တစ်ကြိမ်မှာ တစ်လှမ်းပဲ
Vol. 6 Ch. 85
#ဘာသာပြန် = စနိုးဝှိုက်
သူခိုးငှက်ရဲ့ အသိုက်ထဲမှာထိုင်နေရင်း ဆန်နီ မျက်မှောက်ကျုတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်..။
သူတို့ ဒီတောင်ကုန်းကို ရောက်လာကတည်းက တစ်ခုခု ထူးဆန်းတာက ဖြစ်ပျက်နေခဲ့တာပါ..။အခု သူက ကတ်စီရဲ့ သတိလိုက်မိတဲ့အချိန်မှာ သူတို့ရဲ့ စိတ်တွေကို တစ်စုံတစ်ခုက မေ့ပျောက်လွယ်အောင် ..လုပ်နေပုံရပါတယထ..။
အခုတောင်မှ..သူ ဒီအကြောင်းအရာတွေကို တွေးဖို့အတွက် အတော်လေးကို ခက်ခဲလှတာပါ..။ဒါက သူ့ ဦးနှောက်ထဲက မှတ်ဥာဏ်တွေ အကုန်လုံးကို ဆွဲထုတ်ယူနေသလို ခံစားနေခဲ့ရတယ်..။
အရင်ရက်တွေရဲ့ အဖြစ်အပျက်တွေကတော့ အခုထိ ဝေဝါးနေဆဲပါပဲ..။တစ်ခုခုကို သတိရသွားခဲ့တဲ့ ဆန်နီဟာ မျက်လုံးကို မှိတ်ထားခဲ့တယ်..။
သူတို့ တကယ်ပဲ ဒီကျွန်းပေါ်မှာ ရက်အနည်းငယ်လောက်ပဲ နေခဲ့ကြတာလား..။စိတ်ဝိဥာဥ် သစ်သီးတွေကို စားပြီး သူရထားတဲ့ အရိပ်အပိုင်းအစက အတော်လေးကို များပါတယ်..။သူတို့ ပထမဆုံးစားပြီးကတည်းက ဆိုရင် အနည်းဆုံး တစ်လလောက်တော့ ကြာပြီးလောက်ပါပြီ..။
ဆန်နီ မျက်နှာဖြူဖျော့သွားခဲ့တယ်..။
သူ့မှတ်ဥာဏ်ထဲမှာ ကြီးမားတဲ့ လှစ်ဟာမူကြီး ရှိနေတာကို ခံစားနေခဲ့ရပါတယ်..။သူတို့ ဒီတောင်ကုန်းကို ဘယ်လိုရောက်လာခဲ့ကြတာလဲ..ဘယ်ကို သွားကြမှာလဲ ဆိုတာကို မမှတ်မိတော့ပေ..။တစ်ခြားအရာတွေ ဆိုရင်လည်း အတူတူပါပဲ..။
'တည်တည်ငြိမ်ငြိမ်ထား..'
သူ့ရဲ့ မှတ်ဥာဏ်တွေက..ပျက်ပြယ်နေပေမယ့် ဘာတွေ ဖြစ်နေတာလဲ ဆ်ိုတာကို သိနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေတုန်းပါပဲ..။ဘာပဲဖြစ်ဖြစ် သူက ကတ်စီရဲ့ သတိပေးမူကို တကယ်ပဲ မှတ်မိနိုင်ခဲ့တာပါ..။ဒါက သူ့ရဲ့ မှတ်ဥာဏ်တွေ လုံးဝ ပျောက်ကွယ်သွားတာ မဟုတ်ပဲ ဇဝေဇဝါ ဖြစ်နေတာလို့ ပြောနိုင်ပါတယ်..။
'ပထမဆုံးအဆင့် : အရာရာကို မေ့ပျောက်နေတာမျိုး မဖြစ်အောင် တောင်ခံရမယ်..'
