← Chapters

နောက်ဆုံး သဲလွန်စ

Vol. 6 Ch. 86

နောက်ဆုံး သဲလွန်စ

Vol. 6 Ch. 86

#ဘာသာပြန် = စနိုးဝှိုက်

ဆန်နီ ရဲ့အတွေးတွေက အရမ်းကို ရိုးရှင်းပါတယ်..။အရိုးသားဆုံးပြောရရင်..ဝိဥာဥ် သစ်ပင်နဲ့ ပတ်သက်နဲ့ အတွေးစတွေက ထိန်းထားရတာ အတော်လေးကို ..ခက်ခဲပါတယ်..။သူ အတတ်နိုင်ဆုံး မှတ်သားထားတာတွေကလည်း..အကန့်အသတ်ကို ရောက်နေခဲ့ပါပြီ..။

အောက်ကို ဆင်းတဲ့လမ်းတစ်လျောက်မှာတော့ ဆန်နီ သူ့ကိုယ်သူ အကြိမ်အနည်းငယ် ကိုက်နေခဲ့ရတယ်..။စူးရှ တဲ့ နာကျင်မူက သူ့စိတ်ကို ခနလောက် ​ ရှင်းလင်းစေပြီး မေ့ဖျောက်နေမူကို လျော့ချပေးပါတယ်..။

တိုက်ဆိုင်စွာပဲ..သူ [ ဝီဗာ သွေး ] ရဲ့ သက်ရောက်မူက သူ့အပေါ်မှာ ဘယ်လောက်ရှိလဲ ဆ်ိုတာကို တွေ့မြင်နေခဲ့ရတယ်..။သူကိုက်လိုက်တဲ့ ဒဏ်ရာက ခနလေးသာ သွေးထွက်ပြီး ချက်ချင်း သွေးတိတ်သွားခဲ့တာပါ..။

ကြည့်ရတာတော့ သူက သူ့ရဲ့ စွမ်းရည် အသစ်တွေကို အထင်သေးထားမိတဲ့ပုံပါပဲ..။

'အာရုံစိုက် အရူ..တစ်ခြားဘာမှ မတွေးနဲ့..'

သူ အံကိုကြိတ်ထားရင်း လုပ်စရာ ရှိတာကိုသာ အာရုံစိုက်ထားခဲ့တယ်..။

သူက ကတ်စီ ရဲ့ စွမ်းရည်ကို အသုံးပြုပြီး သူ့ရဲ့ ဖုံးကွယ်နေတဲ့ စွမ်းရည်ကို သိအောင်လုပ်ချင်တာပါ..။သူမ ရဲ့အမြင်ကတော့ သူနဲ့ ကွာခြားလှပါတယ်..။ဆန်နီ သိတဲ့အချက်အလက်တွေဆိုတာက အခိုက်အတန့်က သူ့ကို သိစေချင်သလောက်ပဲ သိခွင့်ရတာပါ..။

သို့ပေမယ့် ကတ်စီ ရဲ့ အမြင်ကတော့ သူမရဲ့ စွမ်းရည်ဆီကနေ လာတယ်လို့ ပြောလို့ရပါတယ်..။ဒါကြောင့် သူတို့ရဲ့ စိတ်တွေကို ထိန်းချုပ်ခံနေရတယ် ဆိုရင်တောင် သူမ တစ်ခြားလူရဲ့ စွမ်းရည်ကို မြင်နိုင်တာက သက်ရောက်မခံရလောက်ပေ..။

ဒီတော့ သူ မမြင်ရတဲ့ အရာကို ကတ်စီမြင်နိုင်ဖို့အတွက် အခွင့်အရေးက ပိုများပါတယ်..။

မြေပြင်ကို ရောက်တဲ့ အချိန်မှာတော့ ဆန်နီ မျက်မမြင် မိန်းကလေးကို နှိုးလိုက်တယ်..။ယင်းနောက် သူ ဂရုတစိုက် မေးလိုက်ပါတယ်..။

"ငါ့ စွမ်းရည်ကို ကြည့်ပေးလို့ ရမလား.."

