ပုရွက်ဆိတ်များ (၁)
Vol. 20 Ch. 300
ဂူအပြင်ဘက်မှာတော့
လူတိုင်း၏ အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် ဂူကို ဖုံးအုပ်ထားသည့် ရွှေရောင်အလင်းတန်းများသည် ပြိုကျလုနီးပါးဖြစ်နေပြီဖြစ်သည်။ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။
ထိုအချိန်တွင် ပြင်းထန်သော တိုက်ခိုက်မှုသည် ရုတ်တရက် နှေးကွေးသွားသည်။
လူတော်တော်များများက သူတို့ပတ်ဝန်းကျင်ကလူတွေကို ခိုးကြည့်နေ ကြသည်။ သူတို့၏ မျက်လုံးများတွင် ထူးဆန်းသော အကြည့်များ ပေါ်လာပြီး သူတို့မှာ ကိုယ်ပိုင် အစီအစဉ်များ ရှိနေသည် ။
ဂူထဲရှိလူတွင် မှော်အဆီအနှစ်အရည် အများကြီးရှိရမယ်ဆိုတာကို အရင်က မသိတဲ့သူတွေတောင် အခုမှ သဘောပေါက်သွားသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ၎င်းကိုသာ ဒီအတိုင်းရနိုင်လျှင် ဤရွှမ်တုအစည်းအဝေးကို မည်သည့်အကြောင်းအရာနဲ့မှ လာလိမ့်မည်မဟုတ်ပေ။
သို့သော် ဤနေရာတွင် လူဆယ်ဦးကျော်ရှိသည်။ ၎င်းတို့ကြားတွင် မျှဝေရန် မှော်
အဆီအနှစ်အရည် လုံလောက်မှု မရှိခဲ့ပေ။
နောက်ထပ် မှော်အဆီအနှစ်အရည်ကို ဘယ်သူက မလိုချင်ပဲနေမလဲ။
သို့သော် အားလုံးကို ယူလိုက်လျှင် မှော်အဆီအနှစ်မရရှိသူများသည် လုဝမ်စုန့်သို့ သတင်းပို့နိုင်သည်။
ထိုသို့ဖြစ်သောအခါ သူတို့ရရှိထားသော အရာများကို လွှဲပြောင်းပေးရရုံသာမက နှိပ်စက်ညှဉ်းပန်းခံရတာလည်း ဖြစ်နိုင်သည်။
ဒါကိုတွေးကြည့်တော့ ယွီယိုချွမ်လို ရက်စက်ပြီး အေးစက်တဲ့လူက တခြားလူတွေကို သတ်ဖို့ စိတ်ကူးထားပြီးသားပင်။
တကယ်လို အဆင်မပြေရင် ဒီမှာရှိသည့် လူအများစုကို သတ်ပစ်မည်ပင်။ အဲဒီနောက်မှာတော့ ကျန်တဲ့အရည်တွေကို အညီအမျှ ခွဲပေးရမယ်ဆိုရင်တောင် အဆုံးမှာ သူပိုရနိုင်မည်။
အလောင်းကောင်ဂိုဏ်းသာမက သွေးပင်လယ်ဂိုဏ်းနှင့် ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်း တပည့်များမှာလည်း အလားတူ အစီအစဉ်များ ရှိသည်။
ရန်ရှင်းပင်း၊ ကွမ်ကျိုးနှင့် ရီစုဖန်ကဲ့သို့သော ပျံကျ ကျင့်ကြံသူများသည် ထိုတပည့်များ၏ စူးစူးစိုက်စိုက်ကြည့်ခြင်းတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ပြင်းပြင်းထန်ထန် ခံစားသိရှိပြီး သတိနှင့် နေခဲ့သည်။
