လှေ တည်ဆောက်သူများ
Vol. 6 Ch. 88
#ဘာသာပြန် = စနိုးဝှိုက်
သတ္တိကို ကြိုးစားမွေးလိုက်ပြီး ဆန်နီ အဝေးကို ကြည့်နေရင်းနဲ့ မေးလိုက်တယ်..။
"နင်လည်း ဒီရေအောက်က သတ္တဝါကြီးတွေကို မြင်ဖူးတာပဲ..။နင်တကယ်ပဲ ရေကူးပြီး ဖြတ်သွားချင်တာလား.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်တယ်..။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သောက်ကျိုးနဲ နေပြီ ဆန်နီ..။ငါတို့မှာ ဘာဆုံးရှုံးစရာ ရှိသေးလို့လဲ.."
သူမ အတော်ကြာအောင် ထပ်ပြီး တိတ်ဆိတ်သွားခဲ့တယ်..။သူမ ရဲ့ မျက်လုံးထဲမှာတော့ ဖြူဖျော့တဲ့ မီးတောက်လေးတွေ ကခုန်နေခဲ့ပါတယ်..။ယင်းနောက် သူမ တိုးညှင်းစွာ ထပ်ပြောလိုက်တယ်..။
"ငါတို့ ဘာမီးမှ ပြုလုပ်မှာမဟုတ်ဘူး..။အနောက်ဘက်ကို ခရီးဆက်ဖို့အတွက် နင့်ရဲ့ မျက်လုံးကိုပဲ အားကိုးထားမှာ..။ကတ်စီရဲ့ အကာအကွယ် ကလည်း ငါတို့ကို ကာကွယ်ဖို့အတွက် လုံလောက်တာ ဖြစ်နိုင်တယ်လေ.."
ဆန်နီ နစ်ဖီကို ကြည့်ပြီးမေးလိုက်တယ်..။
"ကတ်စီ ရဲ့ အကာကွယ်က ဘာတွေထူးခြားနေလိူ့လဲ.."
သူမ ခနလောက် တွေဝေနေခဲ့ပြီးကာမှ ..သူ့ကို မကြည့်ပဲ ပြန်ဖြေလိုက်တယ်..။
"ဒါက နိုးထမူ အဆင့် ၆ အကာအကွယ်ပဲ.။သူ့ရဲ့ စွမ်းရည်ထဲက တစ်ခုက ဝတ်ဆင်ထားသူကို ရန်သူရဲ့ အာရုံစိုက်ခံရမူကနေ လျော့ချပေးတယ်.."
ဆန်နီ အချက်အလက်တွေကို တွေးတော နေချိန်မှာတော့ နစ်ဖီ ရုတ်တရက် တုန်ရီလာခဲ့တယ်..။သူမ မျက်လုံးကို မှိတ်ပြီး အံကို ကြိတ်ထားခဲ့ပါတယ်..။
"ငါ အကန့်သတ်ကို ရောက်နေပြီ..။ငါ့ စိတ်တွေ လွင့်ပျံနေတယ်..။တကယ်လို့ နင့်မှာ မေးခွန်းတစ်ခုခု ရှိနေတယ် ဆိုရင်..မြန်မြန်မေးတာ ကောင်းလိမ့်မယ်.."
သူ ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ့မှာ အချိန်မရတော့ဘူးဆိုတာကို သိသွားပြီး စိတ်ထဲဝင်လာတဲ့ အရာကို မေးလိုက်ပါတယ်..။
"နင်က လှေတစ်စင်းကို ဘယ်လိုလုပ်ရမလဲ ဆိုတာရော သိရဲ့လား.."
ပြောင်းလဲ နေတဲ့ကြယ်ပွင့်ဟာ ခေါင်းညိမ့်ပြလိုက်တယ်..။သူမ ရဲ့ အမူအရာတွေက ပျောက်ဆုံးစ ပြုလာနေခဲ့ပါပြီ..။
အချိန်လု နေတဲ့ ဆန်နီဟာ နောက်တစ်ခု ထပ်မေးလိုက်ပါတယ်..။
"နင့်ရဲ့ မှတ်ဥာဏ်တွေ ပျောက်သွားရင် ဒီကျွန်းကနေ ထွက်ခွာဖို့ နင့်ကို ဘယ်လို ဆွဲဆောင်ရမှာလဲ.."
နစ်ဖီ သူ့ကို စိုက်ကြည့်နေခဲ့တယ်..။ခနအကြာမှာတော့ သူမရဲ့ မျက်လုံးတွေ ပြန်လည် ကြည်လင်လာခဲ့ပါတယ်..။သူမရဲ့ ဖြူဖျော့ပြီး လှပတဲ့ မျက်နှာပေါ်မှာတော့ အဖြူရောင် မီးတောကိတွေ ပေါ်ထွက်နေသလိုပါပဲ.။
"အတ်စတာ....ဆောင်....ဗေးလ်...ဒီစကားလုံးတွေကိုသာ ပြောလိုက်..။ငါ နင်ပြောတာကို နားထောင်လိမ့်မယ်.."
