စူးစမ်းရှာဖွေလိုစိတ်
Vol. 6 Ch. 80
#ဘာသာပြန် = စနိုးဝှိုက်
ငှက်သိုက်ရဲ့ပုံသဏ္ဍာန်က အဝိုင်းပုံစံ ရှိပြီး အလယ်မှာ..တော့ အပေါက်ကြီးတစ်ခုရှိနေခဲ့တယ်..။ပုံမှန်ဆိုရင် ဒီီလို အသိုက်မျိုးတွေက..မြက်တွေ..သစ်ကိုင်းငယ်တွေနဲ့ပဲ ပြုလုပ်လေ့ရှိတာပါ..။သို့ပေမယ့် ဒီတစ်ခုကတော့..လူတစ်ယောက်ရဲ့ လက်မောင်းလောက်ရှိတဲ့ သစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေနဲ့ ပြုလုပ်ထားခဲ့ပါတယ်..။
ဆန်နီ ဒီလို အရာမျိုးကိူ တစ်ခါမှ မမြင်ဖူးခဲ့ပေ..။ဒါက တကယ်ကို..မြင်ရတာ ခက်ခဲတဲ့ အရာမျိုးပါ..။အသိုက်ရဲ့ အဝကလည်း ..ထရတ်ကားတစ်စီး ဖြတ်သွားနိုင်လောက်အောင်ကို ကျယ်ပါတယ်..။အသိုက်ကိုယ်တိုင်ကလည်း အတော်လေးကို ကြီးမားတာပါ..။
' ဝိုး '
ဆန်နီဟာ အနီးအနားမှာ ကြီးမားတဲ့ ငှက်ကြီးတွေများ ရှိနေမလားဆိုပြီး ကြောက်ရွံ့သွားခဲ့တယ်..။သို့ပေမယ့် ခနအကြာမှာပဲ စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။
ဒီအသိုက်က စွန့်ပစ်ခံထားရတဲ့ ပုံပါပဲ..။ဒါက ရှေးကျပြီး တစ်ချို့အစိတ်အပိုင်းတွေ ဆိုရင် ပျက်တောင် ပျက်ဆီးနေပါပြီ..။လေထုကလည်း အေးစက် အထီးကျန်မူတွေနဲ့ ပြည့်နေခဲ့ပါတယ်..။
' အဓိပ္ပါယ်တော့ ရှိတယ်..။ငါတောင်မှ ..သစ်ရွက်တွေ ကို မနည်းပေါက်အောင် တိုးရတာ..ကြီးမားတဲ့ သားရဲကြီးက အပေါက်ကြီး မရှိပဲနဲ့ ဒီအသိုက်ကို ဘယ်လို ဆောက်မှာလဲ..'
.
ဆန်နီ ရဲ့ စိတ်ထဲမှာ တွေဝေမူ နဲ့..သိချင်မူ တွေဟာ တစ်ခုနဲ့တစ်ခု တိုက်ခိုက်နေခဲ့ပါတယ်..။တစ်ဖက်မှာတော့..ရှေးဟောင်း ငှက်သိုက်ကြီးကို စပ်စုတာက အကြံကောင်းတော့ မဟုတ်ပါဘူး..။အခုလို အိပ်မက် ကမ္ဘာထဲမှာဆိုရင် ပိုတောင် ဆိုးပါသေးတယ်..။ဒါက အတော်လေးကို စွန့်စားမူ ကြီးမားတာပါ..။
တစ်ဖက်မှာတော့..ဒါက ကြီးမားတဲ့ ကံကောင်းမူကြီးလည်း ဖြစ်နိုင်ပါတယ်..။ထပ်ပြောရရင် ဒါက သောက်ကျိုးနဲ စိတ်ဝင်စားဖို့ ကောင်းနေတာ မဟုတ်ဘူးလား..။
အဆုံးမှာတော့ ဆန်နီ ငှက်သိုက်ထဲကို တက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်..။သူ့စိတ်ထဲမှာတော့ ကြောက်စိတ်မရှိအောင် တွန်းအားပေးလိုက်ပါတယ်..။ဒီဝိဥာဥ်သစ်ပင်ကြီးက..ပြင်ပက ခြိမ်းခြောက်မူတွေကို ရောက်မလာအောင် ကာကွယ်ပေးနေခဲ့တာပါ..။
သစ်ပင်ကြီးနဲ့ ဆက်စပ်နေတဲ့ အရာက ဘယ်လိုလုပ် မလုံခြုံပဲ နေမှာလဲ..
