← Chapters

သဘော တူညီချက်ရခြင်း

Vol. 009 Ch. 886

သဘော တူညီချက်ရခြင်း

Vol. 009 Ch. 886

ရှန့်ထိုရှားကား ပြည်နယ်ကိုးခုတွင် မြင့်မားသော အဆင့်အတန်း တစ်ခု၌ ရှိပြီး အများ၏ လေးစားမှုကို ရသူဖြစ်သည်။ ရှားကလန်မှာလည်း ပြည်နယ်ကိုးခုလုံးတွင် နံပါတ်၁ ကလန်ဖြစ်ရာ တော်ဝင်မြေနှစ်ခု အကြား စစ်ပွဲ၌ ရှန့်ထိုရှားကား ကြားဝင် ညှိနှိုင်းရန် အဆင့်မီပေသည်။

မှန်သည် ... လူအများ၏ မျက်လုံးထဲတွင် ရှန့်ထိုရှား ကိုယ်တိုင် ကြားဝင် လာခဲ့ပြီဖြစ်ရာ အများဆုံး နှစ်ဖက်က ခြေတစ်လှမ်း နောက်ဆုတ်ရုံမျှသာ ဖြစ်သည်။ စစ်ပွဲအတွင်းမှ အငြိုးအတေးများအား အလွယ်တကူ ချေဖျက်ပစ်၍ မရတော့ပေ။

ရှန့်ထိုရှားက ဆက်ပြောသည်... “အခု ကျောက်ပြည်ထောင် ဘုရင်နဲ့ သခင်ရီတို့နှစ်ယောက် အတူတူ ဒီမှာ ထိုင်နေကြမှတော့ ဘာလို့ သွေးစွန်းမယ့်ကိစ္စတွေကို အဆင်ပြေအောင် ထိုင်မညှိနှိုင်းတာလဲ...” ထို့နောက် သူက ကျောက်ပြည်ထောင် ဘုရင်နှင့် ရီဖူရှင်းတို့ နှစ်ယောက်အား ကြည့်သည်။

ကျောက်ပြည်ထောင် ဘုရင်က သူ၏ သေရည်ခွက်ကို ချလိုက်ကာ စကားတစ်ခွန်းမှ ပြောပေ။ ရီဖူရှင်းကလည်း တိတ်ဆိတ်စွာ ထိုင်နေသည်။

မွေးနေ့ပွဲအတွင်း တစ်ဖန် ပြန်လည် တိတ်ဆိတ် သွားပြန်သည်။

ကျောက်ပြည်ထောင် ဘုရင်မှာ ခေါင်းမာပြီး မောက်မာသော စိတ်အခြေအနေ ရှိသည်။ သူက ရီဖူရှင်း လုပ်ခဲ့သည်များ အတွက် မည်သို့မှ သည်းခံမည် မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းမှာလည်း ခိုင်မာပြတ်သားသော စိတ်ဓာတ်ကို ပိုင်ဆိုင်ပြီး သူ၏ ဆုံးဖြတ်ချက်များမှာ အလှည့် အပြောင်းများကို ဖြစ်စေနိုင်ပေသည်။ သူတို့အတွက် ဘာမှ မဖြစ်သလို ဟန်ဆောင်နေရန် မဖြစ်တော့ပေ။

မှန်သည် ... ထိုကိစ္စက မဖြစ်နိုင်ပေ။ ရီဖူရှင်းနှင့် ကျောက်ပြည်ထောင်တို့က တစ်ချိန်တည်း တွေးနေကြသည်။ ကျောက်ပြည်ထောင် ဘုရင်ကား သူ၏မာနကို လူငယ်မျိုးဆက် တစ်ယောက်ထံတွင် အရိုက်ချိုးခံမည် မဟုတ်ပေ။ ရီဖူရှင်းကလည်း အမှန်တရားအတွက် အသက်စွန့်ခဲ့ကြသော မြေရိုင်းပြည်နယ်မှ လူများအပေါ် လျစ်လျူရှု၍ မရပေ။ အကယ်၍ ရီဖူရှင်းက နောက်ဆုတ်ပေးလျှင် သူ့လူများအား မည်သို့ မျက်နှာ ပြရမည်နည်း။ မည်သို့ ရှင်းပြရမည်နည်း။

“နေဦး... ကျုပ်က ခင်ဗျားတို့ကို ပြည်နယ်ကိုးခု တမန်တော်နဲ့ မိတ်ဆက်ပေးဦးမယ်... သူ့နာမည်က ရှားရှင်းယွန်...” ရှန့်ထိုရှားက ဘေးမှ မိန်းကလေးကို လက်ညှိုးထိုးပြကာ ပြောသည်... “တမန်တော်က အင်ပါယာရှား ကိုယ်စားပြုပြီးတော့ မင်းတို့ သဘောတူညီချက်တွေကို အသိသက်သေ လုပ်ပေးလိမ့်မယ်...”