သူမရဲ့ အတွေးတွေးကို ထိန်းချုပ်ထားနေရင်းနဲ့ သူမ ခနလောက် ရပ်သွားကာ လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်..။
"တကယ်လို့ တစ်ခုခုဖြစ်ရင် ကတ်စီကို ခေါ်ပြီး ထွက်သွား...။ငါ...ငါ့ကို...."
ယင်းနောက် သူမမျက်လုံးထဲက အလင်းတွေဟာ ဖြည်းဖြည်းချင်း မှိန်သွားခဲ့တယ်..။ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ဟာ အနောက်ကိုသာ ငေးကြည့်နေခဲ့ပြီး အစောက ပြောခဲ့တဲ့စကားတွေကိုတော့ မေ့ပျောက်သွားခဲ့ပါပြီ..။
ဆန်နီ သူမ ဘေးနားမှာ အချိန်အတော်ကြာအောင် ဒီတိုင်းရှိနေခဲ့တယ်..။ပြီးကာမှ သူ လှမ်းခေါ် လိုက်ပါတယ်..။
"ဟေး..နစ်.."
သူမ ရှုပ်ထွေးတဲ့ အမူအရာနဲ့ သူ့ဘက်ကို လှည့်လာခဲ့တယ်..။
"ဆန်နီလား..အိုး..နင်ဘယ်တုန်းက ရောက်နေတာလဲ.."
"အတော်ကြာပြီ.."
ယင်းနောက် သူ အေးဆေးတဲ့ အမူအရာနဲ့ ပြုံးလိုက်ပြီး..
"ဟေး..ငါ နင့်ကို တစ်ခုခု မေးလို့ ရမလား..။နင် လှေတစ်စီးကို ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာကို သိလား.."
***
နစ်ဖီ သူ့ရဲ့ မေးခွန်းကို အံ့ဩသွားခဲ့ပေမယ့် ..အဖြေပေးဖို့ ကူညီခဲ့ပါသေးတယ်..။ဆန်နီကတော့ လှေဘာလို့ တည်ဆောက်ချင်တာလဲ ဆိုတာကို မပြောပဲ ကွေ့ဝိုက်ပြီး ဖြေနေခဲ့တယ်..။သူ့ရဲ့ အားနည်းချက်ကြောင့် ဒီလိုပြောရတာ မလွယ်ကူပေမယ့် နစ်ဖီ ရဲ့ အခုလိုအခြေအနေကြောင့် သိပ်ပြီး မခက်ခဲပါဘူး..။
သူတို့ ဒီကျွန်းကနေ မြန်နိုင်သမျှ မြန်မြန် ထွက်ခွာမှ ဖြစ်မှာပါ..။ဆန်နီဟာ အနက်ရောင် ဒီရေတွေ ပြန်ရောက်လာတဲ့ အချိန်ကျရင် အဆင်သင့်ဖြစ်နေဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တယ်..။
သူ နစ်ဖီ မမြင်အောင် တစ်ဖက်ကို လှည့်ပြီး သူ့လက်ကို သူ ပြန်ကိုက်လိုက်တယ်..။ခါးသက်တဲ့ သွေးရဲ့ အရသာ နဲ့အတူပဲ နာကျင်မူက လိမ့်တက်လာခဲ့ပြီး စိတ်ကို ရှင်းလင်းသွားစေခဲ့ပါတယ်..။
သူ့ရဲ့ သွေးထွက်နေတဲ့လက်ကို ဖွက်ထားလိုက်ပြီး..
"ဒီတော့ ငါတို့ လှေကို ဘယ်လိုလုပ်ကြမှာလဲ.."
သူမ ခနလောက် တွေးပြီး မတူညီစွာ ပြောလိုက်တယ်..။
"ငါတို့ လက်ထဲမှာ ရှိတဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုရမယ်..။ငါတို့က ကြေးခွံနတ်ဆိုးရဲ့ သေဆုံးနေတဲ့ ခန္တာကိုယ် ကို အသုံးပြုရမယ်လေ..။ငါတို့ သူ့ရဲ့ အကာအကွယ်က သင့်တော်တဲ့ အစိတ်အပိုင်းတွေကို ယူပြီး ကတ်စီရဲ့ ရွှေရောင်ကြိုးနဲ့ ချည်နှောင်ရလိမ့်မယ်.."
ဆန်နီ မျက်ခုံးပင့်တင်လိုက်တယ်..။
"ကြေးခွံနတ်ဆိုးရဲ့ အကာအကွယ်လား..။ဒါက စတီးနဲ့ လုပ်ထားတာလေ..။စတီးတွေက ရေပေါ်မှာပေါ်နိုင်လို့လား.."
