ဝိညာဉ်မဏ္ဍိုင်သွေးကြော ၁၀၈ ခု (၃)
Vol. 20 Ch. 296
မြောင်ယိုကို ဒီလောက်ထိ မယုံကြည်သေးပေ။
"မှော်သတ္တု သတ္တုကိုးမျိုးအခင်းအကျင်းရယ်၊ ကိုယ်ပွါးရယ်နဲ့ဆို စိတ်ပူစရာ မလိုတော့ဘူး”
လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ကိုယ်ပွားများကို ဆင့်ခေါ်ကာ တတ်မြောက်မှုကိုယ်ပွါး၊ သတ်ဖြတ်ခြင်းကိုအားပေးသည့်ကိုယ်ပွါးနဲ့ သန့်စင်သောယန်စွမ်းအား ခန္ဓာကိုယ်ကိုယ်ပွါးတို့အား ကျင့်ကြံရန်မှော်အဆီအရည်ကို ဖြန့်ဝေခဲ့သည်။
လှိုဏ်ဂူသည် လျင်မြန်စွာ တိတ်ဆိတ်သွားပြီး လင်းရှန်နှင့် သူ့ကိုယ်ပွားများ၏အသက် ရှူသံများသာ ကျန်ရစ်ခဲ့သည်။
ရံဖန်ရံခါ မှော်ဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ဝိညာဉ်မဏ္ဍိုင်သွေးကြောကို အောင်မြင်စွာ ပေါင်းစည်းခြင်း၏ သင်္ကေတဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ငါးရက်ကြာသွားသည်။
ကျွမ်းကျင်မှုကိုယ်ပွါးနှင့် သတ်ဖြတ်ခြင်းကိုအားပေးသည့်ကိုယ်ပွါးသည် ကန့်သတ်ချက်သို့ ပထမဆုံးရောက်ရှိခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ကိုယ်ပွားနှစ်ခုစလုံးတွင် ဝိညာဉ်မဏ္ဍိုင်သွေးကြော နှစ်ဆယ်စီ ရှိကြသည်။
ပေါင်းစပ်ပြီးနောက် လင်းရှန်၏ စုစုပေါင်း စိတ်ဝိဉာဉ်သွေးကြောအရေအတွက်သည် ၉၅ အထိ တိုးလာသည်။
သန့်စင်သောယန်စွမ်းအားကိုယ်ပွါးသည် သူမျှော်လင့်ထားသည့်အတိုင် ဝိညာဉ်မဏ္ဍိုင်
သွေးကြောနှစ်ဆယ်ကျော်ရှိသည်။
လုံလောက်သော မှော်အဆီအနှစ်အရည်နှင့် ဝိညာဉ်ပုံဖော်ခြင်းဆေးများ၏ ပံ့ပိုးမှုကြောင့် သန့်စင်သောယန်စွမ်းအားကိုယ်ပွါး၏ ဝိညာဉ်
မဏ္ဍိုင်သွေးကြောအရေအတွက်သည် တိုးလာနေဆဲဖြစ်သည်။
၂၁
၂၂
၂၃
နောက်တစ်ရက်ကြာသောအခါ သန့်စင်သောယန်စွမ်းအား ကိုယ်ခန္ဓာကိုယ်ပွါးမှ
ဝိညာဉ်မဏ္ဍိုင်သွေးကြော အရေအတွက် ၂၆အထိ တိုးလာခဲ့သည်။ ထိုမှသာ လင်းရှန်သည် ခံနိုင်ရည်အားကို ခံစားရလေသည်။
သူသည် ဝိညာဉ်ပုံဖော်ခြင်းဆေးအချို့ကို သောက်ခဲ့သော်လည်း သူ၏ ဝိဥာဉ်သည် ဆက်လက်ကြီးထွားဖို့ အရိပ်အယောင် မပြခဲ့ပေ။
ဤအချိန်တွင် လင်းရှန်သည် သန့်စင်သောယန်စွမ်းအား ကိုယ်ခန္ဓာကိုယ်ပွါး၏ ကန့်သတ်ချက်မှာ ဝိညာဉ်မဏ္ဍိုင်သွေးကြော ၂၆ခုဖြစ်ကြောင်း အတည်ပြုခဲ့သည်။
