← Chapters

အနက်ရောင် အစေ့

Vol. 6 Ch. 84

အနက်ရောင် အစေ့

Vol. 6 Ch. 84

#ဘာသာပြန် = စနိုးဝှိုက်

ဒါက သူတို့ ကြေးခွံနတ်ဆိုးကို သတ်ခဲ့တဲ့ နေ့အပြီးမှာ ဖြစ်ပျက်သွားခဲ့တာပါ..။အဲ့အချိန်တုန်းက သူတို့သုံးယောက်စလုံး မောပန်းနေခဲ့တယ်..။သူတို့ အလောင်းကောင်ကြီးနဲ့ ဝေးရာကို ရွေ့ပြောင်းပြီးတဲ့နောက်မှာတော့..စခန်းချတဲ့နေရာမှာ ချက်ချင်း အိပ်ပျော်သွားခဲ့ကြတယ်..။

သိူ့ပေမယ့် သူတို့ အကြာကြီး အိပ်မပျော်ခဲ့ပါဘူး..။

တစ်နာရီ နှစ်နာရီလောက်ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီဟာ ကတ်စီ သူ့ပုခုံးကို လှုပ်နှိုးမူကြောင့် နိုးလာခဲ့ပါတယ်..။သူမရဲ့ မျက်နှာပေါ်မှာတော့ ထိပ်လန့်မူတွေကို အထင်းသား မြင်နေခဲ့ရတယ်..။

"ဆန်နီ ...ဆန်နီ ...ထဦး..."

ချက်ချင်း အသိစိတ်ပြန်ဝင်လာတဲ့ ဆန်နီဟာ တစ်ခုခု တိုက်ခိုက်တာ ခံရပြီး ထင်ပြီး သန်ခေါင်းယံ အမြုတေကို ထုတ်လိုက်တယ်..။

သို့ပေမယ့် ကြောက်လန့်နေတဲ့ ကတ်စီ နဲ့ စိုးရိမ်နေတဲ့ နစ်ဖီကလွဲပြီး ဘယ်သူမှ မရှိပါဘူး..။နစ်ဖီကလည်း..သူမရဲ့ ဓားကို ထုတ်ထားပြီး တိုက်ခိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ..။

ရှုပ်ထွေးစွာပဲ ဆန်နီ မျက်မမြင်မိန်းကလေးကို ကြည့်လိုက်တယ်..။

"ကတ်စီ .. ဘာဖြစ်လို့လဲ.."

သူမက သူ့ရဲ့ ပုခုံးတွေကို ဆုပ်ကိုင်ထားပြီး အနားကို ကပ်လာကာ တောင်းပန်တဲ့လေသံ နဲ့ ပြောလိုက်တယ်..။

" ဆန်နီ..နင် အဲတာကို ရပ်လိုက်မှ ရမယ်..။ကျေးဇူးပြုပြီး...ဒီဟာကို လုပ်နိုင်တာက နင်တစ်ယောက်တည်း ရှိတယ်.."

သူ မျက်မှောင်ကျုတ်လိုက်ပြီး ဘယ်ဟာကို ရပ်တန့်ရမှာလဲ ဆိုတာကို နားလည်အောင် လုပ်နေခဲ့ပါတယ်..။

'သူမ နောက်ထပ် အမြင်တစ်ခု မြင်ခဲ့ရလို့လား..'

သူမကို တည်ငြိမ်သွားဖို့အတွက် သူ ရင့်ကျတ်တဲ့ လေသံနဲ့ ပြောလိုက်တယ်..။

"ဒါက အဆင်ပြေတယ် ကတ်စီ ..။ဖြည်းဖြည်း...အသက်ရူ...။ဘာတွေဖြစ်ခဲ့တာလဲ ငါတို့ကို ပြောပြ..။အစကနေ ..ပြောပြ..."

သူမ ခေါင်းကို ခါယမ်းလိုက်ပြီး..

"အချိန်မရှိတော့ဘူး..ငါ မကြာခင်မှာ မေ့တော့မယ်...။ငါတို့ အားလုံး မေ့သွားကြမှာ..။ဒါပေမဲ့ နင် တစ်ခုတော့ မှတ်ထားမှရမယ်.."