ခဏလောက်ကြာတော့ ပတ်ဝန်းကျင်လေထုက လွန်ကဲစွာ ဖောက်ပြန်သွားသည် ။
ဤထူးဆန်းသောလေထုထဲတွင် လှိုဏ်ဂူအတွင်းရှိ လင်းရှန်ကို မည်သူမျှ အာရုံစိုက်ခြင်းမရှိပေ။
လင်းရှန်သည် ထူးကဲသော ခွန်အားကို ပြသထားသော်လည်း လူများစွာက ၎င်းတို့ အကာအကွယ်မရှိချိန်တွင် တိုက်ခိုက်ခြင်းကြောင့်ဟု ထင်မြင်ကြသည်။
တကယ်သာ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့မယ်ဆိုရင် လူအားလုံးစုပေါင်း တိုက်ခိုက်တဲ့အခါ သူ့ကို ကိုင်တွယ်ဖြေရှင်းရ လွယ်ကူမယ်လို့ သူတို့ယုံကြည်ကြသည်။
ထို့ကြောင့် မည်သူမျှ သူ့ကို ဂရုမစိုက်ကြပေ။ သူတို့သည် မှော်အဆီအနှစ်အရည်အကြောင်းကိုသာ တွေးနေခဲ့ကြသည်။
"စီနီယာအကိုယွီ”
အလောင်းကောင်ဂိုဏ်း၏ တပည့်တစ်ဦးသည် ယွီယိုဝချွမ်ထံသို့ ချဉ်းကပ်လာပြီး အသံကို တိုးတိုးနဲ့ပြောလိုက်သည်။
"ကျွန်တော်တို့နောက်ကျ ဘာဆက်လုပ်မှာလဲ"
“အလျင်မလိုပါနဲ့။ ဂူထဲကလူကိုသတ်ပြီး မှော်အဆီအနှစ်အရည်ကို ရတဲ့အထိစောင့်ရအောင်။”
ယွီယိုဝမ်သည် သွေးပင်လယ်ဂိုဏ်း၏ တပည့်သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်း၏ တပည့်သုံးယောက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။
သွေးပင်လယ်ဂိုဏ်းနဲ့ ပျံသန်းခြင်းတိမ်တိုကဂိုဏ်းတို့သည်လည်း အတွေးတူသည်ဟု ယူဆရမည်ဖြစ်သည် “ နောက်ကျ သတိထား။ သူတို့ရဲ့ လှည့်စားမှုတွေထဲ ကျမသွားစေနဲ့”
ယွီယိုဝမ်အနေနဲ့က လူတိုင်းကို သတ်လိုက်တာ အကောင်းဆုံးပင်။
ငွေနက်ရောင်အလောင်းရုပ်သေးတွေကို ဖယ်ရှားခဲ့ပြီးဖြစ်သည်။ သွေးပင်လယ်ဂိုဏ်းနှင့် ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်းတို့ကို တိုက်ခိုက်ရန် ၎င်းတို့၏ ရည်ရွယ်ချက်ကို ပြသလိုက်သည်နှင့် ယင်းဂိုဏ်းနှစ်ခုမှ လူများသည် မဆိုင်းမတွ ကိုင်တွယ်ဖြေရှင်းရန် အင်အားစုများ ပူးပေါင်းကြပေမည်။
သူတို့ ပူးပေါင်းသောအခါ သွေးပင်လယ်ဂိုဏ်းနှင့် တိမ်တိုက်ဂိုဏ်းကို ငွေနက်ရုပ်အလောင်းရုပ်နှစ်ခုဖြင့်ပင် ဖယ်ရှားရန် လွယ်ကူမည်မဟုတ်ပေ။
အကယ်၍ အခြားနည်းလမ်းမရှိပါက သူသည် မှော်အဆီအနှစ်အရည်ကို ဤအဖွဲ့နှစ်ခုနှင့် အညီအမျှခွဲထုတ်နိုင်သည်။
ထိုအခါ သူသည် မှော်အဆီအနှစ်အရည်နည်းပါးစွာ ရရှိမည် ဖြစ်သော်လည်း ၎င်းသည် ဘာမှ မရတာထက်တော့ ပိုမိုကောင်းမွန်ပါသည်။