ရှန့်ထိုရှား၏ မိတ်ဆက်မှုတွင် လူအများအပြားမှာ စိတ်နှလုံးများ တုန်ယင် သွားကြသည်။ ရှန့်ထိုများပင် မသက်မသာ ခံစားကြရ၏။ သူပြောခဲ့သည်ကား အဓိပ္ပာယ် ပြည့်ဝပေသည်။ ယနေ့ သည်နေရာကို ရောက်လာသော တမန်တော်၏ နောက်ခံမှာ သာမန် မဟုတ်ကြောင်း သူတို့အားလုံး ရိပ်မိလိုက်ကြ၏။

ပြည်နယ်ကိုးခု တမန်တော်၏ မျိုးရိုးနာမည်မှာ ရှားဖြစ်ပြီး အင်ပါယာရှားကို ကိုယ်စားပြုသည်။ ထိုမျှက အားလုံးကို ရှင်းလင်း သွားစေ၏။

“တော်ဝင်စစ်ပွဲက မရဏတောင်ကို အခြေခံပြီး ဖြစ်လာတာပဲ... ဒါပေမဲ့ ရီဖူရှင်းရဲ့ ဆုံးဖြတ်ချက်ကြောင့် တော်ဝင်စစ်ပွဲ ဖြစ်လာခဲ့တယ် ... ပြီးတော့ ကျောက်ပြည်ထောင်ရဲ့ ထိပ်သီး အင်အားစုတွေ ရှင်းလင်းခံရပြီးတော့ ပြည်နယ်ကိုးခု ရှီအဆင့်မှာ ရှိတဲ့ ဝူလျန်တောင်မှ သူတို့ကြောင့် သေခဲ့ရတယ်...” ကျောက်ပြည်ထောင် ဘုရင်က ဖြည်းညင်းစွာ ပြောသည်... “ကျုပ်တို့ ဆုံးရှုံးတာက များလွန်းတယ်... ရီဖူရှင်းက ကျောက်ပြည်ထောင်ကို လာပြီး သေဆုံးသူတွေအတွက် တောင်းပန်ပြီး အချို့သော အရာတွေကို ပြန်ပေးဆပ်မှ ကျုပ်တို့ လက်ခံနိုင်မယ်...”

မရဏတောင် ကိစ္စတွင် တော်ဝင်မြေ အများအပြား ပါဝင်ခဲ့ကြပေသည်။ ထို့ကြောင့် သူတို့၏ ဂျူနီယာများမှ တစ်ဆင့် ဘာဖြစ်ခဲ့သည်ကို အားလုံးက နားလည်ကြပေသည်။ လူအများအပြားက အသက် ဆုံးရှုံးခဲ့ကြသော်လည်း သူတို့က ရီဖူရှင်းအပေါ် အပြစ်မတင်နိုင်ပေ။ ပြောကြသည်မှာ ထိုကိစ္စများကို စီမံခဲ့သည်မှာ စစ်တုရင် ရှန့်ထို ဖြစ်ပေသည်။

“ဝင်ပြောရရင် မရဏတောင်မှာ တကယ်ပဲ လူတွေ အများကြီး သေခဲ့ကြရတယ်... ရှီဟွာတောင်ကလည်း အရည်အချင်း ရှိသူတွေ အများကြီး သေခဲ့ရတယ်...” ရှီဟွာတောင်ရှန့်ထိုက တည်ငြိမ်စွာ ပြောသည်။

