နံပါတ် ၅
Vol. 6 Ch. 83
အရိပ်တွေဟာ ဆန်နီကို ကြည့်နေခဲ့ပြီး ဆန်နီကလည်း အရိပ်တွေကို ပြန်ကြည့်နေခဲ့တယ်..။
အတော်ကြာပြီးတဲ့ နောက်မှာတော့ အခြေအနေက ပိုပြီး ရှက်ရွံ့ဖို့ ကောင်းလာခဲ့ပါတယ်..။
ဆန်နီ တွေဝေစွာ မေးလိုက်တယ်..။
"အာ..မင်းတို့က ဘာမှမလုပ်ကြတော့ဘူးလား.."
အရိပ်တွေဟာ မတုန့်ပြန်ကြပဲ..ခံစားချက်မဲ့စွာသာ တိတ်ဆိတ်နေခဲ့ကြပါတယ်..။
ထပ်ပြောရရင် သူတို့ဆီမှာ သက်ရှိတစ်ယောက်ရဲ့ အငွေ့အသက်မျိုးတွေ မတွေ့ရပေ..။သူတို့က ထပ်တူညီမူ ရှိခဲ့တုန်းက ထက်တောင် ပိုပြီး အသက်မဲ့နေပါသေးတယ်..။ဆန်နီ ခေါင်းကို ကုတ်လိုက်တယ်..။
သူ့ရဲ့ အစောပိုင်းက ကြောက်ရွံ့မူတွေကတော့ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ပါပြီ..။ဘာပဲဖြစ်ဖြစိ ဒါက သူ့ရဲ့ စိတ်ဝိဥာဥ် ပင်လယ်ပါ..။သူ့ကို ဒီနေရာမှာ အန္တရာယ်ပေးနိုင်တဲ့ အရာက ရှားပါးပါတယ်..။
အရိပ်တွေက သူ့ကို မတိုကိခိုက်နိုင်ဘူးဆိုတာကိုတော့ ဆန်နီ သေချာပြောနိုင်ပါတယ်..။ဒါကြောင့် သူတို့က အန္တရာယ် မရှိနိုင်ပေ..။
မေးခွန်းက..ဘာလို့ အရိပ်တွေက ဒီမှာရုတ်တရက် ပေါ်လာတာလဲ...
ဒါကို တွေးမိလိုက်တဲ့ အချိန်မှာတော့ ဆန်နီရဲ့ စိတ်ထဲမှာ အဖြေပေါ်မလာခဲ့ပါဘူး..။အဲဒီအစား သူတို့က ဘာကိုမှ မမြင်သလိုသာ ရှိနေခဲ့ကြတယ်..။
အဲ့အချိန်မှာပဲ..ဆန်နီရဲ့ မျက်လုံးတွေဟာ ရုပ်သေးဆရာရဲ့ ဝတ်ရုံပေါ်က တောက်ပနေတဲ့ စီးကြောင်းလေးတွေကို သတိထားမိသွားခဲ့တယ်..။
ဆန်နီ တ်ိတ်ဆိတ်နေတဲ့ အရိပ်တွေကို နောကိဆုံးတစ်ကြိမ် ထပ်ကြည့်လိုက်ပြီး..မျက်မှောက်ကျုတ်ကာ ထွက်သွားလိုက်ပါတယ်..။
'သူတို့ကို အလှအပ ရုပ်ထုတွေလို့ပဲ သဘောထားတော့မယ်..။စိတ်ဝိဥာဥ် ပင်လယ်ကို ဒီဇိုင်းလှလှ မဆင်ရဘူးလို့ ဘယ်သူပြောထားလို့လဲ....
ဆန်နီဟာ..ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ရှိနေတဲ့ ဂြိုလ်လုံးလေးဆီကို သွားလိုက်ပြီး ထုတ်ယူလိုက်တယ်..။ဂြိုလ်လုံးလေးရဲ့ အလင်းရောင် ဟာ တဖြည်းဖြည်း မှန်သွားခဲ့ပြီး အကာအကွယ် အင်္ကျီပေါ်လာခဲ့ပါတယ်..။
'ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်က အမြုတေငါးခု ရှိတဲ့ နတ်ဘီလူး တစ်ကောင်ဆီက လာတာပဲ..။အမြုတေ ငါးခု ဆိုတော့ အဆင့်ငါး မှတိသား ..ဆက်စပ်မူ ငါးခု ပေါ့..ဒါက အဓိပ္ပါယ်ရှိတယ်.."