ကတ်စီ ဟာ ဒီမေးခွန်းကြောင့် ရှုပ်ထွေးသွားခဲ့ပါတယ်..။

"နင့်ဟာနင် ကြည့်လို့ မရဘူးလား.."

ဆန်နီ ပြုံးလိုက်တယ်..။

"ရပါတယ်..ဒါပေမဲ့ နင်ဒါကို မြင်ရင် အံ့ဩသွားလိမ့်မယ်.."

မျက်မမြင် မိန်းကလေးဟာ..တွေဝေနေခဲ့ပြီးမှ..

"ကောင်းပြီလေ..ဒါပေမဲ့ ဘာမှမဟုတ်တာ အတွက် ငါ့ကို နှိုးလိုက်တာဆိုရင်တော့ တကယ်စိတ်မကောင်းဖြစ်မိမှာ..။ဒါက တကယ် မကောင်းဘူးလေ.."

ယင်းနောက် သူမ သူ့ရဲ့ မျက်လုံးကို အတော်ကြာအောင် စိုက်ကြည့်လိုက်တယ်..။

"ကံစီမံရာ..အရိပ်၏ သားတော် ၊ နတ်ဘုရားမီးပွား ၊ ခန လေး..အဲတာက နတ်ဘုရား အမှတ်အသား မဟုတ်ဘူးလား..။အာ..ငါ မှားပြီး မှတ်ထားတာဖြစ်ရမယ်.."

ခနလောက် ရပ်လိုက်ပြီးနောက် ကတ်စီဟာ သူမရဲ့ လက်နဲ့ ပါးစပ်ကို အုပ်ပြီး သန်းလိုက်တယ်..။

"အာ..ငါ့မှတ်ဥာဏိတွေက အခုတလော အတော်ဆိုးလာတာပဲ..။အခု ဘယ်ရောက်ပြီလဲ..။အိုး ဟုတ်တယ်..ဝီဗာ သွေး..ဟင်...ဒီဟာကရော ဘယ်ကနေ ရောက်လာတာလဲ.."

ဆန်နီ ကြိုးစားပြီးပြုံးလိုက်တယ်..။

"အဲတာလား..ဥ ကနေလေ.။ဘာပဲဖြစ်ဖြစ် နောက်ထပ် ရှိသေးလား.."

ကတ်စီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။

"ဥ လား...။ကောင်းပြီလေ..ဘာပဲဖြစ်ဖြစ်ပေါ့.."

ပုံမှန်အားဖြင့် စွမ်းရည် အသစ်ပေါ်လာတယ် ဆိုတာက ပုံမှန် ကိစ္စမဟုတ်ပါဘူး...။သို့ပေမယ့် ကတ်စီ ရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ စိတ်အခြေအနေကြောင့် သူမ ဘာကိုမှ သေချာ အာရုံမစိုက်ချင်ခဲ့ပေ..။သူမ စက္ကန့်အနည်းငယ်လောက် မျက်မှောင်ကျုတ်ပြီးရင် အရာအားလုံးကို မေ့သွားခဲ့ပါပြီ..။

အဲ့အချိန်မှာတော့ ဆန်နီရဲ့ နှလုံးခုံသံတွေဟာ မြန်နေခဲ့တယ်..။သူ့မျက်နှာပေါ်မှာ အပြုံးတုကို တပ်ဆင်ထားပြီး နောက်ထပ် ပြောလာမယ့် စကားကိုသာ စောင့်နေခဲ့ပါတယ်..။

ပုံမှန် မဟုတ်တဲ့ အပြုံးနဲ့ ကတ်စီ ပြောလာခဲ့တယ်..။

"ငါ့အမေလုပ်ပေးတဲ့ ကြက်ဥက အကောင်းဆုံးပဲ..။အာ..ငါတို့ ဘာပြောနေကြတာလဲ..။ဟုတ်သားပဲ..နင့်ရဲ့ စွမ်းရည်တွေ..။နောက်ဆုံး တစ်ခုက စိတ်ကြည်နူး မူ..။ခနလေး..ဒါက ဘယ်ကနေ .."