“အဲဒါလည်း မဆိုးပါဘူး။”
သူသည် တတိယတန်း ဝိညာဉ်မဏ္ဍိုင်သွေးကြောသို့ရောက်ဖို့ အလှမ်းဝေးသော ဝိညာဉ်မဏ္ဍိုင်သွေးကြောတစ်ခုသာဖြစ်သည်။ သို့သော် သန့်စင်သော ယန်ခန္ဓာကိုယ်စွမ်းအားသည် စိတ်ဝိဉာဉ်ကို ဖန်တီးရန် မလိုအပ် သောကြောင့် လင်းရှန်က စိတ်မ၀င်စားပေ။
နှောင့်နှေးမှုမရှိဘဲ လင်းရှန်သည် သန့်စင်သောယန်ခန္ဓာကိုယ်စွမ်းအားနှင့် ချက်ချင်းပေါင်းစပ်ခဲ့သည်။
မှော်ဆန်သောအသံ ၁၃ခု ထွက်ပေါ်လာသောအခါ နောက်ထပ် ဝိညာဉ် မဏ္ဍိုင်
သွေးကြော (၁၃) ခုထွက်ပေါ်လာပြီး စုစုပေါင်း ၁၀၈ခုသို့ ရောက်ရှိသွားသည်။
"ဝိညာဉ် မဏ္ဍိုင်သွေးကြော ၁၀၈ ခု၊ ပထမတန်းဝိညာဉ်မဏ္ဍိုင်သွေးကြောအတွက် လိုအပ်တဲ့ ဝိညာဉ် မဏ္ဍိုင်သွေးကြော ၄၅ ခုထက် နှစ်ဆပိုများတယ်”
လင်းရှန်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပျော်နေ၏
ပထမတန်း ဝိညာဉ် မဏ္ဍိုင်သွေးကြောသို့ ရောက်ရှိလာသူများကို အရှေ့ပင်လယ်လမ်းတွင် လူသိရှင်ကြား အသိအမှတ်ပြုထားပြီးသား ဖြစ်သည်။
သို့ဖြစ်လျှင်ဝိညာဉ် မဏ္ဍိုင်သွေးကြော ၁၀၈ခုကို ပေါင်းစည်းထားလျှင် အဘယ်လို ခေါ်ရမည်နည်း။
အချိန်အတော်ကြာပြီးနောက် လင်းရှန်သည် သူ၏ပျော်ရွှင်မှုမှ ပြန်လည်ငြိမ်သက်သွားပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ရေးရာအနှစ်သာရကို အာရုံခံစားလာခဲ့သည်။
ဝိညာဉ် မဏ္ဍိုင်သွေးကြော၁၀၈ ခုကို ပေါင်းစည်းပြီးနောက် သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ်အနှစ်သာရသည် အလွန်ထူးဆန်းသော အခြေအနေအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။
၎င်းသည် ဝိညာဉ်ရေးရာအနှစ်သာရဖြစ်နေဆဲဖြစ်သော်လည်း အရည်အသွေးအရ ၎င်းသည် ပတ်ဝန်းကျင်လေထဲတွင် ပျံ့လွင့်နေသည့် သဘာဝအနှစ်သာရထက် နိမ့်ကျခြင်းမရှိတော့ပေ။
၎င်းသည် ဝိညာဉ်ရေးရာ အနှစ်သာရစစ်စစ် မဟုတ်သော်လည်း ဝိညာဉ်ရေးရာ အနှစ်သာရထက်လည်း ပိုမိုကောင်းမွန်နေသည်။
လင်းရှန်သည် အမှန်တကယ် အသွင်ပြောင်းပြီးသည်နှင့် ဝိညာဉ်ရေးရာ အနှစ်သာရသည် ဘယ်လောက်ထိ အားကောင်းလာမည်နည်း။
လင်းရှန်သည် အလွန်စိတ်လှုပ်ရှားသွားသည်။
ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူသခင်၏ အဓိက စွမ်းအားသည် ၎င်းတို့၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်ရေးရာအနှစ်သာရမှ ဆင်းသက်လာခြင်းဖြစ်သည်။
ဝိညာဉ်ရေးရာအနှစ်သာရ၏ စွမ်းအားသည် ကျင့်ကြံနည်းစနစ်နှင့် ဝိညာဉ်အနှစ်သာရ၏ အရည်အသွေးပေါ်တွင် မူတည်သည်။
နောက်တစ်ခုက ဝိညာဉ် မဏ္ဍိုင်သွေးကြောအရေအတွက်အပေါ် မူတည်သည်။
ဝိညာဉ် မဏ္ဍိုင်သွေးကြော များလေလေ၊ အသွင်ပြောင်းပြီးနောက် ဝိညာဉ်အနှစ်သာရ ပိုများလေလေ ဖြစ်ပြီး အရည်အသွေး မြင့်မားလေဖြစ်သည်။
သူ၏ ဝိညာဉ် မဏ္ဍိုင်သွေးကြော၁၀၈ခုမှ ပေါင်းစပ်ထားသော ဝိညာဉ်ရေးရာ အနှစ်သာရနဲ့ဆို ၎င်း၏အရည်အသွေးသည် အလွန်တုန်လှုပ်ဖွယ်အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
အသက်ပြင်းပြင်းရှူရင်း လင်းရှန်သည် သူ့နှလုံးသားထဲတွင် တဟုန်ထိုးထွက်နေသော ခံစားချက်များကို လျှော့ချကာ ဝိညာဉ်ရေးရာအနှစ်သာရအသွင်ပြောင်းခြင်း၏ နောက်ဆုံးခြေလှမ်းကို စတင်လိုက်သည်။
တစ်ချိန်တည်းမှာပင်။
ဂူအပြင်ဘက် မနီးမဝေး တောအုပ်ကြီးထဲမှာ။
မြောင်ယိုသည် သစ်ကိုင်းတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်ရန် မျက်လုံးကိုမှိတ်ထားသည်။
အချိန်အတော်ကြာတွင် သူမသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ ခုနစ်မီတာကျော်အထိ လွင့်ထွက်သွားသော အဖြူရောင် အခိုးအငွေ့များကို မှုတ်ထုတ်လိုက်သည်။
အဖြူရောင်မီးခိုးငွေ့များကြားတွင် အနက်ရောင်နှင့် အနီရောင်အမှုန်အမွှားများ ပါရှိနေသည်။
“နေရောင်ခြည် ကျောက်စိမ်းက မျှော်လင့်ထားသလိုပဲ။ ငါ့ဒဏ်ရာတွေကို သက်သာအောင်ကုသတဲ့နေရာမှာ အကျိုးသက်ရောက်မှုက သိသာတယ် ။ ငါ့ဒဏ်ရာက ခြောက်ရက်အတွင်း သက်သာလုနီးပါးဖြစ်နေပြီ။ အနည်းဆုံး သုံးရက်ကနေ လေးရက်အတွင်း လုံးဝ ပျောက်ကင်းလောက်တယ်”
မြောင်ယို၏ မျက်လုံးများတွင် ပျော်ရွှင်မှု တောက်ပလာသည်။
ဒဏ်ရာကနေ အပြည့်အဝပြန်ကောင်းလာသရွေ့တော့ လုဝမ်စုန့် နဲ့ ထပ်တွေ့ခဲ့လို့ သူ့ကို အနိုင်မယူနိုင်ရင်တောင် လွတ်မြောက်နိုင်ပါသေးသည်။
သို့သော် သူမ၏စိတ်ထဲတွင် ဤအတွေးပေါ်လာသည်နှင့်ပင် မြောင်ယိုရုတ်တရက် အေးခဲသွားသည်။