ထို ပျံကျကျင့်ကြံသူများနှင့် ဂိုဏ်းငယ်များ၏ တပည့်များအတွက်ကတော့
ယွီယုဝမ်က လှောင်ပြောင်ပြီး သူ့မျက်လုံးတွေထဲမှ သတ်ဖြတ်ခြင်းအရောင်အဝါများ ပေါ်ထွက်လာသည်။
လူတိုင်းက အမျိုးမျိုးသော အတွေးအမြင်တွေရှိနေကြသလို သူတို့ရှေ့က လှိုဏ်ဂူကို လွှမ်းခြုံထားသည့် ရွှေရောင်အလင်းတန်းတွေက ရုတ်တရက် လင်းလက်ပြီး ပျောက်ကွယ်သွားခဲ့သည်။
ဒါကိုမြင်တော့ လူတိုင်း အံ့ဩသွားကြသည်။
သူတို့ အခင်းအကျင်းကို ချိုးဖျက်ခဲ့တာလား။
ထိုသို့မဟုတ်ပေ ။ အတွင်းမှလူသည် အခင်းအကျင်း ဖွဲ့စည်းပုံကို ဖယ်ရှားရန် အစပျိုးလုပ်ဆောင်ခဲ့သည်။
အခင်းအကျင်းဖွဲ့စည်းပုံကို အချိန်အကြာကြီး မထိန်းနိုင်တော့ကြောင်း မြင်တဲ့အခါ သူပေါ်လာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်သည်။
ယွီယိုဝမ်နှင့် အခြားသူများက ဝမ်းသာအားရဖြစ်ခဲ့ကြသည်။ သူတို့သည် လှိုဏ်ဂူ၏ ထွက်ပေါက်ကို ဖော်ပြမရသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
လူတိုင်း၏အကြည့်အောက်တွင် လူတစ်ဦးသည် ဂူထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
ယွီယိုဝမ်သည် ထိုလူ၏မျက်နှာကို မြင်လိုက်ရသောအခါတွင် အနည်းငယ် ထိတ်လန့်သွားသည် ။
ယခင်က တောင်ထိပ်တွင် တိုက်ခိုက်ကြသောအခါ တိုက်ခိုက်သူ၏မျက်နှာကို သေသေချာချာကြည့်ရန် အခွင့်အရေးမရခဲ့ပေ။ ငွေနက်ရုပ်အလောင်းကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တဲ့ကောင်လေးက တကယ်ကို ငယ်ရွယ်တယ်လို့ သူမထင်ထားခဲ့ပေ။
ကြည့်ရတာ အသက်နှစ်ဆယ်ကျော်လောက်ပဲ ရှိသေးသည်။
ချိုင်းလန့်၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး သူ့ရှေ့ရှိလူသည် ထိုနေ့က ချွီခယ်အနားတွင် ရပ်နေသော နေကိုးစင်းဂိုဏ်း၏ တပည့်ဖြစ်သည်ကို မကြာမီ သူသိလိုက်သည် ။
“တကယ်က သူက နေကိုးစင်းဂိုဏ်းက လာတာပဲ။ ဒါပေမယ့် နေကိုးစင်းဂိုဏ်းမှာ ဒီလောက် အစွမ်းထက်တဲ့ အတွင်းဂိုဏ်း တပည့်တစ်ယောက်က ဘယ်တုန်းက ရှိသွားတာလဲ”
ချိုင်းလန့်သည် ပဟေဠိဖြစ်နေပြီး လင်းရှန်ကို စိုက်ကြည့်နေ၏
အနီးအနားက ရီစုဖန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူမ မသိစိတ်က ခြေတစ်လှမ်း တစ်ဝက်လောက် နောက်ပြန်ဆုတ်သွားသည်။
