← Chapters

ကောင်းချီး

Vol. 6 Ch. 78

ကောင်းချီး

Vol. 6 Ch. 78

#ဘာသာပြန် = စနိုးဝှိုက်

မနက်ခင်းတွင်..။

ဆန်နီ မျက်လုံးဖွင့်ပြီး နိုးလာတဲ့ အချိန်မှာတော့..နေရောင်ခြည်ဟာ ဝိဥာဥ် သစ်ပင်ရဲ့ အကိုင်းအခတ်တွေကြားကနေ ကျရောက်လာတာကို တွေ့နေခဲ့ရတယ်..။ဒီမြင်ကွင်းက အတော်လေးကို လှပနေခဲ့ပါတယ်..။ဒါက အိပ်မက်ကမ္ဘာထဲက အန္တရာယ်တွေ ၊ ထိပ်လန့်မူတွေ လုံးဝ ရောက်မလာ လောက်အောင် တောင် ခံစားနေရပါတယ်..။

ညှင်သာတဲ့ လေပြေလေညှင်းလေးဟာ သူ့ရဲ့ အသားကို လာထိလာခဲ့တယ်..။

ဆန်နီ ပထမဆုံးအကြိမ်အနေနဲ့ ငြိမ်းချမ်းမူကို ခံစားလိုက်ရသလိုပါပဲ..။

' အားလပ်ရက်တွေ ခရီးထွက်ရင် ဒီလို ခံစားကြရတာလား..'

ဒီလို ဆိုရင်တော့..သူတို့ ဆုံးဖြတ်ချက်တွေထဲမှာ ဒီတစ်ခုက အကောင်းဆုံးပါပဲ..။

သူ သန်းဝေကာ ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။ကတ်စီ နဲ့ နစ်ဖီ တို့ကတော့..နိုး နေကြပါပြီ..။သူတိူ့ကို တွေ့တဲ့ အချိန်မှာတော့ ဆန်နီ ပြုံးလိုက်တယ်..။

' ချီးပဲ..ငါက ဘာလို့ပြုံးနေတာလဲ..'

ဆန်နီ ခေါငိးခါယမ်းလိုက်ပြီး လေးနက်တဲ့ အမူအရာ ပြုလုပ်လိုက်တယ်..။

" ကောင်းသော မနက်ခင်းပါ..'

မိန်းကလေးတွေဟာ သူ့ကို နှုတ်ဆက်လိုက်တယ်...။ယင်းနောက် နစ်ဖီဟာ အနည်းငယ်စဥ်းစားပြီး မေးလာခဲ့ပါတယ်..။

"ဟေး...နင် မှတ်မိလား..ငါတို့ မနေ့ညက ဘာလို့ ဘယ်သူမှ ကင်းမစောင့်ကြတာလဲ.."

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။အမှန်ပဲ..ဘာလို့ ဘယ်သူမှ ကင်းမစောင့်ကြတာလဲ..။

"အာ..မသိဘူးလေ..ငါတို့ အရမ်းပင်ပန်းသွားလို့ ထင်တယ်..။ထပ်ပြောရရင် ဒီနေရာက လုံခြုံတယ်လေ.."

သူမ မျက်မှောင်ကျုတ်လိုက်တယ်..။ဆန်နီဟာ ပြောင်းလဲနေတဲ့ ကြယ်ပွင့်က..သူတို့ကို ဆူပူမယ်လို့ ထင်ထားခဲ့ပေမယ့်..သူမ ပုခုံးတွန့်လိုက်ပြီး..

"ငါလည်း အဲလိုထင်တာပဲ.."

'ဟင်..ဒါက သူမပုံစံ မဟုတ်ဘူးလေ..။ငါတစ်ယောက်တည်း စိတ်ကြည်လင်နေတာ မဟုတ်ဘူးလား '

နစ်ဖီကို ခံစားချက် ကောင်းမွန်သွားအောင် သူ ထပ်ပြောလိုက်တယ်..။

"စိတ်မပူနဲ့..တစ်ကယ်လို့ တစ်ခုခုဆိုရင် ငါ့အရိပ်က သတိပေးမှာပဲလေ.."

သူမကတော့ သူမ ရဲ့ မေးခွန်းကို တောင် မေ့သွားခဲ့ပုံ ပေါ်ပြီး လုပ်စရာ ရှိတာ လုပ်နေခဲ့ပါပြီ..။ဆန်နီ သက်ပြင်းချလိုက်တယ်..။

"ဒီတော့..နင်တို့ ဒီနေ့ဘာလုပ်ကြမှာလဲ.."

