ။ တစ်ဖက်သူက ထိုသို့ပါရမီ ရှိနေသည်ဟု မထင်ပေ။ ထိုအခိုက်အတန့်၌ သူက ပဟေဠိများဖြင့် ပြည့်နှက်နေပြီး ရှုံးနိမ့်မှုကို ဝန်ခံဖို့ ရွေးချယ်ခဲ့သည်။
ထိပ်တန်းလေးယောက်အနက် ဝမ်ပေါင်လဲ့ ပေါ်ထွက်လာပြီးသည့်နောက်တွင် ဒုတိယမြောက် ကျင့်ကြံသူ ပေါ်ထွက်လာသည်။ ထိုသူက ယင်ရှီ ဖြစ်၏။
ပူဖောင်းထဲတွင် ရပ်နေရင်း ယင်ရှီက ခေါင်းကိုငုံ့ကာ ဝမ်ပေါင်လဲ့ဖက် လှည့်ကြည့်လာသည်။ ထိုအခိုက်အတန့်၌ သူ့အကြည့်များက ကျုံးဟိန်ကျစ်နှင့် တိုက်ခိုက်စဉ်အခါထက် ပိုမိုတောက်ပနေလေ၏။
သိပ်မကြာခင် ယွဲ့လင်းကျစ်ဘက်ကလည်း အဆုံးသတ်သွားသည်။ သူမ၏ ပြိုင်ဘက်က နှစ်များစွာကျင့်ကြံခဲ့သည့် တပည့်ဟောင်းတစ်ဦး ဖြစ်သော်လည်း သူက သူမအတွက် ပြိုင်ဘက် မဟုတ်သေးပေ။ သူက ဂီတတေးသွား လေးခုအထိသာ တောင့်ခံနိုင်ခဲ့၏။
သူမအတွက် ကိုယ်တိုင်သတ်မှတ်ထားသည့် ပြိုင်ဖက်က အစမှအဆုံး တစ်ယောက်ထဲသာ ရှိခဲ့သည်။ ထိုသူက ယင်ရှီ ဖြစ်၏။ တိုက်ပွဲအဆုံးသတ်သွားပြီးသည့်နောက်တွင် ယွဲ့လင်းကျစ်က ပူဖောင်းထဲ ရပ်နေရင်း သူ့အကြည့်တို့က ယင်ရှီကို ကြည့်ရင်း တိုက်ခိုက်လိုစိတ်များဖြင့် တောက်လောင်နေသည်။
သို့သော်လည်း သူမက လှမ်းကြည့်လိုက်သည့်အချိန် ယင်ရှီ၏ ပစ်မှတ်က သူမ မဟုတ်ဘဲ အမည်မသိ ဝမ်ပေါင်လဲ့ဖြစ်နေသည်ကို မြင်လိုက်ရ၏။
ယွဲ့လင်းကျစ်က မျက်မှောင်အသာကြုတ်ကာ လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ယောက်လုံးက ဝမ်ပေါင်လဲ့ကို ကြည့်နေစဉ် ဝမ်ပေါင်လဲ့က လေးလေးနက်နက် ပြုံးပြလိုက်သည်။ ရှစ်လင်းကျစ်၏ တိုက်ပွဲကလည်း အဆုံးသတ်သွားခဲ့၏။
ရှစ်လင်းကျစ်၏ တိုက်ခိုက်စွမ်းရည်က ယွဲ့လင်းကျစ်ထက် နိမ့်ကျသော်လည်း သူက အားအနည်းဆုံး တာအိုကလေးငယ် မဟုတ်ပေ။ အထူးသဖြင့် သူတို့က သူ့နှလုံးသားထဲ စွဲလမ်းမှုရှိနေသည့်အခါတွင် ဖြစ်၏။ သူ့စွမ်းအားက ပေါက်ကွဲထွက်လာကာ တစ်ဖက်သူကို အောင်အောင်မြင်မြင် အနိုင်ပိုင်းပြီး ထိပ်သီးလေးယောက်အတွင်း ဝင်ရောက်ခဲ့သည်။
သူ ထွက်လာပြီးသည့်နောက်တွင် ယင်ရှီနှင့် ယွဲ့လင်းကျစ်ကဲ့သို့ ဝမ်ပေါင်လဲ့ကို လှည့်ကြည့်လာသည်။ သူက အံကြိတ်လျက် သူ့မျက်ဝန်းအထက် သတ်ဖြတ်ငွေ့တို့ တောက်လောင်နေလေ၏။
သူက တစ်ဖက်သူကို အချိန်အတော်ကြာ ရှာဖွေခဲ့ပြီး ဖမ်းဝရမ်းပင် ထုတ်ခဲ့သည်။ သို့သော် သူ၏ သဲလွန်စများကို ရှာမတွေ့ခဲ့ပေ။ ထိုအခိုက်အတန့်၌ ကောင်းကင်က သူ့ကို မျက်နှာသာ ပေးလာပြီဖြစ်ကာ တစ်ဖက်သူကို မြင်တွေ့လာရသည်။
ထိုသူက အင်မတန်အားကောင်းပြီး အဖြူရောင်ချပ်ဝတ်ပင် ပြိုင်ဖက် မဟုတ်သော်လည်း ရှစ်လင်းကျစ်အတွက်မူ ထိုအရာက အရေးမကြီးပေ။ အရေးကြီးသည့်အရာက သူသည် ယနေ့အတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
သူက သူ့ကိုယ်ပိုင်ပြင်ဆင်မှုများဖြင့် ထိုမပြောပလောက်သည့် အသံကို ဖျက်ဆီးနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေသည်။
ထို့ကြောင့် သူ့အကြည့်များက ဒေါသဖြင့် တောက်လောင်နေစဉ် ရှစ်လင်းကျစ်၏ စိတ်နှလုံးသားက စိတ်တက်ကြွမှုအပြည့် ဖြစ်နေလေ၏။
