ပုရွက်ဆိတ်တွေ (၃)
Vol. 20 Ch. 302
မြန်ဆန်လွန်းတော့ သူတို့သုံးယောက်မှာ တုံ့ပြန်ဖို့ အချိန်မရှိတော့ပေ။ ဓားစွမ်းအင်က သူတို့ကို ထိတာကို ကြည့်နေရုံပင်။
ဝိညာဥ်အနှစ်သာရရှိသော ဓားစွမ်းအင်ခုနစ်ပါးသည် ယခင်ကထက် ပိုမိုအားကောင်းလာသည်။
ပျံသန်းခြင်းတိမ်တိုက်ဂိုဏ်းမှ တပည့်သုံးယောက်၏ ဓမ္မဘဏ္ဍာများသည် ၎င်းတို့ကို ခဏမျှပင် မတားဆီးနိုင်ပေ။ ၎င်းတို့သည် ချက်ချင်းပင် စွမ်းအင်ဖြင့် ထိုးဖောက်ခြင်းခံသွားကြသည်။
စွမ်းအင်များ ထွက်ပေါ်လာပြီး ၎င်းတို့ သုံးဦးသည် ကောင်းကင်ယံတွင် ပြည့်နေသော သွေးအမှုန်အမွှားများထဲသို့ မကျရောက်မီ အော်ဟစ်ဖို့ အချိန်ပင် မရှိခဲ့ပေ။
ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွား၏။
လူတိုင်းသည် ဤမြင်ကွင်းကို မှင်သက်စွာ ကြည့်နေကြပြီး ခေါင်းတွေ တဆတ်ဆတ် တုန်လာသလို ခံစားလိုက်ရသည်။ အကြောက်တရားက ရုတ်တရက် သူတို့ရင်ဘတ်ထဲ ပြည့်လျှံသွားသည်။
လင်းရှန်သည် ယခင်က လူတိုင်းကို ပိတ်ဆို့ထားနိုင်ခြင်းသည် သံသယဝင်စရာကောင်းသော်လည်း ပျံသန်းခြင်းတိမ်တိုက်မှတပည့်သုံးယောက်လုံး ဘာမှမကျန်တော့တာကတော့ ကျင့်ကြံသူ သခင်တစ်ဦးတည်းသာ ရှိသော စွမ်းအားတစ်ခုဖြစ်ကြောင်း ယခုအခါ အခြားသူများက သေချာသိနေပြီဖြစ်သည်။
ဤလူငယ်သည် ကျင့်ကြံသူ သခင်အဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။
ဒါကိုသိပြီးနောက် လူတိုင်းက ရေခဲဂူထဲကို ရောက်သွားသလို ခံစားရသည်။ သူတို့ရဲ့ ခြေလက်တွေ ထုံကျင်သွားသည်။
ကျင့်ကြံသူသခင်၏ ခွန်အားနှင့် ပတ်သက်၍ သံသယဖြစ်စရာ ရှိပေ။
လုဝမ်စုန့်က သက်သေပင်။ သူ့ကို မခုခံရဲကြဘဲ သူ့ခြေရင်း၌သာ ခံနိုင်ရည်ရှိသည်အထိ အလွယ်တကူ နှိမ်နင်းခံခဲ့ကြရသည်။
လူငယ်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျင့်ကြံသူသခင်တစ်ယောက် ဖြစ်ခဲ့ရင်တောင်မှ သူက ထိန်းကျောင်းနိုင်တဲ့သူတော့ မဟုတ်ပေ။
လူတိုင်း အံ့ဩနေချိန်တွင် ရွှေရောင်လက်ဖဝါးကြီးတစ်စင်းသည် လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာပြီး ချိုင်းလန့် နှင့် သူ၏အဖော်နှစ်ယောက်ကို ဖမ်းဆုပ်လိုက်သည်။
ချိုင်းလန့်နှင့် အခြားနှစ်ယောက်၏ အမူအရာများသည် အရူးအမူး ရုန်းကန်ရင်း သိသိသာသာ ပြောင်းလဲသွားသည်။
မည်သို့ပင် ဓမ္မရတနာများကို အသက်သွင်းပြီး ခုခံရန် ကိုယ်ခံပညာများကို အသုံးပြုနေပါစေ ရွှေရောင်လက်ဖဝါးက ရုတ်တရက် ဆုပ်ကိုင်ထားလိုက်ရာ အရာအားလုံးသည် အချည်းနှီးဖြစ်သွားသည်။