သူ့စိတ်ထဲက အရာကို ပြန်ပြီး ဆွဲယူထားရတာက လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး..။သို့ပေမယ့် သူ အခုချိန်ထိတော့ မမေ့ပျောက်အောင် လုပ်ထားနိုင်ပါသေးတယ်..။
'ဒုတိယ အချက် : ငါဘာလ်ို့ ဒီအရာကို မှတ်မိရမှာလဲ ဆ်ိုတာကို နားလည်အောင် လုပ်ရမယ်..'
ကတ်စီက သူ့ကို နံပါတ် ငါးကို မှတ်မိဖို့တောင်းပန်တယ် ဆိုကတည်းက သူမက သူ့ရဲ့ စွမ်းရည်အသစ်ကို သိထားပြီးသား ဖြစ်လောက်မှာပါ..။
ဒါပေမဲ့ သူက ဘာလို့ နံပါတ် ၅ စွမ်းရည်ကို မေ့ပျောက်လိူ့ မရတာလဲ..။
ဘာတွေက ဆန်းကျယ်နေလို့လဲ..။ကတ်စီ ပြောတာကတော့ ဒီလိုမျိူးလုပ် လုပ်နိုင်တာက သူတစ်ယောက်တည်း လို့ ပြောခဲ့တာပါ..။ပြောင်းလဲနေတဲ့ ကြယ်ပွင်က မရပဲ ဘာလို့ သူလဲ..။
ယင်းနောက် ဆန်နီ တစ်ခုခုကို သဘောပေါက်သွားခဲ့တယ်..။
'သံသယ ကင်းမဲ့မူ '
ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်က သူ့ရဲ့ စိတ် တိုက်ခိုက်ခံရမးကို ကာကွယ်ပေးနေခဲ့တယ်..။ဒါကြောင့်ပဲ..သူက မေ့ပျောက်မူတွေကို အနည်းငယ် အံတုနေနိုင်ခဲ့တာပါ..။
ဒါကြောင့်လည်း သူက ဒီ ထူးဆန်းတဲ့ အသီးတွေကို မစားဖို့ပြောခဲ့တဲ့လူလည်း ဖြစ်နိုင်ပါတယ်..။ကတ်စီက သူ့ရဲ့ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်အကြောင်းကို သိလို့ နစ်ဖီအစား သူ့ကို ရွေးချယခဲ့တာ ဖြစ်နိုင်မှာပါ..။
'ဥာဏ်ကောင်းတဲ့ မိန်းကလေးပဲ..'
ဒီတော့ သူတို့ရဲ့ အခြေအနေက စိတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်ခံထားရတာပေါ့..။
အဖြေကတော့ အတော်လေးကို သိသာပါတယ်..။
'အဲဒီ သောက်ကျိုးနဲ သစ်ပင်..'
အောက်ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ ဆန်နီဟာ ချွေးစေးတွေ ကျလာသလို ခံစားလိုက်ရတယ်..။
အမှန်တော့ ဒီသစ်ပင်ကြီးကိုယ်တိုင်က ရှေးခေတ် ကြောက်စရာ အိပ်မက်ဆိုးသားရဲကြီး တစ်ကောင်ပါ..။သူ သာမှန်ကန်မယ် ဆိုရင် သူ့ရဲ့ ခွန်အားက မယုံနိုင်စရာ ကောင်းလောက်အောင်ပါပဲ..။ဒီသစ်ပင်ကြီးရဲ့ အဆင့်က ဘယ်လောက်ရှိမလဲ ဆိုတာကို တောင် သူမတွေးနိုင်တော့ပေ..။
'သူက ဒီဝန်းကျင်းက သန္တာကျောက် ဝင်္ကပါကို အသက်တွေ ကင်းမဲ့အောင် လုပ်ထားနိုင်တာ အံ့ဩစရာ မရှိတော့ဘူး..'
