ညအချိန်
Vol. 6 Ch. 90
#ဘာသာပြန် = စနိုးဝှိုက်
နစ်ဖီဟာ ဆန်နီ ရုတ်တရက် ထလုပ်တဲ့ အရာတွေကို အံ့ဩစွာ စိုက်ကြည့်နေခဲ့တယ်..။ဆန်နီကတော့ ဓားကို ပြန်သိမ်းလိုက်ပြီး..မတ်တတ်ထရပ်လိုက်ပါတယ်..။
"အာ..ဒါက အတော်နာတာပဲ.."
သူ့ရဲ့ လက်ချောင်းကတော့ နီရဲပြီး ရောင်ရမ်းကာ အတော်လေးကို နာကျင်နေခဲ့တာပါ..။ဆန်နီ ကိုယ့်ကိုကို သနားလွန်းလို့ ငိုတောင် ငိုချင်နေခဲ့တယ်..။
'ငါ ဘာလို့ ဒီလောက်အထိ ကံဆိုးနေတာလဲ..။ပထမ တစ်ကြိမ်က အဲဒီ ငှက်သိုက်ထဲမှာ...။အခုလည်း ငါပဲ နာကျင် ရပြန်ပြီ..။ဘယ်လိုဖြစ်ပြီး ငါပဲဖြစ်နေရတာလဲ..'
သူ့ရဲ့ နာကျင်တဲ့အသံကို ကြားပြီး မျက်မမြင်မိန်းကလေးဟာ မေးလာခဲ့တယ်..။
"...ဆန်နီ....ဘာဖြစ်တာလဲ..."
သူ ကြိုးစားပြီး ပြုံးလိုက်ပါတယ်..။
"အာ..ဘာမှမဟုတ်ဘူး..။ငါ့လက် နည်းနည်း ထိခိုက်သွားတာ..."
နစ်ဖီက တစ်ခုခု ပြောဖို့ ပါးစပ်ဟလိုက်ပေမယ့် ဆန်နီ အလျင်အမြန်ပဲ တားဆီးလိုက်ပါတယ်..။
"နစ်...နင့်ရဲ့ လက်ရာမြောက်တဲ့ လှေကို ကျွန်းရဲ့ အစွန်ကို ပို့ဖို့ ကူညီပေးနိုင်မလား.."
အခုချိန်မှာတော့ မှားယွင်းတဲ့ မေးခွန်းတစ်ခုကတင် အရာအားလုံးကို ရှုပ်ထွေးသွားနိုင်ပါတယ်..။သူ့ရဲ့ လုပ်ရပ် တွေကို နောကိဆုံးအချိန်အထိ ဘယ်သူမှ သိတာမျိုး မဖြစ်စေချင်ပေ..။ဒီနည်းလမ်းနဲ့ သူက မလိုလားအပ်တဲ့ ပြသနာတွေကို ကျော်လွှားနိူင်မှာပါ..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ တွေဝေနေခဲ့တယ်..။စက္ကန့်အနည်းငယ်ကြာပြီးမှ သူမ စိုးရိမ်တဲ့ အမူအရာ နဲ့ မေးလိုက်တယ်..။
"နင် အဆင်ပြေတာ သေချာရဲ့လား ဆန်နီ..."
သူ ကြိုးစားပြီး ပြုံးလိုက်တယ်..။
"နင် ကူညီရင် အဆင်ပြေမှာပါ.."
သူမ လက်လျော့လိုက်ပြီး ခေါင်းခါယမ်းကာ လှေဆီကို သွားလိုက်ပါတယ်..။ဆန်နီ ကတ်စီ ဘက်ကို လှည့်လိုက်ပြီး...
"ငါတို့ သွားလိုက်ဦးမယ် ကတ်စ်...။ဒီမှာ ခနစောင့်နေဦးနော်...။ငါ မကြာခင် လာခေါ်မယ်.."
သူမ သူ့စကားတွေကို နားမလည်တဲ့ အလား တွေဝေနေခဲ့ပါတယ်..။ပြီးမှ မသေချာစွာ ပြန်ဖြေလိုက်တယ်..။
"အာ..ကောင်းပြီလေ..."
