စိတ်ကြည်နူးမူ
Vol. 6 Ch. 77
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ သူ့ရဲ့ အဖွဲ့သားတွေကို အံ့ဩစွာကြည့်လိုက်တယ်..။
နစ်ဖီ နှင့် ကတ်စီက ကြီးမား ဝိုင်းစက်တဲ့ အသီးတွေကို ကိုင်ထားကြပါတယ်..။သူတို့ လက်တွေ ..နှုတ်ခမ်းတွေနဲ့..မေးစေ့တွေမှာ..အနီရောင် အရည်တွေ ပေကျန်နေခဲ့တယ်..။
လေထဲမှာတော့ မွှေးပျံ့တဲ့ ရနံ့ကို ရနေခဲ့ပါတယ်..။
နစ်ဖီ ဆန်နီကို ကြည့်ကာ ပြုံးပြလိုက်ပြီး..
"ဟေး..."
သူ သူမကို ဆွံ့အစွာ ကြည့်လိုက်တယ်..။..စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာ ဆန်နီ အော်ဟစ်လိုက်ပါတယ်..။
"ဟေး ..ဆိုတာက ဘာကို ပြောတာလဲ..။နင်တို့ဘာလုပ်နေကြတာလဲ.."
သူ့ အသံဟာ ကျယ်လောင်နေပြီး မယုံကြည်နိုင်မူ ဒေါသထွက်မူတွေ ပြည့်နေခဲ့တယ်..။
နစ်ဖီ နဲ့ ကတ်စီ နှစ်ယောက်စလုံး သူ့ကို ရှုပ်ထွေးစွာ ကြည့်လိုက်ကြပါတယ်..။
" နင် ဘာလို့ အော်နေတာလဲ.."
ဆန်နီ အခြေအနေကို .သေချာ ကြည့်ပြီး..ရှေ့ကို တက်သွားကာ နစ်ဖီကို ကြည့်လိုက်တယ်..။
သူမက တကယ်ပဲ...ခနလေး..သူ ဘာတွေ တွေးနေမိတာလဲ..
သူကိုယ််တိုင်လည်း အတော်ဆာလောင်နေတာကြောင့် အစားအသောက်ကလွဲရင် ဘာမှ အာရုံမစိုက်နိုင်တော့ပါဘူး..။
ခနအကြာမှာ သူ ပြောဖို့ လုပ်နေတဲ့ အရာကို ပြန်မှတ်မ်ိလိုက်တယ်..။
"နင်ဘာလို့ စိတ်ပြောင်းသွားတာလဲ.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ မျက်မှောငိကျုတ်လိုက်တယ်..။
"စိတ်ပြောင်းရမှာလား..။ဘာကို လဲ.."
ဆန်နီ အံကိုကြိတ်လိုက်ပြီး သူ့ကို အရူးလုပ်နေတာလားလို့ တွေးလိုက်မိပါတယ်..။
"အသိီးတွေလေ...ငါတို့ မစားကြဖို့ သဘောတူထားတာ မဟုတ်ဘူးလား.."
နစ်ဖီ ရှုပ်ထွေးစွာနဲ့ မျက်တောင်ခတ်လိုက်တယ်.။
"ဟုတ်လို့လား...။ဘာဖြစ်လို့လဲ..."
ဆန်နီ တစ်ခုခု ပြန်ပြောဖို့ လုပ်လိုက်ပေမယ့်..အေးခဲနေခဲ့တယ်..။
တကယ်ပဲ..ဘာလို့ သူတို့ ဒီလိုသဘောတူညီမူ လုပ်ခဲ့တာလဲ..
' အာ..ငါလည်း မမှတ်မိတော့ဘူး..'
အကြောင်းပြချက်ရှိတယ် ဆိုတာ သေချာပေမယ့် သူလည်း သေချာမမှတ်မိတော့ပါဘူး..။
'မဟုတ်ဘူး..ခနလေး..ဒါက မဟုတ်သေးဘူး..'
"နင် အဆင်ပြေရဲ့လား ဆန်နီ.."