'ငါတို့အကုန် မကြာခင် မေ့သွားမယ်ဆိုတာကဘာကို ပြောတာလဲ '

ဆန်နီရဲ့ အံ့ဩနေတဲ့ အမူအရာကိုတောင် မမြင်ပဲ ကတ်စီ အော်ဟစ်လိုက်တယ်..။

"နင် မှတ်ထားမှ ရမယ် ဆန်နီ..၅...အဲတာက နံပါတ် ၅ ပဲ..။မှတ်ထားပါ..။နင် မှတ်ထားမှ ရမယ်..အဲတာက နံပါတ် ၅ ပဲ.."

မှတ်ထားပါ ....နံပါတ် ၅

မျက်မမြင် မိန်းကလေး ပြောနေတာက ဘာတစ်ခုမှ အဓိပ္ပါယ် မရှိပေ..။ဆန်နီ သူမကို ဂရုတစိုက် ဖက်ထားပေးလိုက်တယ်..။သူမရဲ့ ခန္တာကိုယ် တုန်ရီ နေတာကို ကြည့်ရင် သူမ ဘယ်လောက်တောင် ကြောက်ရွံ့နေတာလဲ ဆိုတာ သိသာပါတယ်..။

"ကောင်းပြီ ကတ်...ငါ မှတ်ထားမယ်လို့ ကတိပေးပါတယ်..။နံပါတ် ၅ ဟုတ်တယ်မလား..။တွေ့လား..အဲတာက မေ့ဖို့မှ မလွယ်တာ.."

နစ်ဖီကတော့ သူတို့နှစ်ယောက်ကို ကြည့်ပြီး မျက်မှောက်ကျုတ်နေခဲ့တယ်..။အကြောင်းပြချက် တစ်ချို့ကြောင့် ကတ်စီ က ဆန်နီကိုသာ ပြောနေခဲ့ပြီး သူမကို ဂရုမစိုက်ပါဘူး..။

ဒါက ဘာများ ဖြစ်နိုင်မလဲ...။ဆန်နီ ပဲ လုပ်နိုင်ိပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့် မလုပ်နိုင်တဲ့ အရာလား...

သူ့ အဖြေကို ကြားတာနဲ့ မျက်မမြင် မိန်းကလေးဟာ အနည်းငယ် တည်ငြိမ်သွားခဲ့တယ်..။သို့ပေမယ့် သူမ ထိပ်လန့်နေတုန်းပါပဲ..။

"ကောင်းတယိ..ကောင်းတယ်..။နံပါတ် ၅ ကို မှတ်ထားပါ..။ကတိနော်..."

သူမ ရဲ့ အသံက ပိုပိုပြီး တိတ်ဆိတ်လာခဲ့ပါတယ်..။သူမ ပြောနေတာကိုတောင် သူမ မသေချာတော့ပေ..။

"...အတွေးတွေက ပိုပြီး ရှုပ်ထွေးလေ..ဒါကို ဆုပ်ကိုင်ထားဖို့ ပိုခက်ခဲလေပဲ..။ဒါကြောင့်ပဲ ငါ နင့်ကို ဒီတစ်ခွန်းပဲ ပြောပြနိုင်တာ..။အချိန်ကျလာတဲ့ အခါကျရင် အဲတာက အရာရာတိုင်းကို ပြောင်းလဲ ပေးနိုင်လိမ့်မယ်.."

ဆန်နီ စကားလုံးတွေကို ဂရုတစိုက်ရွေးပြီး တွေဝေစွာ မေးလိုက်တယ်..။

"ကတ်စီ..ငါတို့ကို ဘာတွေဖြစ်နေတာလဲ ဆိုတာ ပြောပြလို့ ရလား.."

သူ့ရဲ့ အသံကို ကြားပြီး မျက်မမြင် မိန်းကလေးဟာ ခေါင်းကို မော့လာခဲ့တယိ..။

သူမရဲ့ မျက်လုံးမှာတော့ ကြောက်ရွံ့မူတွေ ရှိနေသေမယ့် အဲဒိအစား ရှုပ်ထွေးမူတွေ အစားထိုး ဝင်လာခဲ့ပါတယ်..။

'ဟင်..တစ်ခုခု ဖြစ်သွားခဲ့လို့လား.."

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

သူမကပဲ သူတို့ကို အလန့်မကြား နှိုးတာ မဟုတ်ဘူးလား...

'ခနလေး..သူမက အစောက ဘာလို့ နှိုးလိုက်တာလဲ...'

