← Chapters

ဝီဗာရဲ့ မျက်လုံး

Vol. 6 Ch. 81

ဝီဗာရဲ့ မျက်လုံး

Vol. 6 Ch. 81

#ဘာသာပြန် = စနိုးဝှိုက်

ဆန်နီ မျက်တောင် ခတ်လိုက်တယ်..။

[ သင်ဟာ မှတ်သားမူ ရရှိပါသည် : ဆားငန်ရေစက် ]

' ခနလေး...ခနလေး...'

ကြီးမြတ်သော နတ်ဆိုးတဲ့လား..။သူ တံတွေးမြိုချလိုက်တယ်..။

စိတ်ဝိဥာဥ် အမြုတေ လေးခု ရှိတဲ့ အိပ်မက်ဆိုးသားရဲကို နတ်ဆိုးလို့ ခေါ်တာပါ..။သူက နတ်ဘီလူးထက် အမျိုးအစား တစ်ဆင့်လောက် နိမ့်ကျပါတယ်..။အသေးစိတ်ပြောရမယ် ဆိုရင် ဒီ နတ်ဆိုးရှေးဟောင်းဥက ကြေးခွံနတ်ဆိုးထက်တောင် ပိုပြီး သန်မာတာပါ..။

သို့ပေမယ့်..သူ့ကို ပိုပြီးအံ့ဩစေတာက..သူ့ရဲ့ အဆင့်ဖြစ်ပြီး သားရဲအမျိုးအစား မဟုတ်ပေ..။

အိပ်မက်ဆိုး အခိုက်အတန့် နဲ့ ပတ်သက်တဲ့ အရာတွေကို ပြောင်းလဲမူ ၊ နိုးထမူ ၊ တက်ရောင်မူ ၊ အထွတ်အထိပ် ၊ ထူးကဲမူ ၊ မြင့်မြတ်မူ နဲ့ နတ်ဘုရား အဆင့် ဆိုပြီး ခွဲခြားထားတာပါ..။

လူသားတွေဆိုရင် အထွတ်အထိပ် အဆင့်အထိ ပဲ ရောက်ရှိအောင် စွမ်းဆောင်နိုင်ကြပါတယ်..။ဒီသူရဲကောင်းတွေကို သူတော်စင် တွေလို့ ခေါ်ပြီး လူသားတွေက..အိပ်မက်ဆိုးသားရဲ တွေနဲ့ တိုက်ခိုက်တဲ့ စစ်ပွဲမှာ ဦးဆောင်နေကြတာပါ..။

အိပ်မက်ဆိုးသားရဲတွေမှာလည်း အဆင့်က ၇ ဆင့်အထိ ရှိပါတယ်..။သူတို့က ပြောင်းလဲမူ အဆင့် ၊ နိုးထမူ အဆင့် ၊ ကျရှုံးမူ အဆင့် ၊ ပျက်ဆီးခြင်းအဆင့် ၊ ကြီးမြတ်ခြင်း အဆင့် ၊ ကပ်ဘေးအဆင့် နဲ့ မစင်ကြယ်ခြင်း အဆင့် တို့ပါ..။

ကြီးမြတ်သော နတ်ဆိုး တစ်ကောင်က စိတ်ဝိဥာဥ် အမြုတေ လေးခု ရှိပြီး..တစ်ခုခြင်းစီတိုင်းကလည်း ကြီးမြတ်ခြင်း အဆင့်ပါ..။

ဆန်နီ က အခုချိန်မှာ အတော်လေးကို အင်အားကြီးတဲ့ အိပ်မက်ဆိုးသားရဲကို သတ်လိုက်မိခြင်းဖြစ်သည်..။

ဟင်...

to the egg's terrifying life-sucking powers. V/\IssịT n0(v)eL/b(i)(n).𝘤𝑜/𝓂 for the b/est novel reading experi/en/ce

'ခနလေး...အရိပ် အပိုင်းအစ ဘယ်လောက်တောင် ငါရလိုက်တာလဲ..'