သူ ဝင်ပေါက်နားကို ကပ်သွားပြီးတဲ့ အချိန်မှာတော့ အောက်ကို ငုံ့ကြည့်လိုက်တယ်..။ဒါပေမဲ့ ငှက်သိုက်ရဲ့ ခေါင်မ်ိုးကို မြင်နေရတာက လွဲလို့ တစ်ခြား ဘာကိုမှ မမြင်ရပါဘူး..။ဒါက သူ့ရဲ့ နေရာကြောင့် ဆိုတာသိတော့..ဆန်နီ အပေါ်ကို ခုန်တက်လိုက်ပြီး..ဝငိပေါက်ကို အထိ တက်သွားလိုက်ပါတယ်..။
ခနအကြာမှာတော့ သူ ညှင်သာတဲ့ မျက်နှာပြင်ပေါ်ကို ရောက်သွားခဲ့ပါပြီ..။ဘေးနားမှာတော့ ပင့်ကူအိမ်တွေ အများကြီး တွေ အများကြီး ရှိနေခဲ့တယ်..။အဲ့အချိန်မှာတော့ ဆန်နီဟာ ကြီးမားတဲ့ အဖြူရောင် ပိုးအိမ်ကြီးထဲကို ရောက်သွားသလိုတောင် ခံစားလိုက်ရပါတယ်..။
မဟုတ်ဘူး..ဒါက ငှက်သိုက်တစ်ခုပဲ...
ပြီးတော့..သူ့ရဲ့ အလယ်ခေါင်မှာတော့...
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
ငှက်သိုက်ရဲ့အလယ်မှာ ဥ ကြီးတစ်လုံး ရှိနေခဲ့ပါတယ်..။ကြီးမားတဲ့ ရှေးဟောင်း ဥ ကြီးက သူ့ရဲ့ အရပ်လောက် မြင့်မားနေခဲ့တာပ့..။သူ့ကြည့်ရတာ အသက်မဲ့နေခဲ့ပြီး..အချိန်တွေကြာလာလို့ ကျောက်တုံး အညိုရောင်အဖြစ် ပြောင်းသွားသလိုပါပဲ..။
အသက်ကိုရူဖို့တောင် မေ့နေခဲ့ပြီး ဆန်နီ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။သို့ပေမယ့်..ဘယ်သူမှ ရှိမနေခဲ့ပေ..။ဒီငှက်သိုက်ကြီး တစ်ခုလုံးက တိတ်ဆိတ်ပြီး ငြိမ်သက်နေခဲ့ပါတယ်..။
'ဘယ်လောက် အံ့ဩဖို့ကောင်းလဲ '
ဆန်နီ ထူးဆန်းစွာ စိတ်လှုပ်ရှားသွားခဲ့တယ်..။ရုတ်တရက် သူ့ရဲ့ စိတ်ထဲမှာ စူးစမ်းလေ့လာသူ တစိယောက်လို စိတ်အားထက်သန်မူတွေ ရောက်လာခဲ့ပါတယ်..။
'အခြေအနေကို စစ်ဆေးကြည့်လိုက်ရအောင် '
ပိုးခြည်တွေပေါ်မှာပဲ..ဆန်နီဟာ ဥကြီးကိုပတ်လည် လှည့်ပြီး ကြည့်လိုက်တယ်..။ပထမ ကြည့်တုန်းကတော့ ဒါကြီးက ကျောက်တုံးတစ်တုံးလို ဖြစ်နေခဲ့တာပါ..။နောကိပိုင်းမှာတော့ ဒီဥပေါ်မှာ အညိုရောင်အလင်းတန်းလေးတွေက ရွေ့လျားနေတာကို မြင်တွေ့လိုက်ရပါတယ်..။
ဆန်နီ ခေါးက်ို ကုတ်လိုက်တယ်..။ယင်းနောက် အနားကို ကပ်သွားပြီး လက်တစ်ဖက်ကို ဥပေါ်တင်လိုက်ပါတယ်..။ရုတ်တရက် သူ အတော်လေး အံ့ဩသွားခဲ့တယ်..။
ဒီ ဥ က အတော်လေးကို နွေးထွေးတာပါ..။
' အသက်ရှင်နေသေးတာလား..'
