အမည်မသိ ကြောက်လန့်မူ
Vol. 6 Ch. 82
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ ပိုးချည်အိမ်ထဲမှာ လဲကျသွားခဲ့ပြီး တစ်ကိုယ်လုံး ဆိုးဝါးတဲ့ နာကျင်မူကြောင့် အော်ဟစ်နေခဲ့တယ်..။တောင့်မခံနိုင်လောက်တဲ့ နာကျင်မူက သူ့ရဲ့ သွေးကြောတွေကနေတဆင့် ထိုးဖောက် ဝင်ရောက်နေခဲ့တာပါ..။
ဒါက သူ့ရဲ့ ကြွက်သားတွေ အကုန်လုံးကို ခြေမွ ပစ်နေသလိုတောင် ခံစားနေခဲ့ရတယ်..။အထူးသဖြင့် သူ့မျက်လုံးတွေထဲကို..အရမ်းကို ပူလောင်တဲ့ သတ္တုလုံးကြီး နှစ်လုံး ထည့်သွင်းထားသလိုပါပဲ..။
သူ မျက်နှာကို ကုတ်ဖဲ့ ရင်းနဲ့ အစင်းရာတွေပါ ထင်နေခဲ့တယ်..။သို့ပေမယ့် စက္ကန့်အနည်းငယ် အကြာမှာတော့ ဒီခြစ်ရာတွေ အကုန်လုံးကို အားတစ်ခုက ဆွဲယူလိုက်သလို လုံးဝ ပျောက်ကွယ်သွားခဲ့ပါတယ်..။သူ့ရဲ့ အော်ဟစ်သံတွေကလည်း ထွပ်မလာတော့ပေ..။
ဒါက ဆန်နီ ပထမ အိပ်မက်ဆိုးပြီးတုန်းက ခန္တာကိုယ် ပြောင်းလဲတဲ့ အတွေ့အကြုံနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ..။ဒါက ကြမ်းတမ်းရက်စက်ပြီး လုံးဝကို ပုံမှန်မဟုတ်တာပါ..။
ဆန်နီ ဒီအရာကို တားဆီးနိုင်စွမ်းမရှိတာကြောင့် အံကြိတ်ပြီး တောင့်ခံနေဖို့သာ တတ်နိုင်ခဲ့တယ်..။သူ လုပ်နိုင်တဲ့ အရာကတော့ နာကျင်မူကြောင့် မရူးသွပ်သွားအောင် ထိန်းချုပ်ထားဖို့ပါပဲ..။မျကိရည် တွေဟာ သူ့ မျက်နှာထက်ကနေ ကျဆင်းလာနေခဲ့တယ်..။
ယင်းနောက် အဆုံးမရှိကြာမြင့်အောင် ခံစားပြီးတဲ့ နောက်မှာတော့ နာကျင်မူတွေဟာ တဖြည်းဖြည်း လျော့လျော့လာပြီးမှ ပျောက်ကွယ်သွားခဲ့ပါတယ်..။ဆန်နီ ထူထဲတဲ့ ပင့်ကူအိမ်ပေါ်မှာပဲ အားအင်ကုန်ခမ်းစွာ လဲလျောင်းနေခဲ့တယ်..။
တိတ်ဆိတ်မူပဲ ရှိနေတော့တဲ့ အချိန်မှာ အခိုက်အတန့်ရဲ့ အသံဟာ ထွက်ပေါ်လာခဲ့ပါတယ်..။
[ သင်ဟာ စွမ်းရည်အသစ်ကို ရရှိခဲ့ပါပြီ ]
[ သင်၏ စွမ်းရည်အသစ်ကို ထည့်သွင်းပေးထားပြီးပြီဖြစ်သည် ]
***
ဆန်နီ အတော်ကြာအောင် ခံစားချက်မဲ့နေပြီးကာမှ အသိစိတ်ပြန်ဝင်လာခဲ့တယ်...။ဆိုးဝါးတဲ့ ခံစားမူကြီးက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေတုန်းပါပဲ..။သူ တစ်ခုခုပြောင်းလဲသွားမှာကြောင့် မျက်လုံးဖွင့်ပြီး သူ့ ခန္တာကိုယ်ကို ပြန်ကြည့်ဖို့တောငိ ကြောက်ရွံ့နေခဲ့တယ်..။
'ငါက သားရဲတစ်ကောင်ဖြစ်သွားတာလား..'