ဆန်နီ ပိုပြီး သန်မာလာသလို ခံစားနေရတယ်..။အတော်လေးကို သန်မာလာခဲ့တာပါ..။

သူက နိုးထမူ အဆင့်သားရဲတစ်ကောင်ကို သတ်တိုင်း အရိပ် အပိုင်းအစ နှစ်ခု ရနေကြပါ..။ဒီတော့ ကျရှုံးမူ အဆင့်က ၄ ခု ၊ ပျက်ဆီးခြင်း အဆင့်က ၈ ခု နဲ့ ကြီးမြတ်ခြင်း အဆင့်က ၁၆ ခု ဆိုတာ မျှတပါတယ်..။

သို့ပေမယ့် သူခိုးငှက်ရဲ့ ဥ က သားရဲတစ်ကောင် မဟုတ်ပေ..။သူက နတ်ဆိုးတစ်ကောင်ပါ..။ဒီတော့ သူ့ မှာ..အမြုတေ လေးခု ရှိမှာဖြစ်ပြီး..ဒီတော့ အပိုင်းအစ ၆၄ ခုလား..။

ဆန်နီ အချက်အလက်ကို စိတ်လှုပ်ရှားစွာ စစ်ကြည့်လိုက်တယ်..။

အရိပ် အပိုင်းအစ : [ 196 / 1000 ]

နံပါတ်ကို မြင်ပြီးတဲ့ နောက်မှာ သူ ပျော်ရွှင်သွားခဲ့တယ်..။သို့ပေမယ့် ခနအကြာမှာတော့ သူ မျက်မှောင်ကျုတ်လိုက်ပါတယ်..။

"ခနလေး..ဒါက အဓိပ္ပါယ် မရှိဘူး..။ငါ ဒီ တောင်ကုန်းကို မလာခင်တုန်းက ၉၆ ခု ရှိတာလေ..။အခုက ၆၄ ခု ရတယ် ဆိုတော့ အားလုံးပေါင်း ၁၆၀ ..။ကျန်တဲ့ အပိုင်းအစ ၃၆ ခုက ဘယ်ကနေ ရောက်လာတာလဲ..။အသီးတွေကလား..။မဖြစ်နိုင်တာ..ငါတို့ ဒါကို စားတာ တစ်ပတ်လောက်ပဲ ရှိသေးတာကို..။ပြီးတော့ တစ်နေ့ တစ်လုံးပဲ စားတာလေ..။အဲလောက်အများကြီးရဖို့ ဆိုရငိ..တစ်လလုံးတောင် ကုန်သွားမှာပေါ့.."

ဒါပေမယ့် ဒီလောက် အချိန်အကြာကြီး ကုန်သွားတာကို သူက ဘယ်လိုလုပ် မသိပဲ နေမှာလဲ..။

ဆန်နီ အာရုံစိုက်ဖို့ ကြိုးစားပေမယ့် အကြောင်းပြချက် တစ်ချို့ကြောင့် ခက်ခဲနေခဲ့ပါတယ်..။သူ ပိုပြီးတွေးလေလေ..သူ ဘာတွေးနေတာလဲ ဆိုတာကို ပျောက်လာလေလေပါပဲ..။

' အာ...ငါ ဘာကို မှတ်မိဖို့ ကြိုးစားနေတာလဲ..။အရိပ် အပိုင်းအစ နဲ့ ပတ်သက်တာကို မဟုတ်လား..ဟုတ်တယ်..'

မိနစ် အနည်းငယ် ကြာပြီးနောက်မှာတော့ သူ သက်ပြင်းချလိုက်တယ်..။

'ငါသိပြီ..ဥကနေ အပိုင်းအစ ဘယ်လောက်ရမှာလဲလို့ ငါ စဥ်းစားနေတာပဲ...'

သို့ပေမယ့် နောက်ထပ် အံ့ဩစရာ တစ်ခုက သူ့ရဲ့ အာရုံစိုက်မူကို စောင့်နေပါသေးတယ်..။

မှတ်သားမူ တစ်ခု..။သူ ကြီးမြတ်သော နတ်ဆိုးဆီကနေ အမှန်တကယ်ပဲ မှတ်သားမူ တစ်ခု ရခဲ့တာပါ..။ဒါက အဆင့်လေး ...ထူးကဲမူအဆင့် မှတ်သားမူပါ..။

' အံ့ဩစရာပဲ..'

