မတုံးအဘူး
Vol. 101 Ch. 1406
ပြင်ပလောကက စိတ်လှုပ်ရှားနေကြစဉ် ဝမ်ပေါင်လဲ့ထံ တိုက်ပွဲရှုံးနိမ့်သွားပြီးသည့်နောက်တွင် အဖြူရောင်ချပ်ဝတ်က တိုက်ခိုက်ရေးကွင်းမှ ကူးသန်းပြောင်းရွှေ့ခံလိုက်ရပြီး ဟိန်ချင်းဂိုဏ်းရှိရာ ပြန်လည်ရောက်ရှိလာသည်။ ထို့နောက် သူက အနီရောင်နတ်ဆိုး၏ ဂူထဲ လျှောက်လှမ်းသွားလိုက်၏။
အနီရောင်နတ်ဆိုးက တင်ပျဉ်ခွေထိုင်နေပြီး သူ့မျက်နှာလှလှလေးက ငြိမ်းအေးမှုတို့ ထုတ်လွှတ်နေ၏။ ထိုအမူအရာက ပြင်ပလောက တွေးထားသည့်အရာနှင့် လုံးဝကွဲပြားနေသည်။ သူ့ရှေ့တွင် တိုက်ခိုက်ရေးကွင်း၏ ပုံရိပ်ယောင်ဖန်သားပြင်ရှိနေသော်လည်း သူက များစွာ အာရုံစိုက်ဟန်မပေါ်ပေ။ ထိုအရာက အဖြူရောင်ချပ်ဝတ် သူ့နားသို့ လျှောက်လာကာ မမြင်ခင်အထိ ဖြစ်၏။
အဖြူရောင်ချပ်ဝတ်ကမူ တူညီသည့် တည်တည်ငြိမ်ငြိမ်အမူအရာမျိုး ရှိနေလေ၏။ ဝမ်ပေါင်လဲ့နှင့် တိုက်ခိုက်ခဲ့စဉ်အခါက ရူးသွပ်နေသည့် အမူအရာမျိုးနှင့် ယှဉ်လိုက်ပါက သူတို့သည် ကွဲပြားသည့် လူနှစ်ယောက်သဖွယ် ဖြစ်၏။ တစ်ခုတွင် သူ့မျက်နှာထက် စိတ်ခံစားချက်ဟူ၍မရှိပေ။ ရှုံးနိမ့်မှုက သူ့အတွက် ဘာမှမဟုတ်သည့်အလား ဂရုစိုက်ဟန်မပေါ်ပေ။
အနီရောင်နတ်ဆိုး၏ အကြည့်ကို မြင်လိုက်ရသည့်အခါ ညင်သာမှုတို့က ထွက်ပေါ်လာလေ၏။
“တမင်လုပ်လိုက်တာမလား” အနီရောင်နတ်ဆိုးက တီးတိုးမေးလိုက်သည်။
“အစတုန်းက မင်းကို တကယ်စိတ်ပူနေတာ။ ယင်ရှီနဲ့ တခြားသူတွေက မင်းကို ထွက်အောင်မလုပ်မှာကိုလည်း စိုးရိမ်တယ်။ အဲဒါကြောင့် မင်းကို ကိုယ်တိုင် အဆုံးသတ်ပစ်ဖို့ လုပ်ခဲ့တာ” အဖြူရောင်ချပ်ဝတ်က ပြုံးပြီး အနီရောင်နတ်ဆိုးဘေး ဝင်ထိုင်လိုက်သည်။ သူက အနီရောင်နတ်ဆိုး၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်၏။
“ဒီအသစ်ရောက်လာတဲ့သူကို အရမ်းကျေးဇူးတင်တယ်။ မင်း ဘေးကင်းတယ်ဆိုမှတော့ တာအိုကို တက်လှမ်းဖို့ စိတ်မဝင်စားဘူး။ ငါက မင်းနဲ့အတူတူပဲ ရှိချင်တာ” အဖြူရောင်ချပ်ဝတ်က ညင်သာစွာ ပြောလိုက်သည်။