ကတ်စီ သူ့ဘက်ကို လှည့်လိုက်ပြီး..စနောက်တဲ့ အသံနဲ့ ပြန်ဖြေလိုက်တယ်..။

"ဘာမှ မဟုတ်ဘူး..ငါတို့က အပန်းဖြေခရီးထွက်နေကြတာလေ..မမှတ်မိဘူးလား..။ငါတို့ အနားယူပြီး..သက်သောင့်သက်သာ နေကြမလို့.."

ယင်းနောက် ကတ်စီဟာ လေးနက်ပြီး စည်းကမ်းတင်းကြပ်တဲ့ အမူအရာနဲ့ ထပ်ပြောလာခဲ့တယ်..။

"နင်ရောပဲ ဆန်နီ...။နင် အစီစဥ်ဆွဲတာတွေ..တိုင်ပင်တာတွေ ..တွက်ချက်တာတွေ မလုပ်ရဘူး..။ဒီတိုင်းပြန်ထိုင်နေပြီး နေ့ဘက်ရဲ့ အရသာကို ခံစားရမယ်..။ဟုတ်ပြီလား.."

ဆန်နီ သူ့နောက်စေ့သူ ကုတ်လိုက်ပါတယ်..။

"ကောင်းပြီလေ.."

သူ တစ်ခုခု ကို မေ့နေသလို ခံစားနေခဲ့ရတယ်..။

ဒါပေမဲ့ အဲတာက ဘာလဲ...

နစ်ဖီကို ကြည့်လိုက်ပြီး ဆန်နီ တွေဝေစွာ ပြောလိုက်တယ်..။

"ပြောပါဦး..နင် မနေ့က ဝိဥာဥ် သစ်ပင်ပေါ် ဘာလို့ တက်ခဲ့တာလဲ.."

သူမ စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်လိုက်တယ်..။

"အာ .ငါ တကယ်မမှတ်မိဘူး..။အသီးကို ယူဖို့ မဟုတ်ဘူးလား..."

ဆန်နီ ဆန်းကျယ်တဲ့ အသီကိုကြားတာနဲ့ ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။

'အင်း..ဒါက အဓိပ္ပါယ်ရှိတယ်..'

***

ရက်အနည်းငယ်ကြာသွားခဲ့တယ်..။ဆန်နီ ၊ နစ်ဖီ နဲ့ ကတ်စီ တို့ဟာ..သာသာယာယာ ပဲ ဖြတ်သန်းနေခဲ့ကြပြီး..ကမ္ဘာကြီးနဲ့ ပတ်သက်ပြီးဘာမှ မစိုးရိမ်ခဲ့ကြပါဘူး..။

သူတို့ရဲ့ ပင်ပန်းနေတဲ့ ကိုယ် ၊ စိတ် နှစ်ပါးလုံး အနားယူဖို့ လိုအပ်နေကြတာပါ..။

သူတို့ဟာ..နေ့လည်အထိ အိပ်ကြတာ ၊ အရသာရှိတဲ့ အသီးတွေကို စားတာ ၊ မီးပုံဘေးမှာ ထိုင်ပြီး စကားပြောကြတာတွေ လုပ်လေ့ ရှိကြပါတယ်..။တစ်ခါတစ်လေ ဆိုရင် သူတို့က ဂိမ်းတွေတောင် ကစားကြပါသေးတယ်..။

တစ်ချို့အချိန်တွေမှာ သူတို့က တစ်ယောက်ချင်းစီ နေပြီး ဒီမေ့တတ်တဲ့ ခံစားချက်တွေကို ခံစားလေ့ရှိကြပါတယ်..။

ကံကောင်းချင်တော့ဒီကျွန်းက တစ်ယောက်ချင်းစီ ခွဲနေဖို့ အတွက်လည်း အတော်လေးကို ကြီးမားတာပါ..။

အခုတော့ ခွဲနေတာက မကြာခနဖြစ်လာခဲ့တယ်..။

အစကတော့ ဒီနေရာမှာပဲ အိပ်လိုက် စားလိုက်နေတာက ကြာရင် ပျင်းလာမယ်လို့ သူ ထင်ထားခဲ့ပေမယ့် အဲလို မဟုတ်ခဲ့ပါဘူး..။သူ မြေကြီးပေါ်မှာလဲလျောင်းရင်း သစ်ကိုင်းတွေကို ကြည့်နေရတာတောငိ အတော်လေးကို အဆင်ပြေနေခဲ့ပါတယ်..။နေဝင်သွားတဲ့ အချိန်ရောက်ပြီဆိုမှ..တစိနေ့တာ ကုန်ဆုံးသွားပြီ ဆိုတာကို သူသတိထားမိတာပါ..။