သူ့ကို စိတ်ပူစွာကြည့်နေခဲ့တဲ့ နစ်ဖီကို ပြန်ကြည့်လိုက်တယ်..။ရုတ်တရက် ဆန်နီ ကိုယ်တိုင် စိတ်ရှုတ်သလို ခံစားလိုက်ရတယ်..။သူတို့က သဘောတူညီထားခဲ့ကြတာ မဟုတ်ဘူးလား..။
ဘယ်လို ပြန်ဖြေရမလဲ မသိတာကြောင့်..ဆန်နီ ရပ်မြဲအတိုင်း မျက်မှောင်ကျုတ်ကာ ရပ်နေခဲ့တယ်..။
ကံကောင်းချင်တော့..ကတ်စီက သူ့ကို ကယ်တင်ပေးခဲ့ပါတယ်...။သူမက အခြေအနေ ရှက်ရွံ့စရာ မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆ်ိုတာကို သေချာသိတဲ့ မိန်းကလေးပါ..။
"နင်မရှိပဲ ..ငါတို့ စားသောက်နေကြလို့ စိတ်ဆိုးနေတာလား "
သူ သူမကို ကြည့်လိုက်တဲ့ အချိန်မှာတော့...သူမလက်ထဲက ကြီးမားပြီး အရသာ ရှိလောက်မယ့် အသီးကို သတိထားမိသွားခဲ့တယ်..။သူ့ ဗိုက်က မြည်လာခဲ့ပါတယ်..။
' ဗိုက်ဆာလိုက်တာ..'
"'အာ...ငါ သိပြီ..."
ကတ်စီ ပြုံးလိုက်ပြီး..မြေကြီးပေါ်က သစ်ရွက်တွေ ပေါ်မှာရှိတဲ့ နောက်ထပ် အသီးတစ်လုံးကို လက်ညိုးထိုးပြလိုက်တယ်..။
"စိတ်မပူနဲ့..နစ်ဖ် က ငါတို့သုံးယောက်လုံး အတွက် တစ်လုံးစီ ခူးလာခဲ့တာ..."
'ဘယ်လောက် သဘောကောင်းလိုက်လဲ..'
ဆန်နီ အသီးကို ကောက်ယူကာ ကြည့်လိုက်ပြီး တစ်ကိုက်ကိုက်လိုက်တယ်..။
ချက်ချင်းပဲ သူ့ပါးစပ်ထဲက ချိုပြီးအေးတဲ့ အရသာ လေးက ဝင်ရောက်လာခဲ့ပါတယ်..။ဒါက သူစားဖူး သမျှထဲမှာ အရသာ အရှိဆုံးပါပဲ...။
'ဝိုး..'
နောက်တစ်ကိုက် ထပ်ကိုက်လိုက်တဲ့ အချိန်မှာတော့ ဆန်နီ တစ်ခုခု ထူးခြားနေသလိုခံစားလိုက်ရပါတယ်..။
'ဟင်..စိတ်ဝိဥာဥ် သစ်ပင်လား .။ဘယ်တုန်းကလဲ...ခနလေး...'
ဆန်နီ ဘယ်နေရာက ထူးခြားနေတာလဲ ဆိုတာကို ခံစားမိလိုက်တယ်..။ဒါက သူ့ရဲ့ အရိပ်ပါ..။သူ အသီးကို ကိုက်လိုက်တဲ့ အချ်ိန်တိုင်း သူ့အရိပ်က အနည်းငယ် ထူးခြားလာတာကို သတိထားမိပါတယ်..။
'ထူးဆန်းတယ်..ဒီငနဲကရော ဘာတွေဖြစ်နေတာလဲ..'
ဆန်နီ နောက်တစ်ကိုက် ထပ်ကိုက်လိုက်ပြီး..အရိပ်ကို ကြည့်လိုက်ပါတယ်..။
အသီးကပဲ..တစ်ခုခု မှားနေတာလား..ဘာဖြစ်လို့လဲ...