ဆန်နီ ကြောက်လန့်မူတွေနဲ့ အတူပဲ မျက်လုံးကို တင်းကြပ်နေအောင် ပိတ်ထားခဲ့တယ်..။
သို့ပေမယ့် သူ့ကိုယ်သူ သားရဲတစ်ကောင်လိုတော့ မခံစားရပါဘူး..။အမှန်တော့ သူ ဘာပြောင်းလဲမူမှကို မခံစားရပေ..။သူ ပြောနိုင်တာကတော့ သူ့မှာ လက်နှစ်ချောင်း ၊ ခြေနှစ်ချောင်းနဲ့ လူသား အသားအရည် လည်း ရှိနေပါသေးတယ်..။
ဒါက ဘာမှတောင် မဖြစ်ခဲ့သလိုပါပဲ..။
' လုပ်စမ်းပါ...ရင်ဆိုင်လိုက်..'
ကြောက်ရွံ့စွာ သက်ပြင်းချလိုက်ပြီး ဆန်နီ မျက်လုံးကို ဖွင့်ကာ သူ့ကိုယ်သူ ကြည့်လိုက်တယ်..။အရာရာတိုင်းက အတူတူပါပဲ..။သူ ရူထောင့် ကို လွှဲလိုက်ပြီး အရိပ်ကနေတဆင့် သူ့ကိုသူ ပြန်ကြည့်လိုက်တယ်..။
သူက လူသားတစ်ယောက် ဖြစ်နေတုန်းပါ..။
ကောငိးပြီ...တစ်ခုခုက ပြောင်းလဲသွားတယ် ဆိုပေမယ့် ဒါက ဘာလဲဆိုတာကိုတော့ သူ မပြောနိုင်ခဲ့ပါဘူး..။သူ့ အမြင်အာရုံက နည်းနည်းလေး ပြောင်းလဲနေသလို ခံစားရပါတယ်..။ဒါကလည်း သူ့ရဲ့ ကိုယ်ပိုင်အမြင်မဟုတ်ပဲ..အရိပ်ရဲ့ အမြင်အာရုံကြောင့်ပါ..။
' ဝီဗာ ရဲ့ မျက်လုံးကနေ လာတဲ့ ဆားငန်ရည်စက်'
သူ့ လက်ကို ဂရုတစိုက်မြှောက်ပြီး မျက်လုံးတွေကို ထိကြည့်လိုက်တယ်..။ဒါလည်း အတူတူပါပဲ..။
သို့ပေမယ့် နည်းနည်း ပြောင်းလဲ နေပုံရပြီး ဒါကဘာလဲ ဆိုတာကိုတော့သူ နားမလည်ပါဘူး..။
လက်ကို အောက်ပြန်ရုတ်လိုက်တဲ့ အချိန်မှာတော့ ဆန်နီဟာ သူ့လက်ချောင်းမှာ သွေးတစ်စက် ရှိနေတာကို သတိထားမိလိုက်တယ်..။ဒါက တစ်ခြား ခြစ်ရာတွေလို ပျောက်မသွားတဲ့ သူ့ပါးက ဒဏ်ရာ ဆီကနေ ရောက်လာတာပါ..။
သူ့ သွေးကို သေချာကြည့်လိုက်တဲ့ အချိန်မှာ အနည်းငယ် ရွှေရောင်တောက်နေတာကို ခံစားလိုက်ရတယ်..။ဒီအရာက အရမ်းကို မှိန်လွန်းလိူ့ သေချာမကြည့်ရင် သတိမထားနိုင်ပါဘူး..။
'ငါ...ငါ...ငါ့ကိုယ်ငါ ဘယ်လိုသောက်ကျိုးနဲ မျိုးတွေ လုပ်မိခဲ့တာလဲ..'