“မင်းက နေရာ လက်လျှော့ပြီးတော့ အဲဒီလူနဲ့ တိုက်ခိုက်လိုက်တာ မြင်လိုက်တဲ့ အခိုက်အတန့်ထဲက ရွေးချယ်မှုကို နားလည်လိုက်တယ်။ ဒါပေမဲ့ ဆရာ့အတွက်ကတော့…” အနီရောင်နတ်ဆိုးက အဖြူရောင်ချပ်ဝတ်၏ ပုခုံးအပေါ် မှီရင်း အသာပြုံးလာသည်။
“သူမက ဆရာ မဟုတ်တော့ဘူး” အဖြူရောင်ချပ်ဝတ်က ပြောလိုက်၏။
ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူက ပုံရိပ်ယောင်ဖန်သားပြင်ကို ကြည့်လိုက်သည်။
“ရှစ်လင်းကျစ်” အနီရောင်နတ်ဆိုးက ထိပ်သီးလေးယောက်ကို ကြည့်နေရင်း ပြောလိုက်သည်။
“ကြည့်ရတာ တုံးအတယ်ဆိုပေမဲ့ ဆုံးဖြတ်ချက်ပြတ်သားသားပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ် သူက မင်းလိုမျိုး အတူတူရွေးချယ်ခဲ့တဲ့ပုံပဲ”
“ဒီလောက်နှစ်တွေအကြာကြီး တာအိုကလေးငယ် ဖြစ်လာပြီးတဲ့နောက်မှာ အမှန်တရားကို နားမလည်တဲ့သူဆိုတာ မဖြစ်နိုင်ဘူးလေ။ တကယ်လို့ သူသာ အလိုမရှိရင် အားလုံးကလည်း အလိုမရှိဘူးဆိုရင် ဆရာရဲ့ လူသားဆန်တဲ့ဘက်အခြမ်းက ငါတို့ကို ဖိအားပေးနိုင်မှာ မဟုတ်ဘူး”
အဖြူရောင်ချပ်ဝတ်နှင့် အနီရောင်နတ်ဆိုးတို့က စကားပြောနေစဉ် ထိပ်သီးလေးယောက်၏ တိုက်ခိုက်ရေးကွင်းအတွင်း ဝမ်ပေါင်လဲ့နှင့် ရှစ်လင်းကျစ်တို့ ပူးပေါင်းကာ ပေါင်းစည်းသွားခဲ့သည်။ ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့နှင့် ရှစ်လင်းကျစ်တို့ကြားတွင် အဟန့်အတားဟူ၍ မရှိတော့ပေ။
သူက ဝမ်ပေါင်လဲ့ကို စိုက်ကြည့်လိုက်၏။ သူ့အကြည့်များက သွေးဆာနေသည်။ သူ့မျက်ဝန်းထဲ သိုဝှက်ထားသည့် အငြိုးတရားနှင့် ဒေါသတို့ ရှိနေလေ၏။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ဝမ်ပေါင်လဲ့သည် ရှစ်လင်းကျစ်ကို ကြည့်ကာ အမူအရာက တမင်လုပ်ထားသလို ခံစားလိုက်ရသည်။
စိတ်ဝင်စားစရာပဲ။ ဒါက အဖြူရောင်ချပ်ဝတ်နဲ့ ရှစ်လင်းကျစ်တို့အတွက်က အတူတူပဲ…
ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်ပြီး ထိုအရာများကို ကွဲပြားသည့် အခြေအနေနှစ်ခုအဖြစ် ပိုင်းခြားမည်ဆိုပါက အဖြေသည် အတူတူသာဖြစ်နေကြောင်း သဘောပေါက်သွားခဲ့သည်။