ဆန်နီ တစ်ခုခု ဖြစ်လာတော့မလို ခံစားနေရတယ်..။
သို့ပေမယ့် သူ့စိတ်တွေက တဖြည်းဖြည်း ဝေဝါးလာခဲ့ပါတယ်..။
ချက်ချင်းဆိုသလို..အခိုက်အတန့်ရဲ့ အချက်ပေးမူက ဆန်နီကို လှုပ်နှိုးလိုက်သလို ဖြစ်သွားခဲ့ပါတယ်..။
[ သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]
ဟင်...
သူ မျက်တောင်ခတ်ပြီး သူ့လက်ထဲက အရသာ ရှိတဲ့ အသီးကို ကြည့်လိုက်တယ်..။အခိုက်အတန့်ရဲ့ အသံက ဆန်နီ တတိယ တစ်ကိုက်ကိူ ကိုက်ပြီးတဲ့ အချိန်ကျမှ ပေါ်ထွက်လာခဲ့တာပါ..။
ရုတ်တရက် သူ ခေါင်းကို မော့ပြီး နစ်ဖီကို ကြည့်လိုက်တယ်..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာလည်း ထူးဆန်းတဲ့ အမူအရာနဲ့ အသီးကို ကြည့်နေခဲ့ပါတယ်..။
ဆန်နီ နှုတ်ခမ်းကို သပ်လိုက်တယ်..။
" နင် ရော...."
တစ်ချိန်တည်းမှာပဲ နစ်ဖီ ပြောလိုက်တယ်..။
"ငါ စိတ်ဝိဥာဥ် အဆီအနှစ်ကို စုပ်ယူလိုက်မိတယ်.."
နှစ်ယောက်လုံးဘာမှ မပြောကြပဲ ကတ်စီဖက်ကို လှည့်ကြည့်လိုက်ကြပါတယ်..။
မျက်မမြင် မိန်းကလေးကတော့..အသီးကို အားရပါးရ စားသောက်နေကြတာပါ..။အနီရောင် အရည်တွေကတော့ သူမရဲ့ မေးစေ့ကနေပြီး မြေကြီးပေါ်ကို တစက်စက် ကျနေခဲ့ပါတယ်..။
သူမ ခနလောက် ရပ်ကာ ပြုံးလိုက်ပြီး..
"တကယ်တော့..အစောတုန်းက ရခဲ့တယ်.."
ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့တယ်..။စိတ်လှုပ်ရှားစွာပဲ..သူ အချက်အလက်ဇယားကို ထုတ်ကြည့်လိုက်ပါတယ်..။
အရိပ် အပိုင်းအစ : [ 97 / 1000 ]
သူ တကယ်ပဲ အရိပ်အပိူင်းအစ တစ်ခု ရရှိခဲ့တာပဲ..။
သူ သားရဲတွေနဲ့ စွန့်စွန့်စားစား မတိုက်ခိုက်ပဲ..အရိပ် အပိုင်းအစ ကို ရရှိခဲ့တာပါ..။
နောက်ဆုံးတော့..ကြေးခွံနတ်ဆိုးက..ဘာလို့ ဝိဥာဥ် သစ်ပင်ပေါ်က အသီးကို မော့ကြည့်နေတာလဲ ဆိုတာကို နားလည်သွားခဲ့တယ်..။
ဒီအသီးတွေက တကယ်ကို မှော်ဆန်တာပါ..။
မသက်မသာ ခံစားချက်တွေ အကုန်လုံးကို မေ့ပျောက်သွားခဲ့ပြီး..ဆန်နီဟာ အရသာရှိတဲ့ အသီးကို အားရပါးရစားလိုက်ပါတယ်..။