ရွှေရောင်လက်ဖဝါးများ ပျောက်ကွယ်သွားသည့်အချိန်၌ လူသုံးဦးသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားကာ စိမ်းလန်းသော မီးခိုးငွေ့တစ်လိပ်မျှသာ လေထဲသို့ ဖြည်းညှင်းစွာ လွင့်စင်သွားသည်။
ဤမြင်ကွင်းသည် လူတိုင်း၏ခေါင်းပေါ်ကို ရေအေးပုံးတစ်ပုံးလောင်းချသလိုနဲ့ တူသည်။
ကျန်သော ကျင့်ကြံသူများသည် အိပ်မက်မှ နိုးလာပုံရသည်။ အော်ဟစ်ပြီး လှည့်ထွက်ပြေးကြသည်။
ယခုအချိန်တွင် သူတို့သည် မှော်အဆီအနှစ်အရည်ကို လုယူရန် ရည်ရွယ်ချက်မရှိပေ။ သူတို့၏ နှလုံးသားများသည် နောင်တနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ဘယ်သွားမလို့လဲ”
လင်းရှန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လက်ညှိုးဖြင့် ပုတ်လိုက်သည်။ လျှပ်စီးလက်နေတဲ့ အဖြူရောင် လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာစည်။
ကျင့်ကြံသူသခင်ဖြစ်လာပြီးနောက် သူသည် မှော်စွမ်းအားသုံးရန်တွက် စွမ်းအားဖြည့်ဆေးများ မလိုအပ်တော့ပေ။ အမှန်တော့ သူ့ဝိညာဉ်၏ ငွေ့ရည်ဖွဲ့မှုသည် သာမန် ကျင့်ကြံသူများထက် အဆပေါင်းများစွာ ကျော်လွန်နေသောကြောင့် သူသည် လေထဲတွင် အဆောင် ဆွဲခြင်း အဆင့်ကိုပင် ကျော်သွားခဲ့သည်။ သူ သူ့ဝိညာဉ်နဲ့ တိုက်ရိုက် မှော်စွမ်းအား ထုတ်နိုင်သည်။
အဖြူရောင်အလင်းတန်းက ကြေးရုပ်အလောင်းတစ်လောင်းကို ဦးစွာတိုက်မိပြီး ချက်ချင်းပင် ပျက်သုဉ်းသွားခဲ့သည်။
သို့သော် လျှပ်စီးသည် ပျောက်ကွယ်သွားခြင်း မရှိပေ။ ယင်းအစား ရုတ်တရက် ပေါက်ကွဲသွားပြီး မိုးကြိုးမြွေများဖြင့် ပြည့်နေသော ကောင်းကင်ကြီးအဖြစ် ပြောင်းလဲသွားကာ ယွီယိုချွမ်နှင့် အနီးနားရှိ ကြေးရုပ်
အလောင်းများကို တိုက်ခိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကြေးရုပ်ငါးကောင် ပျောက်ကွယ်သွားခဲ့သည်။
ယွီယိုချွမ်နှင့် အခြားတပည့်နှစ်ယောက်သည် အချိန်အနည်းငယ်ကြာသော်လည်း လျှပ်စီးများမပစ်မီ စက္ကန့်ဝက်မျှသာ ကြာမြင့်ခဲ့သည်။ သူတို့သည် ကြေးနီအလောင်း၏နောက်ကို မကျေမနပ်နှင့် စိတ်ပျက်အားငယ်စွာ လိုက်ခဲ့ကြရသည်။
အသက်ရှု တဖြတ်မပြည့်မီတွင် ဂိုဏ်းကြီးသုံးခုမှ တန်ခိုးကြီးသော တပည့်ကိုးဦးစလုံး ပြာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ခုခံနိုင်စွမ်းမရှိပဲ သေဆုံးသွားကြတာပင်။
ဒီမြင်ကွင်းက တခြားသူတွေ၏ ခြေလက်တွေ နဲ့ သူတို့ရဲ့ နှလုံးသားတွေကို တုန်လှုပ်စေသည်။
လွတ်မြောက်ခြင်းဆိုတာ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တစ်ခုလို့ မြင်လိုက်တာနဲ့ ရန်ရှန်းပင်းက သူ့ဒူးကိူ ညွှတ်လိုက်သည်။ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသနားခံလေသည်။