သူ့လက်ထဲမှာ ရှိနေတဲ့ ဝတ်ရုံကို အာရုံစိုက်နေရင်းနဲ့ ဆန်နီ ဖော်ပြချက်ကို ထုတ်ကြည့်လိုက်တယ်..။ရင်းနှီးတဲ့ ဖော်ပြချက်က အကာအကွယ်ရဲ့ အပေါ် လေထဲမှာ ပေါ်လာခဲ့ပါတယ်..။
မှတ်သားမူ : [ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ]
မှတ်သားမူ အဆင့် : နိုးထမူ
မှတိသားမူ အဆင့်ခွဲ : ငါး
မှတ်သားမူ အမျိုးအစား : အကာအကွယ်
မှတ်သားမူ ဖော်ပြချက် : [ သံသယ သားရဲ ]
မှတ်သားမူ အဆင့်ခွဲ ဆိုတဲ့ အရာက ..အသစ်ပေါ်လာခဲ့တာပါ..။အခိုက်အတန့်က ဆန်နီ အတွက် မှတိသားမူတွေအပေါ် နားလည်မူကို တိုးမြင့်ပေးနေသလိုပါပဲ..။
အဆင့်ခွဲတွေ ဆိုတာက လူသားတွေက အခိုက်အတန့် ဆီက သင်ယူရမှာမဟုတ်ပါဘူး..။အဲ့ဒီအစား ဒါက တူညီတဲ့ အဆင့်တစ်ခု ထဲမှာရှိတဲ့ လက်နက်တွေရဲ့ အဆင့်သတ်မှတ်ချက်ကို ခွဲခြားပေးထားတာပါ..။ဒါက အမြဲတမ်း ယုံကြည်လို့ မရသလို ၊ မှားတယိလို့လဲ ပြောလို့ မရပါဘူး..။သို့ပေမယ့် ဒါက ဘာမှမရှိတာထက် စာရင် ပိုပြီး ကောင်းမွန်ပါတယ်..။
'ဒါက အတော်လေး အသုံးဝင်မယ့်ပုံပဲ '
သို့ပေမယ့် သူ့ရဲ့ အာရုံစိုက်မူက တစ်ခြားတစ်ခု စီကို ရောက်သွားခဲ့တယ်..။ဖော်ပြချက်ရဲ့ အောက်ခြေနားမှာ နောက်ထပ် ဖော်ပြမူ အစစ်ရှိနေခဲ့တာပါ..။
မှတ်သားမူ တိုးမြင့်ချက် : [ ခံနိုင်ရည်အား တိုးမြှင့်ခြင်း ] [ သံသယကင်းမဲ့မူ ]
ဆန်နီ ပြုံးလိုက်တယ်..။ဒါက သူမျှော်လင့်နေတဲ့ အရာပါပဲ..။အရင်တုန်းက က မှတ်သားမူတွေမှာ ရှိတဲ့ အထူးစွမ်းရည်တွေကို ခံစားမိပေမယ့် မဖော်ထုတ်နိုင်ခဲ့ပေ..။
ခနလေး...
