လွတ်မြောက်ဖို့ အစီစဥ်
Vol. 6 Ch. 87
#ဘာသာပြန် = စနိုးဝှိုက်
နစ်ဖီကတော့ အနောက်ဘက် အစွန်းမှာ ရှိနေတုန်းဖြစ်ပြီး အနက်ရောင် ဒီရေတွေကို ကြည့်နေခဲ့တယ်..။သူမကြည့်ရတာတော့ ဆန်နီ နောက်ဆုံးမြင်ခဲ့တဲ့ နေရာကနေ ဘယ်ကိုမှ မသွားသလိုပါပဲ..။
သူမကို ရှင်းလင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ခွင့်ရတဲ့ အချိန်မှာတော့ အရင်က သတိမထားမိတာတွေကို သတိထားမိလာခဲ့တယ်..။
နစ်ဖီ ရဲ့ ဆံပင်တွေက အမှန်တကယ် ကို ရှည်နေခဲ့ပါပြီ..။အကယ်ဒမီ မှာတုန်းက သူမရဲ့ ဆံပင်က အတိုလေးပါ..။အခု တော့ သူမရဲ့ ဆံပင်တွေက နားတွေ ဖုံးအုပ်ထဲအထိ ရှည်နေခဲ့တယ်..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ မျက်နှာက ပိုမို ပိန်နေခဲ့ပြီး ..သူမရဲ့ မျက်လုံးတွေကလည်း မျက်ကွင်းညိုနေခဲ့ပါတယ်..။သူမရဲ့ ပုံမှန်ယုံကြည်မူ နဲ့ အင်အားတွေက ပျောက်ဆုံးနေပြီး ..မောပန်းနွမ်းနယ် မူတွေသာ အစားထိုးနေခဲ့တယ်..။
သူမကြည့်ရတာ ခန္တာကိုယ်ထဲမှာ ရောဂါတစ်ခုခု ခံစားနေရတဲ့လူတစ်ယောက်လိုပါပဲ..။
ဆန်နီ ဒီဟာ ဘာရောဂါလဲ ဆိုတာကို သိနေသလိုတောင် ခံစားလိုက်ရတယ်..။
နစ်ဖီမှာ ဆန်းကျယ်တဲ့ ရည်မှန်းချက် ပန်းတိုင် တစ်ခု ရှိတယ် ဆိုတာကို သူ အစောကတည်းက သိထားပြီးသားပါ..။သူမက ဒီ ပန်းတိုင်ကို ရောက်ဖို့ ပြတ်သားမူ ရှိပြီး ဘယ်အရာကို မှလည်း မကြောက်ရွံ့ပါဘူး..။ဒီလို သူမရဲ့ ပြတ်သားမူ တွေက ..ဝိဥာဥ် စားသုံးမူကိုတောင် တောင့်ခံနိုင်နေတဲ့ပုံ ပေါ်ပါတယ်..။
သို့ပေမယ့် ဒီအရာတွေက ခံစားချက်အဖြစ်သာ ကျန်ရှိပြီး အစစ်အမှန် မှတ်ဥာဏ်တွေကတော့ ပျောက်ဆုံးသွားခဲ့ပါပြီ..။ဒါကြောင့် နစ်ဖီက သူမတောင် မသိတော့တဲ့ အရာအတွက် ခံစားချကိတွေ ဖြစ်ပေါ်နေခဲ့တာပါ..။ဒီအတွင်းပိုင်းတိုက်ခိုက်မူတွေက သူမကို ဒီီလိုဖြစ်လာစေတဲ့ အကြောင်းပြချက်ပါပဲ..။
အနားကို ရောက်လာတဲ့ အချိန်မှာတော့ ဆန်နီ သူမ ဘေးနားမှာ ထိုင်ချလိုက်တယ်..။
"ဟေး..နစ်.."
သူမက သူ့ဘက်ကို လှည့်လာခဲ့ပေမယ့် ဘာမှ မပြောခဲ့ပါဘူး..။ဆန်နီ အံကို ကြိတ်ထားလိုက်ပြီး စိတ်ထဲမှာ ဒေါသထွက်လာခဲ့တယ်..။
'အဲဒီ သောက် သစ်ပင်..."'
"ငါ နင့်ကို ပြောစရာ ရှိတယ်.."