“ကျေးဇူးပြုပြီး ကျွန်တော်ကိုသနားပါ ။ မသေနိုင်သောသခင် ။ ကျွန်တော်က စော်ကားဖို့ မရည်ရွယ်ပါဘူး။ သခင်က မြင့်မြတ်တဲ့လူပဲ…”
"တိတ်စမ်း”
သူစကားမဆုံးခင်မှာ လင်းရှန်က သူ့ပါးစပ်ကိုဖွင့်ပြီး ဝိညာဉ်ရေးရာ အနှစ်သာရဘောလုံးကို ထွေးပြီး နှောက်ယှက်ခဲ့သည်။ တခဏချင်းမှာပဲ ရန်ရှန်းပင်း ခန္ဓာကိုယ် တစ်ခုလုံးဟာ နှစ်ပေါင်းများစွာ ရာသီဥတုဒဏ်ခံထားတဲ့ သဲကျောက်လို အပေါ်ကနေ အောက်ခြေအထိ ပြိုကျသွားသည်။
ထို့နောက် ဝိညာဉ်ရေးရာအနှစ်သာရက လွတ်မြောက်ရန် ကြိုးစားနေသော ကွမ်ကျိုးကို ပါ သတ်ပစ်လိုက်သည်။
ရီစုဖန်မျက်နှာက ဖျော့တော့နေပြီ။
သူမသည် လင်းရှန်ဆီမှ စိတ်ဒဏ်ရာရရှိနေပြီသား ဖြစ်သည်။ ယခု လူတိုင်း တိရိစ္ဆာန်လို အသတ်ခံနေရတာကို သူမမြင်လိုက်ရတော့ ပိုထိတ်လန့်သွားပြီး ထွက်ပြေးဖို့တောင် မစဉ်းစားနိုင်တော့ပေ။
လင်းရှန်၏ အကြည့်ကို မြင်လိုက်ရတော့ သနားစရာ အမူအရာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်လိုက်သည်။
“မသေနိုင်သောဆရာ ၊ ကျွန်မ အသက်ကို ချမ်းသာပေးတော်မူပါ။ ညည်းညူစရာမရှိဘဲ ဆရာ့ကို တစ်သက်လုံး တာဝန်ထမ်းဆောင်ဖို့ စာချုပ်ချုပ်ဖို့ ဆန္ဒရှိပါတယိ”
လင်းရှန်က ပြုံးလိုက်သည်။ "မင်း သေခါနီးနေပြီ၊ မင်းရဲ့ နည်းစနစ်ကို သုံးနေတုန်းပဲလား”
သူပြောပြီးတာနဲ့ ရီစုဖန်ကို လက်ညှိုးထိုးပြပြီး သူ့အသက်ကို သတ်လိုက်သည်။
လင်းရှန်က သူ့လက်ချောင်းတွေကို အကြိမအနည်းငယ် ထိုးကာ လောင်ဝေ့နဲ့ သူ့အဖော်နှစ်ယောက်ကို ချန်ပြီး ကျန်ဂိုဏ်းငယ်၏ တပည့်တွေကို သတ်ပစ်လိုက်သည်။
သူတို့သုံးယောက်၏ ကြောက်လန့်သောအကြည့်များအောက်တွင် လင်းရှန်သည် သူ့နောက်ကျောကို လက်နှစ်ဖက်ပစ်ကာ တည်ငြိမ်စွာပြောလိုက်သည်။
“ကျင့်ကြံသူလောင် ၊ မင်း စောစောက ငါ့ကို အသုံးဝင်တဲ့ အချက်အလက်တွေ ပေးခဲ့တယ်၊ ဒါကြောင့် မင်းကို ငါမသတ်ဘူး။ ဒီနေရာမှာ ဖြစ်တာကို သူများတွေဆီ ဘာမှမပေါက်ကြားစေရဘူးလို့ ကတိသစ္စာပြုထားသရွေ့တော့ ဒီနေရာကနေ ထွက်သွားခွင့်ပေးလိုက်မယ်။”
လောင်ဝေ့နှင့် အခြားနှစ်ယောက်တို့သည် သေရမည်ဟု တွေးကာ စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ မျှော်လင့်ချက် အလင်းတန်းတွေ ရှိလာမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ သူတို့သည် အလွန်ဝမ်းမြောက်ကြပြီး မဆိုင်းမတွ ကျိန်ဆိုကြသည်။
"မင်းဒီကိုရောက်တုန်းက ကျင့်ကြံသူအမျိုးသမီးကိုတွေ့မိသေးလား" လင်းရှန်က ချက်ချင်းမေးလိုက်သည်။
