ချောက်နက်.
Vol. 6 Ch. 76
#ဘာသာပြန် = စနိုးဝှိုက်
တောင်ကုန်း၏ အနောက်ဘက် အစွန်းအကျော်မှာတော့..။မြင်တွေရတဲ့ အခြေအနေက ဆန်နီ မျှော်လင့်ထားသလို ဖြစ်မနေခဲ့ပေ..။
ကျွန်းရဲ့ တစ်ဖက်မှာတော့ တောင်ကုန်းဟာ ပို၍ မတ်ဆောက်နေခဲ့ပါတယ်..။သူတို့မြင်တွေ့နေကြဖြစ်တဲ့..မြေရှိုင်းတွေ ရွံ့နွံတွေကို မမြင်တွေ့ရပဲ..ကုန်းမြေက အောက်ကိုသာ ပိုပိုပြီး ..နိမ့်ဆင်းသွားခဲ့သည်..။
ဒါက အတော်ဝေးဝေးနေရာအထိ ဖြစ်နေခဲ့တာပါ..။အမှန်တော့ သူတို့နေနေတဲ့ ကျွန်းကြီးက..သန္တာကျောက်တန်းတွေရဲ့ အဆုံးမှာ ရှိနေသလိုပါပဲ..။
သူတို့ရဲ့ အနောက်ဘက် အရပ်မှာလည်း ..ကုန်းမြေ အမြင့်ဆိုတာက ဘာတစ်ခုမှ ရှိမနေခဲ့ပေ..။တစ်ခုတည်းသော လမ်းက အောက်ကို ဆက်တိုက် နိမ့်ဆင်းသွားတာ ဖြစ်ပြီး..အနက်ရောင် ပင်လယ်ကြီးကနေ လွတ်မြောက်ဖို့ လမ်းမရှိပေ..။
ဒါက သူတို့ ရှေ့ဆက်ပြီး သွားလို့ မရတော့ဘူးလ်ို့ ဆိုလိုတာပါ..။သူတို့ရဲ့ အနောက်ကို သွားနေတဲ့ ခရီးကတော့..အဆုံးသတ်ပါပြီ..။
ဒီလိုနဲ့ သူတို၏ ကမ္ဘာအစစ်အမှန် ဆီ ပြန်မယ့် ဂိတ်ကို ရှာဖွေမယ့် မျှော်လင့်ချက်က ဆုံးရှုံးသွားပြီဖြစ်၏..။
ဆန်နီ သူ့ရဲ့ ရှေ့ကို မယုံကြည်နိုင်စွာပဲ ကြည့်နေခဲ့တယ်..။သူတို့ရဲ့ ရုန်းကန်မူတွေ အားလုံးက အရာမထင်ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သို့ပေမယ့် အမှန်တရားကတော့ သူတို့ရဲ့ ရှေ့မှာ ရောက်နေခဲ့ပါပြီ..။
'ချီးပဲ...ချီးပဲ..."