သူ စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး သူ တွေ့ရှိခဲ့သမျှ အရာအားလုံးကို တစ်ခုမကျန် နစ်ဖီကို ပြန်ပြောပြလိုက်ပါတယ်..။သူ သစ်ပင်ပေါ်တက်ပြီး ကြီးမားတဲ့ ငှက်သိုက်ကို တွေ့ခဲ့ရတာတွေ..သူခိုးငှက်ရဲ့ ဥ ကို သူ သတ်ခဲ့တာတွေ ၊ ထူးဆန်းတဲ့ မှတ်သားမူ တွေ မတော်တဆရရှိခဲ့တဲ့ စွမ်းရည်အသစ်တွေကို တစ်ခုမကျန်ပြန်ပြောလိုက်တယ်..။
နောက်ဆုံးမှာတော့ ဆန်နီက သူ့စွမ်းရည်ရဲ့ သဘာဝ နဲ့ စိတ်ဝိဥာဥ် စားသုံးခံရမူ ၊ သူတို့ ကျွန်းမှာဘယ်လောက်ကြာနေပြီ ၊ ဘာတွေကို မေ့နေပြီ ဆိုတာတွေကိုပါ ပြောပြလိုက်ပါတယ်..။
သူ ပြောပြပြီးတဲ့နောက်မှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အမူအရာဟာ အနည်းငယ်တောင် မပြောင်းလဲ ခဲ့ပေ..။သူမက အဝေးကိုကြည့်လိုက်ပြီး ရိုးရှင်းစွာသာ ပြန်ဖြေလိုက်တယ်..။
"သိပြီ.."
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
"သိပြီ တဲ့လား..သိပြီတဲ့လား..နင်ပြောချင်တာ ဒီတစ်ခွန်းပဲလား.."
သူမ သူ့ကိုကြည့်ကာ ခါးသက်စွာ ပြုံးလိုက်ပြီး..
"နင်က ငါ့ကို ဘာပြောစေချင်လို့လဲ.."
သူ သူမကို ကြည့်ကာ လက်သီးကို ဆုပ်ထားခဲ့တယ်..။
"ငါ ဘာလုပ်ရမလဲ မသိဘူး..။ငါ ဘာလုပ်ရမလဲဆိုတာ ပြောပါဦး နစ်...။ငါတို့ ဒီကနေ ဘယ်လို ထွက်ကြမလဲ.."
သူမ အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။ဆန်နီကတော့ ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူပြောခဲ့တာတွေ အကုန်လုံးကို မေ့သွားပြီလို့ ထင်ထားခဲ့တာပါ..။သို့ပေမယ့် သူက သူမမျက်လုံးထဲမှာ အဖြူရောင် အလင်းတန်းလေးတွေ ကခုန်နေတာကို သတိထားမိလိုက်တယ်..။
နစ်ဖီက သူမရဲ့ စွမ်းရည်ကို အသုံးပြုပြီး ..နာကျင်မူနဲ့အတူပဲ..အတတ်နိုင်ဆုံး စိတ်ကြည်လင်အောင် တောင့်ခံထားခဲ့တာပါ..။
နောက်ဆုံးတော့ သူမ အနက်ရောင် ပင်လယ်ကိုကြည့်ပြီး ပြောလိုက်တယ်..။
"ငါတို့ လှေတစ်စီးလိုတယ်.."
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
"ဘာ.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ သက်ပြင်းချလိုက်ပြီး သူ့ကိုကြည့်လိုက်ပါတယ်..။
"ငါတို့ ဒီကျွန်းမှာ ရှိနေတာ ရက်သတ္တပတ်တွေ အများကြီး ရှိနေပြီလေ..။ငါတို့ရဲ့ စိတ်တွေကို ဝိဥာဥ် သစ်ပင်က တိုက်စားပြီး အစေခံအဖြစ် တစ်သက်လုံး ပြောင်းလဲထားချင်တာ..။ဒါပေမဲ့ ဒီ ဖြစ်စဥ်က မပြီးမြောက်သေးဘူး.."