ပထမဦးဆုံးအနေဖြင့် တာအိုကလေးငယ်က သူတို့သည် နံပါတ်တစ်ဖြစ်လာပြီးသည့်နောက်တွင် ဘာဖြစ်မလဲ သိပါက အဖြူရောင်ချပ်ဝတ်ဖြစ်စေ၊ ရှစ်လင်းကျစ်ဖြစ်စေ သူ့အပေါ် မုန်းတီးမှုက အရာအားလုံးထက် ပိုနေလိမ့်မည်။ ထို့ကြောင့် သူတို့က လက်လျှော့လိုက်ကြပြီး သူနှင့် တိုက်ခိုက်လာခြင်း ဖြစ်၏။
သို့သော်လည်း သူတို့ကြားတွင်ရှိသည့် အမုန်းတရားက ထည့်သွင်းစဉ်းစားစရာမရှိကြောင်း သိသာလှသည်။ ထိုအရာက သူတို့၏ အရည်အချင်းကို လက်လျှော့ရလောက်အောင်အထိ အနေအထားဖြင့် အလှမ်းကွာနေသေး၏။ သို့သော်လည်း သူတို့က ထိုသို့လုပ်ဆောင်ခဲ့၏။
ကြည့်ရသည်မှာ ဖြစ်နိုင်ခြေတစ်ခုသာ ရှိ၏။
အကြောင်းအရင်းကမူ ထိုတာအိုကလေးငယ်များက နံပါတ်တစ်ဖြစ်လာပြီးသည့်နောက်တွင် ဘာဖြစ်မလဲဆိုတာကို ကောင်းကောင်းသိထားကြသည်။ သူတို့က ထိုအရာကို အလိုမရှိသော်လည်း တစ်ယောက်နှင့်တစ်ယောက် အခြေခံနားလည်မှုကြောင့် အချင်းချင်း သတိထားနေကြပြီး နံပါတ်တစ်ဖြစ်လာပြီး တွန်းပို့ခံရမည်ကို စိုးရိမ်နေကြသည်။
အဲဒါကြောင့် ငါပေါ်ထွက်လာတာက အဖြူရောင်ချပ်ဝတ်အတွက် ဒေါသကို ဖြေဖျောက်ပြီး လက်စားချေဖို့အတွက် အခွင့်ကောင်းဖြစ်သွားခဲ့တာပဲ။ ရှစ်လင်းကျစ်ကလည်း အဲ့လိုစဉ်းစားနေတာ ဖြစ်နိုင်တယ်…
ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာပြီပဲ…
သနားဖို့ကောင်းလိုက်တဲ့ ထင်းယွိမြို့သခင်၊ သနားဖို့ကောင်းလိုက်တဲ့ တပည့်တွေ…
ဝမ်ပေါင်လဲ့က တီးတိုးရေရွတ်လိုက်သည်။ သို့သော်လည်း ထိုသနားမှုအနည်းငယ်က သူ့အစီအစဉ်ကို လက်လျှော့ဖို့ရာ မလုံလောက်ခဲ့ပေ။ အားလုံးက ကွဲပြားသည့် ရပ်တည်မှုများ ရှိသည့်အတွက် ကွဲပြားသည့် ချဉ်းကပ်မှုမျိုးဆီ ဦးတည်နေကြသည်။
ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့က အတွေးအားလုံးကို ဖိနှိပ်လိုက်ပြီး ခေါင်းမော့ကာ ဒေါသတကြီးဖြင့် ကြည့်နေသည့် ရှစ်လင်းကျစ်ကို ကြည့်လိုက်သည်။ ရှစ်လင်းကျစ်က ကိစ္စတချို့ပြင်ဆင်ပြီးသည့်နောက်တွင် စိတ်ငြိမ်သွားဟန်ပေါ်၏။ သူက ဝမ်ပေါင်လဲ့ဆီ ဒေါသတကြီးအော်ဟစ်ကာ ပြေးဝင်လာသည်။