ဆန်နီ သူ့ရဲ့ ကောင်းတဲ့လက်နဲ့ သူမရဲ့ ပုခုံးကို ဆုပ်ကိုင်လိုက်ပြီးကာမှ ထွက်သွားခဲ့တယ်..။နာကျင်မူကို အံတုခံရင်း သူ လှေဆီကို လျောက်သွားလိုက်ပါတယ်..။
'ခနလောက် သည်းခံလိုက်ဦး ကတ်စီ...။မကြာခင် အဆင်ပြေသွားလိမ့်မယ်လိူ့ ငါ ကတိပေးတယ်.."
ည အချိန်က ဖြည်းဖြည်းချင်း ရောက်လာခဲ့ပါပြီ..။
ဆန်နီ နဲ့ နစ်ဖီ တို့ဟာ ..လှေကို ကျွန်းရဲ့ အစွန်ဆီကို ဆွဲယူသွားခဲ့တယ်..။တောင်ကုန်းက ကြမ်းတမ်းနေတာ မဟုတ်ပေမယ့်..လှေရဲ့ ကိုယ်ထည်က အရိုးတွေကြောင့် ယူဆောင်ရတာ ခက်ခဲနေခဲ့ပါတယ်..။ကျေးဇူးတင်စွာပဲ လှေက ထင်ထားတာထက် ပိုပြီး ပေါ့ပါးနေခဲ့တာပါ..။
မကြာခင်မှာပဲ သူတို့ဟာ သိပ်မဝေးတဲ့နေရာက အသံတွေကို ကြားလိုက်ကြရတယ်..။ဒါက သန္တာကျောက်တန်း တွေ ဘက်ကနေ ရောက်လာခဲ့တာပါ..။
အနက်ရောင် ဒီရေတွေက နိုးထလာခဲ့ပါပြီ..။
အံကို ကြိတ်ထားရင်းနဲ့ပဲ ရွှေရောင်ကြိုးကို သူ့ရင်ဘတ်မှာ သေချာချည်ပြီး ဆန်နီ ပြင်းပြင်းထန်ထန် ဆွဲနေခဲ့တယ်..။
' အမြန် လုပ်စမ်းပါ '
နေဝင်ခါနီး အချိန်ကို ရောက်လာချိန်မှာတော့ သူတို့ ကျွန်းရဲ့ အစွန်းနားကို ရောက်လာနိုင်ခဲ့ကြပါပြီ..။ဆန်နီဟာ ဒူးထောက်ကျသွားခဲ့ပြီး ကြိုးကို ဖြည်ကာ အသက်ကို ဝအောင် ရူနေခဲ့တယ်..။အရမ်းကိို မောပန်းလွန်းတာကြောင့် သူ မျက်လုံးကို အတင်းဖွင့်ထားရပါတယ်..။
"အခု မဟုတ်သေးဘူး..အခု အနားယူလို့ မရသေးဘူး.."