“မရဏတောင်မှာ မင်းက မရဏဝင်္ကပါကို ထိန်းချုပ် နိုင်တယ်... ဒါကြောင့် လူတွေကို ဘေးကင်းအောင် မင်းမှာ လုပ်နိုင်စွမ်း ရှိခဲ့တယ်...”   ရှန့်ထိုကျိ၏ မျက်လုံးက စူးရှစွာဖြင့် ရီဖူရှင်းထံကို ရောက်လာသည်။ သည်တစ်ခေါက် သူဝင်ပြောသော စကားက ရီဖူရှင်းကို ပိုမိုဖိအား ဖြစ်စေပေသည်။

ရီဖူရှင်းက ထိုကိစ္စကို တွေးမိပေသည်။ မရဏတောင်တွင် တော်ဝင်အလင်းမှ လူများ၏ အခြေအနေကား အမှန်ပင် ဆိုးဝါးခဲ့ပေသည်။ ရှန့်ထိုကျိ၏ သဘောမကျခြင်းက မည်သည့်နေရာမှ လာသည်ကိုလည်း ရိပ်မိသည်။ ပြည်နယ်ကိုးခု ညီလာခံနှင့် မရဏတောင်မှ ကိစ္စရပ်များအတွက် သူက ရီဖူရှင်းကို အပြစ်တင်လိုသည်လား။ ထို့အပြင် ရှီဟွာတောင် ရှန့်ထို၏ စကားကလည်း အမှန်ပင် ရီဖူရှင်းကို အကျဉ်းအကျပ်ထဲသို့ ရောက်စေသည်။

အောက်တွင် ထိုင်နေသူများက အပေါ်ကို မော့ကြည့် နေကြသည်။ ရီဖူရှင်းကို ရှန့်ထို အတော်များများက သဘောမကျဟန် ရနေ၏။

မြေရိုင်းပြည်နယ်မှ လူများမှာ မသက်မသာ ခံစားနေကြရသည်။ သစ်တောကို ကျော်လွန်အောင် မြင့်မားသော သစ်ပင်ကား အမှန်ပင် ကောင်းမွန်စွာ မရပ်နိုင်ပေ။ ယနေ့ ရီဖူရှင်းက ရှန့်ထိုများ အကြားတွင် ထိုင်နေရကာ သူခံစားနေရသော ဖိအားများမှာလည်း ရှန့်ထိုများထံမှ လာသည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ ကျောက်ပြည်ထောင် ဘုရင်အား တန်းတန်းမတ်မတ် ကြည့်လျက် ပြောသည်... “ကျုပ်က မရဏတောင်ကို ဝင်တဲ့အခါ ဝင်္ကပါကို ဖျက်နိုင်ခဲ့တာ ကျုပ် တစ်ယောက်တည်း မဟုတ်ဘူး... စစ်တုရင်ရှန့်ထိုရဲ့ အမွေကို ဆက်ခံတဲ့ တစ်ယောက်လည်း လုပ်နိုင်ခဲ့တယ်... ကျောက်ပြည်ထောင် ဘုရင်ရဲ့ လူတွေ အများစုကလည်း အဲဒီလူရဲ့ စတေးမှုကြောင့် ဖြစ်လာခဲ့တာပဲ မလား... ခင်ဗျားတို့က အပြစ်တင်တာ လူမှားနေပြီ ထင်တယ်...”

လူအများအပြားက လျူကျောင်းကို လှမ်းကြည့်ကြသည်။ စစ်တုရင် ရှန့်ထိုနှင့် လျူကျောင်းတို့ ပူးပေါင်း ကြံစည်မှုကို အားလုံးက သိကြပေသည်။

ရှီဟွာတောင်ရှန့်ထိုကား သေရည်ကို ငုံ့သောက်နေကာ သူ၏အမူအရာကို မမြင်ကြရပေ။ ရီဖူရှင်းကလည်း မမြင်ရပေ။ သို့သော်လည်း ရှီဟွာတောင်ရှန့်ထိုက သူ့အား ပစ်မှတ်ထားလာမှတော့ သူကလည်း ငြိမ်ခံနေစရာ အကြောင်းမရှိပေ။

သူ၏ဆရာကိစ္စကို ဖြေရှင်းပြီးနောက် ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်တွင် တံခါးပိတ် လေ့ကျင့်ရန် စဉ်းစားထားသည်။ ယခု ရန်ရှောင်က တော်ဝင်ကျဲ နန်းတော်တွင် ဧရာမဝင်္ကပါ တစ်ခုအား စီမံနေပြီး ရှန့်ထိုအဆင့်အောက်မှ မည်သည့် တိုက်ခိုက်မှုကိုမဆို မှုစရာ မလိုတော့ပေ။ ရှီဟွာတောင်ရှန့်ထိုက လျှို့ဝှက်စွာဖြင့် ဝင်ပါနေလျှင်ပင် မထူးခြားပေ။