သူ အခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းကို စဥ်းစားပေမယ့်လည်း..ဘာတစ်ခုမှ ထွက်မလာခဲ့ပေ..။အနက်ရောင် ပင်လယ်ကြီးကလည်း ညတိုင်းရောက်ရောက် လာနေတာဖြစ်ပြီး..တစ်ခုတည်းသော လွတ်မြောက်ရာက အမြင့်ကို တက်နေဖို့ပါ..။
ဆန်နီ သူ့ထက် အခြေအနေဆိုးနေတဲ့ နစ်ဖီကို ကြည့်လိုက်တယ်..။သူ့မရဲ့ မျက်နှာက ရေခဲတုံးလို အေးစက်နေပြီး..မျက်မှောငိကျုတ်ထားခဲ့ပါတယ်..။သူ တစ်ခုခု ပြောဖို့ လုပ်လိုက်ပေမယ့်လည်း ပါးစပ်ထဲက ဘာစကားမှ ထွက်မလာခဲ့ပေ..။
အဆုံးမှာတော့..သူတို့ဟာ..အနက်ရောင်ဒီရေတွေ ရောက်လာတဲ့ အသံကို ကြားရတဲ့ အချိန်ထိ တိတ်ဆိတ်ပြီးသာနေနေကြပါတယ်..။
သန္တာချိုင့်ကြီးရဲ့ အစွန်းကနေပြီး..အနက်ရောင် ဒီရေတွေဟာ..တဖြည်းဖြည်းချင်း ရောက်လာကာ ပြည့်သွားခဲ့တယ်..။ဆန်နီဟာ ရေတွေ တဖြည်းဖြည်းချင်း မြင့်တက်လာတာကို အံ့ဩစွာ ကြည့်နေခဲ့ပါတယ်..။
မကြာခင်မှာပဲ..ကမ္ဘာကြီးတစ်ခုလုံးက အနက်ရောင်ရေတွေနဲ့ ပြည့်နှက်သွားခဲ့ပါပြီ..။
ဆန်နီ သူ့ရဲ့ ခြောက်ကပ်နေတဲ့ နှုတ်ခမ်းကို လျာနဲ့ယက်လိုက်ပြီး..နစ်ဖီ ဘက်ကို လှည့်လိုက်တယ်..။ခနလောက် ..ရပ်ပြီးနောက်မှာတော့..သူ ပြောလိုက်ပါတယ်..။
"ငါ တို့ အနက်ရောင်ပင်လယ်ကြီးရဲ့ အရင်းအမြစ်ကို တွေ့နေပြီထင်တယ်.."
သူမကတော့ ကောင်းကင်ပေါ်က နောကိဆုံးပျောက်ကွယ်တော့မယ့် အလင်းတန်းလေးကို ကြည့်နေခဲ့ပါတယ်..။ယင်းနောက် ဆန်နီဘက်ကို ပြုံးကာ ကြည့်လိုက်ပြီး..
"ပြန်ကြရအောင်.."
***
ဆိုးဝါးတဲ့ အခြေအနေကြောင့် သူတို့သုံးယောက်လုံး စိတ်ဓာတ်ကျနေခဲ့ကြတယ်..။ကတ်စီကတော့ အတော်လေးကို အံ့ဩသင့်နေပုံရပါတယ်..။
"ဒါက အဓိပ္ပါယ်မရှိဘူး..ဒါကြီးက.."
သူမ တစ်ချိန်လုံး ရေရွတ်နေခဲ့တယ်..။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
ဆန်နီ ရဲ့ ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး သူမ မေးလိုက်တယ်..။
"ပင်လယ်ရေထက်..ပိုပြီးမြင့်တဲ့ နေရာမရှိတော့ ဘူးဆိုတာ သေချာလား..။ကျိန်းသေရဲ့လား.."
သူ သက်ပြင်းချလိုက်တယ်..။သူ့ စိတ်အခြေအနေကလည်း ဆိုးဝါးနေခဲ့တာပါ..။
"ဟုတ်တယ်..ငါတို့ သေချာကို ကြည့်ခဲ့ကြတာ..။ကုန်မြေတွေက..အောက်ကို အောက်ကိုပဲ ဆက်တိုက် ဆင်းဆင်းသွားတာလေ..။ဒါက ငါတို့ မြင်နိုင်သမျှအထိကို အောက်ကို နိမ့်ဆင်းသွားတာ...။ငါတို့ နေနေတဲ့ တောင်ကုန်းက အစွန်ဆုံးမှာပဲ.."
မျက်မမြင် မိန်းကလေးဟာ..ခေါင်းခါယမ်းလိုက်ပြီး..
"ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ..။ငါတို့ ရဲတိုကိကိုရောက်တာကို ကျိန်းသေမြင်ခဲ့တယ်..။လမ်းကြောင်းကတော့ ကျိန်းသေရှိရမယ်.."
