နတ်ဆိုးရဲ့ အရိုး
Vol. 6 Ch. 89
#ဘာသာပြန် = စနိုးဝှိုက်
နေမဝင်ခင်အချိန်မှာတော့ ဆန်နီမှာ လုပ်စရာတွေ အများကြီး ရှိနေခဲ့တယ်..။
အရာအားလုံးကို မမေ့သွားဖို့အတွက် လည်း သူ့ကိုယ်သူ အထူး ဂရုစိူက်နေရပါသေးတယ်..။သူ့ရဲ့ အကန့်အသတ်ကို ရောက်တဲ့အချိန်တိုင်း သူကနာကျင်မူကို အသုံးပြုပြီး အာရုံစိူက်နေခဲ့ရတာပါ..။
သူ့လက်တွေ လက်မောင်းတွေမှာလည်း အခုဆိုရင် ကိုက်ရာတွေနဲ့ပြည့်နှကိနေခဲ့ပါပြီ..။ဝီဗာ သွေးရဲ့ စွမ်းရည်ကြောင့်သာ မဟုတ်ရင် ဆန်နီဟာ သွေးထွက်လွန်ပြီး သတိလစ်နေလောက်ပါပြီ..။ဒါတောင်မှ သူ့ရဲ့ မျက်နှာတွေက ဖြူဖျော့နေခဲ့ပါသေးတယ်..။သူ့ရဲ့ နီရဲနေတဲ့ မျက်လုံးတွေနဲ့ပါ ပေါင်းစပ်လိုက်မယ် ဆိုရင် သူ့ရဲ့ပုံစံက ဇွန်ဘီ တစ်ကောင်လိုပါပဲ..။
ကံကောင်းချင်တော့ ကတ်စီက ဒါတွေကို တစ်ခုမှ မမြင်ခဲ့ပေ..။
သူတို့ရဲ့ ထူးဆန်းတဲ့ အစီစဥ်ကို ပူးပေါင်းဖို့ သူမကို သိပ်ပြီး မဆွဲဆောင်လိုက်ရပေ..။မျက်မမြင် မိန်းကလေးရဲ့ အခြေအနေက နစ်ဖီထက် ပိုပြီးဆိုးဝါးပါတယ်..။သူမကြည့်ရတာ အတွေးတွေကို သိပ်ပြီး မထိန်းချုပ်နိုင်တဲ့ပုံပါတယ်..။ဒါကြောင့် ဆန်နီ ပိုပြီးတောင် စိုးရိမ်မိနေခဲ့တယ်..။
'သူမက ဘာလို့ ငါတို့ထက်ပိုပြီး သက်ရောက်ခံနေရတာလဲ..။ငါတို့မှာ အစစ်အမှန် နာမည်တွေရှိပြီး သူမမှာ မရှိလို့လား..'
ဆန်နီဟာ ကတ်စီကို ဦးဆောင်ပြီး ကြေးခွံနတ်ဆိုးဆီကို ခေါ်ဆောင်သွားလိုက်တယ်..။နစ်ဖီကတော့ ကြေးခွံအကာအကွယ်တွေကို ထုတ်ယူရင်းနဲ့ အလုပ် ရှုပ်နေခဲ့ပါပြီ..။သူမရဲ့ ငွေရောင်ဓားက ဒီအရာတွေကို အလွယ်တကူပဲ ဖြတ်တောက် နိုင်နေခဲ့ပါတယ်..။
မျက်မမြင် မိန်းကလေးကို အနားကို ခေါ်လာပြီးနောက်မှာတော့ ဆန်နီဟာ ကြေးခွံနတ်ဆိူးရဲ့ အပေါ်ကို တက်လိုက်ပြီး..ပြောင်းလဲနေတဲ့ကြယ်ပွင့် လုပ်နေတာတွေကို ကြည့်လိုက်တယ်..။
သူမ မျက်မှောင်ကျုတ်ကာ ကြည့်လိုက်ပြီး..