“မင်းပဲ။ ငါ မင်းကို အချိန်အကြာကြီး လိုက်ရှာနေခဲ့တာ”
ရှစ်လင်းကျစ်က မမြန်ဆန်သော်လည်း အင်မတန်ဒေါသထွက်နေလေ၏။ သူက လက်ဟန်များကို လက်နှစ်ဖက်ဖြင့် ပြုလုပ်ရင်း ဂီတသင်္ကေတများစွာက ပေါ်ထွက်လာပြီး ဂီတတေးသွားတစ်ခုအသွင် ပြောင်းလဲသွားခဲ့၏။ သူတို့က လက်နက်၏ အရိပ်များအသွင် ပြောင်းလဲသွားကာ အင်မတန် အားကောင်းလာသည်။
ဝမ်ပေါင်လဲ့က ထိုအရာသည် ပုံရိပ်ယောင်လား မသိသော်လည်း ရှစ်လင်းကျစ်၏ အမြင်နှင့်ပင် တစ်စုံတစ်ခုကို ခံစားမိလိုက်ဟန်ပေါ်သည်။
“မြန်မြန်တိုက် မြန်မြန်တိုက် မြန်မြန်တိုက် ငါ့ကို အနိုင်ပိုင်းလိုက်။ မြန်မြန်လုပ်”
ထိုအရာက ဝမ်ပေါင်လဲ့အား မသက်မသာဖြစ်စေ၏။ သူက အသုံးချခံလိုက်ရသလို ခံစားနေရသည်။ သူက မျက်ခုံးပင့်ကာ ထိုအရာက သူ့အကဲဖြတ်ချက် မှန်ကန်ရဲ့လားဟု စမ်းသပ်ဖို့ ပြင်ဆင်နေရင်း သူ့အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက တုံ့ဆိုင်းနေပြီး ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။ သူ့ခန္ဓာကိုယ်က အလျင်အမြန် နောက်ဆုတ်လိုက်ပြီး ထိုအခိုက်အတန့်၌ သူက ပြောလိုက်သည်။
“တာအိုကလေးငယ် ခင်ဗျားရဲ့ နေရာကို လက်လျှော့ဖို့ မလိုပါဘူး။ ဒီတစ်ကြိမ် ကျုပ်လက်လျှော့…”
ဝမ်ပေါင်လဲ့က ပြောနေရင်း ဆန့်ကျင်ဖက်တွင်ရှိနေသည့် ရှစ်လင်းကျစ်က သူ့စကားအဆုံးမသတ်ခင် မျက်လုံးအပြူးသား ဖြစ်သွားလေ၏။ သူက ဝမ်ပေါင်လဲ့၏ စကားအဆုံးသတ်သွားမည်ကို စိုးရိမ်လာဟန်ပေါ်သည်။ ရုတ်ချည်းဆိုသလို သူက စူးစူးရှရှအော်ဟစ်ပြီး မမြင်နိုင်ဖွယ် အကာအရံတစ်ခုကို ချိုးဖောက်သွားဟန်ဖြင့် သွေးတစ်ပွက်အန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ဝန်းကျင်ရှိ ဂီတသင်္ကေတအားလုံးက ပြိုလဲသွား၏။ ဂီတတေးသွားမှ ဖွဲ့စည်းထားသည့် လက်နက်များကလည်း အပိုင်းပိုင်းအစစ ကြေမွသွားခဲ့သည်။
ရှစ်လင်းကျစ် ကိုယ်တိုင်အတွက်မူ နောက်လွင့်သွားပြီး အဝေးတစ်နေရာဆီ လွင့်စင်သွားခဲ့သည်။
ထိုမြင်ကွင်းက ပြင်ပလောကမှ ဂိုဏ်းကြီးသုံးဂိုဏ်းထံ ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။