“ကျောက်ပြည်ထောင် ဘုရင်က ကျုပ်တို့ တော်ဝင်ကျဲ နန်းတော်ကို ဒီအတွက် သတ်ဖြတ် ချေမှုန်းချင်နေတဲ့အခါ ကျုပ်တို့ကလည်း ဒီအတိုင်း အသတ်ခံနေစရာ အကြောင်းတော့ မရှိဘူး ထင်တယ်... အခု စစ်ပွဲဖြစ်လာပြီး စစ်ပွဲထဲ သေတဲ့သူတွေက ကျုပ်အပြစ်ဆိုတော့ အဓိပ္ပာယ်ရှိလား မရှိလား အကုန်လုံး စဉ်းစားလို့ရတယ်...”

အားလုံးက တိတ်ဆိတ်စွာ ထိုင်နေကြသည်။ သူတို့ ခန့်မှန်းထားသလိုပင် နှစ်ဖက်လုံးက နောက်ဆုတ်ရန် မစဉ်းစားကြပေ။

“ကျုပ်က တစ်ယောက်တည်းပဲ ... ကျုပ်မှာ တပည့် တစ်ယောက်တည်းပဲ ရှိတယ် ... ကျုပ်က မရဏတောင်ကိုလည်း မသွားခဲ့ဘူး ... ဒါပေမဲ့ အကုန်လုံးက ရတနာတစ်ခုကို ရဖို့ တခြားသော လူတွေနဲ့ ယှဉ်ပြိုင်နေတဲ့ အချိန်မှာ ကိုယ့်လူတွေ ကိုယ် မကာကွယ်နိုင်တဲ့ ကိစ္စအပေါ် တခြားလူတွေကို အပြစ်တင်တာက တော်တော် အဓိပ္ပာယ် မရှိတာပဲ...” ကောင်းကင်ရှန့်ထိုက ပြုံးလျက် ဆက်ပြောသည်...” ပြီးတော့ အခုအချိန်မှာ အဲဒါတွေ ပြောနေလို့ အဓိပ္ပာယ်မရှိဘူး ထင်တယ် ... အဓိက ကိစ္စကိုပဲ ပြန်ပြောရအောင်...”

ရှန့်ထိုရှားက အနည်းငယ် ခေါင်းညိတ်သည်... “အခုက ပြဿနာ ရင်းမြစ်ကို ပြောနေတာ တကယ်ပဲ အဓိပ္ပာယ် မရှိတော့ဘူး... ဒါဆို မင်းက ကျောက်ပြည်ထောင် ဘုရင် တောင်းဆိုတဲ့ အချက်တွေကို လက်ခံလား ... နန်းတော်သခင်ရီ...”

ရီဖူရှင်းက ရှန့်ထိုရှားကို အနည်းငယ် ဦးညွှတ်လျက် ပြောသည်... “စီနီယာရဲ့ စေတနာတွေကို နားလည်ပါတယ်... ဒါပေမဲ့ စစ်ကို အဆုံးသတ်ဖို့ကတော့ ဆွေးနွေးစရာ မရှိပါဘူး...”

ရှန့်ထိုရှားက ကျောက်ပြည်ထောင် ဘုရင်အား ကြည့်ကာ ခေါင်းညိတ်ပြီး ပြောသည်... “ဒါဆိုလည်း ကျုပ်က အဲဒီကိစ္စကို မပြောတော့ဘူး... အခုကတော့ ပြည်နယ်ကိုးခု စင်မြင့်ပေါ်က တိုက်ပွဲမှာ နှစ်ဖက်သားက မလိုလားအပ်တဲ့ ပေးဆပ်မှုတွေ လုပ်ရဖို့ ရှိနေတယ် ... ကျုပ်တို့ အဲဒါကိုပဲ ပြောရအောင်...”

