ပူးကပ်ခြင်း
Vol. 101 Ch. 1408
ပထမ လှုပ်ရှားမှုက အားအကောင်းဆုံး ဝှက်ဖဲ ဖြစ်နေသည်။
ယင်ရှီက ဝမ်ပေါင်လဲ့၏ အင်အားကို အသိအမှတ်ပြုမှန်း သိသာလှ၏။ သူက ဝမ်ပေါင်လဲ့နှင့် ပထမနေရာကို ယှဉ်ပြိုင်မည်ဆိုပါက စမ်းသပ်နေဖို့ မလိုကြောင်း သိလေသည်။ ပထမဦးဆုး တိုက်ကွက်ကို အားအကောင်းဆုံး တိုက်ကွက် ထုတ်သုံးလာသည်။
ထင်းယွိကမ္ဘာကို ဖွင့်လှစ်မည့် သော့က သူ့အားအကောင်းဆုံးတာအို ဖြစ်၏။ ထိုအရာ ထွက်ပေါ်လာသည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သော့ဖြင့် ပေါင်းစည်းသွားခဲ့သည်။ ထိုအရာက အလင်းတန်းနှင့် တူသော်လည်း လက်တွေ့၌မူ ပုံရိပ်က မတည်ရှိတော့ဘဲ ထင်းယွိကမ္ဘာနှင့် လက်တွေ့ကြား ပိတ်မိနေလေသည်။
ထိုအခြေအနေက သူ့အား ထင်းယွိစည်းမျဉ်းဥပဒေသ ကျင့်ကြံသူအားလုံးနီးပါးနှင့် ရင်ဆိုင်ရသည့်အခါ အကြွင်းမဲ့နေရာ၌ တည်ရှိစေ၏။ အသံကျယ်ကြီး ပေါက်ကွဲထွက်လာသည့်အခါ ပူဖောင်းက ပြိုလဲတော့မည့် အရိပ်အယောင်များ ပြသလာသည်။ ပြင်ပလောကမှ ဂိုဏ်းကြီးသုံးဂိုဏ်းရှိ ကျင့်ကြံသူများကလည်း တုန်လှုပ်နေကြသည်။ သူတို့၏ စည်းမျဉ်းဥပဒေသကပင် လှုပ်ခါလာဟန်ပေါ်၏။
နောက်အခိုက်အတန့်လေး၌ ယင်ရှီ၏ အလင်းရောင်မှ ဖွဲ့စည်းထားသည့် လက်ချောင်းကြီးက ဝမ်ပေါင်လဲ့ရှေ့မှောက် ပေါ်ထွက်လာသည်။
ဝမ်ပေါင်လဲ့၏ မျက်နှာအထက် ထူးထူးဆန်းဆန်းအကြည့်တစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက ထင်းယွိမြို့ထဲရောက်လာကတည်းက ထင်းယွိစည်းမျဉ်းဥပဒေသကို နားလည်ထားသည်ကို မျိုးစုံ မြင်တွေ့ခဲ့ဖူးသည်။ သို့သော်လည်း ယင်ရှီက အားအကောင်းဆုံးဖြစ်မှန်း ဝန်ခံရပေမည်။
“အခု သူက ဘာပြောလိုက်တာလဲ”
ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်လိုက်၏။ သူက ညာဖက်လက်ကို မြှောက်ကာ ရောက်ရှိလာသည့် လက်ချောင်းကို အသာပိတ်ဆို့လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲမှ ထပ်ဆင့်ဂီတသင်္ကေတ သိန်းဂဏန်း ထွက်ပေါ်လာလေ၏။
ကမ္ဘာမြေတုန်လုမတတ် လှိုင်းတွန်းများကလည်း ပေါက်ကွဲထွက်လာကာ အသံကျယ်ကြီးနှင့်အတူ အဖက်ဖက်သို့ ပျံ့နှံ့သွားလေသည်။ ထိုအရာက ပူဖောင်းကို ဆွဲဖြဲလိုက်သည့် မုန်တိုင်းသဖွယ်ဖြစ်လာပြီး တိုက်ခိုက်ရေးကွင်းနှင့် နေရာတစ်ဝိုက်အားလုံးကို စုတ်ပြဲသွားစေသည်။
ထိုအရာက အသံကျယ်ကြီးနှင့်အတူ ကြေမွသွားပြီး လက်တွေ့နှင့် ထင်းယွိကမ္ဘာကြားတွင်ရှိနေသည့် ယင်ရှီကလည်း သူ့ခန္ဓာကိုယ်မှ အတင်းအကြပ် ဆွဲထုတ်ခံလိုက်ရသည်။ ထို့နောက် သူ့ပါးစပ်မှ သွေးများအန်ထွက်လာပြီး မျက်ဝန်းအထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားဟန်ပေါ်သည်။