ဆန်နီ အချက်အလက် ဇယားကို ထုတ်လိုက်ပြီး မှတ်သားမူကို ကြည့်လိုက်တယ်..။

မှတ်သားမူများ : [ ငွေရောင် ခေါင်းလောင်း ] [ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ] [ ဆားငန်ရေ စက် ]

အလျင်အမြန်ပဲ သူ မှတ်သားမူ အသစ်ကို အာရုံစိုက်လိုက်တယ်..။

မှတ်သားမူ : [ ဆားငန်ရေစက် ]

အဆင့် : မသိ

မှတ်သားမူ အမျိုးအစား : မသိ

မှတ်သားမူ ဖော်ပြချက် : [ စက်ဆုပ်ဖို့ကောင်းသည့် သူခိုးငှက်ကို နတ်ဘုရားတွေနဲ့ တစ်ခြားဖြစ်တည်မူ များကပါ မုန်းတီးကြသည်..။သို့ပေမယ့် သူ ဂရုစိူက်သည့် အရာကတော့ တစ်ခုတည်းသာ ရှိ၏..။သူက စွဲမက်ဖို့ကောင်းတဲ့ ဝီဗာ ရဲ့ မျက်လုံးတစ်လုံးကို ကြယ်မရှိပဲ အမှောင်တွေ ပြည့်နေသည့် ညတွင် ခိုးယူခဲ့သည်..။စိတ်မရှည်နိုင်တဲ့ စက်ဆုပ်စရာ သားရဲဟာ..လေပေါ်မှာ ပျံသန်းနေရင်းနှင့်ပင် သူ၏ ဆုလာဒ်ကို ထုတ်ကြည့်ခဲ့သည်..။သို့ပေမယ့် သူက အလင်းပြန်မူ တစ်ခုနှင့်ကြုံရပြီး ခန္တာကိုယ်တစ်ခုလုံး အေးခဲသွားခဲ့သည်..။သူခိုးငှက်ဟာ..စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲက မျက်လုံးကတော့..သေမျိုး ကမ္ဘာထဲကို ကျသွားခဲ့၏..။သူ၏ အဆုံးမရှိတဲ့ လောဘတွေ နောက်မှာ ကျန်ခဲ့တဲ့ အရာကတော့ သန့်စင်တဲ့ ရွှေရောင် ဆားငန်ရည် တစ်စက်ပင်ဖြစ်တော့သည် ]

ဆန်နီ မျက်မှောက်ကျုတ်လိုက်တယ်..။

ဒါက ဘယ်လို သောက်ကျိုးနဲ မျိုးလဲ...

သူက အဆင့်မသိတဲ့ မှတ်သားမူ မျိုးကို တစ်ခါမှ မကြုံခဲ့ဖူးပေ..။ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..။အခိုက်အတန့်က တကယ်ပဲ မသိတာလား..ဒါမှမဟုတ် သူ့ကို မသိစေချင်တာလား..။ဘာလို့ အဲလိုလုပ်တာလဲ...။

"ဒါက...အတော်ထူးဆန်းတယ် '

ရှက်ရွံ့ဖို့ ကောင်းတာက..သူ ဖော်ပြချက်မှာ ရေးထားတဲ့ စာလုံးတွေ အများစူကို နားမလည်ပါဘူး.။ဒီဘာသာ စကားနဲ့ ရေးထားတဲ့ ဆားငန်ရည် ဆိုတာကိုတောင် သူ နားမလည်ခဲ့ပေ..။

ဆန်နီ ခနလောက် တွေဝေသွားပြီးကာမှ ထူးဆန်းတဲ့ မှတ်သားမူကို အပြင်ဆီ ထုတ်လိုက်တယ်..။ချက်ချင်းပဲ..ရွှေရောင်အလင်းတန်းတွေနဲ့ အစက်ကလေး တစ်စက်ဟာ သူ့ရှေ့က လေထဲမှာ ပေါ်လာခဲ့ပါတယ်..။

'ငါ ဒါနဲ့ ဘာလုပ်ရမှ......"

သူ တွေးလို့ မဆုံးခင်မှာပဲ အခိုက်အတန့်ရဲ့ အသံက ထွက်လာခဲ့တယ်..။သူ့ရဲ့ အသံက နည်းနည်းတော့ ထူးဆန်းနေပါတယ်..။

သူကလည်း စိတ်လှုပ်ရှားနေတာလား...

[ သင်ဟာ ဆားငန်ရည်စက်ကို ရရှိခဲ့ပါပြီ..။သင် ဒီအရာကို သောက်ချင်ပါသလား ]

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

မှတ်သားမူ ကို သောက် ရမှာလား...