နောက်ဆုံးတော့ ဒီ တောင်ကုန်းနားကို ဘာလို့ အိပ်မက်ဆိုးသားရဲတွေ မလာရဲတာလဲ ဆိုတာကို နားလည်သွားခဲ့ကြပါတယ်..။မွန်းစတားတွေတောင်မှ ဒီ စိတ်ဝိဥာဥ် သစ်ပင်ကြီးကို ကြောက်ရွံ့ကြရတာပါ..။
သူတို့အတွက် ဒီသစ်ပင်ကြီးကို ဖျက်ဆီးပစ်ဖို့ဆိုတာလာါး မဖြစ်နိုင်ပေ..။ဒီသစ်ပင်ကြီးက အရမ်းကို ကြီးမားပြီး သန်လည်း သန်မာပါတယ်..။
'ဒီတော့ ဘာလုပ် မလဲ.."'
အတော်ကြာအောင် တွေးပြီးနောက်မှာတော့ ဆန်နီ အလျင်မလိုပဲ..ခြေတစ်လှမ်းရှေ့တိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။
ပထမဆုံးအနေနဲ့ သူက သူ့ရဲ့ စွမ်းရည်အကြောင်းကို အတိအကျ သိဖို့လိူအပ်နေတာပါ..။
အချက်အလက်ဇယားကိူ ထုတ်ပြီး သူ ဖုံးကွယ်နေတဲ့ နံပါတ် ၅ စွမ်းရည်ကို နောက်တစ်ကြိမ် ဖတ်ကြည့်လိုက်တယ်..။
ရလာဒ်ကတော့ အတူတူပါပဲ..။စွမ်းရည်က ရှိနေတယ် ဆိုပေမယ့် သူဘယ်လောက်ကြိုးစား ကြိုးစား မမှတ်မိနိုင်ခဲ့ပေ..။
ဒီ ဆန်းကျယ်မူကို သူ့ ရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းနဲ့ မဖြေရှင်းနိုင်တော့ဘူးဆိုတာ သေချာသွားခဲ့ပါပြီ..။ဆန်နီ သူ့ရဲ့ အာရုံစိုက်မူတွေကို နတ်ဘုရား အမှတ်အသား ဆီကို ပို့လိုက်တယ်..။သူ့ရဲ့ ဖော်ပြချက် အောက်မှာတော့ အချက်အလက် အသစ်ကို မြင်နေခဲ့ရပါတယ်..။
[ နတ်ဘုရား အမှတ်အသား ] စွမ်းရည် ဖော်ပြချက် : " သင်ဟာ နတ်ဘုရား၏ အနံ့အသက်တစ်ခုကို သယ်ဆောင်ထားသည် "
[ နတ်ဘုရား အမှတ်အသား ] ကို အဆင့်မြင့်တင်ချင်ပါသလား ..
အချိန်ဖြုန်းအနေတော့ပဲ ဆန်နီ ပြောလိုက်တယ်..။
"ရက်စ် "
ချက်ချင်ပဲ စွမ်းရည်ဖော်ပြချက်က ပြောင်းလဲသွားခဲ့ပါတယ်..။
စွမ်းရည် ; [ နတ်ဘုရား၏ မီးပွား ]
[ နတ်ဘုရား၏ မီးပွား ] စွမ်းရည် ဖော်ပြချက် : " မီးတောက် တိုင်းက မီးစက်ကလေးမှ စတင်ကြရသည်..။သင်၏ စိတ်ဝိဥာဥ်ထဲတွင် နတ်ဘုရား မီးပွားကလေးက တောက်ပနေခဲ့၏..]