“ဒါက ဘယ်လိုဂီတသင်္ကေတမျိုးလဲ။”
“ဒီလူက တကယ်ကို အားကောင်းလိုက်တာ”
“သူက ထိတောင်မထိလိုက်ရသေးဘူးလေ။ ဒါက အစပဲရှိသေးတယ်”
ဝမ်ပေါင်လဲ့က အပြင်ဘက်မှ ရုတ်ရုတ်သဲသဲဖြစ်မှုကို မသိသော်လည်း ဆွံ့အနေမိသည်။ အဓိကစမ်းသပ်မှုတစ်ခုဖြစ်သော်လည်း သူက ယခင်အကဲဖြတ်ချက်ကို အတည်ပြုလိုက်နိုင်၏။ ရှစ်လင်းကျစ်၏ မူပိုနေသည့် ဟန်ဆောင်မှုကို ကြည့်ကာ ရွံ့ရှာမှုလို ခံစားမိလာသည်။ အထူးသဖြင့် ရှစ်လင်းကျစ်က ထဖို့ရာ ရုန်းကန်ပြီးတစ်စုံတစ်ခု ပြောလိုဟန်ဖြင့် ပါးစပ်ဟလာပြီးချိန်တွင် ဖြစ်၏။
ဝမ်ပေါင်လဲ့က သူ ပြောသည်အထိ မစောင့်ဆိုင်းတော့ပေ။ သူက တစ်ဖက်သူသည် ရှုံးနိမ့်မှုကို ဝန်ခံမည်ဖြစ်ကြောင်း ခံစားမိ၏။ သူက အေးစက်စက်သရော်ကာ ထပ်ဆင့်ဂီတသင်္ကေတများကို အသက်သွင်းလိုက်ပြီး စွမ်းအား တစ်စိတ်တစ်ပိုင်းကို ထုတ်ပြလိုက်၏။
နောက်အခိုက်အတန့်လေး၌ ဖူးအသံနှင့်အတူ ရှစ်လင်းကျစ်၏ ရှုပ်ထွေးနေသော အမူအရာဖြင့် ဝမ်ပေါင်လဲ့ဝန်းကျင်ရှိလေထုက အတက်အကျဖြစ်လာသည်။ ဂီတသင်္ကေတအရှိန်အဝါက ရှစ်လင်းကျစ်ဆီ ပျံသန်းသွားပြီး ချက်ချင်းပေါက်ထွက်သွား၏။
ရှစ်လင်းကျစ်က ပါးစပ်အဟောင်းသားဖြစ်သွားကာ ပိတ်ဖို့ရာပင် အချိန်မရှိလိုက်ပေ။ သူ့ခန္ဓာကိုယ်က အရှိန်အဝါဖြင့် ထိမှန်ခံလိုက်ရပြီး ချက်ချင်းဆိုသလို နောက်ပြန်လွင့်စင်သွား၏။
သူ့ပါးစပ်မှ သွေးများစီးကျလာပြီး ဒေါသထွက်လာသည့်အလား သူ့ကိုယ်သူ ထိန်းချုပ်မှု ဆုံးရှုံးလုနီးပါးဖြစ်သွားလေသည်။
သို့သော်လည်း ဝမ်ပေါင်လဲ့က အလွန်စိတ်တိုနေပြီး ကျယ်လောင်စွာ ပြောလိုက်၏။
“ဒီတစ်ကြိမ် ကျုပ် အရှုံး…”
သူ့စကားအဆုံးမသတ်နိုင်ခင် ရှစ်လင်းကျစ်က တုန်ယင်သွားပြီး သူ့နှလုံးသားမှ ဒေါသကို ဖိနှိပ်ထားကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ကျုပ် အရှုံးပေးတယ်”
ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များကလည်း သူတို့က မည်မျှပင် တုံးအစေကာမူ တစ်စုံတစ်ခုကို ခံစားမိပြီး သူတို့မျက်နှာအထက် ထူးထူးဆန်းဆန်း အမူအရာမျိုး ပေါ်ထွက်လာလေ၏။