အခြေအနေတွေက ပိုပိုပြီး ထူးဆန်း ထူးဆန်း လာသလိုပါပဲ..။

ဆန်နီ တွေဝေနေခဲ့တယ်..။

သူ သောက်လိုက်ရင် ဘာဖြစ်မှာလဲ..။မှတ်သားမူတွေ ဆိုတာက အခိုက်အတန့်ကနေပြီး နိုးထသူတွေကို ဆုချတဲအရာပါ..။သူတို့က အတော်လေးကို အသုံးဝင်ပြီး..ထိခိုက်နာကျင်စေတာမျိုးတော့ ဘယ်တုန်းကမှ မရှိခဲ့ပေ..။သို့ပေမယ့် ဒီတစ်ခု က သာမန်တော့ မဟုတ်ပါဘူး..။ပြီးတော့ သူ အခု ပြောနေတာက အခိုက်အတန့်ရဲ့ အကြောင်းပါ..။ဒီ ငနဲက ဘာမှ ကြိုတင်ခန့်မှန်းလို့ ရတာ မဟုတ်ပါဘူး..။သူ သတိမထားရင် နောက်ဆက်တွဲတွေ ဆိုးဝါးသွားနိုင်ပါတယ်..။

ကတ်စီလို မျက်လုံးကန်းသွားရင် ဘယ်သူတာဝန်ယူမှာလဲ...

အကောင်းဆုံးကတော့ ဒီရွှေရောင်အရည်ကို စိတ်ဝိဥာဥ် ပင်လယ်ထဲမှာပဲ ထားပြီး နောက်ထပ် မထိတွေ့တာပါ..။

သို့ပေမယ့် ဒါက ကြီးမြတ်သော နတ်ဆိုးရဲ့ မှတ်သားမူ တစ်ခုလည်း ဖြစ်နေပြန်ပါတယ်..။သူ့တစ်ဘဝလုံးမှာ နောက်တစ်ခု ထပ်ရဖို့ဆိုတာက အိပ်မက်သာ မက်နိုင်ပါလိမ့်မယ်..။

ဆန်နီ ဒီအခွင့်အရေးကို လက်မလွှတ်ချင်ခဲ့ပေ..။

သူ့ရဲ့ လှုပ်ရှားနေတဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်ပြီး နှုတ်ခမ်းကို သပ်လိုက်တယ်..။

"အင်း...ကျွန်တော် သောက်ချင်တယ်.."

[ သဘောအတိုင်းပဲ..]

ရွှေရောင် ရေစက်လေးဟာ လှပတဲ့ အလင်းတန်းစမ်းချောင်းလေး နှစ်ခု အဖြစ်ခွဲထွက်သွားပြီး ဆန်နီ မျက်နှာဆီ ကပ်လာခဲ့တယ်..။သူ့ရဲ့ ပါးကို နူးညံ့တဲ့ ထိတွေ့မူတွေ ရောက်လာတာ ခံစားလိုက်ရပါတယ်..။

ယင်းနောက် ရွှေရောင် အရည်လေးဟာ သူ့ရဲ့ မျက်လုံးတွေကနေ တဆင့်ဝင်ရောက်သွားပြီး စိတ်ဝိဥာဥ်ထဲအထိ ဝင်ရောက်သွားတယ်..။

ခနအကြာမှာတော့ ဒါက မရှိတော့ပါဘူး..။

ဆန်နီ ဘာဖြစ်လာမလဲ မသိတာကြောင့် အေးခဲနေခဲ့တယ်..။

တစ်စက္ကန့်လောက် အကြာမှာတော့..

သူ့ရဲ့ တုန်ရီနေတဲ့ လက်တွေနဲ့ မျက်နှာကို ထိတွေ့ကြည့်လိုက်တဲ့ အချိန်မှာ တစ်ခုခုကို ခံစားလိုက်ရပါတယ်..။

ခနအကြာ , ဆန်နီ ဆိုးဝါးပြီး မယုံနိုင်စရာ တစ်ခုခုကို ခံစားမိလိုက်တဲ့ အလား ပါစပ် အဟောင်းသား ဖြစ်နေခဲ့တယ်..။ဘယ်ကမှန်း မသိတဲ့ နာကျင်မူကလည်း သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးမှာ ပေါ်ထွက်လာခဲ့ပါတယ်..။

All Chapters