အဲ့အချိန်မှာပဲ သူ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို မတော်တဆ ကြည့်မိလိုက်တယ်..။ဆန်နီ ရဲ့ ခေါင်းထဲမှာ တစ်ခုခု ပြောင်းလဲသွားပြီး မှတ်သားမူ တွေကို မတူညီစွာ မြင်လိုက်ရပါတယ်..။
His eyes widened. V/\IssịT n0(v)eL/b(i)(n).𝘤𝑜/𝓂 for the b/est novel reading experi/en/ce
သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။
အညိုရောင် ပတ်ဝန်းကျင်ကြီးတစ်ခုလုံးရဲ့ အောက်မှာ အဆုံးမရှိ တောက်ပနေတဲ့ မီးစ ကလေး ငါးခုဟာ ရှိနေခဲ့ပါတယ်..။တစ်ခုနဲ့တစ်ခုက တောက်ပတဲ့ စမ်းချောင်းလေးတွေ အဖြစ် ချိတ်ဆက်ထားပြီး ခန့်မှန်းလို့ မရတဲ့ ဆက်နွယ်မူ ပုံသဏ္ဍာန်လေးတွေဖြစ်နေခဲ့တယ်..။
သို့ပေမယ့် အံ့ဩစရာက ဆန်နီ ဒီ ပုံသဏ္ဍာန် တွေကို အနည်းငယ် နားလည်နေခဲ့တာပါ..။ဒီစမ်းချောင်းလေးတွေကနေ အသစ်တွေ့တဲ့ လောဂျစ်က သူ့ကို အသိဥာဏ်တစ်ချို့ပေးနေခဲ့တယ်..။သူတို့က ခုခံနိုင်မူ ရေ၊ ကြံ့ခိုင်မူနဲ့ တစ်ခြား ရှုပ်ထွေးတဲ့ အကာအကွယ်အမျိုးအစားတွေကို နားလည်နိုင်ဖို့အတွက် ဖန်တီးထားတာပါ..။
သူ့ရဲ့ ကိုယ်တွင်းစွမ်းရည်ကနေပြီး နားလည်မူ တစ်ချို့ကို ရနေခဲ့တယ်..။
' ငါ ပိုပြီးတော့ လေ့လာဖို့ လိုအပ်တယ်..'
ပြီးတာနဲ့ သူ စိတ်ဝိဥာဥ် ပင်လယ်ထဲကို ဝင်လိုက်ပါတယ်..။သူ့ စိတ်မျက်လုံးထဲမှာ ရင်းနှီးတဲ့ အမှောင်ကမ္ဘာတစ်ခု ပေါ်လာခဲ့ပါတယ်..။ဒီမှာတော့ ကြီးမားတဲ့ အရိပ်အမြုတေ ၊ ဂြိုလ်ထုတွေလို လွင့်မြောနေတဲ့ မှတ်သားမူ လေးတွေ ၊ ပြီးတော့ ထူးဆန်းတဲ့ ခံစားချက်နဲ့ အတူပဲ တစ်ခုခုက သူ့ရဲ့ အမြင်အာရုံအောက်မှာ ရွေ့လျားနေခဲ့ပါတယ်..။
ဆန်နီ ဟာ သူသေချာ မမြင်ရဘူးဆိုတာ သိပေမယ့် သေချာဂရုတစိုက် လိုက်ကြည့်နေခဲ့ပါတယ်..။
မယုံကြည်နိုင်အောင် အံ့ဩမူနဲ့ မတူပဲ..ဆန်နီ လဲကျမလိုတောင်ဖြစ်သွားခဲ့တယ်..။
'သောက်ကျိုးနဲ..ဘယ်လို ငရဲမျိုးလဲ..'
အမှောင်ထုထဲမှာတော့..တောက်ပ နေတဲ့ မှတ်သားမူတွေရဲ့ မှိန်ပြပြ အလင်းရောင်က ရှိနေပါသေးတယ်..။သူတို့က အရိပ်တွေပါ...။
သူ သတ်ဖြတ်ခဲ့တဲ့ သားရဲတွေရဲ့ အရိပ်တွေ..