ထိုနေ့က လင်းရှန်က သူမကို လွယ်လွယ်ကူကူ အနိုင်ယူပြီး တစ်ချက်တည်းနဲ့ လက်တစ်ဖက် ဆုံးရှုံးလိုက်ရသည့် မြင်ကွင်းက သူမစိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။ ယခု လင်းရှန်ကို မြင်လိုက်ရတော့ သူမညာလက်မောင်း နာကျင်နေတာကို ချက်ချင်း ခံစားလိုက်ရသည်။
သို့သော်လည်း ရီစုဖန်သည် ရုတ်တရက် သူမ၏ အာရုံကို ပြန်ရသွားခဲ့သည်။
အခုအရာတွေက မတူချေ။ သူမတစ်ယောက်တည်းမဟုတ်တော့ပေ။ ဤနေရာတွင် သူမကဲ့သို့ အစွမ်းထက်သော ပညာရှင် ဆယ်ဦးကျော်ရှိသည်။
တစ်ဖက်တွင် လင်းရှန်သည် တစ်ယောက်တည်းဖြစ်နေပြီး လူတိုင်း၏ သတ်ဖြတ်ခြင်း ပစ်မှတ်ဖြစ်ခဲ့သည်။
သူတို့ဘက်က အရေအတွက် အားသာသည်။ ဒီနေ့တော့ သူ လွတ်နိုင်မှာ မဟုတ်တာ သေချာသည်။
ဒါကို တွေးကြည့်တော့ ရီစုဖန်က အရမ်းမကြောက်တော့ပေ။ သူမသည် လင်းရှန်ကို မကျေမနပ် စိုက်ကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။ လင်းရှန်ကို သတ်ပြီးနောက် သူမသည် မှော်အဆီအနှစ်အရည်ကို စွန့်လွှတ်ကာ လူတိုင်းအား လင်းရှန်ကို သူ့ထံသို့ လက်လွှဲခွင့်တောင်းမည်။ သူမသည် သူ၏ မူလဝိဉာဉ်ကို ထုတ်ယူပြီး ထာဝရပိတ်ဆို့ပစ်မည်ပင် ။
လောင်ဝေ့နှင့်အတူ ပါလာသော လူငယ်နှစ်ယောက်လည်း ထိတ်လန့်သွားကြသည်။
သူတို့ သုံးယောက်က လင်းရှန်ကို မှတ်မိပြီး အလွန်ထိတ်လန့်သွားကြသည်။ လမ်းညွှန်မှုတောင်းတဲ့ နေကိုးစင်းဂိုဏ်း၏ တပည့်ဟာ တကယ်တော့ အနှစ်တစ်ထောင်သက်တမ်းရှိသည့် မှော်အဆီအနှစ်အရည်ကို လုယူခဲ့သည့် ကျွမ်းကျင်ပညာရှင်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
"ဦးလေးလောင်" လူငယ်တစ်ယောက်က လောင်ဝေ့ကို စူးစူးဝါးဝါးကြည့်သည်။
လောင်ဝေ့က သူဘာကိုဆိုလိုသည်ကို နားလည်ပြီး ခေါင်းကို အနည်းငယ်ခါယမ်း လိုက်သည်။
ကိုယ့်ကိုကိုယ်တောင် မကာကွယ်နိုင်ကြသေးတော့ တခြားသူတွေကို စိတ်ပူဖို့ အချိန်ရနိုင်ပါ့မလား။
ဒီကနေ အသက်ရှင်လျက် ဘယ်လိုရုန်းထွက်ရမလဲဆိုတာကိုလည်း သူတို့ တွေးကောင်းတွေးနေနိုင်သည်။
လောင်ဝေ့ကဲ့သို့ လိမ္မာပါးနပ်သူသည် ဂိုဏ်းကြီးသုံးခုက မည်သို့စီစဉ်ထားသည်ကို တွေးမိနေလောက်ပြီဖြစ်သည်။ ဒီအချိန်မှာ သူ့အသက်ကို ဘယ်လိုကယ်တင်ရမလဲ ဆိုတာကို တွေးနေနိုင်ခဲ့သည်။
လှိုဏ်ဂူထဲမှ ထွက်လာပြီးနောက် လင်းရှန်သည် မျက်နှာပေါ်မှ အပြုံးမပျက် လှည့်ပတ်
ကြည့်လိုက်သည်။