သူ ခေါင်းညိမ့်ပြီး နားထောင်နေခဲ့တယ်..။
"ဝိဥာဥ် သစ်ပင်က ငါတို့ ဦးနှောက်မှာ ဘယ်လို အတွေးတွေကို ထားထားတာလဲ..။ဒီအသီးတွေက တကယ်ပဲ နှစ်လိုဖွယ်ကောင်းတယ်.။ဒါကြောင့်လည်း ငါတို့က အဝေးကို မထွက်သွားချင်ပဲ အနီးမှာပဲ နေချင်ကြတာ..။
နစ်ဖီ ကျယ်ပြန့်တဲ့ အနက်ရောင် ရေပြင်ကို လက်ညိုးထိုးပြလိုက်ပြီး..
"နောက်တစ်ချက်က ငါတို့က အကွာအဝေးကို အသုံးပြုပြီး ဝိဥာဥ်သစ်ပင်ရဲ့ ဖမ်းစားနိုင်စွမ်းသက်ရောက်မူကို လျော့ချလို့ရတယ်..။ဒါက လုံလောက်တဲ့ အကွာအဝေးတစ်ခုကိုသာ ရောက်ရင် ကျိုးပျက်သွားမှာပဲ.."
နစ်ဖီရဲ့ လောဂျစ်ကို နားလည်သွားတာကြောင့် ဆန်နီ ရဲ့ မျက်နှာဟာ တောက်ပသွားခဲ့တယ်..။သူတို့က ဒီနေရာကနေ နောက်ပြန်မလှည့်ပဲ ထွက်ခွာဖို့သာ လိုအပ်တာပါ..။ဒါဆိုရင် သူတို့လွတိမြောက်သွားပါလိမ့်မယ်..။ဒါပေမဲ့....
"ဒါပေမဲ့ ဘာလို့ လှေတစ်စီးလဲ...။ငါတို့ ေခြထောက်နဲ့ ပြေးလို့ မရဘူးလား.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ခေါင်းငုံ့ပြီး တိတ်တဆိတ် ပြောလိုက်တယ်..။
"ငါတို့ ခြေထောက်နဲ့သွားရင် ရဲတိုက်ကို ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ဘူး..။ငါတို့ ဒီတိုင်းသေသွားလိမ့်မယ်...။ငါ့ရဲ့ အရင်က အတွေးက မိုက်မဲခဲ့တယ်...ကောင်းပြီ အခုတော့ ပြသနာ မရှိတော့ဘူး..။ဒီ ချိုင့်ဝှမ်းကြီးကို ဝိုက်ပြီးသွားဖို့ဆိုရင် လပေါင်းများစွာကြာလိမ့်မယ် အထူးသဖြင့် ထပ်တူညီမူ မရှိတဲ့အချိန်မှာပေါ့..။ပြီးတော့ ဒီမှာနေတာက ငါတို့ရဲ့ အသက်တွေကို ရင်းနှီးထားရသလိုပဲ.."
သူမ သက်ပြင်းချလိုက်ပြီး..
"ငါတို့ ဒီလောက်အထိ ရှင်သန်တာတောင်မှာ အတော်လေးကို ကံကောင်းနေကြပြီ..။ဒါပေမဲ့ အဆုံးမှာ ငါတို့ ဝိဥာဥ် သစ်ပင်နဲ့ တွေ့ကြရသေးတယ်လေ..။ဒါက ငါတိုရဲ့ အဆုံးသတ်ဖြစ်နိုင်တယ်..။ငါတို့ ဒီလိုစကားတွေကို ပြောနိုင်နေတာကတင် ဘယ်လောက်အထိ မဖြစ်နိုင်တဲ့အရာလဲ ဆိုတာကို သိရဲ့လား.."
ဆန်နီ တွေဝေစွာပဲ ခေါင်းခါယမ်းလိုက်တယ်..။
"ပထမဆုံးအနေဲ့ ငါတို့ရဲ့အဖွဲ့ထဲမှာ အနာဂတ်ကို မြင်နိုင်တဲ့ နတ်ဆရာမ တစ်ယောက်ပါနေတယ်..။ပြီးတောါ ကတ်စီက သူမ မှတ်ဥာဏ်တွေရတဲ့ အချိန်ခနေလေးမှာတင် ဒီလိုပြီးပြည့်စုံတဲ့ အစီစဥ်ကို ချမှတ်ပေးသွားနိုင်တယ်..။ဒီလိုအရာမျိုးက အနည်းဆုံး နိုးထမူ အဆင့် ၅ စိတ်ဝိဥာဥ် အကာအကွယ် ရှိတဲ့လူမှ လုပ်နိုငိတဲ့ အရာပဲ.."