အားလုံး၏ မျက်နှာတွင် လေးနက်သော အမူအရာများ ဖြစ်လာကြသည်။ ရီဖူရှင်းက ပြောသည်… “ကျုပ်က လူတွေကို လဲလှယ်ဖို့ သဘောတူတယ်... ဒါပေမဲ့ ကျောက်ပြည်ထောင် ဘုရင်ကတော့ သဘောတူဟန် မရဘူး...”

“ကျောက်ပြည်ထောင် ဘုရင် ... ခင်ဗျား ဘယ်လိုထင်လဲ...” ရှန့်ထိုရှားက မေးသည်။

“ရှန့်ထိုရှားက ပြောမှတော့ ကျုပ်က နောက်တစ်လှမ်း ထပ်ဆုတ်လို့ ရတယ် ... ကျုပ်က မရဏဓားဝင်္ကပါနဲ့ နတ်ဘုရားဓားကို လိုချင်တယ်...” ကျောက်ပြည်ထောင် ဘုရင်၏ အသံက အေးစက်နေသည်။ အားလုံး၏ မျက်လုံးများက အရောင်လက် သွားကြသည်။ မရဏ ဓားဝင်္ကပါကား ကျောက်ပြည်ထောင်မှ မြေရိုင်းပြည်နယ် အပေါ် စစ်ခင်းရသော ရည်ရွယ်ချက် ဖြစ်သည်။

ရှန့်ထိုရှားက သူ့အား ကြည့်နေသည်ကို မြင်လျှင် ရီဖူရှင်းက ပြောသည်... “ကျုပ်က မရဏတောင်မှာ ဝင်္ကပါကို အသက်ဝင်စေနိုင်တယ် ဆိုပေမဲ့ ကျုပ်တန်ခိုး အဆင့်နဲ့ ဘယ်လိုလုပ် မရဏဝင်္ကပါကို ထိန်းချုပ်ပြီး နောက်တစ်ယောက်ကို ပေးလို့ရပါ့မလဲ... ပြီးတော့ ကျောက်ပြည်ထောင် ဘုရင်ရဲ့သားတွေက တန်ဖိုး မရှိသလိုပဲ...”

“နောက်တစ်ခုက...” ရီဖူရှင်း ဆက်ပြောသည်... “ကျုပ်က ဒီအချက်တွေကို သဘောတူလို့ ကျောက်ဟောင်တို့ကို လွှတ်ပေးလိုက်ပြီဆိုရင် ကျောက်ပြည်ထောင် ဘုရင်က ကျုပ်ဆရာကို နောက်တစ်ခါ လာမတိုက်ခိုက်ဘူးလို့ အာမခံနိုင်လား...”

“မင်းက ကျောက်ပြည်ထောင် ဘုရင်ရဲ့ တောင်းဆိုချက်ကို ငြင်းတယ် ဆိုမှတော့ ဘယ်လို အတွေးတွေ ရှိသလဲ...” ရှန့်ထိုရှားက မေးသည်။

“ကျောက်ဟောင်နဲ့ တခြားလူတွေကို ကျောက်ပြည်ထောင်သို့ ပြန်ပေးနိုင်တယ်... ကျုပ်က ဖီးနစ်ဓားကိုလည်း ပြန်ပေးမယ်... ဒါပေမဲ့ ကျောက်ပြည်ထောင် ဘုရင်က ကျုပ်တို့ကို ဆယ်နှစ်တိတိ မတိုက်ခိုက်ရဘူး ... ကျုပ်တို့ကလည်း သူတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး...” ရီဖူရှင်းက ဆက်ပြောသည်။

ကျောက်ပြည်ထောင်ကား တော်ဝင်လမ်း၏ ဒုတိယအဆင့်ကို ရောက်နေပြီ ဖြစ်သည်။ သူ၏ဆရာ ဘေးကင်းရန် သူ့တွင် အချိန်အနည်းငယ် ထပ်လိုပေသည်။

“မင်းတို့ ဘယ်လို ထင်ကြလဲ...” ရှန့်ထိုရှားက ဘေးမှ လူများကို မေးသည်။ အမှန်တကယ်အားဖြင့် သူတို့အားလုံးက ရှန့်ထိုရှား ဘာတွေးနေသည်ကို မသိကြရာ မည်သို့ အကြံပေးရမည် ကိုလည်း မသိကြပေ။

“သခင်ရီရဲ့ တောင်းဆိုမှုက ရိုးရှင်းတယ်ဆို့ ကျွန်မထင်တယ်...” စန္ဒာနတ်မယ် ရှန့်ထိုက ပြုံးလျက်ပြောသည်... “ရှန့်ထိုအဆင့် တက်လှမ်းနိုင်တဲ့ မင်းသားတစ်ပါးအပြင် တော်ဝင်ရတနာ တစ်ခုကိုလည်း ပြန်ရမယ်... တစ်ဖက်က ဆယ်နှစ် စောင့်ရမယ် ဆိုတာ မျှတပါတယ်...”