နစ်ဖီကတော့ သူ့ဘေးနားကနေ မျက်မှောငိကျုတ်ပြီး ကြည့်နေခဲ့တယ်..။
ရှိသမျှ အင်အားကို စုစည်းလိုက်ပြီး သူ မတ်တတ်ထရပ်ကာ ကောင်းကင်ကို ကြည့်လိုက်ပါတယ်..။အချိန်က ကုန်လာခဲ့ပါပြီ..။
နစ်ကို လှမ်းကြည့်လိုက်ပြီး သူ လည်ချောင်းကို ရှင်းကာ ပြောလိုက်တယ်..။
"ကတ်စီ ဒီီကို ရောက်လာရင် ငါ အကုန်ရှင်းပြမယ်..။ငါ သူမကို ခေါ်လာတဲ့ အချိန်အထိ ဘယ်ကိုမှ မသွားနဲ့ဦး ဟုတ်ပြီလား..။ကျေးဇူးပြုပြီး..."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ သူ့ကို စက္ကန့်အနည်းငယ် ကြာအောင် စိုက််ကြည့်နေပြီးကာမှ ပုခုံးတွန့်ပြလိုက်တယ်..။သူမ ပါးစပ်ကတော့ ဘာမှ မပြောခဲ့ပါဘူး..။
"လက်ခံတယ်လို့ပဲ..သဘောထားလိုက်မယ် '
သူ ဘာထပ်လုပ်နိုင်ဦးမှာလဲ...။
အသက်ကို ပြင်းပြင်း ရူပြီး ဆန်နီ အမြန်လှည့်ထွက်သွားလိုက်ပါတယ်..။သူ့မှာ လုပ်စရာ ဆိုလို့ တစ်ခုပဲ ကျန်တော့တာပါ..။
***
အချိန်တစ်ချို့ကြာပြီးတဲ့နောက်မှာတော့ သူ ကတ်စီကို ထားခဲ့တဲ့နေရာဆီ ရောက်လာခဲ့တယ်..။မျက်မမြင်မိန်းကလေးကတော့ ကြေးခွံနတ်ဆိုးရဲ့ အလောင်းနားမှာ ထိုင်နေပြီး မြေကြီးကို စိူက်ကြည့်နေခဲ့ပါတယ်..။
ခြေသံတွေကို ကြားတဲ့ အချိန်မှ သူမ အားနည်းစွာ ပြုံးပြီး မေးလိုက်တယ်..။
"ဆန်နီ လား..."
သူ လျောက်သွားလိုက်ပြီး အသံကို ပုံမှန်အတိုင်းကြိုးစားကာ ပြောလိုက်တယ်..။
"အင်း ငါပါ..."
ကတ်စီ ခနလောက် တွေဝေပြီးကာမှ မေးလိုက်တယ်..။
"နင့်မှာ သစ်သီးရှိသေးလား..။ငါ ဗိုက်ဆာတယ်.."
သူ ခေါင်းခါယမ်းလိုက်ပြီး..
"မရှိဘူး...နားထောင်ဦး..ငါတို့တွေ...."
"...ငါ ဗိုက်ဆာတယ် ...။နင့်မှာ အသီးရှိလား.."
ဆန်နီ ရပ်တန့်လိုက်ပြီး မျက်မမြင် မိန်းကလေးကို မျက်မှောင်ကျုတ်ကာကြည့်လိုက်တယ်..။သူမက စကားတစ်ခွန်းကို ထပ်ခါထပ်ခါ ပြောနေတဲ့ အရုပ်မ နဲ့ တူနေခဲ့ပါပြီ..။သူမရဲ့ အခြေအနေက မတူညီခဲ့ပေ..။
သူ နှုတ်ခမ်းကို သပ်လိုက်ပြီး..
"ငါ နဲ့လိုက်ခဲ့..။နင့်ရဲ့ ဆာလောင်မူတွေ ပျောက်ကွယ်သွားလိမ့်မယ်.."
ဒါက သူမကို လမ်းကြောင်းလွှဲဖို့ အကောင်းဆုံး စကားလုံးပါပဲ..။သိူ့ပေမယ့် ဒီတစ်ကြိမ်တော့ သူ ကျရှုံးသွားခဲ့တယ်..။
ကတ်စီ ပြုံးပြီး ပြောလိုက်တယ်.။
"တကယ်လား...။နင် ငါ့ကို အသီးခူးပေးမှာလား."
သူ့ရဲ့ မောပန်းနေမူကြောင့် ဆန်နီ အားနည်းချက်ကို မထိန်းချုပ်နိုင်ဖြစ်သွားခဲ့တယ်..။သူတောင်မှ မသိလိုက်ပဲ ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားခဲ့ပါတယ်..။
"ဟင့်အင်.."
ကတ်စီ ခေါင်းငုံ့သွားခဲ့ပြီး...
"ဒါတော့ မကောင်းပါဘူး..ဆန်နီ..။နင် ဘာလို့ ငါ့ကို ညာရတာလဲ.."