သူ တိုးမြင့်မူ တစ်ခုကို ကြည့်လိုက်တယ်..။
[ သံသယ ကင်းမဲ့မူ ]
ဖော်ပြချက် : [ ဝတ်ဆင်သူအား စိတ်စွမ်းအားဖြင့် တိုက်ခိုက်မူများမှ အနည်းငယ် ကာကွယ်ပေးနိုင်သည် ]
'သိပ်ကောင်းတယ် '
အနည်းငယ်လို့ ထည့်ပြောခဲ့တာက ဒါက နိုးထမူ အဆင့် မှတ်သားမူပဲ ဖြစ်နေလို့ပါ..။' ခံနိုင်ရည် အားကို တိုးမြှင့် ထားတာ သိသွားပြီ ဆိုတော့ ဆန်နီဟာ..ဝတ်ရုံကို ပြန်သိမ်းလိုက်ပြီး ငွေရောင် ခေါင်းလောင်းကို ထုတ်လိုက်တယ်..။
ငွေရောင် ခေါငိးလောင်းလေးက..အထဲမှာ အလင်းစက်ကလေး တစ်ခုသာ ရှိပြီး ဒါကလည်း ရုပ်သေးဆရာ ဝတ်ရုံထဲက အလင်းစက်တွေထက် ပိုပြီး မှိန်ပါတယ်..။အချက်အလက်တွေကို ဖတ်ပြီးနောက်မှာတော့ ဆန်နီ သိပ်ပြီး စိတ်မဝင်စားတောါပေ..။ဒါက ပြောင်းလဲခြင်း အဆင့် မှတ်သားမူပဲဖြစ်တာကြောင့် အသံမြည်တဲ့ အကာအဝေးကိုပဲ တိုးချဲ့ပေးထားပါတယ်..။
နောကိဆုံးတော့ သန်ခေါင်းယံ အမြုတေ အလှည့်ရောက်လာပါပြီ..။ခန့်ညားတဲ့ ဓားသွားဟာ ဆန်နီ ရဲ့လက်ထဲမှာ လှပစွာ ပေါ်ထွက်လာခဲ့တယ်..။
မှတ်သားမူ ရ: [ သန်းခေါင်ယံ အမြုတေ ]
မှတ်သားမူ အဆင့် : နိုးထမူ
မှတ်သားမူ အဆင့်ခွဲ : သုံး
မှတ်သားမူ ဖော်ပြချက် : [ ကျရှုံးသွားတဲ့ ကြယ်တစ်ပွင့်၏ အမြုတေဖြင့် ထုလုပ်ထားသည်..။ဒီဓားက နောကိဆုံး သွေးစက်အထိ အရှုံးမပေးပဲ တိုက်ခိုက်လိုသည့် လူ များအတွက် သင့်တော်သည် ]
မှတ်သားမူ တိုးမြင့်ချက် ; [ မကျိုးပဲ့နိုင် ]
ဖော်ပြချက် : [ ဒီဓားက ကျိုးပဲ့ခြင်းကို ငြင်းခံထားပြီး ခံနိုင်ရည်အားက အကြောင်းပြချက်များကို ကျော်လွန်နေသည်..။ကိုင်ဆောင်သူ သေဆုံးခါနီး အချိန်တွင် စွမ်းအား အဆမတန် ထိုးတက်လာလိမ့်မည်..။သို့ပေမယ့်..ကိုင်ဆောင်သူက အရှုံးမပေးလိုသည့် စိတ်ဓာတ်များ ရှိရန် လိုအပ်သည် ]
ဆန်နီ သက်ပြင်းချလိုက်သည်..။အခုတော့ သူ့လက်ထဲက သန်းခေါင်ယံ အမြုတေ ၏ စွမ်းအားတွေကို ဘယ်လို ဖော်ထုတ်ရမလဲ ဆ်ိုတာကို သိသွားပြီဖြစ်၏..။သို့ပေမယ့် ဒီအရာက သူသေခါနီးမှသာ ဖော်ထုတ်နိုင်မည်ဖြစ်သည်..။ဒါက သူ့ကို ကယ်တင်နိုင်မည်ဖြစ်သလို..နောက်ဆုံးအသက်ရှင်တဲ့အထိ တိုက်ခိုက်သွားတဲ့ သူရဲကောင်းပုံစံ မျိုးလဲ ဖြစ်စေနိုင်လိမ့်မည်..။
ဆန်နီကတော့ သူရဲကောင်း ဆန်တာမျိုးတွေကို သိပ်ပြီး စိတ်မဝင်စားပေ..။ဒီဓားရဲ့ စွမ်းရည်က အသုံးဝင်သော်လည်း ဆန်နီ အတော်လေး ဒုက္ခရောက်မှသာ ပေါ်ထွက်လာပေလိမ့်မည်..။
တစ်နည်းပြောရရင် သူ ရှုံးန်ိမ့်သည့်အချိန်မှ အသုံးပြုနိုင်မည်ဖြစ်သည်..။သာမန် တိုက်ပွဲများတွင် သူ့ရဲ့ စွမ်းရည်က အသုံးဝင်မှာမဟုတ်ပေ..။
မှတ်သားမူတွေ ပြီးသွားတဲ့ နောက်မှာတော့ ဆန်နီဟာ စွမ်းရည် အသစ်တွေကို ကြည့်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်၏..။ဒီအရာတွေရဖို့ သူ ခံစားခဲ့ရတဲ့ နာကျငိမူကို ပြန်တွေးမိရင် အနည်းငယ်တော့ ..မျှော်လင့်ထားခဲ့၏..။
ဆန်နီ အာရုံစိုက်ပြီး စွမ်းရည်အသစ် နာမည်များကို ဖတ်လိုက်သည်..။
ဒီမှာ စွမ်းရည် ငါးခု ရှိနေခဲ့၏..။
[ ကံစီမံရာ ] [ နတ်ဘုရား အမှတ်အသား ] [ အရိပ်၏ သားတော် ] နှင့် စွမ်းရည်သစ် , [ ဝီဗာသွေး ]
ဆန်နီဟာ [ ဝီဗာ ] သွေးရဲ့ ဖော်ပြချက်ကို ဖတ်ဖို့ လုပ်ခဲ့ပေမယ့် ရပ်တန့်လိုက်၏..။
တစ်ခုခု က မူမမှန်ခဲ့ပေ..။
အကြောင်းပြချက်တစ်ချို့ ကြောင့် သူ မေ့ပျောက်တဲ့ ခံစားချက်ကို ထူးဆန်းစွာ ခံစားနေရသည်..။
"ဒါက...ငါ ရုပ်သေးဆရာရဲ့ ဝတ်ရုံကို လေ့လာတုန်းက..။ဒါက....နံပါတ် ငါး နဲ့ ဆက်နွယ် နေခဲ့တာ မဟုတ်ဘူးလား.."