သူ့မှာ အချိန်အနည်းငယ် သာရှိတာကြောင့် ဆန်နီ အလျင်အမြန်မေးလိုက်တယ်..။

"ဖော်ပြချက်..ဖော်ပြချက်မှာ ဘာပြောထားလဲ.."

ကတ်စီ ဘာမေးခွန်းမှ ထပ်မေးမနေခဲ့ပဲ တန်းပြီး ပြောလာခဲ့တယ်..။

"သင်ဟာ ရှေးဟောင်း မိစ္ဆာ ဝိဥာဥ် စားသုံးခြင်း သစ်ပင်၏ ပြုစားခြင်းကို ခံနေရသည်..။ဒီဖြစ်စဥ် ပြီးဆုံးသွားပြီးသည့်နောက်တွင် လွတ်မြှောက်နိုင်တော့မည် မဟုတ်ပေ.."

ဆန်နီ ဒီစကားလုံးတွေကို ကြားလိုက်တဲ့ အချိန်မှာပဲ သူ့ခေါင်းထဲက ကြီးမားတဲ့ သံကြိုးကြီးတွေပြုတ်ကျသွားသလို ခံစားလိုက်ရတယ်..။ရုတ်တရက် သူ့ရဲ့ မှတ်ဥာဏ်တွေပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါတယ်..။

သူ့ရင်ထဲမှာ ထိပ်လန့်မူတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။စက္ကန့်အနည်းငယ်လောက်အထိ သူ စကားမပြောနိုင်ခဲ့ပါဘူး..။

'တည်ငြိမ်ထား တည်ငြိမ်ထား...ဒါက ဆက်မဖြစ်တော့ဘူး..မင်း ရပ်တန့်လိုက်ပြီ..။မင်း အဆင်ပြေသွားပြီ..သူက မင်းကို မစားသုံးနိုင်တော့ဘူး.."

ကတ်စီကို ကြည့်လိုက်ပြီး ဆန်နီ အသက်ကို ဖြည်းညှင်းစွာ ရူထုတ်လိုက်တယ်..။

"ကျေးဇူးပါ.."

မျက်မမြင် မိန်းကလေးဟာ ပြုံးပြီး မျက်ခုံးကို ပင့်တင်လိုက်တယ်..။

"ဘာအတွက်လည်း.."

သူမက အစောက ပြောခဲ့တာတွေ အကုန်လုံးကို မေ့သွားခဲ့ပါပြီ..။

ဆန်နီက ..စိတ်ပြုစားခံရမူ ကနေ လွတ်မြောက်သွားခဲ့ပြီ ဖြစ်ပေမယ့် ကတ်စီကတော့ မလွတ်မြောက်သေးပါဘူး..။သူမရဲ့ စိတ်တွေ အတွေးတွေက ထိန်းချုပ်ခံနေရတုန်းပါ..။

ဆန်နီ ရဲ့ မျက်နှာပေါ်မှာ နာကျင်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။သူ့အသံကို ပုံမှန်ဖြစ်အောင် ကြိုးစားလိုက်ပြီး..

"ငါ့ကို ကယ်တင်ပေးလို့လေ..။အစောကြီး နှိုးလိုက်ရလို့ စိတ်မကောင်းပါဘူး.. ပြန်အိပ်လိုက်လေ..။ငါ ဒီကနေ စောင့်နေပေးမယ်.."

ကတ်စီ ခနလောက် တွေဝေ နေခဲ့ပေမယ့် အရာအားလုံးကို မေ့သွားခဲ့ပြန်ပါတယ်..။မကြာခင်မှာပဲ သူမက လဲလျောင်းပြီး ပြန်အိပ်ပျော်သွားခဲ့ပါပြီ..။သူမက အချိန်တွေ ဘယ်လောက်ကုန်နေလဲ ဆိုတာကိုတောင် မသိပေ..။

ဆန်နီ သူမကို အတော်ကြာအောင်ကြည့် နေပြီးမှ ပြုံးလိုက်တယ်..။နောက်ဆုံးမှာတော့ သူ လမ်းထလျောက်လိုက်ပြီး အတွေးနက်နေခဲ့ပါတယ်..။

All Chapters