သူကတော့ ခန္တကိုယ်ထဲက ဘာပြောင်းလဲမူမှ မခံစားရပေ..။စွမ်းရည်တွေက သူ ဆားရည် စက်ကို စုပ်ယူပြီးကတည်းက တိုးမြင့်ပြီးနေပါပြီ..။
ဆန်နီ သူ့ရဲ့ စွမ်းရည်အသစ်ကို အာရုံစိုက်ပြီး ထပ်ကြည့်လိုက်တယ်..။[ ဝီဗာ သွေး ]
[ ဝီဗာ သွေး ] စွမ်းရည် ဖော်ပြချက် " သင်ဟာ ဝီဗာ၏ ကြောက်မက်ဖွယ် မျိုးနွယ် တစ်စိတ်အပိုင်းကို အမွေဆက်ခံနိုင်ခဲ့သည် ။သူ၏ သွေးသည် ထူးခြားစွာ ကြံ့ခိုင်မူအဖြစ် ပြောင်းလဲခဲ့သည် ]
ဒီတော့..ငါက အနာဂတ်မှာ သိပ်ပြီး သွေးမထွက်တော့ဘူးလား..။ဒါက ကောင်းမွန်တဲ့ အချက်ပဲ..။
သိူ့ပေမယ့် ဆန်နီ သူ့ရဲ့ လက်ရှိအခြေအနေကိုတော့ မတတ်နိုင်သေးပေ..။
အခုက နောက်တစ်ဆင့်ကို လုပ်ဆောင်ရန် အချိန်ဖြစ်၏..။
***
ဆန်နီ ဝိဥာဥ် သစ်ပင်ပေါ်မှ ဆင်းလာသည့် အချိန်မှာတော့ အစောကြီးရှိနေပါသေးတယ်..။သို့ပေမယ့် သူ ဘာအသီးကိုမှ ခူးမလာခဲ့ပေ..။
သူ အိပ်ပျော်နေတဲ့ ကတ်စီဆီကို လျောက်သွားပြီး ပုခုံးကို ညှင်သာစွာ ပုတ်ကာ နှိုးလိုက်တယ်..။ကတ်စီ သူ့ကို နံပါတ် ငါးကို မမေ့ဖို့ ကြိုးစားပြီး ပြောခဲ့တာက သူ့အတွက် အရှုံးမရှိပါဘူး..။
မျက်မမြင် မိန်းကလေးဟာ ဖြည်းဖြည်းချင်း အသိစိတ်ဝင်လာပြီး သူ့ကို စိတ်ရှုပ်ထွေးတဲ့ အမူအရာနဲ့ အိပ်ချင်မူးတူး ကြည့်လ်ိုက်တယ်..။
"ဆန်နီလား...။အစောကြီး ဘာလို့ နှိုးတာလဲ.."
သူ တွေဝေနေပြီးမှ..ပြုံးပြီး ပြောလိုက်ပါတယ်..။
"တကယ်တော့ ငါ ဒီည မအိပ်ရသေးဘူး.."
ကတ်စီ မျက်မှောင်ကျုတ်လိုက်တယ်..။ကံကောင်းချင်တော့ သူမက ဆန်နီ ရဲ့ မျက်နှာပေါ်မှာ ခြောက်နေပြီဖြစ်တဲ့ သွေးတွေကို မမြင်ရပါဘူး..။
"တကယ်လား..ဘာဖြစ်လို့လဲ.."
သူ ပုခုံးတွန့်လိုက်ပြီး..
"ငါ ဝိဥာဥ် သစ်ပင်ပေါ်တက်ပြီး အသီးတစ်ချို့သွားရှာတာ..။ဒါပေမဲ့ အဲတာက သိပ်အရေးမကြီးဘူး..။ဟေး..နင့်စွမ်းရည်က တစ်ခြားလူတွေရဲ့ စွမ်းရည်ကို မြင်နိုင်တယ်မလား.."
သူမ ခေါင်းညိမ့်လိုက်ပေမယ့်..စိတ်ရှုပ်ထွေးနေတုန်းပါပဲ..။
"အင်း နင်သိတယ်မလား..။ဘာဖြစ်လို့လဲ.."
ဆန်နီ ခနလောက် တွေးပြီးကာမှ ဂရုတစိုက်ပြောလိုက်တယ်..။
"ငါ့ရဲ့ စွမ်းရည်ကို ကြည့်ပေးလို့ ရမလား.."