သူ့အမှားကို သတိထားမိတဲ့ ဆန်နီဟာ ထပ်ပြီး မထိန်းချုပ်နိုင်တော့ပဲ..အရာအားလုံးကို ပိုပြီး ဆိုးဝါး သွားစေခဲ့ပါတယ်..။
"..ဘာလို့လဲ ဆိုတော့ ငါနင့်ကို ဒီကျိန်စာသင့် ကျွန်းကနေ ခေါ်သွားပေးမလို့လေ.."
သူ့ ပါးစပ်က ဒီစကားထွက်သွားတာနဲ့ ဆန်နီ အေးခဲပြီး မျကိလုံးပြူးကျယ်သွားခဲ့တယ်..။သူတော့ တကယ်ကို ဆိုးဝါးအောင် လုပ်မိပါပြီ..။
သို့ပေမယ့်ဒီအရာက တားဆီးလို့ မရတော့ပေ..။
ကတ်စီ သူ့ဘက်ကိုလှည့်ပြီး လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်..။
"ငါ့ကို ခေါ်သွားဖို့လား..။ဒါပေမဲ့ ငါမှ မထွက်သွားချငိတာ..။ငါက ဘာလို့ ဝိဥာဥ် သစ်ပင်ကို ထားခဲ့ရမှာလဲ..."
ဆန်နီ တိတ်တဆိတ် ကျိန်ဆဲလိုက် သူ့ကိုယ်သူ ဘာမှ ထိန်းချုပ်မနေတော့ပေ..။
"ဘာလို့လဲ ဆိုတော့ ဒီအကောင်ကြီးက နတ်ဆိုးပဲ..။ဒါက တကယ်ကို အိပ်မက်ဆိုး အစစ်အမှန်ပဲ..။လာ..သွားကြမယ်.."
သူမ ရဲ့ လက်ကို ကိုင်ပြီး ဆွဲခေါ်သွားဖို့ လုပ်ပေမဲ့ မိန်းကလေးဟာ တောင့်ခံနေခဲ့တယ်..။
"ငါ့ကိုလွှတ် အရူးကောင်..."
ကတ်စီ ဟာ သူမရဲ့ လက်ကို လွတ်အောင် ရုန်းနိုင်ခဲ့ပြီး ဆန်နီကို ဒေါသတကြီး ကြည့်နေခဲ့တယ်..။
" ငါ မသွားချင်ဘူးလို့ ပြောနေတယ်လေ..။နင်က ထူးဆန်းနေတယ် ဆန်နီ..။ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့..."
ဆန်နီ အေးခဲသွားပြီး ဘာလုပ်ရမလဲ မသိတော့ပေ..။
"ငါက ဒီတိုင်း..."
"ဒီကျွန်းက ငါတို့ အိမ်ပဲ..။ငါတို့သုံးယောက်လုံး ဒီမှာနေတာက အတော်ကောင်းမွန်တယ်..။နင်က ဘာလို့ ထွက်သွားချင်ရတာလဲ.."
သူ ဘာလုပ်ရမလဲ ဆိုတာကို တွေးတော နေခဲ့တယ်..။နောက်ဆုံးတော့ ဆန်နီ အံကိုကြိတ်ကာ ပြောလိုက်ပါတယ်..။
"ဘာလို့လဲ ဆိုတော့ အဲတာက နံပါတ်ငါးလေ..။မှတ်မိပြီလား.."
'တောင်းပန်ပါတယ် ကတ်စီ..'
ယင်းနောက် သူ ရှေ့ကို တက်ပြီး မျက်မမြင် မိန်းကလေးကို သူ့ရဲ့ ပုခုံးပေါ်ကို အတင်း တင်လိုက်တယ်..။
"နင် ဘာလုပ်တာလဲ..။ရပ်လိုက်...ကယ်ပါဦး ကယ်ပါဦး...နစ်..."