ဆန်နီ တိတ်ဆိတ်နေခဲ့တယ်..။သူလည်း ဘယ်လိုပြန်ဖြေရမလဲ ဆိုတာကို မသိတော့ပါဘူး.။
စက္ကန့် အနည်းငယ်ကြာပြီးမှ နစ်ဖီဟာ သူ့အစားဖြေပေးလိုက်တယ်..။
"မနက်ဖြန် ကျမှ ငါတို့ နည်းလမ်းတစ်ခုခုကို ရှာကြတာပေါ့..။အဆိုး...အဆိုးဆုကတော့..ငါတို့ ဒီဟာကြီးတစ်ခုလုံးကို ပတ်ပြီးသွားဖို့ပဲ.."
ဆန်နီ အတွေးနဲ့တောင် တုန်ရီသွားခဲ့တယ်..။ဒီီလို ခရီးမျိုးက လပေါင်းများစွာ ကြာမြင့်မှာပါ..။သန္တာချိုင့်ဝှမ်းကြီး တစ်ခုလုံးကို ပတ်ပြီးသွားဖို့ဆိုရင် နေ့ရက်တိုင်းက စွန့်စားမူတွေနဲ့ပြည့်နေပါလိမ့်မယ်..။
ဒီလို ငရဲလိုနေရာမျိုးမှာ လပေါင်းများစွာ ရှင်သန်နိုင်မယ့် အခွင့်အရေးက အရမ်းကို နည်းပါတယ်..။
' ဟားဟား..အသူရာ ချောက်နက်ပေါ့..'
မနက်ဖြန်ကျရင်တော့ သူတို့သေချာတွေးတော ကြရမှာပါ..။ကတ်စီ ပြောသလိုပဲ..သူမက သူတို့ ရဲတိုက်ထဲ ဝင်တာ တွေ့ခဲ့တယ် ဆိုတော့ ကျိန်းသေ နည်းလမ်းရှိပါလိမ့်မယ်..။
သူတို့ နေလုံးဝ မဝင်ခင်မှာပဲ စခန်းကို ပြန်ရောက်လာခဲ့တယ်..။သစ်ရွက်တွေနဲ့ လုပ်ထားတဲ့အိပ်ယာပေါ်မှာ လှဲရင်း ဆန်နီ မျက်လုံးကို တင်းကြပ်စွာ ပိတ်ထားခဲ့တယ်..။
'ဒီနေ့တော့..အိပ်မက်တွေ မမက်ဘူးလို့ မျှော်လင့်တာပဲ..'
ယင်းနောက် သူ မျက်မှောက်ကျုတ်လိုက်တယ်..။
'အိပ်မက်လား..။ငါက ဘယ်တုန်းက ဒီနေရာမှာ အိပ်မက်မက်နိုင်သွားတာပဲ..။အိုး..ဟုတ်သားပဲ..အိပ်မက်တစ်ခု ရှိခဲ့တယ်..။ဒါမှမဟုတ် အဲတာက မှတ်ဥာဏ်လား..။ဟင်..ငါ မမှတ်မိတော့ဘူး.."
ဒီအတွေးတွေနဲ့ အတူပဲ..သူဟာ ဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့ပါတယါ..။
***
မနက်ရောက်တော့လည်း သူတို့ သုံးယောက်ရဲ့ စိတ်တွေဟာ ရှုပ်ထွေးနေခဲ့တယ်..။ဘယ်သူကမှ စကားမပြောချင်ကြပါဘူး..။
နောက်ဆုံးမှာတော့ နစ်ဖီဟာ တိတ်ဆိတ်မူကို ဖြိုခွင်းပြီး မတ်တတ်ထရပ်လိုက်တယ်..။
"ငါ အပင်ပေါ်ကို တက်ပြီး အခြေအနေကို သေချာကြည့်လိုက်ဦးမယ်..။အမြင့်ကနေဆိုရင် ငါတို့ တစ်ခုခု လိုအပ်နေတာကိုမြင်ရင် မြင်ရမှာလေ.."