အကြောင်းပြချက်တစ်ချို့ ကြောင့် သူဟာ အစောက အဖြစိအပျက်တွေကို မှတ်မိဖို့ အခက်တွေ့နေခဲ့တယ်..။သူတို့ အစောက ပြောခဲ့တဲ့ စကားတွေက မှတ်ဥာဏ်ထဲမှာ ဝေဝါးလာခဲ့ပါတယ်..။

"နင်က ငါတို့ကို တစ်ခုခု ပြောပြချင်နေတာ..။အဲတာက နံပါတ် ငါး နဲ့တော့ သက်ဆိုင်နေတယ်လို့ ထင်တာပဲ..."

ကတ်စီ မျက်ခုံးပင့်တင်လိုက်တယ်..။

" နံပါတ် ၅ လား...ဘာဖြစ်လို့လဲ.."

ဆန်နီ ဘာပြောရမလဲ မသိတော့ပေ..။သူက တူညီတဲ့ မေးခွန်းကိုပဲ မေးဖို့လုပ်နေခဲ့တာပါ..။

"ငါလည်း မသိဘူးလေ.."

သူ နစ်ဖီကို ရှင်းလင်းတဲ့ အဖြေများပေးနိုင်မလား ဆိုပြီး ကြည့်လိုက်တယ်..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ခြေလှမ်း အနည်းငယ် အကွာမှာ..ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ ကြည့်နေခဲ့ပါတယ်..။သူမက ဆန်နီရဲ့ အကြည့်ကို သတိထားမိပြီး မေးလိုက်တယ်..။

"နင်က ဘာလို့ ဓားကို ထုတ်ထားတာလဲ.."

ဆန်နီ သူ့ဓားကို ကြည့်လိုက်ပြီး ဘယ်အရာက ဒီအခြေအနေအထိ ဖြစ်စေတာလဲ ဆိုတာ မှတ်မိအောင် ကြိုးစားလိုက်ပါတယ်..။

"အာ..ငါလည်း မသေချာဘူး..။နင်ကရော ဘာလို့ ဓားကို ထုတ်ထားတာလဲ.."

အခုမှ နစ်ဖီ လည်း သူမ ဓားထုတ်ထားမှန်းကို သတိထားမိလိုက်တယ်..။သူမမျက်နှာမှာ သံသယဖြစ်တဲ့ အမူအရာ ပေါ်လာခဲ့ပါတယ်..။

"ငါတို့ရဲ့ ခေါင်းတွေ ဒီနေ့ဘာဖြစ်နေတာလဲ.."

နစ်ဖီလည်း ဘာဖြစ်နေမှန်း သေချာမသိတာကြောင့် ဆန်နီ ကတ်စီ ဘက်ကို ပြန်လှည့်လိုက်တယ်..။

" နောက်ထပ် အမြင်တစ်ခု မြင်ခဲ့ရလို့လား.."

မျက်မမြင် မိန်းကလေးဟာ တုန်ရီနေခဲ့တယ်..။သူမ နောက်တစ်ကြိမ် ထိပ်လန့်မူတွေနဲ့ပြည့်နှက်လာခဲ့ပါတယ်..။

"အမြင်တစ်ခု..ဟုတ်တယ်..ငါ အမြင်တစ်ခုကို မြင်ခဲ့ရတယ်..။ဆိုးဝါးတယ်...တကယ်ကို ဆိုးဝါးတဲ့ အမြင်တစ်ခုပဲ.."

"နင် ဘာမြင်ခဲ့ရလို့လဲ.."

သူမ အနည်းငယ်လောက် တိတ်ဆိတ်​နေပြီး မှတ်မိဖို့ ကြိုးစားနေခဲ့ပါတယ်..။နောက်ဆုံးမှ တိတ်တဆိတ် ပြောလာခဲ့တယ်..။

"ငါ...ငါ တောင်တစ်တောင်ကို မြင်ခဲ့တယ်..။အလောင်းတွေ စုပုံနေတဲ့ တောင်တစ်လုံးပဲ..။မရေမတွက် နိုင်တဲ့ ခန္တာကိုယ်တွေက တောင်ကုန်းတစ်ခု ဖြစ်တဲ့ အထိကို စုပုံနေခဲ့တာ..။ပြီးတော့..တောင်ထိပ်ပေါ်က သွေးအိုင်ထဲမှာ သေးငယ်တဲ့ အနက်ရောင် အစေ့လေးတစ်ခု ရှိနေခဲ့တယ်..။

သူမ ခနလောက် တိတ်ဆိတ်ပြီးမှ ထပ်ပြောလိုက်တယ်..။

'ငါထင်တာတော့ ဒါက အတိတ်ပဲ ဖြစ်ရမယ်..။ပြီးတော့ ငါမြင်ခဲ့တာက အနာဂတ်..အနာဂတ်တစ်ခု..။အဲတာက ငါတို့ပဲ...။အိုးဘုရားရေ...ငါတို့က ..ငါတို့က..."