လင်းရှန်သည် ဖြတ်ကျော်ပြီး ကျင့်ကြံသူ သခင်ဖြစ်လာလျှင် သူဘက်တွင် ကျင့်ကြံသူသခင်နှစ်ယောက်ရှိမည်ကို သူမ ရုတ်တရက် သိလိုက်ရသောကြောင့် ဖြစ်သည်။
သူတို့ နှစ်ယောက် အတူတူ တွဲလုပ်ကြလျှင် လုဝမ်စုန့်ကို ခုခံရန် လုံလောက် သည် ။
မြောင်ယိုက ခံစားချက်တွေနဲ့ ပြည့်နှက်နေပြန်သည်။
လင်းရှန်၏ ဝိညာဉ်စာချုပ်ကို အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းပြီးနောက် သူမ၏ဘဝသည် သူ့လက်ထဲတွင် ရှိနေခဲ့သည်။ ယုတ္တိဗေဒအရပြောရလျှင် သူမသည် လင်းရှန်ကို အလွန်မုန်းတီးခဲ့သင့်သည်။
သို့သော် ဒုတိယအတွေးအရ လင်းရှန်သည် သူမ၏ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာစေရန်အတွက် နေရောင်ခြည်ကျောက်စိမ်းကို ပေးခဲ့သည်။ လုဝမ်စုန့်ဆီမှာဖမ်းဆီးခံရမှာကို သူမ စိတ်ပူနေစရာမလိုတော့ပေ။ ထိုအတွေးအရ လင်းရှန်သည် သူမအသက်ကို ကယ်တင်ခဲ့ပြန်သည်။
တစ်ဖက်တွင် ချုပ်တည်းခြင်းကို မုန်းတီးခြင်းဖြစ်ပြီး တစ်ဖက်တွင် အသက်ကယ်ခြင်း၏ ကျေးဇူးဖြစ်နေပြန်သည်။ ဒါဟာ တကယ့်ကို နားမလည်နိုင်စရာပင်။
အချိန်အတော်ကြာပြီးနောက် မြောင်ယိုသည် သက်ပြင်းချလိုက်ပြီး အာရုံပျံ့လွင့်နေသော အတွေးများကို ဖယ်ထုတ်လိုက်သည်။ သူမ ဂူကို လှည့်ကြည့်လိုက်တော့ ထူးဆန်းတဲ့ အလင်းရောင်တစ်ခုက သူ့မျက်လုံးထဲမှာ လင်းလက်သွားသည် ။
လင်းရှန်က သူမကို ဖယ်ခိုင်းပြီး ဂူအတွင်း၊ အပြင်ပိုင်းကို သီးခြားခွဲထားရန် ခင်းကျင်းဖွဲ့စည်းမှုများ ပြုလုပ်ထားသည်ကို သူမ ဂရုမစိုက်ပေ။
သူမသာ လင်းရှန်၏ အနေအထားတွင် ရှိနေပါက ဝိညာဉ် ပေါင်းစည်းခြင်းကဲ့သို့ အလွန်အရေးကြီးသော အခိုက်အတန့်တွင် တခြား ကျင့်ကြံသခင်ကို သူမဘေးတွင် ရှိနေစေမည်မဟုတ်ပေ။
ဤတခြား ကျင့်ကြံသူသခင်သည် ဝိညာဉ်စာချုပ်ဖြင့် ချည်နှောင်ခံထားရရင် တောင်ပေါ့။
ဒါတောင် မြောင်ယိုက အဝေးကြီးမှာနေရမှာကို စိုးရိမ်မိသည့်အတွက် ဂူနားက နေရာကို
ရှာပြီး အတွင်းပိုင်းအခြေအနေကို ဂရုပြုကာ သူ့ကိုယ်သူ ကုသခဲ့သည်။
လင်းရှန်တွက် သူမ စိတ်ပူနေခဲ့တာ မဟုတ်ပေမယ့် သူမ ဒီမှာ ရှိနေချင်တာပင်။
လင်းရှန်အတွက် တစ်ခုဖြစ်ခဲ့ရင် ဝိညာဉ်စာချုပ်တည်ရှိမှုကြောင့် သူမတစ်ယောက်တည်း ရှင်သန်နိုင်မှာ မဟုတ်ပေ။