သူ့အကြည့်က ကြာရှည်မခံဘဲ ဝမ်ပေါင်လဲ့ ထုတ်လွှတ်လိုက်သည့် ဂီတသင်္ကေတမုန်တိုင်းကြားတွင် နစ်မြုပ်သွားလေ၏။
ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့က သတ်ဖြတ်ဖို့ရာအတွက် ရည်ရွယ်ချက် မရှိပေ။ ထို့ကြောင့် နောက်အခိုက်အတန့်၌ ယင်ရှီ၏ ခန္ဓာကိုယ်က မုန်တိုင်းကြား လွင့်စင်သွားသည့်အချိန် ကြိုးပျက်စွန်သဖွယ် သူက အဝေးတစ်နေရာသို့ ရောက်ရှိသွားသည်။
ဤသို့ဖြင့် တိုက်ပွဲက အဆုံးသတ်သွားလေ၏။
ပြင်ပလောကရှိ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကလည်း ရုတ်ရုတ်သဲသဲ မဖြစ်ခင် ဝမ်ပေါင်လဲ့ရှိနေသည့် တိုက်ခိုက်ရေးကွင်းက လှိုင်းတွန့်များ ထလာပြီး ပြိုလဲလုနီးပါးဖြစ်လာကာ ရုတ်ချည်းဆိုသလို ကူးသန်းပြောင်းရွှေ့ရေးအလင်းတန်း ထွက်ပေါ်လာသည်။ ထိုအလင်းတန်းက အဖက်ဖက်မှ စုဝေးလာပြီး ဝမ်ပေါင်လဲ့ဆီ ရောက်ရှိသွား၏။ နောက်အခိုက်အတန့်လေး၌ ထိုအရာက သူ့ကို လွှမ်းခြုံကာ အသက်ဝင်လာသည်။
ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့၏ ပုံရိပ်က အားလုံး၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားလေ၏။
“သူ ပျောက်သွားပြီ။” ယင်ရှီ၏ အမူအရာက ပိုမိုစိတ်ရှုပ်ထွေးသွားဟန်ပေါ်သည်။
တစ်ချိန်တည်းဆိုသလို ဂိုဏ်းကြီးသုံးဂိုဏ်းအနှံ့ ကြီးကျယ်ခမ်းနားသည့် အသံတစ်သံ ပဲ့တင်ထွက်လာသည်။
“စစ်ဆေးမှု အဆုံးသတ်သွားပြီ။ ဝမ်လဲ့က အခုကစပြီး တပည့်အဖြစ် တိုးမြှင့်ခံရမယ်”
ဝမ်လဲ့က ဝမ်ပေါင်လဲ့၏ ထင်းယွိမြို့ထဲတွင် အသုံးပြုသည့် နာမည်တစ်ခု ဖြစ်၏။
ထိုအသံထွက်ပေါ်လာသည်နှင့် ဂိုဏ်းကြီးသုံးဂိုဏ်းက ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး ဆွေးနွေးသံများ ထွက်ပေါ်လာသည်။ သူတို့က ဝမ်ပေါင်လဲ့သည် အနိုင်ရရှိသူဖြစ်ဖို့ ကြိုတင်ပြင်ဆင်ထားကြသော်လည်း ထိုအချက်ကြောင့် အံ့အားသင့်နေဆဲသာ ဖြစ်၏။
ဝမ်ပေါင်လဲ့က ယခင်က ဘယ်သူမှ မဟုတ်ပေ။ သူက ဖျက်မြင်းတစ်ယောက်သာ ဖြစ်၏။ သူက လူအုပ်ကြားမှ ထွက်ပေါ်လာကာ တာအိုကလေးငယ်ကို အနိုင်ပိုင်းပြီး ယင်ရှီကိုပင် ဖိနှိပ်ထားနိုင်ခဲ့သည်။
ဤသို့သောအရာမျိုးက မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။
ဝမ်ပေါင်လဲ့ကြောင့် ရှုံးနိမ့်သွားသည့်သူများအတွက် သူတို့က မယုံကြည်နိုင်ဖြစ်နေကြပြီး စိတ်လှုပ်ရှားနေကြ၏။ ဝမ်ပေါင်လဲ့ကြောင့် ပထမဆုံးရှုံးနိမ့်သွားသည့် ကျင့်ကြံသူက ဝမ်ပေါင်လဲ့ ကိုယ်တိုင်ထက်ပင် ပျော်ရွှင်နေဟန်ပေါ်သည်။ သူက သူ့ကံကောင်းမှုသည် မဆိုးလှကြောင်း ခံစားမိ၏။ သူက တပည့်အရင်းတစ်ယောက်ဆီမှ အနိုင်ပိုင်းခြင်းခံရသည် မဟုတ်ပါလော။ ထိုအရာက သူသည် ထူးချွန်ပြောင်မြောက်နေဆဲ ဖြစ်ကြောင်း သက်သေပြဖို့ လုံလောက်လေပြီ။
ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များက ထိုကိစ္စကို ဆက်လက်ဆွေးနွေးနေကြစဉ် ဂိုဏ်းသုံးဂိုဏ်းမှ တာအိုကလေးငယ်များက မီးတောင်ကို စိတ်ရှုပ်ထွေးသည့် အမူအရာများဖြင့် လှည့်ကြည့်လာကြ၏။ သူတို့က မီးတောင်ကို ထိုးဖောက်ကာ အတွင်းကို မြင်နေရသကဲ့သို့ ဖြစ်သည်။
သူတို့က အဖြစ်အပျက်ကို မမြင်နိုင်သော်လည်း အထဲတွင် ဖြစ်နေသမျှကို စိတ်ကူးကြည့်နိုင်လေသည်။
“နှမြောစရာပဲ”
“ဝမ်လဲ့ရဲ့ ထင်းယွိစည်းမျဉ်းဥပဒေသကို အရင်တုန်းက မမြင်ဖူးဘူး”
“ဆရာ့ရဲ့ ဂီတတာအိုကိုယ်ပွားကို ပြန်လည်ကုစားနိုင်တော့မှာ”
ယင်ရှီက ဂီတတာအိုမီးတောင်ဆီ လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းအထက် ရုန်းကန်းမှုနှင့်အတူ မျှော်လင့်စောင့်စားနေသည့် အရိပ်အယောင်တို့က ရှိနေလေ၏။
တစ်ချိန်တည်းဆိုသလို ဂိုဏ်းသုံးဂိုဏ်းမှ ကလေးငယ်များကလည်း မီးတောင်ကို အာရုံစိုက်လာကြသည်။ ထိုဂီတတာအို၏ မီးတောင်အလယ်တွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ဝမ်ပေါင်လဲ့၏ ပုံရိပ် ပေါ်ထွက်လာ၏။
ထိုနေရာအနှံ့ အနီရောင်မီးတောင်များ လွှမ်းခြုံထားကာ အပူချိန်က အင်မတန် မြင့်မားလှသည်။
ကူးသန်းပြောင်းရွှေ့ရေးအလင်းတန်း ပျောက်ကွယ်သွားသည်နှင့် ဝမ်ပေါင်လဲ့၏ ပုံရိပ်က ပေါ်ထွက်လာသည်။ ထို့နောက် သူက သူ့ရှေ့တွင်ရှိနေသည့် လူအိုကြီးကို ကြည့်လိုက်၏။ ထိုသူက တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်။
ထိုပုံရိပ်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာက ဖြူဖျော့ကာ အတော်လေး အားနည်းနေသည်။ သူ့အရေပြားတို့က သိသာစွာ ခြောက်ကပ်နေပြီး သူ့ရှုပ်ထွေးနေသည့် ဆံပင်များက ပုခုံးအထက် ဖြာကျနေသည်။ သူ့ဝန်းကျင်တွင် မရဏအငွေ့အသက်တို့ ကိန်းအောင်းနေလေ၏။ သူက မီးစာကုန်တော့မည့် ဖယောင်းတိုင်သဖွယ် ဖြစ်နေလေသည်။
ထိုအခိုက်အတန့်၌ ထိုပုံရိပ်က မျက်လုံးဖွင့်လာသည်။ သူ့မျက်ဝန်းထဲ မျက်ဆံပင် မမြင်ရပေ။ ဝမ်ပေါင်လဲ့က ထင်းယွိမြို့သခင်၏ ကိုယ်ပွားကို ကြည့်လိုက်၏။ သူ့အမူအရာက စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုများ ရောထွေးနေသည်။ သူက ငုံ့ကာ အရိုအသေပေးလိုက်သည်။
“တပည့်က ဆရာကို ဂါရဝပြုပါတယ်”