လောင်ဝေ့သည် မည်သည့်အရာကိုမျှ မဖုံးကွယ်ဝံ့ဘဲ မြောင်ယိုကို လိုက်နေသည့် လုဝမ်စုန့်အကြောင်းကို လင်းရှန်အား ပြောပြသည်။
ထိုစကားကိုကြားပြီးနောက် လင်းရှန်သည် ခဏလောက်စဉ်းစားပြီး နားလည်လိုက်သည်။ မြောင်ယိုသည် သူ့ဖြတ်ကျော်မှုကို လုဝမ်စုန့်နှောင့်ယှက်မည်ကို စိုးရိမ်သောကြောင့် လုဝမ်စုန့်ကို လှည့်စားရန် သူမ၏ အသက်ကို စွန့်စားခဲ့သည်။
မြောင်ယို၏အခြေအနေကို သိပြီးနောက် လင်းရှန်သည် မနှောင့်နှေးခဲ့ပေ။ သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်ရေးရာအနှစ်သာရသည် တဟုန်ထိုး တက်လာပြီး မြောင်ယို၏ ဦးတည်ရာသို့ လျင်မြန်စွာ ပြေးဝင်သွားသော အလင်းဘောလုံးတစ်ခု အဖြစ် ပြောင်းသွားသည်။
လင်းရှန် မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားမှ လောင်ဝေ့ နှင့် အခြားနှစ်ဦး သက်ပြင်းချနိုင်ခဲ့သည်။
သူတို့ ပတ်ပတ်လည်ရှိ ရှုပ်ပွနေသော တောအုပ်ကို ကြည့်လိုက်တော့ သူတို့ သုံးယောက် မှင်တက်သွားသည် ။ လင်းရှန်က သူတို့ကို တကယ် လွှတ်ပေးလိုက်တယ်ဆိုတာ မယုံနိုင်စရာပင်။
အသိပြန်ဝင်လာသောအခါတွင် လူငယ်တစ်ဦးသည် ကြောက်ရွံ့မှုနှင့်အတူ နဖူးမှ အေးစက်သောချွေးများကို သုတ်လိုက်ပြီး တုန်တုန်ယင်ယင်အသံဖြင့် “ ဦးလေးလောင်ကို ကျေးဇူးတင်ပါတယ်။ ဦးလေးလောင်ရဲ့ ကုသိုလ်ကံကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့သုံးယောက် ဒီတစ်ကြိမ် အသက်ဆုံးရှုံးရလိမ့်မယ်”
အခြားလူငယ်က ခေါင်းညိတ် သဘောတူသည်။
အရင်တုန်းကတော့ လောင်ဝေ့ လုပ်ရပ်တွေက ထွေထွေထူးထူး မရှိဘူးလို့ သူထင်ခဲ့ပေမယ့် အခု သူပြန်တွေးကြည့်တော့ ဒါဟာ ကောင်းတဲ့ကံကြမ္မာကို ဖန်တီးပေးနေသည်။
အနာဂတ်မှာ ဦးလေးလောင်၏ ခြေလှမ်းတွေအတိုင်း လိုက်လျှောက်ဖို့ သူ့စိတ်ထဲ တွေးလိုက်သည်။
လောင်ဝေ့သည် ဂျူနီယာနှစ်ယောက်၏ သက်သာရာရစေသော စကားကို လျစ်လျူရှုလိုက်သည်။ အဲဒီအစား သူက လှည့်ပတ်ကြည့်ရင်း သက်ပြင်း ချလိုက်သည်။
“ကျင့်ကြံသူသခင်အဆင့်အောက်က လူတိုင်းက ပုရွက်ဆိတ်တွေပဲ။ ဒီစကားက တကယ်အမှန်ပဲ”
လူငယ်နှစ်ဦးသည် သူ့စကားကြောင့် အံ့အားသင့်သွားကြသော်လည်း အာရုံများပြန်လည်ရရှိလာသောအခါတွင် မသိစိတ်က ခေါင်းညိတ်လိုက်ကြသည်။
ဒါကို အရင်တုန်းက အကြိမ်ပေါင်းများစွာ ကြားခဲ့ရပေမယ့် ဒီနေ့တော့ အဲဒါရဲ့ အဓိပ္ပါယ်ကို သူတို့ နားလည်သွားချေပြီ။
မျက်စိတစ်မှိတ်အတွင်း ဝိညာဉ်မဏ္ဍိုင်သွေးကြောများကို ပေါင်းစည်းထားသော ပညာရှင် ဆယ်ဦးကျော် သေဆုံးခဲ့သည်။
ကျင့်ကြံသူ သခင်၏ စွမ်းအားသည် ကြောက်မက်ဖွယ်ပင်။