ဆန်နီ သစ်ပင်ကြီးကို ကြည့်ပြီး အတော်သေးတယ်လို့တောင် ခံစားလိုက်ရတယ်..။အမှန်တော့ ဒီသစ်ပင်ကြီးက အတော်ကြီးတာပါ..။ဒီတောင်ကုန်း တစ်ခုတည်းနဲ့တင် ..ခေါင်းပြတ် စစ်သည်ရုပ်ကြီး လောက်ကို မြင့်နေခဲ့ပါပြီ..။တစ်ခြား အမြင့်တွေနဲ့ယှဥ်ရင် ဒီသစ်ပင်ကြီးက အမြင့်ဆုံးပါပဲ..။ဒီအပင်အမြင့်ဆုံးအထိ တက်ဖို့ဆိုရင် အချိန်အား နဲ့လူအား အတော်စိုက်ထုတ်ရပါလိမ့်မယ်..။
သို့ပေမယ့် သူမက ဒီလောက်အမြင့်ကနေ ဆိုရင် တစ်ခုခုကို သတိပြုမိတာလည်း ဖြစ်နိုင်မှာပါ..။
သူ ခေါင်းကို ကုတ်ပြီး ပြောလိုက်တယ်..။
"ကောင်းပြီလေ..။ဒါပေမဲ့ ဂရုစိူက်ဦး..။ကောင်းကင်ပေါ်ကိုလည်း သတိထား..။တကယ်လို့ တောင်ပံသားရဲတွေကို တွေ့ရင် ချက်ချင်းပြန်ဆင်းလာခဲ့.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ခေါင်းကို ငုံ့ပြီး သစ်ပင်ကြီးဆီ ဦးတည်သွားလိုက်တယ်..။သူမက နောက်ကို တောင် ပြန်လှည့်မကြည့်ပဲ တည်ငြိမ်စွာ ပြောလိုက်ပါတယ်..။
"ငါ မရှိတုန်း ကတ်စီကို ဂရုစိုက်လိုက်ဦး..။နာရီ အနည်းငယ်လောက်တော့ ကြာလိမ့်မယ်.."
ဆန်နီ လက်ဝေ့ယမ်းပြီး သူမ လျောက်သွားတာကို ကြည့်နေခဲ့တယ်..။ယင်းနောက် သူ တစ်ခုခု လုပ်ဖို့တွေးလိုက်ပါတယ်..။
ပုံမှန်နေ့မှာဆိုရင်တော့..သူက ကိုယ်ခံပညာလေ့ကျင့်တာကို စတင်နေပြီးပါပြီ..။သို့ပေမယ့် ဒီနေ့မှာတော့ သူက အတော်ဆာလောင် နေခဲ့တယ်..။
'လုပ်စမ်းပါ...ဆာလောင်တယ် ဆိုတာက အကြောင်းပြချက် မဟုတ်ဘူး..။တိုက်ပွဲတွေမှာ မင်းက အမြဲတမ်း ဗိုက်ပြည့်နေမယ်လို့ ထင်လို့လား..။အခုပဲ ထပြီး လေ့ကျင့်လိုက်တော့..။ညသန်းခေါင် အမြုတေကို လက်ထဲမှာ ကိုင်ထားရတာ ဘယ်လိုခံစားရလဲ မသိချင်ဘူးလား..'
သက်ပြင်းချလိုက်ပြီး ဆန်နီ ထရပ်လိုက်၏..။
သူ ဓားအသစ်ကို ကိုင်ထားရင်း တစ်နာရီလောက် လေ့ကျင့်လိုက်ပါတယ်..။တာချီ ဓားရှည်က တကယ်ကို မယုံနိုင်စရာပါပဲ.။သူ့ရဲ့ ဓားသွားက လေကို ဖြတ်တဲ့ အချိန်တိုင်း အသံမြည်နေခဲ့တယ်..။ဆန်နီကတော့ ဒီဓားကို သူ့ရဲ့ အစိတ်အပိုင်း အဖြစ်တောင် ခံစားနေရပါပြီ..။
လေ့ကျင့်လို့ ပြီးသွားတဲ့ အချိန်မှာတော့ သူ..အကျိုးရှိတာ တစ်ခုခု လုပ်ဖို့ အတွက် ဆုံးဖြတ်လိုက်တယ်..။
ကြေးခွံနတ်ဆိုး ဆီကို လျောက်သွားပြီး ဆန်နီဟာ စိတ်ဝိဥာဥ် အမြုတေကို ထုတ်ရင်း အလုပ်ရှုပ်နေခဲ့ပါတယ်..။အဆုံးမှာတော့ သူ အမြုတေ သုံးခုကို ထုတ်ယူနိုင်ခဲ့ပြီး ရေမှော် ကျောပိုးအိတ်ထဲ ထည့်လိုက်တယ်..။
အခု ဘာလုပ်မလဲ..