ဒီမှာတော့ ဆန်နီ သတ်ခဲ့တဲ့ ပုခုံးကျယ်ကျယ်နဲ့ လူရဲ့ အရိပ်ပါ ရှိနေခဲ့တယ်..။သူ့ ရဲ့ ပုံသဏ္ဍာန်က အတော်လေးကို ကြောက်ဖို့ကောင်းပြီး တောင်ဘုရင် လာဗာ ကြောင့် သားရဲ အသွင်ပြောင်းနေခဲ့ပါပြီ..။
တောင်ဘုရင် ရဲ့ အရိပ်ကတော့ သူ့ရဲ့ အထက်မှာရှိနေခဲ့တယ်..။သူ့ပုံစံက အသက်ရှင်လျက် ရှိနေသေးတဲ့ နတ်ဘီလူး တစ်ကောင်လိုပါပဲ..။ဆန်နီ ဒီအကောင်ကြီးရဲ့ လက်သည်းတွေလက်ကနေ ထွက်ပြေးခဲ့ရတဲ့ အချိန်ကိုတောင် ပြန်သတိရမိလိုက်ပါတယ်..။
သူ့ရဲ့ ကြာပွတ်နဲ့ ရိုက်ခဲ့တဲ့ ရက်စက်တဲ့ စစ်သည်ကတော့ သူ့ဘေးနားမှာ ရှိနေခဲ့တယ်..။ဒီလူက သူ့ရဲ့ လက်နှစ်ဖက်နဲ့ ကိုယ်တိုင်သတ်ခဲ့တဲ့ ပထမဆုံး လူသားပါ..။သူက ဒီလူ့ခန္တာကိုယ်ဆီက အဝတ်အစားနဲ့ ဖိနပ်ကိုတောင် ယူခဲ့ပါသေးတယ်..။
သူတို့ရဲ့ နှစ်ဖက်စလုံးမှာတော့ တစ်ခြား အရိပ်တွေ ရှိနေခဲ့တယ်..။ကြေးခွံသားရဲတွေဟာ တိတ်ဆိတ်စွာ ရပ်နေခဲ့ကြပြီး သူတို့ရဲ့ ညှပ်ကြီးတွေကို အောက်ချထားကြပါတယ်..။ကြောက်စရာ ကြေးခွံသားရဲ ခေါင်းဆောင်ရဲ့ အရိပ်ကတော့ သူတို့တွေရဲ့ ရှေ့မှာ ရှိနေခဲ့တယ်..။
ဆန်နီ ရဲ့ လက်နဲ့ သတ်ခဲ့တဲ့ သက်ရှိ တစ်ကောင်ချင်းစီ တိုင်းက အရိပ်ပုံစံအတိုင်း ရှိနေခဲ့ကြတာပါ..။
ဒီအရိပ်တွေမှာ မျက်လုံး မပါရှိပေမယ့်လည်း ဆန်နီဟာ သူတို့က သူ့ကို စိူက်ကြည့်နေကြသလို ခံစားနေရပါတယ်..။
တိတ်တဆိတ် ...ခံစားချက်မဲ့စွာ ...ကြည့်နေကြတယ်...
အေးစက်မူက သူ့ ကျောရိုးအထိအောင် စိမ့်တက်လာခဲ့တယ်..။ဆန်နီ တံတွေးကို မြိုချလိုက်ပြီး သူ့ရဲ့ ခြေတွေ လက်တွေကတော့ အနည်းငယ် တုန်ရီ နေခဲ့ပါတယ်..။သေဆုံးပြီးသား အရိပ်စစ်တပ်ကြီးကို စိတ်ဝိဥာဥ် ပင်လယ်ထဲမှာ တွေ့လိုက်ရတာက ပျော်ဖို့တော့ မကောင်းပါဘူး..။ဒီစစ်တပ်ကြီးက သူ ကိုယ်တိုင် သတ်ဖြတ်ခဲ့တဲ့ သက်ရှိတွေ ဖြစ်နေတဲ့ အတွက် ပိုပြီးတောင် ဆိုးဝါး ပါသေးတယ်..။
သူ အံကို ကြိတ်ထားလိုက်တယ်..။
' တကယ်ပဲ ဒါက ဘယ်လို ငရဲမျိုးလဲ...'