“ကျောက်ပြည်ထောင်ဘုရင်... ခင်ဗျားက စီနီယာပဲ... ဘာလို့ ဒီလောက် ဖိအားပေးမှာလဲ...” ကောင်းကင်ရှန့်ထိုက ရီဖူရှင်းအတွက် ပြောပေးသည်။ အမှန်ပင် ရီဖူရှင်း၏ သွားရောက် လည်ပတ်မှုများက အကျိုး သက်ရောက်မှု ရှိပေသည်။

“ဘာလို့ နောက်တစ်လှမ်း မဆုတ်ချင်ရတာလဲ... ကျောက်ပြည်ထောင်ဘုရင်... ဘယ်လိုပြောပြော နှစ်ဖက်လုံးက အလျှော့ပေးမှ အဆင်ပြေမယ့်ကိစ္စကို ... ရှင်က ဒီလို ဆက်လုပ်နေရင် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာလိမ့်မယ်...” မှန်နန်းတော်သခင်မက ပြုံးလျက် ပြောသည်။

ကျောက်ပြည်ထောင် ဘုရင်က မှန်နန်းတော် သခင်မကို ကြည့်သည်။ ရှန့်ထို အတော်များများက ရီဖူရှင်းအတွက် ဝင်ပြော ပေးနေကြသည်။ သူတို့က ရီဖူရှင်း၏ အလားအလာကို တန်ဖိုးထားကြဟန် ရ၏။ ရီဖူရှင်းက တန်ခိုးအဆင့် နိမ့်သေးသော်လည်း နောင်တွင် သေချာပေါက် ထွန်းပေါက်မည့်လူ ဖြစ်သည်။

“ခင်ဗျားက ဝင်ပြောမှတော့ ကျုပ်က လျှော့ပေးရမှာပေါ့...” ကျောက်ပြည်ထောင် ဘုရင်က မှန်နန်းတော် သခင်မကို ကြည့်ကာ ပြောသည်။ ထို့နောက် သူက ရီဖူရှင်းအား ကြည့်ကာ ဆက်ပြောသည်... “အဆုံးမဲ့နန်းတော်က အဆုံးမဲ့ဓားက ကျုပ်တို့အပိုင်ပဲ... အဲဒါကိုလည်း ကျုပ်တို့ ပြန်လိုချင်တယ်... ပြီးတော့ မရဏတောင်က နတ်ဘုရားဓားကိုလည်း ပေးရမယ် ... ဆယ်နှစ်က ကြာလွန်းတယ်... ကျုပ်က သုံးနှစ်ပဲ ပေးနိုင်တယ်... မင်းကလည်း စစ်ပွဲမှာ ဝင်ပါလို့မရဘူး... နောက်တစ်ခု ရှိသေးတယ် ... ရှန့်ထိုအဆင့်အောက်က ဘယ်သူမဆို ဝင်္ကပါကို အသုံးပြုပြီး တိုက်ခိုက်လို့ မရဘူး... မဟုတ်ရင် ကျုပ်က တိုက်ရိုက်ဝင်ပါခွင့် ရှိရမယ်...”

ရီဖူရှင်းက ဝင်္ကပါကို အသုံးပြုခြင်းဖြင့် ကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်သည်။ ကျေးရွာ ခေါင်းဆောင်၏ နတ်ဘုရားဓားမှာလည်း သူတို့အတွက် အန္တရာယ် များလွန်း၏။

တစ်ဖက်ရန်သူများ၏ အားသာချက်များကို ချိုးနှိမ်လိုက်ခြင်းဖြင့် သူတို့ဘက်မှ ပြန်လည်၍ အားသာ လာနိုင်ပေသည်။