သူမရဲ့ အသံက တုန်ရီလာခဲ့တယ်..။ဒါက သူမ အသံအကျယ်ကြီး မပြောရဲတဲ့ အတိုင်းပါပဲ..။

ဆန်နီ ခနလောက် စောင့်နေပြီးကာမှ ဂရုတစိုက်မေးလိုက်တယ်..။

"ငါတို့က ဘာဖြစ်လို့လဲ.."

မျက်မမြင် မိန်းကလေးဟာ..သူ့ကို ရှုပ်ထွေးစွာကြည့်လိုက်ပြီး..

"ဘာဖြစ်လို့လဲ.."

သူ ခေါင်းကို ကုတ်လိုက်ပြီး..

"အာ...နင် အခုပဲ ငါတို့ကို အမြင်အကြောင်း ပြောနေတာလေ..."

ကတ်စီ မျက်မှောက်ကျုတ်လိုက်တယ်..။

" ဘာအမြင်လဲ..."

ရှက်ရွံ့စွာပဲ ဆန်နီလည်း ..နံပါတ် ၅ နဲ့ အစေ့တစ်စေ့က လွဲပြီး ဘာမှ မမှတ်မိတော့ပါဘူး..။

အကြောင်းပြချက်တစ်ချို့ကြောင့် ဒီနံပါတ်က အရေးကြီးတယ်လို့ သူ ခံစားနေခဲ့ရတယ်..။ဒါပေမဲ့ ဘာလို့လဲ...။ဒါကိုတော့ သူ သေချာမသိပေ..။

'ငါ မေ့သွားပြီ..'

ရုတ်တရက် ဘေးနားမှာ ရှိနေတဲ့ နစ်ဖီဟာ ဓားကို ပြန်သိမ်းလိုက်တယ်..။သူတို့ကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ကြည့်လိုက်ပြီး သူမ မေးလိုက်ပါတယ်..။

"နင်တို့ ဘာလို့ နိုးနေကြတာလဲ..။ငါတို့ အနားယူဖို့လိုအပ်တယ်..။နတ်ဆိုး အလောင်းကို တစ်ကောင်ကောင်က သတိထားမိနိုင်တာကြောင့် ငါတို့ စွမ်းအင်တွေ ပြည့်ဝနေဖို့ လိုအပ်တယ်လေ.."

ကြားဖြတ်ခံလိုက်ရတာကြောင့် ဆန်နီဟာ ကတ်စီ နဲ့ ပြောနေတာကို လုံးဝ ကို မေ့သွားခဲ့တယ်..။ဆန်နီ မျက်တောင် အနည်းငယ် ခတ်လိုက်ပြီး ပြန်အိပ်ဖို့ လုပ်လိုက်ပါတယ်..။အခြေအနေတွေက တစ်ခုမှ အဓိပ္ပါယ်မရှိပေ..။သူတို့က မောပန်းလွန်းလို့ ဂယောင်ချောက်ခြားဖြစ်နေကြတာ ဖြစ်နိုင်ပါတယ်..။

သူ အတော်ပင်ပန်းနေပါပြီ..။

နာရီအနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ အရိပ်က တောင်ပံသားရဲတွေကို သတိထားမိတာကြောင့် နိုးလာခဲ့ပါတယ်..။ကတ်စီ သတိပေးထားတွေကတော့ သူ့စိတ်ထဲမှာ ထူးဆန်းတဲ့ အိပ်မက်လိုပါပဲ..။

သို့ပေမယ့် အစေ့ ဆိုတဲ့ စကားလုံးကတော့ သူ့ရဲ့ စိတ်ထဲမှာ နက်ရှိုင်းစွာ ဝင်ရောက်နေပြီးပါပြီ..။

အခုတော့ ဆန်နီဟာ အရာရာတိုင်းကို ပြန်မှတ်မိဖို့အတွက် ဝေဝါးမူတွေနဲ့ တိုက်ခိုက်ဖို့ လိုအပ်ပါတယ်..။

All Chapters