"နင် မကူညီတော့ဘူးလား..။ဘာပဲဖြစ်ဖြစ် ဒါက နင့်ရဲ့ အကြံဥာဏ်တွေပဲလေ.."
ဆန်နီ ပုခုံးတွန့်လိုက်တယ်..။
"နောက်ပိုင်း ကူလုပ်မယ်လေ..။ကြည့်ရတာတောါ နင်လည်း အကောင်းဆုံး လုပ်နေတာပဲ..။လူတစ်ချို့ဆိုရင် ပရောဂျက်တွေ လုပ်ရတာကို ပျော်စရာ ကောင်းတယ်လို့တောင် ပြောကြတယ်.."
ဆန်နီ မျက်တောင် အနည်းငယ် ခတ်ပြီး ပြောလိုက်တယ်..။
"တကယ်တော့ ငါ့မှာ နောက်ထပ် ပရောဂျက်တစ်ခု ရှိသေးတယ်.."
နစ်ဖီ မျက်ခုံးပင့်တင်သွားခဲ့ပြီး..
"တကယ်လား.."
ဆန်နီ ဓားကို ထုတ်လိုက်ပြီး ..သားရဲ ရဲ့ အကာအကွယ်တွေနားကို ကပ်လိုက်ပါတယ်..။
"အင်း..ငါက ဖယောင်းတိုင် လုပ်ချငိနေတာ.."
ဒီစကားတွေပြောပြီးတာနဲ့ မာကျောတဲ့ သားရဲအသားတွေကို စတင်ပြီး ဖယ်ထုတ်ပါတော့တယ်..။
နစ်ဖီ မျက်တောင် အနည်းငယ် ခတ်ပြီး ကတ်စီကို ကြည့်လိုက်တယ်..။
"ဟေး..ကတ်..။ဆန်နီက စိတ်လွတ်သွားတာလား.."
မျက်မမြင် မိန်းကလေးဟာ ပြန်ဖြေလိုက်တယ်..။
"ဟင်..မသိဘူးလေ..။သူ ပျင်းနေတယ်လို့တော့ ငါထင်တာပဲ.."
ဆန်နီကတော့ သူမတို့ကို အာရုံမစိုက်တော့ပဲ လုပ်စရာ ရှိတာကိုသာ ဆက်လုပ်နေခဲ့ပါတယ်..။
နတ်ဆိုးရဲ့ အဆီသားကို လက်ထဲမှာ ရတဲ့ အချိန်မှာတော့ ဆန်နီဟာ.. အောက်ကို ပြန်ပြီး ဆင်းလာခဲ့တယ်..။
သားရဲ ရဲ့ အဆီစ ကို အသုံးပြုပြီး ဖယောင်းတိုင်လုပ်တာက သိပ်ပြီးတော့ မခက်ခဲပါဘူး..။သူလိုတာဆိုလို့ မီး ၊ ရေ နဲ့ အချိန်ပဲ လိုအပ်ပါတယ်..။လောင်စာကိုတော့ ရေမှော်နဲ့ လုပ်မှာပါ..။ဒါက လှပမှာတော့..မဟုတ်ပေမယ့်..သူကလည်း ဒါကို ဂရုစိုက်မှာမဟုတ်ပါဘူး..။
ကတ်စီ နဲ့ နစ်ဖီကို ထားခဲ့လိုက်ပြီး ဆန်နီဟာ စခန်းဆီကို အမြန်ပြန်သွားလိုက်တယ်..။
နေကတော့ ကောင်းကင်ပေါ်မှာ အတော်လေး မြင့်နေခဲ့ပါပြီ..။
သူ ကျန်တဲ့ အချိန်တွေကို လုပ်စရာ ကိစ္စနှစ်ခုကိုသာ လုပ်နေခဲ့တယ်..။အဲတာကတော့ ..ဖယောင်းတိုင် လုပ်တာနဲ့ သစ်ရွက် အကြွေတွေကို တတ်နိုင်သလောက် စုဆောင်းတာပါပဲ..။