ရုပ်သေးဆရာ၏ ဝတ်ရုံတော် နဲ့ တူတဲ့ မှတ်သားမူတွေကတင် အိပ်စက်သူတွေ ရရှိတာ အတော်လေးကို ရှားပါလှတာပါ..။
"...ပြီးတော့ ကြီးမြတ်တဲ့ နတ်ဆိုးကို တွေ့ပြီး သတ်ပစ်နိုင်ခဲ့တဲ့ တစ်ယောက်..။ပိုပြီး မဖြစ်နိုင်တာက သူက တကယ်ပဲ မျိုးရိုး မှတ်သားမူ ကိုပါ ရရှိခဲ့သေးတာ..။ဒီပေါင်းစည်းထားတဲ့ အဖွဲ့က ဘယ်လောက်တောင် မဖြစ်နိုင်စရာကောင်းလဲဆိုတာ ရှင်းပြဖို့လိုသေးလို့လား.."
ဆန်နီ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်တယ်..။
နစ်ဖီ မျက်လုံးကို ပိတ်ထားပြီး..
"ငါပြောချင်တဲ့ အချက်က...တကယ်လို့ ငါတို့ ဝင်္ကပါ ထဲကို ပြန်သွားပြီး နောက်ထပ် စိတ်ဝိဥာဥ်တွေ ထပ်ကာ ထပ်ကာတွေ့နေရင် ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး..။တစ်ချိန်ချိန်မှာ ငါတို့ သေရမှာပဲ.."
သူမ အနက်ရောင် ရေတွေကို ကျော်လွန်ပြီး အနောက်ဘက်က ကောင်းကင်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်..။
"တကယ်လို့ ငါတို့ သာ လှေတစ်စီးကို တည်ဆောက်နိုင်မယ် ဆိုရင် ကတ်စီရဲ့ တုတ်နဲ့လေကို ဆင့်ခေါ်ပြီး ခရီးဆက်နိုင်တယ်..။ငါတို့က ရေထဲက သားရဲတွေ စားသောက်တာ ခံရနိုင်သလို ငါတို့ကိုဂရုမစိုက်ကြတာလည်း ဖြစ်နိုင်တယ်လေ..။ငါတို့သေမယ်ဆိုရင်တောင် ဝင်္ကပါထဲကို ပြန်သွားပြီး သေရတာ နဲ့ အတူတူပဲ..။တစ်ကယ်လို့ ငါတို့ သာ ရှင်သန်ခဲ့မယ်ဆိုရင် တစ်ညတည်းနဲ့ ကီလိုမီတာ ၁၀၀ ၊ ၂၀၀ လောက်အထိကို ခရီးဆက်နိုင်လိမ့်မယ်..။ငါတို့ ဒီထက် ဝေးအောင်တောင် သွားနိုင်လောက်တယ်..."
ဆန်နီ ဒီအကွာအဝေးကြောင့် ကြောင်အသွားခဲ့တယ်..။
သူတို့ ကြေးခွံနတ်ဆိုးတွေနဲ့ တိုက်ခိုက်ပြီး ရက်သတ္တပတ်တွေ ကြာအောင် ခရီးဆက်ခဲ့တာတောင် မီတာ ၁၀၀ ကျော်ကျော်လောက်ပဲ သွားနိုင်ခဲ့တာပါ..။ဒီနေရာနဲ့ ခေါင်းပြတ် ရုပ်ထုနဲ့ဆိုရင် မီတာ ၁၅၀ လောက်ပဲ ရှိနိုင်ပါတယ်..။ဒါက ဝင်္ကပါကို ဖြတ်ကျော်ရတာ ဘယ်လောက်ခက်ခဲလဲ ဆ်ိုတာ သက်သေပါပဲ..။
တစ်ညတည်းမှာ ဒီလောက် ကီလိုမီတာ အထိ ခရီးတွင်နိုင်မယ် ဆိုတာက တကယ်ကို မယုံနိုင်စရာ ကောင်းလှတာပါ..။ဒါပေမဲ့....
အနက်ရောင် ပင်လယ်ထဲမှာ...ရွက်လွင့် ရမှာလား..
ရုတ်တရက် သူ တစ်ကိုယ်လုံး အေးစက်လာသလို ခံစားလိုက်ရတယ်..။