ကံတရား၏ လှည့်ပတ်မူ
Vol. 6 Ch. 79
#ဘာသာပြန် = စနိုးဝှုက်
ဆန်နီ သစ်ပင်ကြီးဆီကို ရောက်တဲ့ အချိန်မှာတော့..အတော်လေးကို မှောင်နေခဲ့ပါပြီ..။ကတ်စီကတော့..အိပ်ပျော်နေပြီး ဟောက် တောင်နေခဲ့ပါတယ်..။သူမရဲ့ မျက်နှာမှာတော့ ချိုမြိန်တဲ့ အပြုံးတွေ ရှိနေခဲ့တယ်..။
' ချိုမြိန်တဲ့ အိပ်မက်လေးတွေ..'
သူမက..ဆိုးဝါးတဲ့ အမြင်အာရုံတွေကို မရတာတောင် အတော်လေးကြာနေခဲ့ပါပြီ..။သူတို့ ဒီကျွန်းကို ရောက်တဲ့ အချိန်ကနေ စပြီး အရာအားလုံးက အဆင်ပြေနေခဲ့ပါတယ်..။
နစ်ဖီ တစိယောက်က လွဲလို့ပါ..။သူမက ဒီနေ့မှာ..စခန်းကိုတောင် ပြန်မလာခဲ့ပဲ..အနောက်ဘက် အစွန်းမှာသာ နေနေခဲ့တယ်..။သူမ ဒီလိုမျိုး အနက်ရောင် ဒီရေတွေနဲ့ ကပ်နေတာကို ဆန်နီ သဘောမကျပါဘူး..။
သူ သက်ပြင်းချလိုက်တယ်..။
'ငါ သူမအတွက်..အရသာရှိတဲ့ အသီးတွေ မြန်မြန် ခူးပေးရမယ်..'
ဆန်းကျယ်တဲ့ အသီးတွေကို စားပြီးရင် သူမ ထပ်ပြီး ဝမ်းနည်းနေမှာမဟုတ်တော့ပါဘူး..။သူတို့က အတော်လေးကို ချိုမြိန်ပြီး အရသာ ရှိလှတာပါ..။ဆန်နီ တွေးနေရင်းနဲ့တောင် တံတွေးမြိုချလိုက်တယ်..။
'ငါ့အတွက်လည်း တစ်လုံးလောက်ခူးရမယ်..'
အစကတော့..သူတို့က အန်ိမ့်ပိုင်း အကိုင်းတွေကို တက်ပြီး အသီးတွေကို အလှည့်ကျ ခူးကြတာပါ..။နောက်ပိုင်းမှာတော့..နစ်ဖီရဲ့ အပြုအမူတွေဟာ ထူးဆန်းလာခဲ့တယ်..။ဒီတော့ အသီးခူးဖို့ တာဝန်က သူ့အပေါ်ကိုပဲ ရောက်လာခဲ့တော့တာပါ..။
သူ အနိမ့်ပိုင်း အကိုင်းတွေကို တက်ပြီးတော့ ရင့်မှည့်နေတဲ့ အသီးတွေကို ရွေးချယ်လိုက်တယ်..။အသီးတစ်လုံးချင်းစီတိုင်းက စိတ်ကျေနပ်မူကို ပေးစွမ်းနိုင်တာကြောင့်..သူတို့က တစ်နေ့ကို တစ်လုံးထက်ပိုပြီး စားတယ် ဆိုတာ ရှားပါတယ်..။အတော်လေးရင့်မှည့်နေတဲ့ အသီးဆိုရင် ဆန်နီကို အရိပ်အပိုင်းအစ နှစ်ခု လောက်တောငိ တိုးလာစေတာပါ..။အလုံးသေးသေးလေးတွေဆိုရင်..တစ်ခု ဒါမှမဟုတ် မပေးတာလည်း ရှိပါတယ်..။
'ငါ အရိပ်အပိုင်းအစ ဘယ်လောက်တောင် ရနေပြီလဲ မသိဘူး..။တစ်ရာ ကျော်နေလောက်ပြီလား..'