နောက်စက္ကန့်အနည်းငယ် အကြာမှာတော့..သူ့ရဲ့ အမြုတေကို ထူးဆန်းတဲ့ ဆွဲငင်အား တစ်ခု သက်ရောက်လာတာကို ခံစားလိုက်ရပါတယ်..။ဒါက ..ဥ ကြီးက...သူ့ရဲ့ အသက်စွမ်းအား တွေကို ခိုးယူဖို့ ကြိုးစားနေသလိုပါပဲ..။
သူ လက်ကို အမြန်ပြန် ရုတ်လိုက်ပြီး..ဥကို နက်မှောင်စွာ ကြည့်လိုက်တယ်..။ဒီ သောက်ကျိုးနဲ ဥ က အသက်ရှင်နေယုံသာ မကပဲ..သူ့ကို လာထိတွေ့တဲ့ အရာတွေရဲ့ အသက်စွမ်းအင်တွေကိုပါ စုပ်ယူနိုင်စွမ်းရှိပါတယ်..။
သို့ပေမယ့် ဆန်နီကို စုပ်ယူတဲ့ အခါမှာတော့ မရခဲ့ပေ..။ဆန်နီ သိသလောက်ကတော့ သူက ကမ္ဘာနှစ်ခုလုံးမှာ တည်ရှိနေတာဖြစ်ပြီး..အမြုတေကလည်း ပုံမှန်မဟုတ်ပါဘူး..။သူ့မှာက ဆန်းကျယ်တဲ့ အရိပ်အမြုတေပဲ ရှိတာပါ..။ဒါကြောင့်..သူ့ရဲ့ အသက်စွမ်းအင်က ပါမသွားခဲ့ပေ..။
'ဟူး...တီတီလေးပဲ..'
ဆန်နီ ဥကြီးကို ပြန်ကြည့်လိုက်ပြီး ဘယ်လို လုပ်ရမလဲ တွေးနေခဲ့တယ်..။
ဒီ ဥ ကြီးက အင်အားကြတဲ့ အိပ်မက်ဆိုးသားရဲ တစ်ကောင်ကောင် ရဲ့ ဥ ပါ..။သို့ပေမယ့် ဘာကြောင့်မှန်းမသိ ..အဲဒီသားရဲကြီးက ဒီ ဥကို ယူဆောင် မသွားပဲ ..ဒီမှာထားခဲ့ပါတယ်..။စွန့်ပစ်ခံ သနားစရာလေးကတော့..ဒီဥထဲမှာပဲ အဆုံးမရှိ ပိတ်မိနေတော့မှာပါ..။
...ဒါမှမဟုတ်..အရူးတစ်ယောက်က အနားကို ကပ်လာပြီး..သူ့ကို ဒီဥကို ချိုးဖျက်ဖို့ လုံလောက်တဲ့ အသက်စွမ်းအင် ပေးမယ် ဆိုရင်တော့..မပြောတတ်ပါဘူး..။
'ကံကောင်းချင်တော့..ငါက အရူးမဟုတ်ဘူး..။ခနလေး.အာ....ငါက အရူးနဲ့ တူနေမလား...'
ဘာပဲဖြစ်ဖြစ် ဒီအနားက လာဖို့ သူက ဆုံးဖြတ်ခဲ့တာပါ..။ကံကောင်းလို့ သူ့ရဲ့ အသက်စွမ်းအင်တွေ ပါမသွားခဲ့တာပါ..။
'ဘာပဲဖြစ်ဖြစ်..ငါက ဒီ သောက်ကျိုးနဲ ဥထက် ဥာဏ်ပိုကောင်းတယ်..'