***
ညနေခင်းမှာတော့..နေက ဝင်သွားခဲ့ပြီဖြစ်ပြီး..အနက်ရောင်ပင်လယ်ပြင်က သန္တာကျောက်တန်းတွေကြားထဲကို ပြန်ရောက်လာခဲ့တယ်..။သူတို့ သုံးယောက်ကတော့..ညအတွက်ကို ပြင်ဆင်နေကြပါပြီ..။
သူတို့ရဲ့ စခန်းကိုတော့ သစ်ပင်ကြီးရဲ့ အောက်ခြေကို ရွှေ့ပြောင်းထားခဲ့ကြတယ်..။သူတို့ရဲ့ အသစ်ရရှိထားတဲ့ ခွန်အားတွေကြောင်း စိုးရိမ်မူတွေ ဘာမျ မရှိတော့ပါဘူး.။
အနောက်ဘက်ကို ဆက်ပြီးသွားဖို့ လမ်းမရှိတော့တာကြောင့် နစ်ဖီ ၊ ဆန်နီ နဲ့ ကတ်စီ တို့ဟာ..နောက်ထပ် ဆုံးဖြတ်ချက် မချမှီ ဒီမှာ ရက်အနည်းငယ်လောက် နေဖို့ဆုံးဖြတ်လိုက်တယ်..။
သူတို့ က အေးဆေး အနားယူဖို့အတွက် ထိုက်တန်ပါတယ်..။
ဒီ တောင်ကုန်းက..အနားယူဖို့အတွက် အကောင်းဆုံးနေရာပါပဲ..။ပတ်ဝန်းကျင်မှာ ဘာ မွန်းစတားမှ ရှိမနေခဲ့ပေ..။ပင်လယ်ရေတွေ အန္တရာယ်ကနေလည်း ကယ်တင်ထားပြီး..အစားအသောက်ပါ ပေးထားတာကတော့ ဝိဥာဥ် သစ်ပင်ရဲ့ ကျေးဇူးတရားတွေပါပဲ..။
ထပ်ပြောရရင် ဒီအစားအသောက်တွေကြောင့် သူတို့ရဲ့ ခွန်အားတွေပါ တိူးလာသေးတာပါ..။
သူတို့ရဲ့ အသက်တွေကို မရင်းနှီးပဲ ပိုပြီး သန်မာလာတာက ဘာများရှိနိုင်ဦးမှာလဲ..။
ငရဲတမျှဆိုးဝါးတဲ့ အရာတွေနဲ့ ဝေးကွာနေတဲ့ ဒီနေရာလေးကတော့..နိဗ္ဗာန်ဘုံ တစ်ခုလိုပါပဲ..။
ဆန်နီ လဲလျောင်း နေရင်းနဲ့ ရက်တွေ အများကြီးကြာပြီးမှ ပထမဆုံးအကြိမ် စိတ်သက်သာမူကို ရလိုက်တယ်..။
အခြေအနေတွေက ပိုမ်ိုကောင်းမွန်လာတဲ့ ပုံပါပဲ..။
သူ အိပ်မပျော်ခင်မှာတော့..သစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေကို ကြည့်ပြီး နောင်တတစ်ခု ပေါ်လာခဲ့ပါတယ်..။
'ကြေးခွံနတ်ဆိုး မရှိတော့ဘူးဆိုတော့ ဒီအပင်ကြီးကို ကာကွယ်မယ့်လူ မရှိတော့ဘူး..။ငါတို့ ရှေ့ကို ဆက်ပြီး ခရီးဆက်မယ် ဆိုရင်..ဒီအပင်က ကာကွယ်သူ မရှိပဲဖြစ်နေတော့မယ်..။ဘယ်လောက် ရှက်စရာကောင်းလဲ..'
သူ့ရဲ့ သိစိတ်လေးကတော့ တစ်ဝက်လောက် အိပ်ပျော်နေခဲ့ပါပြီ..။သို့ပေမယ့်..သူ နောက်ဆုံး မအိပ်ပျော်ခင်လေးမှာပဲ နောက်ထပ် အတွေးလေးတစ်ခုက ဝင်ရောက်လာခဲ့တယ်..။
"ဒီ သစ်ပင်ကို စောင့်ရှောက်မယ့်လူ..ပြုပြင်မယ့်လူ..အစေ့တွေကို..စိုက်ပျိုးမယ့်လူ မရှိတာ တကယ် စိတ်မကောင်းစရာပဲ.."