သူ အချက်အလက် ဇယားကို ထုတ်ပြီး စစ်ဆေးကြည့်လို့ ရပေမယ့် အဲလို မလုပ်ခဲ့ပေ..။
ဒီလို လုပ်မိရင် သူအတော်ကို ထိပ်လန့်သွားခဲ့မှာပါ..။
ဆန်နီ အရိပ်အပိုင်းအစကို မေ့ထားလိုက်ကာ အပေါ်ကို မော့ကြည့်ပြီး ခေါင်းကို ကုတ်လိုက်တယ်..။အစကတော့ သူက မနက်ခင်းမှ အမြင့်ပိုင်းကိုတက်ပြီး နစ်ဖီ အတွက် အကောင်းဆုံးနဲ့ အချိုဆုံး အသီးကို ရှာပေးချင်ခဲ့တာပါ..။သို့ပေမယ့် သေချာတွေးပြီးတဲ့နောက်မှာတော့ မနက်ရောက်တဲ့ အထိ မစောင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်..။
ဘာပဲဖြစ်ဖြစ် သူက အမှောင်ထဲမှာလည်း ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်..။
ဆန်နီ ပင်စည်ကနေတဆင့် စတင်ပြီး တက်လိုက်တယ်..။ပထမဆုံး စတက်ရတာက အခက်ခဲဆုံးပါပဲ..။ဒီမှာ ပင်စည်ကလွဲလို့ ..ကိုင်စရာ ဘာမှရှိတာ မဟုတ်ပါဘူး..။ဒီကနေ တဆင့် အကိုင်းအခက်တွေ ဆီကို ရောက်ဖို့ဆိုတာက အတော်လေးကို အားထုတ်ရတာပါ..။
သို့ပေမယ့် ဒါက သူ့အတွက်တော့ အသားကျနေပါပြီ..။ပထမဆုံး အကိုင်းအခတ်တွေကတင်..လမ်းတစ်ခုစာလောက် ကျယ်ပါတယ်..။သူ ထိုင်ချလိုက်ပြီး..ညဘက် လေထုကို ခံစားနေလိုက်တယ်..။
ဆန်နီ အမှောင်ထဲမှာတော့ ဝိဥာဥ်သစ်ပင်ပေါ်ကို တစ်ခါမှ မတက်ဖူးပါဘူး..။
တောက်ပနေတဲ့ သစ်ရွက်တွေဟာ ခါတိုင်းလို တည်ငြိမ် မနေခဲ့ပေ..။အမှန်တော့ ဆန်နီ အမြင်မှာ သစ်ရွက်တွေကို လေတိုးနေတဲ့အသံက ထောင်နဲ့ ချီတဲ့ ဝိဥာဥ်တွေက နာကျင်စွာ ညဥ်းညူနေကြသလိုပါပဲ..။
'ငါ ဒီနေ့ဘာဖြစ်နေတာလဲ..။ဘယ်လိုလုပ် ဒီလိုအတွေးမျိုးကို တွေးနိုင်ရတာလဲ..။ဘယ်လို အရူးလဲ..။သစ်ပင်ကြီးက ငါ့အတွေးတွေကို မကြားနိုင်လို့ တော်သေးတယ်..။မဟုတ်ရင် အတော်ရှက်စရာ ကောင်းမှာ..။ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဝိဥာဥ် သစ်ပင်ကြီးရယ်...'
ခေါင်းခါယမ်းလိုက်ပြီး ဆန်နီ မတ်တတ်ထရပ်ကာ ဆက်ပြီးတက်လိုက်တယ်..။သူ ကိုယ့်ကိုကိုတောင် စိတ်ပျက်မိပါတယ်..။သစ်ပင်ကြီးက သူတို့အတွက် ဒီလောက် အကျိုးပြုပေးနေတာတောင် သူက မကောင်းတွေးနေမိတာပါ..။
ဘယ်လောက် ကျေးဇူးမသိတတ်လိုက်လဲ..
အပေါ်ကို ပိုပြီး မြင့်မြင့်တက်နေရင်းနဲ့ အရင်တစ်ခေါက်တွေတုန်းက တက်ခဲ့တဲ့ နေရာတွေကို ကျော်လွန်လာခဲ့တယ်..။
ဒါတောင်မှ ဆန်နီ ဆက်ပြီး တက်ဖို့ ဆုံးဖြတ်ထားပါသေးတယ်..။အပေါ်ကို ပိုပြီးရောက်လေလေ..အသီးတွေက နေရောင်နဲ့ ပိုပြီး ထိတွေ့တာကြောင့် ပိုပြီး ရင့်မှည့်လေလေပါပဲ..။
သူတို့က အပေါ်အကိုင်းတွေက အသီးတွေကို တစ်ခါမှ အစားဖူးကြပေ..။တကယ်လို့ သူသာ အံ့ဩစရာ အသီးကို ရှာတွေ့ခဲ့ရင် နစ်ဖီရဲ့ ဒီကျွန်းကို စွန့်ခွာမယ့် အတွေးကို..ပြောင်းလဲနိုင်ပါလိမ့်မယ်..။ဘာပဲဖြစ်ဖြစ် ဒီ အသီးတွေက အတော်လေးကို ဆန်းကျယ်တာပါ..။ဖြစ်နိုင်တာက သူမက ပြုံးတောင် ပြုံးနေဦးမှာ..။