မကြာခနဆိုသလိုပဲ သူ နစ်ဖီ လှေလုပ်နေတာကို သွားကြည့်ပြီး ကူညီစရာ ရှိတာကို ကူညီနေခဲ့ပါသေးတယ်..။သူ့အမြင်အရတော့ လှေက ကောင်းကောင်းမွန်မွန်ကို ဖြစ်နေခဲ့တာပါ..။ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူမဘာလုပ်နေလဲဆိုတာကိုတော့ ကောင်းကောင်းသိနေတဲ့ ပုံပါပဲ..။
ဒါပေါ့ ဒါကလည်း သူက အပျော်လုပ်နေတာလို့ ပြောထားလို့ ဖြစ်နိုင်ပါတယ်..။တကယ်လ်ို့သာ ကျွန်းကနေ ထွက်ပြေးဖို့ လုပ်နေတာလို့ ပြောလိုက်ရင်..ဝိဥာဥ်သစ်ပင်ရဲ့ မှတ်ဥာဏ်တွေ ဖျက်ဆီးမူက သက်ရောက်လာပြီး..အဆင်မပြေ ဖြစ်ကုန်ပါလိမ့်မယ်..။
လှေလုပ်နေခြင်းရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို သိနေတဲ့လူက အခုချိန်မှာ ဆန်နီတစ်ယောက်တည်းပါ..။ဒါကြောင့် ဝိဥာဥ် သစ်ပင်ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူတွေ အားလုံးကို တစ်ယောက်တည ရင်ဆိုင်နေရတယ် ဆိုရင်လည်း မမှားပါဘူး.။
သူ အတော်လေး ပင်ပန်းပြီး လဲကျခါနီးနေပြီီလိူ့တောင် ခံစားနေခဲ့ရတယ်..။သူ့ ခေါင်းတစ်ခုလုံး သံတွေနဲ့ ပြည့်နှက်နေသလိုမျိုး လေးလံနေခဲ့ပါတယ်..။သူ့ရဲ့ အမြင်အာရုံတွေကလည်း ဝေဝါးနေခဲ့တယ်..။
သိူ့ပေမယ့် ခေါင်းမာစွာပဲ သူ လက်လျော့ဖို့ကို ငြင်းဆန်နေခဲ့ပါတယ်..။သူ ဘယ်လောက်ပဲ ပင်ပန်းပါစေ...ဘယ်လောက်ပဲ လွတ်ချချင်နေပါစေ..သူ့အတွေးတွေကို ပန်းတိုင်တစ်ခုတည်း အတွက်သာထားထားခဲ့တယ်..။
သူတို့ ဒီ ဝိဥာဥ်စားသုံးမူကနေ လွတ်မြောက်ကြရပါလိမ့်မယ်..။
နောကိဆုံတော့ ညနေခင်းရောက်ပြီး လှေက အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
လူသေ ကောင်ကြီး လမ်းလျောက်နေသလိူပဲ..ဆန်နီဟာ အတော်လေး ဖြတ်တောက်ခံထားရတဲ့ ကြေးခွံနတ်ဆိုးရဲ့ အလောင်းနားကို ရောက်သွားခဲ့တယ်..။ဒါက ရူးသွက်နေတဲ့ ဖုတ်ကောင်တစ်ကောင် ရောက်လာသလိုပါပဲ..။
နစ်ဖီ သူ့ကို စိတ်ပူစွာကြည့်လိုက်ပြီး..
"ဆန်နီ..နင်အဆင်ပြေရဲ့လား.."
ဆန်နီ သူမကို ပြုံးပြလ်ိုက်ပြီး ပုခုံးတွန့်လိုက်တယ်..။
"ငါ အကောင်းကြီး ရှိပါသေးတယ်.."