တခြားသော တာအိုကလေးငယ် နှစ်ယောက်အပါအဝင် သူ့အကြည့်က ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကို မျက်လုံးအပြူးသား ဖြစ်သွားစေ၏။ သူတို့က သူတို့ကြားမှ ထုတ်လွှတ်နေသည့် ပြင်းထန်သည့် အတက်အကျကို ခံစားမိကြသည်။
“နောက်တစ်ခုက အကြိုဗိုလ်လုပွဲပဲ။ ဒီလေးယောက်ကို ဘယ်လိုနေရာချထားမလဲဆိုတာ သိချင်သားပဲ”
“အကြည့်နဲ့တင် ရှစ်လင်းကျစ်က ဖျက်မြင်းကို တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေတာ သိသာတယ်။ သူက အဖြူရောင်ချပ်ဝတ်နဲ့ အနီရောင်နတ်ဆိုးတို့အတွက် လက်စားချေချင်တာလား။ ထူးဆန်းလိုက်တာ။ သူတို့ရဲ့ ဆက်ဆံရေးက ဘယ်တုန်းက အဲ့လောက် ကောင်းသွားပါလိမ့်”
“အဲ့လိုတော့ မဟုတ်သေးဘူး။ မင်းတို့တွေက သူ့ကို မသိကြဘူးလား။ ရှစ်လင်းကျစ်က ဖမ်းဝရမ်း ထုတ်ခဲ့ဖူးတယ်လေ။ ကြည့်ရတာ အရူးတစ်ယောက်နဲ့ တူတဲ့သူကို ရှာနေတဲ့ပုံပဲ။ ဖြစ်နိုင်တာက…”
ဂိုဏ်းကြီးသုံးဂိုဏ်းမှ ဆွေးနွေးသံများက ပိုမိုပြင်းထန်လာသည်။ သူတို့၏ အသံများက တစ်တောင်နှင့်တစ်တောင် ပျံ့နှံ့သွားပြီး ဝမ်ပေါင်လဲ့နှင့် တခြားသူများ ရှိသည့် ပူဖောင်းလေးခုကလည်း မြင့်တက်လာသည်။
သူတို့က အချင်းချင်း ပေါင်းစည်းသွားလေ၏။
ယင်ရှီနှင့် ပေါင်းစည်းမည့်သူက ယွဲ့လင်းကျစ် မဟုတ်ဘဲ ရှစ်လင်းကျစ် ဖြစ်၏။
ဝမ်ပေါင်လဲ့နှင့် ပေါင်းစည်းမည့်သူက ယွဲ့လင်းကျ စ်ဖြစ်ပေသည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ အကြည့်များကို တောက်ပလာစေ၏။ သူ့နှင့် ယွဲ့လင်းကျစ်ကို ထိပ်သီး၈ယောက်ထဲတွင် ပေါင်းစည်းမည့်သူအဖြစ် ရွေးချယ်ခံခဲ့ရသော်လည်း အဖြူရောင်ချပ်ဝတ်၏ နှောင့်ယှက်မှုကြောင့် ထိုသို့မဖြစ်ပျက်ခဲ့ပေ။
ထို့ကြောင့် ယခုအခါ ဝမ်ပေါင်လဲ့၏ မျက်နှာအထက် အပြုံးတစ်ပွင့်ပေါ်ထွက်လာလေ၏။ ကြည့်ရသည်မှာ သူ့ပူဖောင်းနှင့် မျက်မှောင်ကြုတ်နေသည့် ယွဲ့လင်းကျစ်တို့က အပြီးတိုင် ပေါင်းစည်းသွားမည် ဖြစ်၏။
ထိုအခိုက်အတန့်၌ ရှစ်လင်းကျစ်က သည်းမခံနိုင်တော့ပေ။
သူ့မျက်ဝန်းများက နီရဲနေပြီး သူက သူနှင့် ယင်ရှီကြားမှ ကွာဟချက်ကို ကောင်းကောင်းသိထားသည်။ သူက ဤတိုက်ပွဲကို သေချာပေါက် ရှုံးနိမ့်သွားနိုင်၏။ အကယ်၍ တခြားသောအချိန်ဆိုပါက ဂရုစိုက်မည် မဟုတ်ပေ။ သူ ရှုံးလျှင်လည်း အရှုံးသာ ဖြစ်၏။ သို့သော် ယခုတွင် သူက ထိုအရာကို မလိုလားပေ။ သူက လက်စားမချေခင် စစ်ဆေးမှု အဆုံးသတ်သွားဖို့အထိ စောင့်ဖို့ရာ မလိုလားပေ။
သူက သူ လက်ခံရရှိထားသည့် ထိနှက်ချက်ကို လက်စားချေဖို့ စိတ်အားထက်သန်လာမိ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့က ရှစ်လင်းကျစ်၏ ရွေးချယ်မှု ဖြစ်လာ၏။ ပေါင်းစည်းမှု အဆုံးသတ်တော့မည်ကို မြင်သည့်အခါ ရှစ်လင်းကျစ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“အရှင် ကျွန်တော်လည်း ဒီ အရှက်မဲ့တဲ့သူကို တိုက်ခိုက်ဖို့အတွက် ပထမနေရာကို လက်လျှော့ဖို့ လိုလားပါတယ်”
သူ ပြောလိုက်သည်နှင့် ပြင်ပလောကက ဂိုဏ်းကြီးသုံးဂိုဏ်းလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားကာ ပိုမိုစိတ်လှုပ်ရှားလာကြသည်။