နစ်ဖီဟာ သူ့ကိုကြည့်လိုက်ပြီး..
"အရာရာတိုင်းက ရေပေါ်ကို ပေါ်နိုင်တယ် ဆန်နီ..။ငါတို့ လုပ်ရမှာက လွင့်မျှောနေတဲ့ အရာထက်ပိုတဲ့ ရေအလေးချိန်က အထဲကို ဝင်မလာဖို့ပဲ..။ဒါက လှေတွေ အလုပ်လုပ်တဲ့ နည်းစနစ်ပဲ.."
သူ မျက်တောင်ခတ်လိုက်တယ်..။
"အာ...အိုကေ ရွက်လွင့်ဖို့အတွက်ကတော့ ငါတို့ ကတ်စီ ရဲ့ ဝတ်ရုံကို ခနငှားမှရမယ်ထင်တယ်..။ဘယ်လို ထင်လဲ.."
ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ဟာ ထူးဆန်းတဲ့အကြည့်နဲ့ကြည့်လိုက်တယ်..။
"ဟုတ်တာက ဟုတ်ပါပြီ..။နင် လှေတည်ဆောက်ဖို့ ဘာလို့ ဒီလောက်အထိ စိတ်လှုပိရှားနေရတာလဲ..။ဒါပေမဲ့ သူမ ကူညီမယ် ဆိုတာကတော့ ကျိန်းသေတယ်.."
ဆန်နီ ပြုံးလိုက်တယ်..။
"ကောငိးပြီ..ဒါဆိုလည်း နတ်ဆိုးရဲ့ အလောင်းဆီီကို သွားကြရအောင်.."
သူ ထူးဆန်တဲ့စကားကို ပြုံးပြီးပြောလိုက်တယ်..သို့ပေမယ့်..နစ်ဖီ ကို သံသယဖြစ်စေတဲ့အထိတော့ မထူးဆန်းခဲ့ပါဘူး..။
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူတို့ ကြေးခွံနတ်ဆိုး ဆီကို ရောက်လာခဲ့ကြပါပြီ..။ဒါက တောင်ကုန်းပေါ်က သတ္တု ပုံကြီး တစ်ခုလိုပါပဲ..။ပထမနေ့တုန်းကတည်းက တောင်ပံသားရဲတွေဟာ အပေါ်ကို ရောက်လာခဲ့ကြပေမယ့် အနားအထိ မတိုးလာရဲခဲ့ကြပေ..။
ရလာဒ်အနေနဲ့ အလောင်းက အခုထိ ကြီးမားစွာ ရှိနေတုန်းပါပဲ..။
ထူးဆန်းစွာနဲ့ ကြေးခွံနတ်ဆိုးရဲ့ အလောင်းက မပုတ်သိုးသွားခဲ့ပေ..။သူ့ရဲ့ သတ္တုကြေးခွံတွေရဲ့ အရောင်တောကိပမူကသာ ဖြည်းဖြည်းချင်း မှိန်သွားခဲ့တာပါ..။
နစ်ဖီ အလောင်းပေါ်ကို တက်ပြီး ဟိုဘက်လျောက်လိုက် ဒီဘက်လျောက်လိုက် လုပ်နေခဲ့တယ်..။ယင်းနောက် သူမ နေရာတစ်ချို့ကို ထောက်ပြလိုက်ပါတယ်..။
"ဒီအစိတ်အပိုင်းတွေကို အတူတူ ပေါင်းပြီး ချည်နှောငိလိုက်မယ် ဆိုရင် ပြီးပြည့်စုံသွားလိမ့်မယ်..။တစ်ခုချင်းစီတိုင်းက သင်္ဘောကိုယ်ထည် လုပ်ဖို့ လုံလောက်ယုံတင်မကပဲ..ငါတို့သုံးယောက် ဘေးချင်းယှဥ်ထိုင်လို့ပါရတယ်.."
ဆန်နီဟာ လှေပြုလုပ်ပုံကို မသိတာကြောင့် သူမကို ယုံကြည်ဖို့သာဆုံးဖြတ်ထားခဲ့တယ်..။သူ အမြေကြီးကနေ အပေါ်ကို ကြည့်လိုက်ပြီး လှမ်းမေးလိုက်ပါတယ်..။
"ရွက်တိုင် အတွက်ကရော.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ တွေဝေသွားခဲ့ပြီး..
"အဲတာက..ငါ စဥ်းစားရဦးမယ်.."
ဆန်နီ ပြုံးလိုက်တယ်..။
"ကောင်းပြီလေ..နင်စဥ်းစားနေတုန်းမှာ ငါ ကတ်စီကို သွားခေါ်လိုက်ဦးမယ်.."