တွန်းအားနဲ့ အတူပဲ ဆန်နီ ဆက်ပြီး တက်လိုက်တယ်..။
အချိန်တွေ ဖြည်းဖြည်းချင်းကုန်သွားခဲ့တယ်..။အတော်ကြာတဲ့အခါမှ ဆန်နီ လုံလောက်အောင် တက်ပြီးသွားပြီီလို့ ယူဆလိုက်ပါတယ်..။သူ စတက်ကတည်းက အချိန်ဘယ်လောက် ကြာသွားပြီလဲ ဆိုတာ မသိပါဘူး..။
အကိုင်းတွေ ထဲက တစ်ခုပေါ်မှာ နေပြီး သူ ရှေ့ကို ဖြည်းညှင်းစွာ လျောက်ကာ ဘေးဘယ်ညာကို ကြည့်နေခဲ့တယ်.။အသီးရှာရတာကလည်း လွယ်ကူတာ မဟုတ်ပါဘူး..။ဒါက ကောင်းမွန်တဲ့ ရူထောင့် နဲ့ စိတ်ရှည်မူ လိုအပ်ပါတယ်..။
သေချာ ဂရုတစိုက်ရှာဖွေရင်းနဲ့ ဆန်နီ အပေါ်ကို ပိုပို ရောက်သွားခဲ့တယ်..။သူ့ ခြေထောက်အောက်က အကိုင်းတွေကတော့ လှုပ်နေခဲ့ပါပြီ..။သူ ဟိုဘက် ဒီဘက် ခုန်ကူးတဲ့ အသံတွေက..စည်းချက်တစ်ခုလိုတောင်ဖြစ်နေခဲ့တယ်..။
လမ်းတစ်လျောက်လုံး ရင့်မှည့်ပြီး အရသာ ရှိတဲ့ အသီးတွေကို တွေ့ခဲ့ပေမယ့် တစ်ခုမှ ထူးထူးခြားခြား မဟုတ်ပါဘူး..။သူက အံ့ဩစရာ အကောင်းဆုံး အသီးကို ရှာဖွေချင်ခဲ့တာပါ..။
နောက်ဆုံးတော့ ဆန်နီဟာ အပေါ်ဆုံး သေးငယ်ပြီး ကျဥိးမြောင်းတဲ့ အသီးတွေ နေရာ ဆီကိုပါ ရောက်သွားခဲ့တယ်..။အခု သူတို့ရဲ့ ဆိုဒ်က သာမန် သစ်ပင်အရွယ်အစားလောက်ပဲ ရှိတော့ပြီး သူ့ အလေးချိန်ကိုတောင် အတော်လေး ထောက်ကန်ပေးထားရပါတယ်..။
သို့ပေမယ့် သူက နစ်ဖီအတွက် သင့်တော်တဲ့ လက်ဆောင်ကို မတွေ့သေးပေ..။
ယင်းနောက် သူ တစ်ခုခု ထူးဆန်းတာကို သတိထားမိလိုက်တယ်..။
သူ့ရဲ့ အပေါ်မှာရှိနေတဲ့ သစ်ကိုင်းရဲ့ သစ်ရွက်တွေဟာ အလေးချိန်တစ်ခုခုကြောင့် အောက်ကို အိကျနေခဲ့တာပါ..။သို့ပေမယ့် ဒီသစ်ရွက်နံရံတွေရဲ့ နောက်ဘက်မှာ ဘာရှိလဲ ဆိုတာကိုတော့ မမြင်နိုင်ခဲ့ပေ..။
အမှန်တော့ သူက ဒီ ပုံမှန်မဟုတ်တဲ့အရာကို ညဘက်အမှောင်ထဲမှာကြောင့် မြင်ရတာပါ..။နေ့ဘက် အလင်းရောင်အောက်မှာဆိုရင် သစ်ပင်ကြရဲ့ အရောင်နဲ့ဆိုရင် မြင်ရဖို့ မဖြစ်နိုင်ပါဘား..။သို့ပေမယ့် ဆန်နီရဲ့ ညဘက်အမြင်အာရုံမှာတော့ အရောင်အားလုံးကို ပိတ်ပေးထားပါတယ်..။
' စိတ်ဝင်စားစရာပဲ..'
အပေါ်က သစ်ကိုင်းဆီကို ခုန်တက်လိုက်ပြီး သူ လှမ်းဆွဲလိုက်တယ်..။ယင်းနောက် ပြုတ်မကျအောက် ဂရုစိူက်ပြီး တက်လိုက်ပါတယ်..။ဖြစ်စဥ်တစ်ခုလုံးမှာ သူရဲ့ အရိပ်က ခွန်အားနဲ့ ဖြတ်လပ်မူကို တိုးမြင့်ပေးထားခဲ့တာပါ..။မဟုတ်ရင် သူက ပြန်ဆင်းတာပဲ ဖြစ်ဖြစ် ..အောက်ပြုတ်ကျတာပဲဖြစ်ဖြစ် ဖြစ်နေလောက်ပါပြီ..။
နောက်ဆုံးတော့..သူ..နောက်ဆုံးသစ်ရွက်တွေ ရဲ့ အပေါ်ကို ခေါင်းထွက်ပြီး ကြည့်လိုက်တယ်..။
ယင်းနောက် ဆန်နီ အေးခဲသွားပြီး မျကိလုံးပြူးကျယ်သွားခဲ့ပါတယ်..။
သူ့ရှေ့မှာတော့..လျိုဝှက်စွာ ဖုံးကွယ်ထားတဲ့ အကိုင်းအခက်တွေကြားထဲမှာ..ကြီးမား ကျယ်ပြန့်တဲ့ ငှက်သိုက်ကြီး တစ်ခု ရှိနေခဲ့ပါတယ်..။