ငါး လား...။နံပါတ် ငါးက ဘာကို ဆိုလိုတာလား..
သူ့အာရုံတွေ ဝေဝါးလာတဲ့ အချိန်မှာတော့ ဆန်နီ နှုတ်ခမ်းကို ကိုက်ချလိုက်သည်..။သွေးတစ်စက်က အောက်ကို ပြုတ်ကျသွား၏..။နာကျင်မူ တစ်ခုက ..သူ့စိတ်ကို ခနလောက် ရှင်းလင်းသွားစေခဲ့တယ်..။
စွမ်းရည် ငါးခု ရှိတယ်..။
[ ကံစီမံရာ ] [ အရိပ်၏ သားတော် ] [ နတ်ဘုရား အမှတ်အသား ] [ ဝီဗာ သွေး ]
ဟင်...
ငါးခု ရှိတာကို ငါက ဘာလို့ လေးခုပဲ..ရေတွက်လို့ ရတာလဲ .။
ဆန်နီ သေချာအောင် ထပ်ကြည့်လိုက်တယ်..။ဒီနေရာမှာ စွမ်းရည်က ငါးခု ရှိနေတာက သေချာပါတယ်..။သို့ပေမယ့် သူဘယ်လောက်ကြိုးစားပါစေ..သူ့ရဲ့ နာမည် နဲ့ ဖော်ပြချက်ကို မဖတ်နိုင်ခဲ့ပေ..။
ဆန်နီ အတတ်နိုင်ဆုံး ကြိုးစားပြီး မမေ့ပျောကိအောင် လုပ်နေခဲ့တယ်..။
"ငါးခု...ဒါက ငါးခုပဲ..။ငါ့မှာ စွမ်းရည် ငါးခု ရှိတယ်...ချီးပဲ.."
ရုတ်တရက် သူဒီစကားတွေကို အော်ရွတ်နေရင်းနဲ့ တစ်ခုခု ပြောင်းလဲသွားခဲ့တယ်..။မမြင်ရတဲ့ ပုံရိပ်တစ်ခုက သူ့မျက်လုံး ဒါမှမဟုတ် စိတ်ထဲကို ဝင်ရောက်လာခဲ့တာပါ..။
ဆန်နီ အေးခဲသွားခဲ့တယ်..။မျက်လုံးကို အတင်း ပြန်ဖွင့်လိုက်တယ်..။
'ငါ...ငါ အိပ်မက်မက် နေတာလား..'
ဟုတ်တယ်...သူက ကတ်စီရဲ့ ထိပ်လန့်နေတဲ့ မျက်လုံးတွေကို မြင်ခဲ့ရတာပါ..။သူမက သူ့ကို ဒီနံပါတ် ငါး ကို မှတ်မိအောင် ကြိုးစားဖို့ တောင်းပန်နေခဲ့ပါတယ်..။
မဟုတ်ဘူး ခနလေး..
ဒါက အိပ်မက် တစ်ခု လား..။
ယင်းနောက် သူ အိပ်မက်တစ်ခုလုံးကို မေ့သွားခဲ့တယ်..။
ဒါက အရင်နေ့တုန်းက အိပ်မက်ကို မေ့သွားတာနဲ့ တစ်ပုံစံတည်းပါပဲ..။