တစ်ဖက်တွင်မူ မြောင်ယိုသည် လင်းရှန်အနေနဲ့ ပထမတန်းဝိဉာဉ်ကို ဖန်တီးနိုင်မလားဆိုတာကို အလွန်သိချင်နေခဲ့သည်။
“ခြောက်ရက်ရှိပြီ။ သူက ကျင့်ကြံသူ သခင်အဆင့်ကို ဖြတ်ကျော်သွားပြီလားလို့ငါ တွေးမိနေတယ်။”
မြောင်ယို၏ မျက်လုံးများ ပြူးသွားသည်။
ဤအခိုက်အတန့်တွင် သူမ၏အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားကာ အဝေးကိုသတိဖြင့်ကြည့်မိသည်။
လူတစ်စု ချဉ်းကပ်လာနေသည်ကို ဝိညာဉ်ရေးရာအာရုံများအရ သူမ ခံစားနိုင်သည်။
ထို့အပြင် ၎င်းက အလွန်ရင်းနှီးပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အငွေ့အသက်များ ရောထွေးနေသည်။
ဒါဟာ လုဝမ်စုန့်၏ အရောင်အဝါပင်
မြောင်ယို၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
အခုအချိန်မှာတော့ အဲဒီလူတွေက ဂူရဲ့တည်ရှိမှုကို ရှာဖွေတွေ့ရှိနေပြီပင်။
"ဒါက အခင်းကျင်း ဖွဲ့စည်းမှုတစ်ခုလား။"
“မှော်သတ္တုကိုးခု။ ဂူထဲမှာ တစ်ယောက်ယောက်ရှိနေတယ်”
"စီနီယာ လု ၊ ဒါ အကို ရှာနေတဲ့လူ ဖြစ်နိုင်မလား"
လူအနည်းငယ်က စကားပြောနေကြသည်။
သူတို့က ချိုင်းလျန် ၊ ယွီယိုချွမ်နှင့် အခြားသူများဖြစ်သည်။
ဤအခိုက်အတန့်တွင် သူတို့အားလုံးသည် ကြောက်ရွံ့သော မျက်လုံးများဖြင့် သူတို့ရှေ့မှ လုဝမ်စုန့်ကို ကြည့်နေကြသည်။
တောင်ထိပ်တွင် လုဝမ်စုန့်၏ ဝိညာဉ် တိုက်စားခြင်းပိုးကောင်များ၏ ထိန်းချုပ်ခြင်းကို ခံခဲ့ရပြီးနောက် သူတို့သည် လုဝမ်စုန့်အား သစ္စာခံကာ မြောင်ယိုနှင့်လင်းရှန်တို့၏ သဲလွန်စများကို သူ့အမိန့်အတိုင်း ရှာဖွေခဲ့ရသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်တွင် လုဝမ်စုန့်သည် အရည်အချင်းမပြည့်ဝမှုနှင့် နာကြည်းမှုစသည့် အကြောင်းပြချက်တွေနဲ့ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်တိုက်စားခြင်းအင်းဆက်များကို နှိုးဆော်ခဲ့သည်။ အင်းဆက်သည် လူ၏ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို စားသောအခါ နာကျင်မှုကြောင့် မောပန်းနွမ်းနယ်ကုန်ကြရသည်။
အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါလုပ်ပြီးနောက်တွင် ကျင့်ကြံသူများသည် အင်းဆက်၏ကြောက်စရာကောင်းမှုကို သံသယမရှိတော့ပေ။ လုဝမ်စုန့်၏ ရက်စက်ကြမ်းကြုတ်မှုများကလည်း ၎င်းတို့ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ သူတို့သည် သူတို့၏နှလုံးသားထဲတွင် နာကြည်းမှုကိုသာ မြှုပ်နှံထားနိုင်ပြီး သူ့ကို မနာခံဘဲ မနေရဲတော့ပေ။