“အနားလာခဲ့” ထိုခန္ဓာကိုယ်ဆီမှ ခပ်ဩဩအသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ စိတ်ကို လွှမ်းမိုးနိုင်သည့် ထူးကဲသည့် စွမ်းအားတချို့ ကိန်းအောင်းနေဟန်ပေါ်၏။ ထိုအရာက သူ့အား ဆုံးရှုံးသွားစေကာ ထင်းယွိစည်းမျဉ်းဥပဒေသကိုပင် သက်ရောက်မှု ရှိလာစေသည်။ ထိုအရာက သူ့ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်ဖွယ် ထိုသူဆီ လျှောက်လှမ်းသွားမိစေသည်။
တစ်လှမ်းချင်းဖြင့် သူက ဖြည်းဖြည်းချင်း နီးကပ်လာလေ၏။ သူက ထိုပုံရိပ်ရှေ့ ရောက်သည့်အခါ ဝမ်ပေါင်လဲ့က ထိုခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ပုတ်အက်အက်အနံ့ကို ရရှိလာသည်။ သူ့ခန္ဓာကိုယ်က စတင်ငြင်းဆန်လာပြီး ငေးမောနေသည့် အမူအရာအထက် ရုန်းကန်နေသည့် အမူအရာမျိုး ထွက်ပေါ်လာသည်။
“ငယ်ရွယ်တဲ့ ခန္ဓာကိုယ်ပဲ” ထိုပုံရိပ်၏ မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ ထို့နောက် ချက်ချင်းဆိုသလို ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ တာအိုမျိုးစေ့က ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုမှ လွတ်ကင်းသွားဟန်ပေါ်သည်။ ထိုအရာက ချက်ချင်းဆိုသလို ပေါက်ထွက်လာကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လာ၏။ ထင်းယွိမြို့သခင်၏ ကိုယ်ပွားကမူ စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ ပေါ်ထွက်လာသည်။ သူက ဖြည်းဖြည်းချင်း ညာဖက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့၏ မျက်ခုံးကြားကို ထိလိုက်၏။
“အခု မင်းက ငါ့အပိုင်ပဲ။” ခပ်ဩဩအသံ ထွက်ပေါ်လာစဉ် ဂီတတာအိုကိုယ်ပွားက ထင်းယွိစည်းမျဉ်းဥပဒေသကို အသက်သွင်းလိုက်သည်။ သူက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ဆီ လက်ရွေ့ကာ သူနှင့် ပေါင်းစည်းဖို့ ပြင်လိုက်သည်။
သို့သော်လည်း အသိစိတ်နှင့် အရာအားလုံးက ဝမ်ပေါင်လဲ့နှင့် ပေါင်းစည်းသွားသည့် အခိုက်အတန့် ဝမ်ပေါင်လဲ့၏ တငေးတမောဖြစ်နေသည့် အမူအရာက ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားသည်။ ထိုအစား သူ့မျက်နှာအထက် အဓိပ္ပာယ်ပါပါ အပြုံးမျိုးနှင့် အေးစက်မှုတို့ ပေါ်ထွက်လာ၏။
“မဟုတ်သေးဘူး။ အခု ခင်ဗျားက ကျုပ်အပိုင်ပဲ” ဝမ်ပေါင်လဲ့က ပြောလိုက်သည်။
ဂီတတာအိုကိုယ်ပွားက အသိစိတ်ထဲမှ လှိုင်းတွန့်တချို့ကို ခံစားမိဟန်ပေါ်သည်။ သူက ချက်ချင်း နောက်ဆုတ်လိုသော်လည်း နောက်ကျလွန်းသွားခဲ့၏။
ပျော်ရွင်မှုမြို့သခင် သင်ပေးထားသည့် တန်ပြန်ပူးကပ်သည့် ဖြစ်စဉ်က ရုတ်ချည်းဆိုသလို ပေါ်ထွက်လာသည်။ ထို့ကြောင့် ဂီတတာအိုကိုယ်ပွား၏ အသိစိတ်ပင်လယ်က အတင်းကြပ် ချက်ချင်းဆွဲယူခံလိုက်ရ၏။