ကျောက်ပြည်ထောင်တွင်လည်း ပြည်နယ်ကိုးခု ရှီအဆင့်ဝင် တန်ခိုးရှင်များ ရှိသေးပေသည်။

ကျောက်ပြည်ထောင်ဘုရင် ဘာလိုချင်သည်ကို ရီဖူရှင်းက နားလည်ပေသည်။

“အဆုံးမဲ့ဓားက ကျုပ်တို့နန်းတော်က ပိုင်ဆိုင်ထားပြီးပြီ... ခင်ဗျားက အဆုံးမဲ့ဓားနဲ့ အဆုံးမဲ့ဓားအပြင် နတ်ဘုရားဓားကိုလည်း လိုချင်သေးတယ်... ဒါက အလျှော့ပေးတာလား...” ရီဖူရှင်းက ငေါ့တော့တော့ ပြောသည်။

“ဒီအခြေအနေ ရောက်လာမှတော့ ခင်ဗျားတို့ ပြောတာတွေကို အခြေခံပြီး ကျုပ်က အကြံပေးမယ် ဆိုရင်ရော...” ရှန့်ထိုရှားက ပြောသည်... “နှစ်ဖက်လုံးက ဓားစာခံတွေကို လွှတ်ပေးပြီးတော့ တော်ဝင်ကျဲ နန်းတော်ကလည်း ကျောက်ပြည်ထောင် ပိုင်ဆိုင်တာတွေကို ပြန်ပေးရမယ်... နှစ်ဖက်လုံးက ရှန့်ထိုတွေက စစ်ပွဲမှာ ဝင်မပါရဘူး... တော်ဝင်ကျဲ နန်းတော်ကလည်း စစ်ပွဲမှာ ဝင်္ကပါကို မသုံးရဘူး... ဘယ်လိုလဲ...  အားလုံးက ခေါင်းညိတ်ကြသည်။ ရှန့်ထိုရှား၏ အကြံပေးချက်က မျှတပေသည်။

“ကျုပ် သဘောတူတယ် ... ဒါပေမဲ့ နည်းနည်း ပြောင်းလဲရမယ်... ကျုပ်က အဆုံးမဲ့ဓားကို မယူဘူး... ဒီအစား နတ်ဘုရားဓားကို လိုချင်တယ်...” ကျောက်ပြည်ထောင် ဘုရင်က ပြောသည်။ နတ်ဘုရားဓားက မရဏတောင်မှ လာကာ အဆုံးမဲ့ဓားထက် တန်ဖိုး ကြီးပေသည်။

“ဘယ်လိုထင်လဲ... သခင်ရီ...” ရှန့်ထိုရှားက မေးသည်။

ရီဖူရှင်းက တွန့်ဆုတ်နေသည်။ နတ်ဘုရားဓားကား မိမိတို့အတွက် အလွန် အသုံးဝင်ပေသည်။ အဆုံးမဲ့ဓားမှာ ရတနာ ဖြစ်သော်လည်း နတ်ဘုရားဓားကဲ့သို့ စွမ်းအားကြီးခြင်း မရှိပေ။

“သဘောတူလိုက်ပါ...” ကျေးရွာ ခေါင်းဆောင်က ရီဖူရှင်းကို စိတ်ဖြင့် ပြောသည်... “ငါးနှစ်က လုံလောက်တယ် ... ဓားကို သူ့ကို ပေးလိုက် ... သူက အသုံးပြုနိုင်စွမ်း ရှိလား ကြည့်တာပေါ့...”

ရီဖူရှင်း၏မျက်လုံးက အရောင်လက် သွားသည်။ ငါးနှစ်က လုံလောက်သည်။ ဘာကို ဆိုလိုသနည်း။

ထိုအရာက မရဏတောင်နှင့် ရာရာတို့ဖြင့် ဆက်စပ်နေသည်ဟု ရီဖူရှင်း ခံစားရသည်။

ကျေးရွာ ခေါင်းဆောင်က သဘောတူခိုင်းမှတော့ ရီဖူရှင်းကလည်း ထပ်မတွေးတော့ဘဲ ခေါင်းညိတ်သည်... “ကျုပ် သဘောတူတယ်...”

ရီဖူရှင်းက ခေါင်းညိတ်လျှင် အားလုံး၏ မျက်လုံးများက အရောင်လက် သွားသည်။ နှစ်ဖက် သဘောတူညီချက် ရခဲ့လေပြီ။

***

All Chapters