စစ်မှန်တဲ့ စူးစမ်းရှာဖွေရေး သမားတစ်ယောက်လိုပဲ..သူ ထပ်ပြီး လေ့လာနေခဲ့တယ်..။သူက ဘယ်လူသားမှ..မကြားဖူးတဲ့ ဆန်းကျယ်တဲ့ ဆန်းကျယ်တဲ့ အရာမျိုးကို တွေ့နေခဲ့တာပါ..။
ပုံမှန်အားဖြင့် သူ ဒါကို သတ်ရပါလိမ့်မယ်..
ဒါက စူးစမ်းရှာဖွေလိုစိတ်ရဲ့ အရင်းအမြစ်ပဲ မဟုတ်ဘူးလား...
သန်ခေါင်းယံ အမြုတေကို ထုတ်လိုက်ပြီး..ဆန်နီဟာ ..ဥရဲ့ မျက်နှာပြင်ကို ထိုးဖောက်လိုက်တယ်..။ချွန်ထက်နေတဲ့ ဓားက ကျောက်တုံးကို ဖြတ်သွားသလိုပဲ..နက်ရှိုင်းတဲ့ ခြစ်ရာ ကလေးသာ ကျန်နေခဲ့ပါတယ်..။
' မာလိုက်တဲ့ ခွေးသား '
ဒီဥ က နိုးထမူ အဆင့် လက်နက်ကိုတောင် ခံနိုင်ရည် ရှိနေခဲ့တာပါ..။ဒီ အခွံကတောငိ ဒီလောက် ခံနိုင်ရည်ရှိနေရည်..အရွယ်ရောက်နေတဲ့ သားရဲက ဘယ်လောက်တောင် သန်မာလိုက်မလဲ ဆိုတာ မတွေးရဲစရာပါပဲ..။ဒါက လုံးဝ သာမန်သားရဲ မဖြစ်နိုင်ပေ..။
ဘာပဲဖြစ်ဖြစ် သူကလည်း သာမန် အိပ်စက်သူ မဟုတ်ပါဘူး..။
သူ့အရိပ်ဟာ..သူ့လက်ကနေတဆင့် သန်ခေါင်ယံ အမြုတေ ထဲကို ဝင်ရောက်သွားခဲ့တယ်..။ချက်ချင်းဆိုသလိုပဲ ဓားကနေ အေးစက်တဲ့ အော်ရာတွေ ထွက်လာပြီး..ပ်ိုမို ထက်မြက်လာခဲ့ပါတယ်..။ဒီဓားက ကမ္ဘာကြီးကိုတောင် ပိုင်းဖြတ်နိုင်သယောင် ဖြစ်လာခဲ့တယ်..။
ဆန်နီ ရှေ့ကို ထပ်တိုးလိုက်ပြီး ဓားကို ခေါင်းပေါ်ကို မြှောက်ကာ ပိုင်းချလိုက်တယ်..။အရိပ်ရဲ့ အားဖြည့်ထားမူကြောင့်..ဥ ရဲ့ အပေါ်ယံ အခွံက နှစ်ပိုင်း ကွဲထွက်သွားခဲ့ပါတယ်..။
ဒီ ကွဲအက်မူက ဆန်နီ ရဲ့ ဓား အထဲကို ထိုးသွင်းနိုင်ဖို့ အတွက်တော့ ကွက်တိပါပဲ..။အက်ကွဲကြောင်းထဲကနေ အလင်းရောင်..တစ်ခု ပေါ်လာခဲ့ပေမယ့်..ပျောက်ကွယ်သွားခဲ့တယ်..။ချွဲပြစ်ပြစ်အမဲရောင် အရည်တွေဟာ...ဥထဲကနေ ပြီးတော့ အဖြူရောင် ပိုးအိမ်တွေပေါ်ကို စီးကျလာခဲ့ပါတယ်..။
အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ
ဆန်နီဟာ အခိုက်အတန့် ရဲ့ အသံကိုကြားလိုက်ရတယ်..။
[ သင်ဟာ..ကြီးမြတ်သော နတ်ဆိုး , ဆိုးယုတ်သော သူခိုးငှက် ၏ ဥ ကို သတ်လိုက်ပါပြီ ]
[ သင်၏ အရိပ်ပိုသန်မာ လာခဲ့သည် ]
[ သင်ဟာ မှတ်သားမူ တစ်ခု ရရှိပါသည် ]