သူတို့ ဒီငြိမ်းချမ်းတဲ့ ကျွန်းမှာ ဘယ်နှစ်ရက်လောက်တောင်..နေခဲ့ကြလဲ ဆ်ိုတာကို ဆန်နီ မသိတော့ပေ..။ဒါက တစ်ပတ်အောက်တော့ ရှိလောက်တယ်လို့ ထင်ပေမယ့်..အတိအကျ ရက်ကိုတော့ သူ မမှတ်မိတော့ပါဘူး..။

သူတိူ့ ဒီလိုမျိုး မေ့တတ်ပြီး မမှတ်မိတာက ပုံမှန်အရာတစ်ခုလိုဖြစ်လာခဲ့တယ်..။သူတို့ သုံးယောက်လေးက အတော်လေးကို မေ့တတ်လာကြတာပါ..။တစ်ခါတစ်လေမှာတော့ ဆန်နီဟာ..သူတို့ရဲ့ အရင်ဘဝကို မှတ်မိဖို့ကြိုးစားတာ ဒါမှမဟုတ်..သူတို့ အပြုအမူတွေရဲ့ ထူးဆန်းမူကို ခံစားရတာတွေ ဖြစ်လေ့ရှိပါတယ်..။

သူ့မှတ်ဥာဏ်တွေက ပိုပြီး ဝေဝါး ဝေဝါးလာခဲ့တယ်..။သူသိတဲ့ တစ်ခုတည်းသော အရာက..ဒီမှော်ဆန်တဲ့ အသီးက ဘယ်လောက်တောင် အရသာ ရှိလံ ဆိုတာပါပဲ..။

ဒီ ကောင်းချီးပေးတဲ့ နေရာကို ထားခဲ့ပြီး အန္တရာယ်များတဲ့ အပြင်ကမ္ဘာကို ပြန်သွားဖို့ စိတ်က ပိုပိုပြီး နည်းလာခဲ့တယ်..။

သူတို့ ဒီမှာ ပျော်ရွှင်နေတဲ့ အချိန် ဘာလို့ထွက်သွားရမှာလဲ...

ကောင်းပြီ..အနည်းဆုံးတော့ သူတို့ထဲကနှစ်ယောက်ပေါ့...

အစကတော့ သူတို့သုံးယောက်လုံး လွတ်လပ်ပြီး ပျော်ရွှင် နေခဲ့ကြတာပါ..။နောက်ပိုင်းမှာတော့ နစ်ဖီ က ထိုင်းမှိုင်းပြီး ..ထူးဆန်းလာခဲ့တယ်..။

သူမက စကားတွေ ပြောပြီး အပန်းဖြေမယ့် အစား..ကျွန်းရဲ့ အနောက်ဘက် အစွန်းကိုသာ သွားပြီး တစ်ယောက်တည်း ထိုင်နေလေ့ ရှိပါတယ်..။ဘာမှားနေတာလဲ ဆိုတာကိုတော့ ဆန်နီလည်း မသိပေ..။

သူ သူမအတွက် စိုးရိမ်သွားခဲ့တယ်..။ဒီမှာနေနေတဲ့ သာယာတဲ့ ခံစားမူလေးကတောင်..နစ်ဖီ အပေါ်စိတ်ပူမူကို မကျော်လွန်နိုင်ခဲ့ပါဘူး..။

ညနေခင်းတစ်ခုတွင်..။ဆန်နီ ကျွန်းရဲ့ အနောက်ဘက်ကို သွားတဲ့ အချိန်မှာ သူ့ရဲ့ ခေါင်းက နာကျင်လာသလို ခံစားလိုက်ရတယ်..။အကြောင်းပြချက်တစ်ချို့ကြောင့် သူ ဒီကို ဘာလာလုပ်တာလဲ ဆိုတာကိုတောငိ ဆက်တိုက်မေ့နေခဲ့ပါတယ်..။ဒါက သူ့ရဲ့ စိတ်စွမ်းအငိတွေကို ထိန်းချုပ်ခံထားရသလိုပါပဲ...။

သူ နစ်ဖီကို စစ်ဆေးကြည့်ချင်ခဲ့တာပါ..။

ခါတိုင်းလိုပဲ သူမက ကျွန်းရဲ့ အစွန်းမှာထိုင်ပြီး အဝေးကိုငေးကြည့်နေခဲ့ပါတယ်..။ဆန်နီ အမြင့်ကို လိုက်တက်ကာ ထိုင်လိုက်ပြီး သူမကို တွေဝေစွာကြည့်လိုက်တယ်..။

"ဟေး..နစ်ဖ်..."

ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ သူ့ကိုကြည့်လိုက်တယ်..။သူမရဲ့ အမူအရာက ဗလာဖြစ်နေပြီး သူမရဲ့ ခံစားချက်အစစ်အမှန်ကို နားလည်ရ ခက်ခဲစေပါတယ်..။

သို့ပေမယ့် သူမ သိပ်ပြီး အဆင်မပြေဘူးဆိုတာ အသိသာကြီးပါ..။

" အင်း.."

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

သူပဲ အမြင်မှားနေတာလား..သူမရဲ့ ဆံပင်ပဲ ခါတိုင်းထက် ပိုရှည်လာတာလား...

"နင်က အားလပ်ရက် ခရီးမှာ မပျော်ဘူးလား.."

ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ..မျက်မှောငိကျုတ်လိုက်တယ်..။အတော်ကြာပြီးမှ သူမ ပြောလိုက်ပါတယ်..။

"ငါတို့...ငါတို့ အနောက်ဘက်ကို ဆက်သွားဖို့ လိုတာ မဟုတ်ဘူးလား.."

သူ အံ့ဩစွာ မျက်ခုံး ပင့်တင်လိုက်ပြီး..

"အနောက်ဘက်လား..။အနောက်ဘက်မှာ ဘာရှိလို့လဲ..."

နစ်ဖီလည်း စဥ်းစားရကြပ်နေခဲ့ပါတယ်..။

"ငါ..ငါ မမှတ်မိဘူး..။ဒါပေမဲ့ ငါ ခံစားနေရတယ် "

သူမ တိတ်ဆိတ်သွားခဲ့တယ်..။ပြီးမှ တိုးတိုးလေး ပြောလာခဲ့ပါတယ်..။

"ငါ အရမ်းအရေးကြီးတဲ့ အရာကို လုပ်စရာ ရှိတယ်လို့ ခံစားနေရတယ်.."

'ဝိဥာဥ် သစ်ပင်ကို စွန့်ခွာဖို့လား..ဘယ်လို ထူးဆန်းတဲ့ အတွေးလဲ '

ဆန်နီ အချိန်တစ်ချို့ကြာအောင် စဥ်းစားလိုက်ပြီး သူမကို ဘာက ဒီနေရာကနေ ထွက်ခွာစေချင်တာလဲ ဆိုတာနားလည်အောင်ကြိုးစားလိုက်ပါတယ်..။နောက်ဆုံးမှာ သူ မေးလိုက်တယ်..။

"ဘာလို့ အနောက်ဘက်လဲ..။တစ်ခြားဘက်တွေလည်း ရှိနေတာပဲလေ.."

နစ်ဖ မျက်နှာမှာတော့ နာကျင်ပြီး ထူးဆန်းတဲ့အသံ ရှိနေခဲ့တယ်..။သူမ အံကိုကြိတ်လိုက်ပြီး တီးတိုးပြောလိုက်ပါတယ်..။

"ငါ မသိဘူး .."

ဆန်နီ သက်ပြင်းချလိုကိတယ်...။

သူမ မသိမှတော့ ဒါပေါ့ ဆန်နီလည်း မသိပါဘူး..။သူသိတဲ့ တစ်ခုတည်းသောအရာက သူမကို စိတ်ခံစားချက်ကောင်းမွန်လာစေချင်တာပါ..။

ဒါပေမဲ့ ဘယ်လိုလုပ်မလဲ...

ဆန်နီ မျက်မှောင်ကျုတ်ပြီး စဥ်းစားလိုက်တယ်..။သူ တစ်ခုခုအရေးကြီးတာကို မေ့နေတယ် ဆိုတာကတော့ သိသာလှပါတယ်..။ဒီအရေးကြီးတဲ့ အရာကပဲ..နစ်ဖီရဲ့ ခံစားရမူတွေကို သက်သာလာစေမှာပါ.။

သူ အဓိက အချက်ကို စဥ်းစားမိသွားတဲ့ အချိန်မှာတော့ သူ အေးခဲသွားခဲ့တယ်..။

'ဟုတ်သားပဲ..ငါ ဘယ်လိုဖြစ်ပြီး မေ့နေနိုင်ရတာလဲ..'

အဖြေကတော့ ရှင်းလင်းပါတယ်..။သူ ဝိဥာဥ်သစ်ပင်ပေါ် တက်ပြီး သူမအတွက် အရသာရှိတဲ့ အသီးကို ခူးပေးလိုက်ရင် ဒါက အဆင်ပြေသွားပါပြီ..။

All Chapters