သူ ဘယ်လိုအခြေအနေ ရဲ့ ရင်ဆိုင်နေရလဲ ဆိုတာကို ပြောပြမှာမဟုတ်ပါဘူး..။
ခေါင်းကို လှည့်လိုက်ပြီး ဆန်နီဟာ လှေကို ကျေနပ်စကြည့်လိုက်ပါတယ်..။
လှေရဲ့ ကိုယ်ထည်ကို ချွန်ထက်တဲ့ သားရဲကြီးရဲ့ အရိုးတွေ နံရိုးတွေ ..သတ္တုပြားတွေနဲ့ ပြုလုပ်ထားခဲ့တာပါ..။ဒီအရာတွေ အကုန်လုံးကိုရွှေရောင်ကြိုးနဲ့ စနစ်တကျ ချည်နှောင်ထားခဲ့ပါတယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ရေတွေ စိမ့်မဝင်လာနိုင်အောင်အထိ ကွာဟနေတဲ့ကြားတွေကို နည်းနိုင်သမျှ နည်းအောင် ပြုလုပ်ထားခဲ့တယ်..။
'ကျိန်စာသင့်နေတဲ့ ပင်လယ်ကို နတ်ဆိုးရဲ့အရိုးတွေနဲ့ လုပ်ထားတဲ့ လှေနဲ့ ဖြတ်ကူးကြမှာလား..။ဒီအသံနဲ့တင် ဒဏ္ဍာရီ ဆန်နေပြီ..'
သူ တွေးကြည့်မိလိုက်တာပါ..။
နစ်ဖီ သူ့ကို ကျေနပ်တဲ့ အမူအရာ နဲ့ကြည့်နေခဲ့တယ်..။
"ပျော်သွားပြီလား..အခု ဘာလုပ်ကြမလဲ.."
ဆန်နီ သူ့အတွေးတွေကို စုစည်းလိုက်ပြီး.
' အခု '
သူ ဒါကို တွေးလိုက်တာနဲ့ သူ့စိတ်ကို တစ်ခုခုက ပိတ်ဆို့ထားသလို ခံစားနေခဲ့ရတယ်..။
"အခု ငါတို့..ငါတို့.."
အခု သူ ဘယ်လောက်ပဲ ကြိုးစားပါစေ ဆန်နီ စဥ်းစားလို့ မရဖြစ်နေခဲ့ပါတယ်..။
ယင်းနောက် သူ လက်ကို မြှောက်လိုက်ပြီး ပါးစပ်နဲ့ အားအပြည့်ကိုက်လိုက်တယ်..။သူ့ ပါးစပ်ထဲကနေ သွေးတွေ စီးကျလာခဲ့ပါတယ်..။
သို့ပေမယ့် ဒီ နာကျင်မူကတောင် အတားအဆီးကို မချိုးဖြက်နိုင်ခဲ့ပါဘူး..။
ဆန်နီ ခါးသက်စွာ ပြုံးလိုက်ပြီး ဒူးထောက်ချကာ သူ့လက်တစ်ဖက်ကို မြေကြီးပေါ်တင်လိုက်တယ်..။သန်းခေါင်ယံ အမြုတေကို ထုတ်လိုက်ပြီး သူ့ရဲ့ လက်တစ်ဖက်ကို မြှောက်ကာ ဓားနောင့်နဲ့ တွေဝေခြင်းမရှိ ထုချလိုက်တယ်..။
သူ့ရဲ့ လက်ညိုးရဲ့အရိုးက ကျိုးကြေသွားပြီး ပြင်းထန်တဲ့ နာကျင်မူက သူ့စိတ်ထဲကို လှိမ့်တက်လာကာ..အတားအဆီးကို ချိုးဖျက်နိုင်သွားခဲ့ပါတယ်..။
'အခု ငါတို့ ဒီငရဲကနေ ထွက်ခွာမှ ရတော့မယ်..'