သူမကို ပုခုံးပေါ်တင်ပြီး ဆန်နီဟာ ကျွန်းရဲ့ အစွန်းကို သွားလိုက်တယ်..။ကတ်စီကတော့ သူ့ရဲ့ လက်သီးတွေနဲ့ သူ့ကျောကို ဆက်တိုက် ထုရိုက်နေခဲ့ပါတယ်..။
သူမက အိပ်မက်ဆိုးသားရဲတွေနဲ့ တိုက်ပွဲမဝင်ဖူးပေမယ့် သာမန်လူတွေထက်တော့ သန်မာပါသေးတယ်..။ဒါတွေကလည်း ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူမရထားတဲ့ အမြုတေတွေကို တစ်ဝက်ခွဲပေးနေတာကြောင့်ပါ..။
ဒါက သူ့ကို ဒဏ်ရာ အပြင်းအထန် ရအောင် မစွမ်းဆောင် နိုင်ပေမယ့် အတော်နာကျင်စေပါသေးတယ်..။
'တောင်းပန်ပါတယ် ..တကယ်တောင်းပန်ပါတယ် ကတ်စီ...'
ဆန်နီဟာ လှေဆီကို မြန်နိုင်သမျှ မြန်မြန်သွားနေခဲ့တယ်..။သူ့ နှာဖူးပေါ်မှာတော့ ချွေးသီးတွေ ကျနေခဲ့ပါပြီ..။
နေရဲ့ နောက်ဆုံးအလင်းရောင် ပျောက်ခါနီးမှာတော့ သူ ကျွန်းရဲ့ အစွန်နားကို ရောက်လာခဲ့တယ်..။လှေကတော့ အနက်ရောင် ဒီရေတွေရဲ့ မီတာ အနည်းငယ် အကွာမှာ ရှိနေခဲ့ပါတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ အသံတွေ ကြားတဲ့ နေရာဘက်ကို မျက်မှောင်ကျုတ်ပြီး ကြည့်နေခဲ့တယ်..။
"နစ်..ကယ်ပါဦး...ဆန်နီက ရူးနေပြီ..."
ဆန်နီဟာ ဖြည်းဖြည်းချင်း ရွှေ့လျားလာခဲ့ပြီး သူမရဲ့ အမူအရာက အေးစက်သွားခဲ့ပါတယ်..။သူမ လက်တစ်ဖက်ကို ချက်ချင်း ဆန့်တန်းလိုက်တယ်..။
' ခရက် '
"ခနလေး အဲလိုမဟုတ်ဘူး...'
သို့ပေမယ့် သူတောင် စကားဆုံးအောင် မပြောနိုင်ခင်မှာပဲ သူမရဲ့လက်ထဲမှာ ငွေရောင်ဓားပေါ်လာခဲ့ပြီး မြေကြီးပေါ်ကို ချိန်ရွယ်ထားခဲ့တယ်..။
" ရှင်းပြ..."
ပြောင်းလဲ နေတဲ့ကြယ်ပွင့်ရဲ့ အသံဟာ ခါတိုင်းထက် ပိုပြီး တည်ငြိမ်နေခဲ့တယ်..။သို့ပေမယ့် ဆန်နီ ဒီအသံထဲက ချိန်းခြောက်မူတွေကို ခံစားရပါတယ်..။ရုတ်တရက် သူ သူမကို တစ်ခြားတစ်ဖက် ရောက်သွားသလို ခံစားလိုက်ရတယ်..။
ရန်သူ တစ်ယောက်အနေနဲ့...
နစ်ဖီ ကို ရန်သူတစ်ယောက် အဖြစ် ရင်ဆိုင်ရတော့မယ် ဆိုတာကို တွေးကြည့်တာနဲ့တင် သူ့ တစ်ကိုယ်လုံး အေးစက်လာခဲ့တယ်..။သူက အကယ်ဒမီ မှာတုန်းက နစ်ဖီက တစ်ခြားအိပ်စက်သူတွေကို ဘယ်လို အမှောက်သိပ်ခဲ့တယ် ဆိုတာကိုတောင် မေ့နေခဲ့တာပါ..။
သူမက တိုက်ခိုက်ပြီဆိုရင် တကယ့် မွန်းစတား တစ်ကောင်လိုပဲ ဆိုတာကိုလည်း သူ မေ့နေခဲ့ပါသေးတယ်..။