လုဝမ်စုန့်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ တောက်ပနေသော ရောင်ဝါကို ဖမ်းဆုပ်ရန် သူ့လက်ကို ရုတ်တရက် ဆန့်လိုက်သည်။ သတိထားမိပြီးနောက် သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ မှော်အဆီအနှစ်သစ်သားဝိညာဉ်ရဲ့ အကြွင်းအကျန် အရောင်အဝါတစ်ခုရှိနေတယ်။"
ဒါကိုပြောပြီးတာနဲ့ ယွီယိုချွမ်၊ ချိုင်းလျန်နဲ့ တခြားသူတွေ လန့်သွားသည်။
နှစ်တစ်ထောင်သက်တမ်းရှိ မှော်အဆီအနှစ်သစ်သားဝိညာဉ်သည် ယခင်ကပေါ်ထွန်းခဲ့သဖြင့် ဂူအတွင်းမှလူသည် ၎င်းကို လုယူသွားသူ ဖြစ်ဖို့ ဖြစ်နိုင်ချေများသည်။
ဒီလိုတွေးလိုက်တိုင်း လူတိုင်း သွားတွေ အံကြိတ်ကုန်ကြ၏
လုဝမ်စုန့်အပေါ် အကြောက်တရားနှင့် အရှက်တရားကြောင့် လုယုသွားသူကို လူများစွာက အပြစ်ပုံချတာလည်း မပြောနဲ့….သားကောင်ကို လုယူခံရခြင်းသည် ကြည်နူးစရာ ခံစားချက်မဟုတ်ပေ။
ဤအခိုက်အတန့်တွင် ၎င်းတို့သည် အနှစ်တစ်ထောင်သက်တမ်းရှိသော မှော်အဆီအနှစ်သစ်သားဝိညာဉ်ကို လုယူခဲ့သူကို အရေခွံခွာကာ ဖြတ်တောက်ပစ်ရန် ဆန္ဒရှိကြသည်။
ပို၍အရေးကြီးသည်မှာ လုဝမ်စုန့်နဲ့ဆို ထိုလူနှင့်တိုက်ရန် လွယ်ကူသွားပေလိမ့်မည်။
ခဏလောက်ကြာတော့ အားလုံးက လုဝမ်စုန်ကို ကြည့်နေကြသည်။
တောကြီးမျက်မည်းမှာ ပုန်းနေတဲ့ မြောင်ယိုက တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရသည်။
သူမ၏ အသွင်အပြင်ကို ဖုံးကွယ်ရန် ကြိုတင်ဖွဲ့စည်းထားခဲ့သည်။ သူမ မလှုပ်ရှားသရွေ့ လုဝမ်စုန့်သည် သူမကို ရှာဖွေတွေ့ရှိမည်
မဟုတ်ပေ။
သို့သော် လင်းရှန်သည် ထိုသို့မလုပ်နိုင်ခဲ့ပေ။
သူသည် ဖြတ်ကျော်ရန် အရေးကြီးသော အခိုက်အတန့်တွင် ရှိနေသည်။ နှောင့်ယှက်ခံရပါက အနည်းဆုံး ဒဏ်ရာပြင်းထန်စွာရနိုင်မည်ဖြစ်သည်။ လုဝမ်စုန့်၏ လက်ထဲကို ရောက်သွားရင် သူ အသက်ရှင်မှာ မဟုတ်ပေ။
ဒီလိုဖြစ်ရပ်မျိုး တကယ်ဖြစ်ခဲ့ရင် သူမလည်း အသက်ဆုံးရှုံးရလိမ့်မည်။
သူမ ဘာလုပ်သင့်လဲ။
မြောင်ယိုက အကျပ်ရိုက်သွားသည်..