သူ ခနလောက် တွေးပြီးနောက်မှာတော့..သူ အရင်တစ်ခေါက် တွေ့ခဲ့ရတဲ့ သဲတွေထဲက အထွတ်အထိပ်အဆင့် စိတ်ဝိဥာဥ် အမြုတေကို ရှာဖို့လုပ်လိုက်တယ်..။အထွပ်အထိပ်အဆင့်
စိတ်ဝိဥာဥ် အမြုတေ ကို ကြေးခွံသားရဲ ခေါင်းဆောင်က ဒီကို ယူလာခဲ့တာပါ..။
သူ နေရာအမှန်ကို တွေ့သွားခဲ့တယ်..။သို့ပေမယ့် ဘယ်လောက်ပဲ ရှာရှာ ..ဒီ အမြုတေကို မတွေ့ခဲ့ပေ..။သူ နာရီ အတော်ကြာအောင် ပတ် ရှာနေခဲ့တယ်..။
'ထူးဆန်းတယ်...ဒါက အတော်ထူးဆန်းတယ်..။ဘယ်မှာများ ဖြစ်နိုင်မလဲ..'
သူ ဆက်ရှာဖို့လုပ်လိုက်ပေမယ့် ..ကတ်စီနဲ့ထားခဲ့တဲ့ သူ့ရဲ့ အရိပ်က..သစ်ပင်ကြီးပေါ်က အကိုင်းတွေ လှုပ်ရှားလာခဲ့တာကို သတိပြုမိလိုက်ပါတယ်..။
နစ်ဖီက ပြန်ရောက်လာခဲ့ပါပြီ..။
ဆန်နီ ..စခန်းဆီ ပြန်လျောက်လာခဲ့ပြီး သူမ ဘာတွေ့ခဲ့လဲ ဆိုတာကို သိချင်နေခဲ့တယ်..။နောကိဆုံးတော့ မျှော်လင့်ချက် ရှိလာပြီလား..။ဒါမှ မဟုတ် သတင်းဆိုးပဲ ထပ်ပြီးဖြစ်လာမလား..။
သူ ရောက်သွားတဲ့ အချိန်မှာတော့..နစ်ဖီရော ကတ်စီရော..အေးအေးဆေးဆေး အမူအရာနဲ့ ထိုင်နေခဲ့ကြပါတယ်..။
'သူမ တစ်ခုခုတွေ့ခဲ့လို့လား..'
ဆန်နီ စိတ်လှုပ်ရှားစွာ တွေးလိုက်တယ်..။
သို့ပေမယ့် နောက်တစ်စက္ကန့်မှာတော့ သူ့မျက်လုံးပြူးကျယ်သွား ခဲ့ပါတယ်..။
မိန်းကလေး နှစ်ယောက်ရဲ့ လက်ထဲမှာ တစ်ခုခုကို ကိုင်ထားခဲ့ပြီး..သူမတို့ရဲ့ နှုတ်ခမ်းတွေကတော့ အနီရောင် သန်းနေခဲ့တယ်..။သူတို့က..စားသောက် နေကြတာပါ..။
သူတို့က ..သစ်ပင်ကြီးပေါ်က အသီးတွေကို စားနေကြတာပဲ..။